< I Samuelis 2 >
1 exultavit cor meum in Domino exaltatum est cornu meum in Domino dilatatum est os meum super inimicos meos quia laetata sum in salutari tuo
၁တဖန် ဟန္န သည် ပဌနာ စကားကို မြွက်ဆိုသည်ကား၊ ငါ့ စိတ် နှလုံးသည် ထာဝရဘုရား ကို အမှီပြု ၍ ရွှင်လန်း လျက်၊ ထာဝရဘုရား ကြောင့် ငါ့ ဦးချို မြင့် လျက် ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးတော်ကြောင့် ဝမ်းမြောက် ၍၊ ရန်သူ တို့အား ဝါကြွားသောစကားကို ပြောရ၏။
2 non est sanctus ut est Dominus neque enim est alius extra te et non est fortis sicut Deus noster
၂ထာဝရဘုရား သန့်ရှင်း တော်မူသကဲ့သို့ အဘယ်သူ မျှမ သန့်ရှင်း။ ကိုယ်တော် မှတပါး အခြားသော ဘုရားမရှိ။
3 nolite multiplicare loqui sublimia gloriantes recedant vetera de ore vestro quoniam Deus scientiarum Dominus est et ipsi praeparantur cogitationes
၃ငါ တို့ ဘုရား သခင်ကဲ့သို့ သော ခိုလှုံစရာမ ရှိ။ ကိုယ့်ကိုကိုယ်မချီးမြှောက် ကြနှင့်။ ဝါကြွား စော်ကားသော စကားကိုမ ပြော ကြနှင့်။ အဓမ္မ စကားကို နှုတ် ထဲက မထွက် စေကြနှင့်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သဗ္ဗညုတ ဘုရား ဖြစ်တော်မူ၏။ အမှု အရာတို့ကို ညှိညွှတ် တော်မူ၏။
4 arcus fortium superatus est et infirmi accincti sunt robore
၄သူရဲ တို့ ကိုင်သောလေး များ ကျိုး လျက် ၊ လဲ တတ်သောသူတို့သည် ခွန်အား နှင့် ပြည့်စုံ လျက် ရှိကြ၏။
5 saturati prius pro pane se locaverunt et famelici saturati sunt donec sterilis peperit plurimos et quae multos habebat filios infirmata est
၅ဝ စွာစားသောသူတို့သည် စားစရာ ကို ရခြင်းငှါ၊ သူငှါး လုပ်ရကြပြီ။ ငတ်မွတ် သောသူတို့ မူကား ၊ တဖန် ဝကြပြီ။ မြုံ သောသူသည် ခုနှစ် ကြိမ်တိုင်အောင် ဘွားမြင် ပြီ။ သား များ သောသူမူကား ၊ တဖန် အားလျော့ ပြီ။
6 Dominus mortificat et vivificat deducit ad infernum et reducit (Sheol )
၆ထာဝရဘုရား သည် သေ စေသော အခွင့်၊ အသက် ရှင်စေသောအခွင့်၊ မရဏာ နိုင်ငံသို့ နှိမ့်ချ သောအခွင့်၊ ထမြောက် စေသောအခွင့် ရှိတော်မူ၏။ (Sheol )
7 Dominus pauperem facit et ditat humiliat et sublevat
၇ဆင်းရဲ စေခြင်းငှါ၎င်း ၊ ရ တတ်စေခြင်းငှါ၎င်း၊ ထာဝရဘုရား ပြု၍၊ နှိမ့်ချ သောအခွင့်၊ ချီးမြှောက် သောအခွင့်ရှိတော်မူ၏။
8 suscitat de pulvere egenum et de stercore elevat pauperem ut sedeat cum principibus et solium gloriae teneat Domini enim sunt cardines terrae et posuit super eos orbem
၈ဆင်းရဲ သောသူကို မြေမှုန့် ထဲက ၎င်း၊ ငတ်မွတ် သောသူကို နောက်ချေးပုံ ထဲက ၎င်း ချီးမြှောက် ၍၊ မင်းသား တို့နှင့် ထိုင် ရသောအခွင့်၊ ဘုန်း ကြီးသောပလ္လင် ကို အမွေ ခံရသောအခွင့်ကိုပေးတော်မူ၏။ အကြောင်း မူကား၊ မြေကြီး တိုင် တို့ကို ထာဝရဘုရား ပိုင်၍ ထိုတိုင်တို့အပေါ် မှာ လောကဓါတ် ကို တည် တော်မူပြီ။
