< Ii Paralipomenon 29 >
1 igitur Ezechias regnare coepit cum viginti quinque esset annorum et viginti novem annis regnavit in Hierusalem nomen matris eius Abia filia Zacchariae
၁ဟေဇကိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာခရိသမီး အာဘိအမည်ရှိ၏။
2 fecitque quod erat placitum in conspectu Domini iuxta omnia quae fecerat David pater eius
၂ထိုမင်းသည် အဘဒါဝိဒ်ကျင့်သမျှအတိုင်း ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုပြု၏။
3 ipse anno et mense primo regni sui aperuit valvas domus Domini et instauravit eas
၃နန်းစံပဌမနှစ်၊ ပဌမလတွင် ဗိမာန်တော်တံခါး တို့ကို ဖွင့်၍ ပြုပြင်တော်မူ၏။
4 adduxitque sacerdotes atque Levitas et congregavit eos in plateam orientalem
၄ယဇ်ပုရောဟိတ်လေဝိသားတို့ကို ခေါ်၍၊ အရှေ့ လမ်းမှာ စုဝေးစေလျက်၊
5 dixitque ad eos audite me Levitae et sanctificamini mundate domum Domini Dei patrum vestrorum auferte omnem inmunditiam de sanctuario
၅အိုလေဝိသားတို့၊ နားထောင်ကြလော့။ ကိုယ်ကို၎င်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏ အိမ်တော်ကို၎င်း၊ သန့်ရှင်းစေ၍၊ သန့်ရှင်းရာဌာနထဲက အမှိုက်ကို သုတ်သင်ပယ်ရှင်းကြလော့။
6 peccaverunt patres nostri et fecerunt malum in conspectu Domini Dei nostri derelinquentes eum averterunt facies suas a tabernaculo Domini et praebuerunt dorsum
၆ငါတို့အဘများသည် ပြစ်မှား၍၊ ငါတို့၏ ဘုရား သခင် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကိုပြုကြပြီ။ ထာဝရဘုရားကိုစွန့်၍၊ ကျိန်းဝပ်တော်မူရာအရပ်မှ မျက်နှာလွှဲလျက် ကျောခိုင်းကြပြီတကား။
7 cluserunt ostia quae erant in porticu et extinxerunt lucernas incensumque non adoleverunt et holocausta non obtulerunt in sanctuario Deo Israhel
၇ဗိမာန်တော်ဦးတံခါးကို ပိတ်လျက်၊ မီးခွက်တို့ကို သတ်လျက်၊ သန့်ရှင်းရာဌာန၌ ဣသရေအမျိုး၏ ဘုရား သခင်အား နံ့သာပေါင်းကို မီးမရှို့။ မီးရှို့ရာယဇ်ကို မပူဇော်ဘဲနေကြပြီ။
8 concitatus est itaque furor Domini super Iudam et Hierusalem tradiditque eos in commotionem et in interitum et in sibilum sicut ipsi cernitis oculis vestris
၈ထိုကြောင့် ထာဝရဘုရားသည် ယုဒပြည် ယေရု ရှလင်မြို့ကို အမျက်တော်ထွက်၍၊ သင်တို့မြင်သည် အတိုင်း ဆင်းရဲခံခြင်း၊ မိန်းမောတွေဝေခြင်း၊ ကဲရဲ့သံကို ကြားခြင်း အမှု၌အပ်တော်မူပြီ။
9 en corruerunt patres nostri gladiis filii nostri et filiae nostrae et coniuges captivae ductae sunt propter hoc scelus
