< Ii Paralipomenon 29 >
1 igitur Ezechias regnare coepit cum viginti quinque esset annorum et viginti novem annis regnavit in Hierusalem nomen matris eius Abia filia Zacchariae
၁ဟေဇကိသည်အသက်နှစ်ဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက်၍ ယေရုရှလင်မြို့တွင်နှစ်ဆယ့်ကိုးနှစ်နန်းစံရ လေသည်။ သူ၏မယ်တော်မှာဇာခရိ၏သမီး အာဘိဖြစ်၏။-
2 fecitque quod erat placitum in conspectu Domini iuxta omnia quae fecerat David pater eius
၂သူသည်ဘေးတော်ဒါဝိဒ်မင်း၏စံနမူနာ ကိုလိုက်၍ ထာဝရဘုရားနှစ်သက်တော်မူ သောအမှုတို့ကိုပြု၏။
3 ipse anno et mense primo regni sui aperuit valvas domus Domini et instauravit eas
၃ဟေဇကိသည်မိမိနန်းတက်သည့်နှစ် ပထမလ၌ ဗိမာန်တော်တံခါးများကို ပြန်လည်ဖွင့်လှစ်၍ပြုပြင်စေတော်မူ၏။-
4 adduxitque sacerdotes atque Levitas et congregavit eos in plateam orientalem
၄သူသည်ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ် ဝင်တို့အား ဗိမာန်တော်အရှေ့တံတိုင်းအတွင်း တွင်စုဝေးစေပြီးလျှင်၊-
5 dixitque ad eos audite me Levitae et sanctificamini mundate domum Domini Dei patrum vestrorum auferte omnem inmunditiam de sanctuario
၅မိန့်ခွန်းမြွက်ကြားတော်မူသည်။ မင်းကြီး က``အချင်းလေဝိအနွယ်ဝင်တို့၊ သင်တို့ သည်မိမိတို့ကိုယ်ကိုဆက်ကပ်ပူဇော်လျက် သင်တို့ဘိုးဘေးများ၏ ဘုရားသခင် ထာဝရဘုရား၏ဗိမာန်တော်သန့်စင်မှု ကိုဆောင်ရွက်ကြလော့။ ဗိမာန်တော်ကိုညစ် ညမ်းစေသည့်အရာဟူသမျှကိုဖယ်ရှား ကြလော့။-
6 peccaverunt patres nostri et fecerunt malum in conspectu Domini Dei nostri derelinquentes eum averterunt facies suas a tabernaculo Domini et praebuerunt dorsum
၆ငါတို့ဘိုးဘေးများသည်ငါတို့ဘုရားသခင်ထာဝရဘုရားကိုသစ္စာဖောက်၍ ကိုယ်တော်မနှစ်သက်သည့်အမှုတို့ကိုပြု ကြ၏။ သူတို့သည်ကိုယ်တော်ကိုစွန့်၍ စံတော်မူရာဌာနကိုကျောခိုင်းကြ၏။-
7 cluserunt ostia quae erant in porticu et extinxerunt lucernas incensumque non adoleverunt et holocausta non obtulerunt in sanctuario Deo Israhel
၇သူတို့သည်ဗိမာန်တော်တံခါးများကို ပိတ်ထားပြီးလျှင် မီးခွက်များတွင်မီးငြိမ်း စေကာဣသရေလအမျိုးသားတို့ ဘုရားသခင်၏ဗိမာန်တော်၌နံ့သာပေါင်းကို မီးရှို့ပူဇော်မှုမပြုကြ။ မီးရှို့ရာပူဇော် သကာများကိုလည်းမဆက်သကြ။-
8 concitatus est itaque furor Domini super Iudam et Hierusalem tradiditque eos in commotionem et in interitum et in sibilum sicut ipsi cernitis oculis vestris
၈သို့ဖြစ်၍ထာဝရဘုရားသည်ယုဒပြည် နှင့် ယေရုရှလင်မြို့တို့ကိုအမျက်ထွက်၍ ပြုတော်မူသောအမှုတို့ကို မြင်ရကြသူ အပေါင်းတို့သည်ထိတ်လန့်တုန်လှုပ်ကြ ကုန်၏။ ဤအဖြစ်အပျက်ကိုသင်တို့ကောင်း စွာသိကြ၏။-
