< Ii Paralipomenon 15 >
1 Azarias autem filius Oded facto in se spiritu Dei
၁ဘုရားသခင်၏ဝိညာဉ်တော်သည် သြဒက် ၏သားအာဇရိအပေါ်သို့သက်ရောက်၍၊-
2 egressus est in occursum Asa et dixit ei audite me Asa et omnis Iuda et Beniamin Dominus vobiscum quia fuistis cum eo si quaesieritis eum invenietis si autem dereliqueritis derelinquet vos
၂အာဇရိသည်အာသမင်းထံသို့သွားပြီးလျှင်``အို အာသမင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ် ဝင်တို့၊ ငါ၏စကားကိုနားထောင်ကြလော့။ သင် တို့သည်ထာဝရဘုရား၏ဘက်၌ရှိနေသမျှ ကာလပတ်လုံး ကိုယ်တော်သည်သင်တို့နှင့်အတူ ရှိတော်မူမည်။ သင်တို့သည်ကိုယ်တော်အားရှာ ကြလျှင် ကိုယ်တော်သည်သင်တို့အားအတွေ့ ခံတော်မူလိမ့်မည်။ သို့ရာတွင်သင်တို့သည် ကိုယ်တော်အားကျောခိုင်းကြပါကကိုယ် တော်သည်လည်းသင်တို့အားစွန့်ပယ်တော် မူလိမ့်မည်။-
3 transibunt autem multi dies in Israhel absque Deo vero et absque sacerdote doctore et absque lege
၃ဣသရေလအမျိုးသားတို့တွင်ကာလ ကြာမြင့်စွာမှန်သောဘုရားမရှိ၊ သွန်သင် ပေးမည့်ယဇ်ပုရောဟိတ်များမရှိ၊ တရား လည်းမရှိ။-
4 cumque reversi fuerint in angustia sua ad Dominum Deum Israhel et quaesierint eum repperient
၄သို့ရာတွင်ဒုက္ခရောက်သောအခါသူတို့သည် ဣသရေလအမျိုးသားတို့၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ပြန်လာ၍ကိုယ် တော်ကိုရှာသောအခါတွေ့ရှိကြ၏။-
5 in tempore illo non erit pax egredienti et ingredienti sed terrores undique in cunctis habitatoribus terrarum
၅ထိုစဉ်အခါကအတိုင်းတိုင်းအပြည်ပြည် တွင်အေးချမ်းသာယာခြင်းမရှိသဖြင့် အဘယ် သူမျှဘေးမဲ့လုံခြုံစွာခရီးမသွားမလာ နိုင်ကြ။-
6 pugnabit enim gens contra gentem et civitas contra civitatem quia Dominus conturbabit eos in omni angustia
၆ဘုရားသခင်သည်သူတို့အားဒုက္ခအမျိုး မျိုးရောက်စေတော်မူသဖြင့် တစ်နိုင်ငံက တစ်နိုင်ငံကိုလည်းကောင်း၊ တစ်မြို့ကတစ် မြို့ကိုလည်းကောင်းဖိနှိပ်ကြလေသည်။-
7 vos ergo confortamini et non dissolvantur manus vestrae erit enim merces operi vestro
၇သို့ရာတွင်သင်တို့သည်အားမာန်တင်းကြ လော့။ စိတ်အားမလျော့ကြနှင့်။ သင်တို့ပြု သည့်အမှုအတွက်ကောင်းကျိုးကိုခံစား ရကြလိမ့်မည်'' ဟုဆင့်ဆို၏။
8 quod cum audisset Asa verba scilicet et prophetiam Oded prophetae confortatus est et abstulit idola de omni terra Iuda et Beniamin et ex urbibus quas ceperat montis Ephraim et dedicavit altare Domini quod erat ante porticum Domini
၈ဤသို့သြဒက်၏သားအာဇရိဆင့်ဆိုသည့် ဗျာဒိတ်တော်ကိုကြားသောအခါ အာသသည် အားတက်လာပြီးလျှင် ယုဒနှင့်ဗင်္ယာမိန်နယ် မြေများနှင့်တောင်ပေါများသောဧဖရိမ်ပြည် ရှိမြို့များမှရုပ်တုရှိသမျှကိုဖယ်ရှားတော် မူ၏။ မင်းကြီးသည်ဗိမာန်တော်တံတိုင်းအတွင်း ရှိယဇ်ပလ္လင်ကိုလည်းပြန်လည်ပြုပြင်တော်မူ၏။
9 congregavitque universum Iuda et Beniamin et advenas cum eis de Ephraim et de Manasse et de Symeon plures enim ad eum confugerant ex Israhel videntes quod Dominus Deus illius esset cum eo
၉ထာဝရဘုရားသည် အာသနှင့်အတူရှိတော် မူကြောင်းကိုတွေ့မြင်ကြသဖြင့် ဧဖရိမ်၊ မနာ ရှေနှင့်ရှိမောင်နယ်မြေများမှလူအမြောက် အမြားအာသဘက်သို့ကူးပြောင်း၍သူ၏ နိုင်ငံတော်တွင်လာရောက်နေထိုင်ကြ၏။ အာသ သည်ဤသူအပေါင်းတို့ကိုလည်းကောင်း၊ ဗင်္ယာ မိန်နှင့်ယုဒပြည်သူတို့ကိုလည်းကောင်း စုဝေးရန်အမိန့်ထုတ်ပြန်တော်မူ၏။-