၉သို့ဖြစ်၍၊ ငါတို့အဘများသည် ထားဖြင့်လဲ သေကြပြီ။ သားသမီး၊ မယားတို့သည် သိမ်းသွားခြင်းကို ခံရကြပြီ။
10 nunc igitur placet mihi ut ineamus foedus cum Domino Deo Israhel et avertat a nobis furorem irae suae
၁၀ယခုမူကား၊ ပြင်းစွာသောအမြတ်တော်သည် ငါတို့မှလွှဲသွားမည်အကြောင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါအကြံရှိ၏။
11 filii mi nolite neglegere vos elegit Dominus ut stetis coram eo et ministretis illi colatis eum et cremetis incensum
၁၁ငါ့သားတို့၊ မဖင့်နွှဲကြနှင့်။ ထာဝရဘုရား ရှေ့တော်၌ ရပ်၍ဝတ်ပြုခြင်း၊ အမှုတော်ကို စောင့်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်းအမှုကို ပြုစေခြင်းငှါ၊ သင်တို့ကို ရွေးထားတော်မူပြီဟု မိန့်တော်မူလျှင်၊
12 surrexerunt ergo Levitae Maath filius Amasiae et Iohel filius Azariae de filiis Caath porro de filiis Merari Cis filius Abdai et Azarias filius Iallelel de filiis autem Gersom Ioha filius Zemma et Eden filius Ioaha
၁၂လေဝိအမျိုး၊ ကောဟတ်အနွှယ်၊ အာမသဲသား မာသတ်၊ အာဇရိသား ယောလ၊ မေရာရိအနွယ် အာဇဒိ သားကိရှ၊ ယေဟလေလသားအာဇရိ၊ ဂေရရှုံအနွယ် ဇိမ္မ သားယောအာ၊ ယောအာသား ဧဒင်၊
13 at vero de filiis Elisaphan Samri et Iahihel de filiis quoque Asaph Zaccharias et Mathanias
၁၃ဧလိဇဖန်အမျိုးသား ရှိမရိနှင့် ယေယေလ၊ အာသပ်အမျိုးသားဇာခရိနှင့် မတ္တနိ၊
14 necnon de filiis Heman Iahihel et Semei sed et de filiis Idithun Semeias et Ozihel
၁၄ဟေမန်အမျိုးသားယေဟေလနှင့်ရှိမိ၊ ယေဒုသုန် အမျိုးသား ရှေမာယနှင့် ဩဇေလတို့သည်၊
15 congregaveruntque fratres suos et sanctificati sunt et ingressi iuxta mandatum regis et imperium Domini ut expiarent domum Dei
၁၅အမျိုးသားချင်းတို့ကို ခေါ်၍၊ ကိုယ်ကို သန့်ရှင်း စေပြီးမှ၊ ထာဝရဘုရားအမိန့်တော်နှင့်အညီ ရှင်ဘုရင် စီရင်သည်အတိုင်း၊ ဗိမာန်တော်ကို သန့်ရှင်းစေခြင်းငှါ လာကြ၏။
16 sacerdotes quoque ingressi templum Domini ut sanctificarent illud extulerunt omnem inmunditiam quam intro reppererant in vestibulum domus Domini quam tulerunt Levitae et asportaverunt ad torrentem Cedron foras
၁၆ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ကို သန့် ရှင်းစေခြင်းငှါ၊ အတွင်းခန်းထဲသို့ဝင်၍၊ တွေ့သမျှသော အမှိုက်ကို တန်တိုင်းသို့ထုတ်ပြီးလျှင်၊ လေဝိသားတို့သည် ကေဒြုန်ချောင်းသို့ယူသွားကြ၏။
17 coeperunt autem prima die mensis primi mundare et in die octava eiusdem mensis ingressi sunt porticum templi Domini expiaveruntque templum diebus octo et in die sextadecima mensis eiusdem quod coeperant impleverunt
