< I Samuelis 12 >

1 dixit autem Samuhel ad universum Israhel ecce audivi vocem vestram iuxta omnia quae locuti estis ad me et constitui super vos regem
ရှမွေလကလည်း၊ သင်တို့ပြောသမျှသော စကားကို ငါနားထောင်၍၊ သင်တို့အပေါ်မှာ ရှင်ဘုရင်ကို ငါချီးမြှောက်လေပြီ။
2 et nunc rex graditur ante vos ego autem senui et incanui porro filii mei vobiscum sunt itaque conversatus coram vobis ab adulescentia mea usque ad diem hanc ecce praesto sum
ယခုမှာ ရှင်ဘုရင်သည် သင်တို့ရှေ့၌ ကြွနေတော်မူ၏။ ငါသည် အသက်ကြီး၍ ဆံပင်ဖြူပြီ။ ငါ့သားတို့ သည် သင်တို့၌ ရှိကြ၏။ ငါသည် ငယ်သော အရွယ်မှ စ၍ ယနေ့တိုင်အောင် သင်တို့ရှေ့၌ သွားပြီ။
3 loquimini de me coram Domino et coram christo eius utrum bovem cuiusquam tulerim an asinum si quempiam calumniatus sum si oppressi aliquem si de manu cuiusquam munus accepi et contemnam illud hodie restituamque vobis
ဤအရပ်၌ ယခု ငါရှိ၏။ အဘယ်သူ၏ နွားကို ငါယူဘူးပြီနည်း။ အဘယ်သူ၏ မြည်းကို ယူဘူးပြီ နည်း။ အဘယ်သူကို လှည့်စားဘူးပြီနည်း။ အဘယ်သူကို ညှဉ်းဆဲဘူးပြီနည်း။ ကိုယ်မျက်စိကို ကွယ် စေခြင်းငှါ အဘယ်သူလက်မှ တံစိုးကို ခံဘူးပြီနည်း။ ထာဝရဘုရားရှေ့၊ ဘိသိက်တော်ကို ခံသော သူရှေ့မှာ ငါ့တဘက်၌ သက်သေခံကြလော့။ သူ့ဥစ္စာကို ငါယူမိလျှင် ပြန်ပေးပါမည်ဟု ဣသရေလ လူအပေါင်းတို့အား ပြောဆိုသော်၊
4 et dixerunt non es calumniatus nos neque oppressisti neque tulisti de manu alicuius quippiam
သူတို့က၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မလှည့်စားပါ။ မညှဉ်းဆဲပါ။ အဘယ်သူ၏ ဥစ္စာကိုမျှ မယူပါဟု ပြောဆိုကြ၏။
5 dixitque ad eos testis Dominus adversus vos et testis christus eius in die hac quia non inveneritis in manu mea quippiam et dixerunt testis
ရှမွေလကလည်း၊ သင်တို့သည် ငါ့လက်၌ သူတပါး၏ ဥစ္စာကို ရှာ၍ မတွေ့ကြောင်းကို ထာဝရဘုရား သည် သင်တို့တဘက်၌ သက်သေဖြစ်တော်မူ၏။ ဘိသိက်တော်ကို ခံသောသူလည်း သက်သေဖြစ်၏ ဟု ဆိုလျှင်၊ သူတို့က၊ သက်သေဖြစ်ပါသည်ဟု ဝန်ခံကြ၏။
6 et ait Samuhel ad populum Dominus qui fecit Mosen et Aaron et eduxit patres nostros de terra Aegypti
တဖန် ရှမွေလက၊ ထာဝရဘုရားသည် မောရှေနှင့် အာရုန်ကို ချီးမြှောက်၍၊ သင်တို့ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ဆောင်ခဲ့တော်မူ၏။
7 nunc ergo state ut iudicio contendam adversum vos coram Domino de omnibus misericordiis Domini quas fecit vobiscum et cum patribus vestris
ယခုတွင် တိတ်ဆိတ်စွာနေကြလော့။ ထာဝရဘုရားသည် သင်တို့နှင့် သင်တို့ဘိုးဘေးများ၌ တရား သဖြင့် ပြုတော်မူသောအမှုတို့ကို ထာဝရဘုရား ရှေ့တော်မှာ သင်တို့အား ငါဆွေးနွေး ဟောပြောမည်။