9 pedes sanctorum suorum servabit et impii in tenebris conticescent quia non in fortitudine roborabitur vir
၉မိမိ သန့်ရှင်းသူ တို့ခြေ ကို စောင့်မ တော်မူလိမ့်မည်။ မ တရားသောသူတို့သည် မှောင်မိုက် ၌ တိတ်ဆိတ် စွာ နေရကြလိမ့်မည်။ ကိုယ်အစွမ်း သတ္တိအားဖြင့် အဘယ်သူ မျှမ နိုင် ရာ။
10 Dominum formidabunt adversarii eius super ipsos in caelis tonabit Dominus iudicabit fines terrae et dabit imperium regi suo et sublimabit cornu christi sui
၁၀ထာဝရဘုရား သည် ရန်သူ တို့ကို ချိုးဖဲ့ တော်မူမည်။ သူတို့အပေါ်၌ မိုဃ်း ကောင်းကင်မှ မိုဃ်းချုန်း စေတော်မူမည်။ ထာဝရဘုရား သည် မြေကြီး စွန်း တိုင်အောင်တရား စီရင်သဖြင့်၊ ခန့်ထားတော်မူသောရှင်ဘုရင် ကို ခွန်အား နှင့် ပြည့်စုံစေ၍၊ အထံတော်၌ ဘိသိက် ခံသောသူကို ချီးမြှောက် တော်မူမည်ဟု မြွက်ဆို ၏။
11 et abiit Helcana Ramatha in domum suam puer autem erat minister in conspectu Domini ante faciem Heli sacerdotis
၁၁ထိုနောက်မှ ၊ ဧလကာန သည် ရာမ မြို့၌ရှိသောမိမိ အိမ် သို့ သွား ၍၊ သူငယ် သည် ယဇ်ပုရောဟိတ် ဧလိ ရှေ့ တွင် အမှု တော်ကို ဆောင်ရွက်လေ၏။
12 porro filii Heli filii Belial nescientes Dominum
၁၂ဧလိ ၏သား တို့သည် ထာဝရဘုရား ကို မ သိ ၊ အဓမ္မ လူဖြစ်ကြ၏။
13 neque officium sacerdotum ad populum sed quicumque immolasset victimam veniebat puer sacerdotis dum coquerentur carnes et habebat fuscinulam tridentem in manu sua
၁၃လူ များတို့တွင် ယဇ်ပုရောဟိတ် ပြုသောထုံးစံ ဟူမူကား ၊ ယဇ် ပူဇော်၍ အမဲသား ကို ပြုတ် စဉ်အခါ ၊ ယဇ်ပုရောဟိတ် ၏ အစေအပါ တယောက်သည်လာ ၍၊ သုံး ချောင်းရှိသောအမဲချိတ် ကို ကိုင်လျက်၊
14 et mittebat eam in lebetem vel in caldariam aut in ollam sive in caccabum et omne quod levabat fuscinula tollebat sacerdos sibi sic faciebant universo Israheli venientium in Silo
၁၄အိုး အစရှိသည်တို့၌ ထိုးခပ် ၍၊ အမဲချိတ် တွင် ပါသမျှ ကို ယဇ် ပုရောဟိတ်သည် သိမ်း ယူတတ်၏။ ရှိလော မြို့သို့ ရောက် လာသောဣသရေလ လူအပေါင်း တို့အား ထိုသို့ ပြု ကြ၏။
15 etiam antequam adolerent adipem veniebat puer sacerdotis et dicebat immolanti da mihi carnem ut coquam sacerdoti non enim accipiam a te carnem coctam sed crudam
၁၅ဆီဥ ကို မီး မ ရှို့မှီ၊ ယဇ်ပုရောဟိတ် ၏ အစေအပါ သည်လာ ၍ ၊ ယဇ်ပုရောဟိတ် ဘို့ ကင် စရာအမဲသား ကိုပေး ပါ။ ပြုတ် သောအမဲသား ကိုမ ယူ။ စိမ်း သောအမဲသားကိုသာ ယူမည်ဟု ယဇ် ပူဇော်သောသူအား ဆို တတ်၏။
16 dicebatque illi immolans incendatur primum iuxta morem hodie adeps et tolle tibi quantumcumque desiderat anima tua qui respondens aiebat ei nequaquam nunc enim dabis alioquin tollam vi