၁၇ပဌမလတရက်နေ့တွင် သန့်ရှင်းစပြု၍၊ ရှစ်ရက် နေ့တွင် ဗိမာန်တော်ဦးသို့ ရောက်ကြ၏။ ထိုနောက် ရှစ်ရက်ပတ်လုံး၊ ဗိမာန်တော်ကို သန့်ရှင်းစေ၍ ပဌမလတဆယ်ခြောက်ရက်နေ့တွင် လက်စသတ်ကြ၏။
18 ingressi quoque sunt ad Ezechiam regem et dixerunt ei sanctificavimus omnem domum Domini et altare holocaustoseos vasaque eius necnon et mensam propositionis cum omnibus vasis suis
၁၈ထိုအခါ ဟေဇကိမင်းကြီးထံသို့ဝင်၍၊ အကျွန်ုပ် တို့သည် ဗိမာန်တော်တဆောင်လုံး၊ မီးရှို့ရာယဇ်ပလ္လင်နှင့် တန်ဆာရှိသမျှ၊ ရှေ့တော်မုန့်တင်သော စားပွဲနှင့် တန်ဆာ ရှိသမျှတို့ကို သန့်ရှင်းစေပါပြီ။
19 cunctamque templi supellectilem quam polluerat rex Achaz in regno suo postquam praevaricatus est et ecce exposita sunt omnia coram altari Domini
၁၉ထိုမှတပါး၊ အာခတ်မင်းကြီးလက်ထက် အဓမ္မ ပြု၍ ပစ်ထားသောတန်ဆာရှိသမျှတို့ကို အကျွန်ုပ်တို့ သည် ပြင်ဆင်၍ သန့်ရှင်းစေသဖြင့်၊ ထာဝရဘုရား၏ ယဇ်ပလ္လင်တော်ရှေ့မှာ တင်ထားပါပြီဟု လျှောက်ဆိုကြ ၏။
20 consurgensque diluculo Ezechias rex adunavit omnes principes civitatis et ascendit domum Domini
၂၀ထိုအခါ ဟေဇကိမင်းကြီးသည် စောစောထ၍၊ မြို့သူကြီးတို့ကို စုဝေးစေပြီးလျှင်၊ ဗိမာန်တော်သို့ တက် သွား၏။
21 obtuleruntque simul tauros septem arietes septem agnos septem et hircos septem pro peccato pro regno pro sanctuario pro Iuda dixit quoque sacerdotibus filiis Aaron ut offerrent super altare Domini
၂၁နန်းတော်အပြစ်၊ သန့်ရှင်းရာဌာနတော်အပြစ်၊ ယုဒပြည်အပြစ်ဖြေရာ ယဇ်ပူဇော်စရာဘို့ နွားခုနစ် ကောင်၊ သိုးခုနစ်ကောင်၊ သိုးသငယ်ခုနစ်ကောင်၊ ဆိတ် ခုနစ်ကောင်တို့ကို ဆောင်ခဲ့ကြ၏။ အားရှန်သား ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်စေခြင်းငှါ မိန့်တော်မူသည်အတိုင်း၊
22 mactaverunt igitur tauros et susceperunt sacerdotes sanguinem et fuderunt illud super altare mactaverunt etiam arietes et illorum sanguinem super altare fuderunt immolaverunt agnos et fuderunt super altare sanguinem
၂၂နွားတို့ကိုသတ်၍ ယဇ်ပုရောဟိတ်တို့သည် အသွေးကိုခံလျက်၊ ယဇ်ပလ္လင်ပေါ်မှာ ဖြန်ကြ၏။ သိုးတို့ကို လည်း သတ်၍၊ အသွေးကို ယဇ်ပလ္လင်ပေါ်မှာ ဖြန်းကြ၏။ သိုးသငယ်တို့ကိုလည်း သတ်၍အသွေးကို ယဇ်ပလ္လင်ပေါ် မှာ ဖြန်းကြ၏။
23 adplicaverunt hircos pro peccato coram rege et universa multitudine inposueruntque manus suas super eos
၂၃အပြစ်ဖြေရာယဇ်ပူဇော်စရာဘို့ ဆိတ်တို့ကို လည်း ရှင်ဘုရင်ရှေ့၊ ပရိသတ်ရှေ့သို့ထုတ်၍၊ မိမိတို့ လက်ကိုတင်ပြီးမှ၊