9 en corruerunt patres nostri gladiis filii nostri et filiae nostrae et coniuges captivae ductae sunt propter hoc scelus
၉ငါတို့၏ဖခင်များသည်စစ်ပွဲတွင်ကျဆုံး ခဲ့ကြ၍ ငါတို့သားမယားများသည်ဖမ်း ဆီးခေါ်ဆောင်သွားခြင်းကိုခံရကြလေ သည်။
10 nunc igitur placet mihi ut ineamus foedus cum Domino Deo Israhel et avertat a nobis furorem irae suae
၁၀``အမျက်တော်ပြေစေရန်ယခုငါသည် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားနှင့်ပဋိညာဉ်ပြုရန်အကြံ ရှိ၏။-
11 filii mi nolite neglegere vos elegit Dominus ut stetis coram eo et ministretis illi colatis eum et cremetis incensum
၁၁ငါ့သားတို့၊ မဖင့်နွှဲကြနှင့်၊ ထာဝရဘုရား အားနံ့သာပေါင်းမီးရှို့ပူဇော်ရန်နှင့် ကိုယ် တော်အားကိုးကွယ်ဝတ်ပြုရာတွင်ဦးဆောင် ရန် ကိုယ်တော်ရွေးချယ်ခန့်ထားသူများမှာ သင်တို့ပင်ဖြစ်ကြ၏'' ဟုမိန့်တော်မူ၏။
12 surrexerunt ergo Levitae Maath filius Amasiae et Iohel filius Azariae de filiis Caath porro de filiis Merari Cis filius Abdai et Azarias filius Iallelel de filiis autem Gersom Ioha filius Zemma et Eden filius Ioaha
၁၂ထိုအရပ်၌ရှိသောလေဝိအနွယ်ဝင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ ကောဟပ်သားချင်း စုမှအာမသဲ၏သားမာဟတ်နှင့်အာဇရိ ၏သားယောလ။ မေရာရိသားချင်းစုမှအာ ဗဒိ၏သားကိရှနှင့်ယေဟလေလ၏သား အာဇရိ။ ဂေရရှုံသားချင်းစုမှဇိမ္မ၏သား ယောအာနှင့်ယောအာ၏သားဧဒင်။ ဧလိ ဇဖန်သားချင်းစုမှရှိမရိနှင့်ယေယေလ။ အာသပ်သားချင်းစုမှဇာခရိနှင့်မတ္တနိ။ ဟေမန်သားချင်းစုမှယေဟေလနှင့်ရှိမိ။ ယေဒုသုန်သားချင်းစုမှရှေမာယနှင့် သြဇေလ။
13 at vero de filiis Elisaphan Samri et Iahihel de filiis quoque Asaph Zaccharias et Mathanias
၁၃
14 necnon de filiis Heman Iahihel et Semei sed et de filiis Idithun Semeias et Ozihel
၁၄
15 congregaveruntque fratres suos et sanctificati sunt et ingressi iuxta mandatum regis et imperium Domini ut expiarent domum Dei
၁၅ထိုသူတို့သည်လေဝိအနွယ်ဝင်အချင်း ချင်းတို့အားစုဝေးစေပြီးလျှင် ဘာသာ ရေးထုံးနည်းအရသန့်စင်မှုကိုပြုစေ ကြ၏။ ထိုနောက်သူတို့သည်မင်းကြီးမိန့် မှာတော်မူခဲ့သည့်အတိုင်း ထာဝရဘုရား ၏တရားနှင့်အညီဗိမာန်တော်ကို သန့်စင်စေကြ၏။-
16 sacerdotes quoque ingressi templum Domini ut sanctificarent illud extulerunt omnem inmunditiam quam intro reppererant in vestibulum domus Domini quam tulerunt Levitae et asportaverunt ad torrentem Cedron foras
၁၆ယဇ်ပုရောဟိတ်တို့သည်သန့်စင်မှုကို ဆောင်ရွက်ရန် ဗိမာန်တော်သို့ဝင်၍ဘာသာ ရေးထုံးနည်းအရ မသန့်စင်သည့်အရာ ဟူသမျှကိုတံတိုင်းတော်သို့ထုတ်လာ သောအခါ ထိုအရာများကိုလေဝိအနွယ် ဝင်တို့ကမြို့ပြင်ကေဒြုန်ချိုင့်ဝှမ်းသို့ သယ်ပို့ကြလေသည်။