၁၆ထိုသူက၊ ဆီဥ ကိုအရင် မီး ရှို့ပါရစေ။ နောက်မှ ယူချင် တိုင်း ယူ ပါဟုဆို လျှင် ၊ မ ဟုတ်ဘူး ယခု ပေး ရမည်။ သို့မဟုတ် အနိုင်ယူ မည်ဟု ပြောဆို တတ်၏။
17 erat ergo peccatum puerorum grande nimis coram Domino quia detrahebant homines sacrificio Domini
၁၇ထိုယဇ်ပုရောဟိတ်ပျိုတို့သည်၊ ထာဝရဘုရား ဝတ် ကို လူ များ ရွံ စရာပြုသောကြောင့် ၊ ရှေ့ တော်၌ အလွန် အပြစ် ကြီး သောသူဖြစ် ကြ၏။
18 Samuhel autem ministrabat ante faciem Domini puer accinctus ephod lineo
၁၈သူငယ် ရှမွေလ သည် ပိတ် သင်တိုင်း ကို ဝတ် စည်းလျက်၊ ထာဝရဘုရား ရှေ့ ၌ အမှု တော်ကို ဆောင်ရွက်လေ၏။
19 et tunicam parvam faciebat ei mater sua quam adferebat statutis diebus ascendens cum viro suo ut immolaret hostiam sollemnem
၁၉နှစ်စဉ် ပြုရသော ယဇ်ကို ပူဇော် ခြင်းငှါ ၊ သူ၏ မိဘသည် ရောက် လာသောအခါ ၊ အမိသည် တနှစ် မပြတ်သားအဘို့ အင်္ကျီ ငယ် ကို ချုပ် ၍ ဆောင် ခဲ့တတ်၏။
20 et benedixit Heli Helcanae et uxori eius dixitque reddat Dominus tibi semen de muliere hac pro fenore quod commodasti Domino et abierunt in locum suum
၂၀တရံရောအခါ၊ ဧလိ က၊ သင်သည် ထာဝရဘုရား ၌ ငှါး ထားသော သားအတွက် ၊ ဤ မိန်းမ တွင် အမျိုးအနွယ် ကိုပေး တော်မူပါစေသောဟု ဧလကာန လင်မယား ကို ကောင်းကြီး ပေး၏။ ထိုသူတို့သည် နေရာအိမ် သို့ ပြန် သွားသောနောက်၊
21 visitavit ergo Dominus Annam et concepit et peperit tres filios et duas filias et magnificatus est puer Samuhel apud Dominum
၂၁ထာဝရဘုရား သည် ဟန္န ကို အကြည့် အရှုကြွတော်မူသဖြင့် ၊ သူသည်ပဋိသန္ဓေ ယူ၍ ၊ သား သုံး ယောက်၊ သမီး နှစ် ယောက်တို့ကို ဘွားမြင် လေ၏။ သူငယ် ရှမွေလ သည် ထာဝရဘုရား ရှေ့တော်၌ ကြီးပွား သတည်း။
22 Heli autem erat senex valde et audivit omnia quae faciebant filii sui universo Israheli et quomodo dormiebant cum mulieribus quae observabant ad ostium tabernaculi
၂၂ဧလိ သည်အသက် အရွယ်လွန်သောအခါ ၊ သူ ၏သား တို့သည် ဣသရေလ လူအပေါင်း တို့၌ ပြု သမျှ ကို၎င်း ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နားမှာ စည်းဝေး သောမိန်းမ နှင့် မှားယွင်း ကြောင်းကို၎င်းကြား သိလျှင်၊
23 et dixit eis quare facitis res huiuscemodi quas ego audio res pessimas ab omni populo
၂၃သင်တို့သည် အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။ သင် တို့ပြုသောဒုစရိုက် တို့ကို လူ အပေါင်း တို့သည် ပြော၍ ငါ ကြား ရ၏။
24 nolite filii mi non enim est bona fama quam ego audio ut transgredi faciatis populum Domini