24 et immolaverunt illos sacerdotes et asperserunt sanguinem eorum altari pro piaculo universi Israhelis pro omni quippe Israhel praeceperat rex ut holocaustum fieret et pro peccato
၂၄ယဇ်ပုရောဟိတ်တို့သည် သတ်၍၊ ဣသရေလ အမျိုးသားအပေါင်းတို့၏ အပြစ်ကိုပြေစေခြင်းငှါ၊ ယဇ် ပလ္လင်ပေါ်မှာ အသွေးအာဖြင့် အပြစ်ဖြေခြင်း မင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်ကို ဣသရေလအမျိုးသားအပေါင်းတို့အဘို့ ပူဇော်မည် အကြောင်း၊ ရှင်ဘုရင်အမိန့်တော်ရှိပြီ။
25 constituit quoque Levitas in domo Domini cum cymbalis et psalteriis et citharis secundum dispositionem David et Gad videntis regis et Nathan prophetae siquidem Domini praeceptum fuit per manum prophetarum eius
၂၅ဒါဝိဒ်မင်းကြီးနှင့်သူ၏ပရောဖက်ဂဒ်၊ ပရော ဖက်နာသန်တို့ စီရင်သည်အတိုင်းခွက်ကွင်း၊ စောင်း၊ တယောနှင့်တီးမှုတ်သော လေဝိသားတို့ကို၊ ဗိမာန်တော်၌ ခန့်ထားတော်မူ၏။ ထိုသို့ထာဝရဘုရားသည် ပရောဖက် တို့အားဖြင့် စီရင်တော်မူသတည်း။
26 steteruntque Levitae tenentes organa David et sacerdotes tubas
၂၆သို့ဖြစ်၍ လေဝိသားတို့သည် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို၎င်း၊ ယဇ်ပုရောဟိတ်တို့သည် တံပိုးများကို၎င်း ကိုင်လျက် ရှိကြ၏။
27 et iussit Ezechias ut offerrent holocaustum super altare cumque offerrentur holocausta coeperunt laudes canere Domino et clangere tubis atque in diversis organis quae David rex Israhel reppererat concrepare
၂၇ဟေဇကိသည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ် ကို ပူဇော်စေခြင်းငှါ၊ အမိန့်တော်ရှိ၍ မီးရှို့ရာယဇ်ကို ပူဇော်စပြုသောအခါ၊ တံပိုးများနှင့် ဣသရေလရှင်ဘုရင် ဒါဝိဒ်စီရင်သော တုရိယာမျိုးများကို တီးမှုတ်လျက်၊ ထာဝရဘုရားအား သီချင်းကို ဆိုစပြုကြ၏။
28 omni autem turba adorante cantores et hii qui tenebant tubas erant in officio suo donec conpleretur holocaustum
၂၈မီးရှို့ရာယဇ်ပူဇော်ခြင်းအမှု လက်စမသတ်မှီ တိုင် အောင် ပရိသတ်အပေါင်းတို့သည် ကိုးကွယ်လျက်၊ သီချင်း ဆိုလျက်၊ တံပိုးမှုတ်လျက် နေကြ၏။
29 cumque finita esset oblatio incurvatus est rex et omnes qui erant cum eo et adoraverunt
၂၉လက်စသတ်ပြီးမှ၊ ရှင်ဘုရင်နှင့်စည်းဝေးသော သူအပေါင်းတို့သည် ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။
30 praecepitque Ezechias et principes Levitis ut laudarent Dominum sermonibus David et Asaph videntis qui laudaverunt eum magna laetitia et curvato genu adoraverunt