10 cumque venissent Hierusalem mense tertio anno quintodecimo regni Asa
၁၀သူတို့သည်အာသနန်းစံတစ်ဆယ့်ရှစ်နှစ် မြောက်တတိယလ၌ ယေရုရှလင်မြို့တွင် စုဝေးကြလေသည်။-
11 immolaverunt Domino in die illa de manubiis et praeda quam adduxerant boves septingentos et arietes septem milia
၁၁ထိုနေ့၌သူတို့သည်မိမိတို့ဆောင်ခဲ့သော လက်ရပစ္စည်းများအနက် နွားခုနစ်ရာနှင့် သိုးခုနစ်ထောင်ကိုထာဝရဘုရားအားယဇ် ပူဇော်ကြ၏။-
12 et intravit ex more ad corroborandum foedus ut quaererent Dominum Deum patrum suorum in toto corde et in tota anima sua
၁၂သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအား စိတ်စွမ်းကိုယ်စွမ်း ရှိသမျှနှင့်ကိုးကွယ်မည်ဟူ၍ပဋိညာဉ် ပြုကြ၏။-
13 si quis autem inquit non quaesierit Dominum Deum Israhel moriatur a minimo usque ad maximum a viro usque ad mulierem
၁၃ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ အမျိုးသား ဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ မည်သူမဆို ကိုယ်တော်အားကိုးကွယ်ခြင်းမပြုပါက ထိုသူသည်အသတ်ခံရမည်ဖြစ်၏။-
14 iuraveruntque Domino voce magna in iubilo et in clangore tubae et in sonitu bucinarum
၁၄ထိုသူတို့သည်ဤပဋိညာဉ်ကိုစောင့်ထိန်း ပါမည်ဟု ထာဝရဘုရား၏နာမတော်ကို တိုင်တည်၍အသံကျယ်စွာသစ္စာဆိုကြ၏။ ထိုနောက်သူတို့သည်ကြွေးကြော်လျက် တံပိုး ခရာများကိုမှုတ်ကြကုန်၏။-
15 omnes qui erant in Iuda cum execratione in omni enim corde suo iuraverunt et in tota voluntate quaesierunt eum et invenerunt praestititque eis Dominus requiem per circuitum
၁၅ယုဒပြည်သူအပေါင်းတို့သည်စိတ်စွမ်းကိုယ် စွမ်းရှိသမျှဖြင့် ပဋိညာဉ်ပြုရကြသဖြင့် ဝမ်းမြောက်ရွှင်လန်းကြ၏။ သူတို့သည်ထာဝရ ဘုရားအားဆန္ဒအပြည့်အဝဖြင့်ဆည်းကပ် ကြသဖြင့် ထာဝရဘုရားသည်သူတို့၏ ဆည်းကပ်မှုကိုလက်ခံ၍အရပ်ရပ်၌ငြိမ်း ချမ်းသာယာစေတော်မူ၏။
16 sed et Maacham matrem Asa regis ex augusto deposuit imperio eo quod fecisset in luco simulacrum Priapi quod omne contrivit et in frusta comminuens conbusit in torrente Cedron
၁၆အာသမင်းသည်မိမိ၏အဘွားတော်မာခါ ၏ထံတော်မှ မယ်တော်ဘုရင်မရာထူးကိုနှုတ် သိမ်းတော်မူ၏။ အဘယ်ကြောင့်ဆိုသော်မာခါ သည်မြေသြဇာဖွံ့ဖြိုးမှုဆိုင်ရာအာရှရ ဘုရားမအားကိုးကွယ်ရန် အတွက်ရှုမကောင်း မြင်မကောင်းသောရုပ်တုကိုပြုလုပ်ထားသော ကြောင့်ဖြစ်၏။ အာသသည်ထိုရုပ်တုကို အပိုင်းပိုင်းခုတ်ဖြတ်ကာ ကေဒြုန်ချိုင့်ဝှမ်း တွင်မီးရှို့စေတော်မူ၏။-
17 excelsa autem derelicta sunt in Israhel attamen cor Asa erat perfectum cunctis diebus eius
၁၇ရုပ်တုကိုးကွယ်ရာဌာနရှိသမျှကိုမဖျက် ဆီးသော်လည်း အာသသည်တစ်သက်လုံး ထာဝရဘုရားကိုသစ္စာစောင့်တော်မူလေ သည်။-
18 ea quae voverat pater suus et ipse intulit in domum Domini argentum et aurum vasorumque diversam supellectilem
၁၈သူသည်ထာဝရဘုရားအားခမည်းတော်ဆက် ကပ်လှူဒါန်းထားသမျှသောတန်ဆာတို့ကို မိမိကိုယ်တိုင်ဆက်ကပ်လှူဒါန်းသည့် ရွှေ၊ ငွေ၊ တန် ဆာများနှင့်အတူဗိမာန်တော်တွင်ထားရှိ တော်မူ၏။-
19 bellum vero non fuit usque ad tricesimum quintum annum regni Asa
၁၉သူ၏နန်းစံသုံးဆယ့်ငါးနှစ်အထိနောက် တစ်ဖန်စစ်မက်မဖြစ်ပွားတော့ချေ။