17 coeperunt autem prima die mensis primi mundare et in die octava eiusdem mensis ingressi sunt porticum templi Domini expiaveruntque templum diebus octo et in die sextadecima mensis eiusdem quod coeperant impleverunt
၁၇သူတို့သည်ပထမလတစ်ရက်နေ့မှအစ ပြု၍ မုခ်ဦးခန်းအပါအဝင်ဗိမာန်တော် သန့်စင်မှုကိုဆောင်ရွက်ကြရာရှစ်ရက်နေ့ ၌ပြီးစီးသွား၏။ ထိုနောက်သူတို့သည် ထပ်မံ၍ရှစ်ရက်တိုင်တိုင် လဆန်းတစ်ဆယ့် ခြောက်ရက်နေ့အထိဗိမာန်တော်ကိုဝတ် ပြုကိုးကွယ်မှုအတွက်ပြင်ဆင်ကြလေ သည်။
18 ingressi quoque sunt ad Ezechiam regem et dixerunt ei sanctificavimus omnem domum Domini et altare holocaustoseos vasaque eius necnon et mensam propositionis cum omnibus vasis suis
၁၈လေဝိအနွယ်ဝင်တို့သည် ဟေဇကိမင်း အား``အကျွန်ုပ်တို့သည်မီးရှို့ရာပူဇော် သကာများအတွက်ယဇ်ပလ္လင်၊ ရှေ့တော်မုန့် တင်ရာစားပွဲနှင့်အသုံးအဆောင်များ အပါအဝင်ဗိမာန်တော်တစ်ခုလုံးကို ဘာသာရေးထုံးနည်းအရသန့်စင်မှု ဆောင်ရွက်ပြီးကြပါပြီ။-
19 cunctamque templi supellectilem quam polluerat rex Achaz in regno suo postquam praevaricatus est et ecce exposita sunt omnia coram altari Domini
၁၉အကျွန်ုပ်တို့သည်ဘုရားသခင်အားအာ ခတ်မင်းသစ္စာဖောက်စဉ်အခါက ယူသွား သည့်အသုံးအဆောင်များကိုလည်းပြန် ၍ယူဆောင်ကာပြန်လည်ဆက်ကပ်ပြီး ကြပါပြီ။ ထိုအရာအားလုံးသည် ထာဝရဘုရား၏ယဇ်ပလ္လင်တော်ရှေ့တွင် ရှိပါ၏'' ဟုသံတော်ဦးတင်ကြ၏။
20 consurgensque diluculo Ezechias rex adunavit omnes principes civitatis et ascendit domum Domini
၂၀ဟေဇကိမင်းသည်မဆိုင်းမတွဘဲ ယေရု ရှလင်မြို့မှလူကြီးလူကောင်းများကို စုဝေးစေပြီးလျှင် သူတို့နှင့်အတူဗိမာန် တော်သို့ကြွတော်မူ၏။-
21 obtuleruntque simul tauros septem arietes septem agnos septem et hircos septem pro peccato pro regno pro sanctuario pro Iuda dixit quoque sacerdotibus filiis Aaron ut offerrent super altare Domini
၂၁မင်းဆွေမင်းမျိုးများအပြစ်၊ ယုဒပြည်သူ များအပြစ်ပြေစေရန်နှင့် ဗိမာန်တော်သန့် စင်စေရန်သူတို့သည်နွားခုနစ်ကောင်၊ သိုး ခုနစ်ကောင်၊ သိုးငယ်ခုနစ်ကောင်နှင့်ဆိတ် ခုနစ်ကောင်ကိုယူဆောင်သွားကြ၏။ မင်း ကြီးသည်အာရုန်မှဆင်းသက်သောယဇ် ပုရောဟိတ်တို့အား``တိရစ္ဆာန်များကိုယဇ် ပလ္လင်ပေါ်တွင်တင်၍ပူဇော်ကြလော့'' ဟု မိန့်တော်မူ၏။-
22 mactaverunt igitur tauros et susceperunt sacerdotes sanguinem et fuderunt illud super altare mactaverunt etiam arietes et illorum sanguinem super altare fuderunt immolaverunt agnos et fuderunt super altare sanguinem
၂၂ယဇ်ပုရောဟိတ်တို့သည်ဦးစွာနွားများ ကိုသတ်၍ သွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက် ဖြန်းကြ၏။ ထိုနောက်သိုးများကိုသတ်၍ သွေးကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်းကြ၏။ ထိုနောက်သိုးငယ်များကိုသတ်၍သွေး ကိုယဇ်ပလ္လင်ပေါ်တွင်ပက်ဖြန်းကြ၏။-