၂၄မ ကောင်းဘူးငါ့ သား တို့။ ငါ ကြား သော သိတင်း သည် ကောင်း သော သိတင်းမ ဟုတ်။ ထာဝရဘုရား ၏ လူ တို့သည် ပြစ်မှားရမည်အကြောင်း၊ သင်တို့ပြုကြသည်တကား။
25 si peccaverit vir in virum placari ei potest Deus si autem in Domino peccaverit vir quis orabit pro eo et non audierunt vocem patris sui quia voluit Dominus occidere eos
၂၅လူ ချင်းတယောက်ကို တယောက်ပြစ်မှား လျှင် ၊ တရားသူကြီးစစ်ကြောစီရင်ရ၏။ လူ သည် ထာဝရဘုရား ကို ပြစ်မှား လျှင် ၊ သူ့ အတွက် အဘယ်သူ တောင်းပန် လိမ့်မည်နည်းဟု ဆုံးမသော်လည်း ၊ သူတို့သည် အဘ ၏စကား ကို နား မ ထောင်ကြ။ အကြောင်း မူကား၊ ထာဝရဘုရား သည် ကွပ်မျက် ခြင်းငှါ အလို ရှိတော်မူ၏။
26 puer autem Samuhel proficiebat atque crescebat et placebat tam Deo quam hominibus
၂၆သူငယ် ရှမွေလ သည် ကြီးပွား ၍၊ ထာဝရဘုရား ရှေ့ ၊ လူ တို့ရှေ့ ၌ မျက်နှာ ရလေ၏။
27 venit autem vir Dei ad Heli et ait ad eum haec dicit Dominus numquid non aperte revelatus sum domui patris tui cum essent in Aegypto in domo Pharaonis
၂၇ဘုရား သခင်၏ လူ တယောက်သည် ဧလိ ထံသို့ လာ ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည်၊ ဖာရော ဘုရင်ထံ၌ နေရသော သင့် အဘ ၏ အမျိုး အား ငါထင်ရှား သည် မဟုတ်လော။
28 et elegi eum ex omnibus tribubus Israhel mihi in sacerdotem ut ascenderet altare meum et adoleret mihi incensum et portaret ephod coram me et dedi domui patris tui omnia de sacrificiis filiorum Israhel
၂၈ငါ ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ခြင်း၊ နံ့သာပေါင်း ကို မီး ရှို့ခြင်း၊ ငါ့ ရှေ့ မှာ သင်တိုင်း ကို ဝတ် ခြင်း အမှုကို စောင့်ရသောငါ ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ ၊ သူ့ ကို ဣသရေလ အမျိုး အပေါင်း တို့ အထဲက ငါရွေးကောက် သည် မဟုတ်လော။ ဣသရေလ အမျိုးသား တို့သည် မီး ဖြင့်ပြုသောပူဇော်သက္ကာ ရှိသမျှ တို့ကို၊ သင့် အဘ ၏ အမျိုး အား ငါပေး သည်မဟုတ်လော။
29 quare calce abicitis victimam meam et munera mea quae praecepi ut offerrentur in templo et magis honorasti filios tuos quam me ut comederetis primitias omnis sacrificii Israhel populi mei
၂၉ငါ့အိမ်၌ ငါစီရင်သောယဇ်၊ ငါ့ ပူဇော် သက္ကာကို အဘယ်ကြောင့် ခြေနှင့်ကန် သနည်း။ ငါ ၏လူ ဣသရေလ အမျိုးသားတင်လှူသော ပူဇော် သက္ကာရှိသမျှ တို့တွင်၊ အမြတ် ဆုံးသော အရာကို ဝစွာစား စေ၍၊ သင် ၏သား တို့ကို ငါ့ အပေါ်မှာ အဘယ်ကြောင့်ချီးမြှောက် သနည်း။
30 propterea ait Dominus Deus Israhel loquens locutus sum ut domus tua et domus patris tui ministraret in conspectu meo usque in sempiternum nunc autem dicit Dominus absit hoc a me sed quicumque glorificaverit me glorificabo eum qui autem contemnunt me erunt ignobiles