၃၀တဖန်ဟေဇကိမင်းကြီးနှင့် မှူးမတ်တို့သည် စီရင်၍၊ လေဝိသားတို့သည် ဒါဝိဒ်စကား၊ ပရောဖက် အာသပ်စကားအားဖြင့်၊ ထာဝရဘုရားအား ထောမနာ သီချင်းဆိုကြ၏။ ရွှင်လန်းသောစိတ်နှင့် ထောမနာ သီချင်းကိုဆိုလျက်၊ ဦးညွှတ်ချ၍ ကိုးကွယ်ကြ၏။
31 Ezechias autem etiam haec addidit implestis manus vestras Domino accedite et offerte victimas et laudes in domo Domini obtulit ergo universa multitudo hostias et laudes et holocausta mente devota
၃၁ထိုနောက်ဟေဇကိက၊ သင်တို့သည် ယခု ထာဝရဘုရားအား ကိုယ်ကိုပူဇော်ကြပြီ။ ဗိမာန်တော်သို့ ချဉ်းကပ်၍၊ ယဇ်မျိုးများနှင့်ကျေးဇူးတော်ဝန်ခံရာ ပူဇော် သက္ကာများကို ဆောင်ခဲ့ကြလော့ဟု ပြန်၍ မိန့်တော်မူ သည်အတိုင်း၊ စည်းဝေးသောသူတို့သည် ယဇ်မျိုးများနှင့် ကျေးဇူးတော်ဝန်ခံရာ ပူဇော်သက္ကာများကို ဆောင်ခဲ့ကြ ၏။ စေတနာရှိသမျှသော သူတို့သည် မီးရှို့ရာယဇ်တို့ကို ဆောင်ခဲ့ကြ၏။
32 porro numerus holocaustorum quae obtulit multitudo hic fuit tauros septuaginta arietes centum agnos ducentos
၃၂စည်းဝေးသောသူတို့သည် ထာဝရဘုရားအား မီးရှို့ရာ ယဇ်ပူဇော်စရာဘို့ ဆောင်ခဲ့သော ယဇ်ပေါင်း ကား၊ နွားခုနစ်ဆယ်၊ သိုးတရာ၊ သိုးသငယ်နှစ်ရာတည်း။
33 sanctificaveruntque Domino boves sescentos et oves tria milia
၃၃ပူဇော်သောဥစ္စာပေါင်းကား၊ နွားခြောက်ရာ၊ သိုးသုံးထောင်တည်း၊
34 sacerdotes vero pauci erant nec poterant sufficere ut pelles holocaustorum detraherent unde et Levitae fratres eorum adiuverunt eos donec impleretur opus et sanctificarentur antistites Levitae quippe faciliori ritu sanctificantur quam sacerdotes
၃၄ယဇ်ပုရောဟိတ်တို့သည် နည်းသောကြောင့်၊ မီးရှို့ရာယဇ်ကောင်ရှိသမျှကို မသတ်နိုင်သည်ဖြစ်၍၊ အခြားသော ယဇ်ပုရောဟိတ်တို့သည် ကိုယ်ကိုမသန့်ရှင်း စေမှီ၊ အမှုတော်လက်စမသတ်မှီတိုင်အောင်၊ ညီအစ်ကို လေဝိသားတို့သည် ထောက်မကြ၏။ ကိုယ်ကို သန့်ရှင်း စေခြင်းငှါ၊ ယဇ်ပုရောဟိတ်များထက် လေဝိသားတို့သည် သာ၍ စိတ်သဘောဖြောင့်ကြ၏။
35 fuerunt igitur holocausta plurima adipes pacificorum et libamina holocaustorum et conpletus est cultus domus Domini
၃၅မီးရှို့ရာယဇ်များတို့နှင့်၊ မီးရှို့ရာယဇ်အသီးသီး ဆိုင်သောမိဿဟာယ ယဇ်ဆီဥ၊ သွန်လောင်းရာ ပူဇော် သက္ကာအများရှိကြ၏။ ထိုသို့ဗိမာန်တော်ဝတ်ပြုခြင်းကို စီရင်သတည်း။
36 laetatusque est Ezechias et omnis populus eo quod ministerium Domini esset expletum de repente quippe hoc fieri placuerat
၃၆ထိုအမှုလျင်မြန်သော်လည်း၊ ဘုရားသခင်သည် လူများကို ပြင်ဆင်တော်မူသောကြောင့်၊ ဟေဇကိနှင့် လူအပေါင်းတို့သည် ဝမ်းမြောက်အားရကြ၏။