23 adplicaverunt hircos pro peccato coram rege et universa multitudine inposueruntque manus suas super eos
၂၃နောက်ဆုံး၌သူတို့သည်ဆိတ်များကိုမင်းကြီး နှင့်လူပရိသတ်တို့ထံသို့ယူဆောင်ကာ ဆိတ် တို့အပေါ်သို့လက်များကိုတင်စေကြ၏။-
24 et immolaverunt illos sacerdotes et asperserunt sanguinem eorum altari pro piaculo universi Israhelis pro omni quippe Israhel praeceperat rex ut holocaustum fieret et pro peccato
၂၄ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် အပြစ်ဖြေ ရာယဇ်ကိုပူဇော်ရန်မင်းကြီးအမိန့်ပေး ထားသည့်အတိုင်း ဆိတ်များကိုသတ်၍ ယဇ်ပလ္လင်ပေါ်သို့သွေးကိုသွန်းလောင်းကြ လေသည်။
25 constituit quoque Levitas in domo Domini cum cymbalis et psalteriis et citharis secundum dispositionem David et Gad videntis regis et Nathan prophetae siquidem Domini praeceptum fuit per manum prophetarum eius
၂၅မင်းကြီးသည်ဒါဝိဒ်မင်းအား ဘုရင့်ပရော ဖက်ဂဒ်နှင့်ပရောဖက်နာသန်အားဖြင့် ထာဝရဘုရားပေးတော်မူသည့်ညွှန်ကြား ချက်များကိုလိုက်နာကာစောင်းများ၊ လင်း ကွင်းများကိုင်သူလေဝိအနွယ်ဝင်တို့ကို နေရာချထားတော်မူ၏။-
26 steteruntque Levitae tenentes organa David et sacerdotes tubas
၂၆သူတို့သည်ဒါဝိဒ်မင်းအသုံးပြုခဲ့သော တူရိယာမျိုးများကိုကိုင်၍ရပ်နေကြ၏။ ယဇ်ပုရောဟိတ်များကတံပိုးခရာများ ကိုင်၍ရပ်နေကြ၏။-
27 et iussit Ezechias ut offerrent holocaustum super altare cumque offerrentur holocausta coeperunt laudes canere Domino et clangere tubis atque in diversis organis quae David rex Israhel reppererat concrepare
၂၇မီးရှို့ရာပူဇော်သကာများကိုဆက်သရန် မင်းကြီးအမိန့်ပေးတော်မူသဖြင့် ပူဇော် ဆက်သမှုကိုအစပြုသောအခါလူတို့ သည်ထာဝရဘုရား၏ဂုဏ်တော်ကို ထောမနာပြု၍သီချင်းဆိုကြလေသည်။ ဂီတပညာသည်တို့လည်း တံပိုးခရာ များနှင့်အခြားတူရိယာများကိုတီး မှုတ်ကြလေသည်။-
28 omni autem turba adorante cantores et hii qui tenebant tubas erant in officio suo donec conpleretur holocaustum
၂၈ထိုအရပ်တွင်ရှိနေသောသူအပေါင်းတို့ သည် ယဇ်များကိုမီးရှို့ပူဇော်ပြီးသည် အထိပါဝင်၍ဝတ်ပြုကိုးကွယ်ကြ၏။ သီချင်းသီဆိုသူများကသီချင်းသီဆို၍ တံပိုးခရာမှုတ်သူများကတံပိုးခရာ မှုတ်ကြကုန်၏။-
29 cumque finita esset oblatio incurvatus est rex et omnes qui erant cum eo et adoraverunt
၂၉ထိုနောက်မင်းကြီးနှင့်ပြည်သူအပေါင်းတို့ သည်ဒူးထောက်လျက် ဘုရားသခင်အား ရှိခိုးကြလေသည်။-
30 praecepitque Ezechias et principes Levitis ut laudarent Dominum sermonibus David et Asaph videntis qui laudaverunt eum magna laetitia et curvato genu adoraverunt