၃၀ထိုသို့ပြုသောကြောင့်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် အမျိုး ၊ သင့် အဘ ၏အမျိုး သည် ငါ့ ရှေ့ မှာအစဉ် သွား လာရလိမ့်မည်ဟု ငါဆို မိသော်လည်း၊ တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုဂတိသည် ငါ နှင့် ဝေး ပါစေ။ ငါ့ ကို ချီးမြှောက် သောသူတို့ ကို ငါချီးမြှောက် မည်။ ငါ့ ကို မထီမဲ့မြင် ပြုသောသူတို့ သည် ဂုဏ်သရေပျက် ရကြလိမ့်မည်။
31 ecce dies veniunt et praecidam brachium tuum et brachium domus patris tui ut non sit senex in domo tua
၃၁သင် ၏ အမျိုး တွင် အို သောသူတယောက်မျှ မ ရှိ စေခြင်းငှါ၊ သင် ၏ လက်ရုံး နှင့် သင့် အဆွေ အမျိုး၏ လက်ရုံး ကို ငါဖြတ် သော အချိန် ကာလရောက် လိမ့်မည်။
32 et videbis aemulum tuum in templo in universis prosperis Israhel et non erit senex in domo tua omnibus diebus
၃၂ဣသရေလ အမျိုးအား ငါပေးသော စည်းစိမ်ရှိရာ အိမ် ပေါ်မှာ ဘေး ဥပဒ်ရောက်ကြောင်းကို သင် မြင် ရလိမ့်မည်။ သင် ၏ အမျိုး တွင် အို သောသူတယောက်မျှ အစဉ် မ ရှိ ရ။
33 verumtamen non auferam penitus virum ex te ab altari meo sed ut deficiant oculi tui et tabescat anima tua et pars magna domus tuae morietur cum ad virilem aetatem venerit
၃၃ငါ ၏ယဇ် ပလ္လင်မှ ငါမ ပယ် မဖြတ်သောသင် ၏အမျိုးသားသည်၊ သင့် မျက်စိ ပျက် ၍ စိတ် ကြင်နာ ဘို့ ရာဖြစ်လိမ့်မည်။ သင် ၏ သားစဉ် မြေးဆက်တို့သည် အသက်ပျိုစဉ်ပင် သေ ရကြလိမ့်မည်။
34 hoc autem erit tibi signum quod venturum est duobus filiis tuis Ofni et Finees in die uno morientur ambo
၃၄သင် ၏သား ဟောဖနိ နှင့် ဖိနဟတ် နှစ် ယောက်တို့၌ ဖြစ် စေ၍၊ သင့် အား ငါပေးသော ပုပ္ပ နိမိတ် ဟူမူကား ၊ ထိုသူ နှစ် ယောက်တို့သည် တနေ့ခြင်း တွင် သေ လိမ့်မည်။
35 et suscitabo mihi sacerdotem fidelem qui iuxta cor meum et animam meam faciat et aedificabo ei domum fidelem et ambulabit coram christo meo cunctis diebus
၃၅တဖန် ငါ့ စိတ် နှလုံးအလိုသို့ လိုက်၍ သစ္စာ စောင့်သော ယဇ်ပုရောဟိတ် ကို ငါပေါ်ထွန်း စေမည်။ မြဲ သောအိမ် ကို သူ့ အဘို့ ငါဆောက် ပေးသဖြင့် ၊ သူသည် ငါ့ ထံ၌ ဘိသိက် ခံသောသူရှေ့ မှာ အစဉ် သွား လာရလိမ့်မည်။
36 futurum est autem ut quicumque remanserit in domo tua veniat ut oretur pro eo et offerat nummum argenteum et tortam panis dicatque dimitte me obsecro ad unam partem sacerdotalem ut comedam buccellam panis
၃၆သင် ၏ အမျိုး ၌ ကျန် ကြွင်းသော သူတိုင်း သူ့ ထံသို့ လာ ၍၊ ကျွန်တော်သည် မုန့် အနည်းငယ် ကို စားရမည် အကြောင်း၊ ယဇ် ပုရောဟိတ်အရာနှင့်ဆိုင်သော အမှုတစုံတခု ၌ ကျွန်တော် ကို စေခိုင်းပါလော့ ဟု ငွေ စ ၊ မုန့် စ ကို ရလိုသောငှါ၊ ရှိခိုးလျက် တောင်းပန်လိမ့်မည်ဟု အမိန့်တော်ကို ပြန်လေ၏။