၃၀ဟေဇကိမင်းနှင့်ပြည်သူခေါင်းဆောင်များ သည် လေဝိအနွယ်ဝင်တို့အားဒါဝိဒ်နှင့် ပရောဖက်အာသပ်စပ်ဆိုခဲ့သော ထောမနာ သီချင်းများကိုသီဆိုစေကြ၏။ သို့ဖြစ် ၍သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာသီ ချင်းဆို၍ ဒူးထောက်လျက်ဘုရားသခင် ကိုရှိခိုးကြ၏။
31 Ezechias autem etiam haec addidit implestis manus vestras Domino accedite et offerte victimas et laudes in domo Domini obtulit ergo universa multitudo hostias et laudes et holocausta mente devota
၃၁ဟေဇကိကပြည်သူတို့အား``ယခုသင် တို့သည်ဘာသာရေးထုံးနည်းအရ သန့်စင် မှုကိုပြုပြီးဖြစ်၍ ထာဝရဘုရားထံ တော်သို့ကျေးဇူးတော်ချီးမွမ်းရာပူဇော် သကာအဖြစ်ဖြင့် ယဇ်များကိုယူဆောင်လာ ကြလော့'' ဟုမိန့်တော်မူသည့်အတိုင်းလူ တို့လိုက်နာဆောင်ရွက်ကြ၏။ အချို့သော သူတို့သည်မိမိတို့စေတနာအလျောက် မီးရှို့ပူဇော်ရန်တိရစ္ဆာန်များကိုယူဆောင် လာကြလေသည်။-
32 porro numerus holocaustorum quae obtulit multitudo hic fuit tauros septuaginta arietes centum agnos ducentos
၃၂သူတို့သည်နွားကောင်ရေခုနစ်ဆယ်၊ သိုး ကောင်ရေတစ်ရာနှင့်သိုးငယ်ကောင်ရေနှစ် ရာတို့ကိုထာဝရဘုရားအား မီးရှို့ရာ ပူဇော်သကာအဖြစ်ယူဆောင်လာပြီးလျှင်၊-
33 sanctificaveruntque Domino boves sescentos et oves tria milia
၃၃လူတို့စားရန်အတွက်နွားကောင်ရေခြောက် ရာနှင့် သိုးကောင်ရေသုံးထောင်ကိုလည်း ယဇ် ပူဇော်ဖို့ယူဆောင်လာကြ၏။-
34 sacerdotes vero pauci erant nec poterant sufficere ut pelles holocaustorum detraherent unde et Levitae fratres eorum adiuverunt eos donec impleretur opus et sanctificarentur antistites Levitae quippe faciliori ritu sanctificantur quam sacerdotes
၃၄ဤတိရစ္ဆာန်များကိုသတ်ရန်ယဇ်ပုရောဟိတ် မလုံလောက်သဖြင့် မိမိတို့ကိုယ်ကိုသန့်စင် မှုပြုပြီးသူ၊ ယဇ်ပုရောဟိတ်များကိုမရ ရှိမီအတွင်းဆောင်ရွက်စရာများပြီးဆုံး ချိန်အထိ လေဝိအနွယ်ဝင်တို့ကကူညီ ရကြ၏။ (ယဇ်ပုရောဟိတ်များထက် လေဝိအနွယ်ဝင်များကဘာသာရေး ထုံးနည်းအရ သန့်စင်မှုကိုပို၍တိကျ စွာပြုတတ်ကြသည်။-)
35 fuerunt igitur holocausta plurima adipes pacificorum et libamina holocaustorum et conpletus est cultus domus Domini
၃၅တစ်ကောင်လုံးမီးရှို့ပူဇော်ရသည့်ယဇ် များအပြင် လူတို့စားသုံးသည့်ယဇ်များ မှဆီဥကိုမီးရှို့ပူဇော်မှု၊ မီးရှို့ရာပူဇော် သကာများနှင့်အတူဆက်ကပ်ရသည့် စပျစ်ရည်ကို သွန်းလောင်းပူဇော်မှုတို့ကို လည်းယဇ်ပုရောဟိတ်များကတာဝန် ယူရကြလေသည်။ သို့ဖြစ်၍ဗိမာန်တော်၌ဝတ်ပြုကိုးကွယ် မှုသည်ပြန်လည်တည်မြဲလေ၏။-
36 laetatusque est Ezechias et omnis populus eo quod ministerium Domini esset expletum de repente quippe hoc fieri placuerat
၃၆ထာဝရဘုရားသည်ဤအမှုတို့ကိုလျင် မြန်စွာဆောင်ရွက်နိုင်ခွင့်ပေးတော်မူသဖြင့် ဟေဇကိမင်းနှင့်ပြည်သူတို့သည် ရွှင်လန်းဝမ်းမြောက်ကြကုန်၏။