8 quomodo ingressus est Iacob in Aegyptum et clamaverunt patres vestri ad Dominum et misit Dominus Mosen et Aaron et eduxit patres vestros ex Aegypto et conlocavit eos in loco hoc
ယာကုပ်သည် အဲဂုတ္တုပြည်သို့ ရောက်၍၊ သင်တို့ဘိုးဘေးတို့သည် ထာဝရဘုရားအား အော်ဟစ်သော အခါ၊ မောရှေနှင့် အာရုန်ကို စေလွှတ်သဖြင့် ဘိုးဘေးတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ ဤပြည်၌ နေရာချတော်မူ၏။
9 qui obliti sunt Domini Dei sui et tradidit eos in manu Sisarae magistri militiae Asor et in manu Philisthinorum et in manu regis Moab et pugnaverunt adversum eos
သူတို့၏ ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သောအခါ၊ ဟာဇော် ဗိုလ်ချုပ်မင်း သိသရလက်သို့ ၎င်း၊ ဖိလိတ္တိလူတို့ လက်သို့၎င်း၊ မောဘရှင် ဘုရင်လက်သို့၎င်း ရောက်စေတော်မူသဖြင့်၊ ထိုရန်သူတို့၏ တိုက်ဖျက်ခြင်းကို ခံရကြ၏။
10 postea autem clamaverunt ad Dominum et dixerunt peccavimus quia dereliquimus Dominum et servivimus Baalim et Astharoth nunc ergo erue nos de manu inimicorum nostrorum et serviemus tibi
၁၀တဖန်သူတို့သည် ထာဝရဘုရားအား အော်ဟစ်လျက်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို စွန့်၍၊ ဗာလ ဘုရားနှင့် အာရှတရက်ဘုရားတို့ကို ဝတ်ပြုသဖြင့် ပြစ်မှားပါပြီ။ သို့ရာတွင် ရန်သူလက်မှ ကယ်ချွတ် တော်မူပါ။ ကိုယ်တော်ကို ဝတ်ပြုပါမည်ဟု လျှောက်ကြသောအခါ၊-
11 et misit Dominus Hierobaal et Bedan et Ieptha et Samuhel et eruit vos de manu inimicorum vestrorum per circuitum et habitastis confidenter
၁၁ထာဝရဘုရားသည် ယေရုဗ္ဗာလ၊ ဗာရက်၊ ယေဖသ၊ ရှမွေလတို့ကို စေလွှတ်၍၊ ပတ်ဝန်းကျင် ရန်သူတို့ လက်မှ ကယ်နှုတ်တော်မူသဖြင့် သင်တို့သည် ဘေးလွတ်ရကြ၏။
12 videntes autem quod Naas rex filiorum Ammon venisset adversum vos dixistis mihi nequaquam sed rex imperabit nobis cum Dominus Deus vester regnaret in vobis
၁၂နောက်တဖန် အမ္မုန်အမျိုးသားရှင်ဘုရင် နာဟတ်သည် စစ်ချီမည်အကြောင်းကို သိသောအခါ၊ အကျွန်ုပ်တို့သည် အရင်ကဲ့သို့မဟုတ်၊ ရှင်ဘုရင်သည် အကျွန်ုပ်တို့ကို အုပ်စိုးရမည်ဟု သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ရှင်ဘုရင် လုပ်လျက်ပင် ငါ့အား လျှောက်ထားကြ၏။
13 nunc ergo praesto est rex vester quem elegistis et petistis ecce dedit vobis Dominus regem
၁၃ယခုမှာ သင်တို့လိုချင်၍ ရွေးချယ်သော ရှင်ဘုရင်ကို ကြည့်ရှုကြလော့။ ထာဝရဘုရားသည် သင်တို့ အပေါ်မှာ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ချီးမြှောက်တော်မူပြီ။-
14 si timueritis Dominum et servieritis ei et audieritis vocem eius et non exasperaveritis os Domini eritis et vos et rex qui imperat vobis sequentes Dominum Deum vestrum
၁၄သင်တို့သည် ထာဝရဘုရားကို ကြောက်ရွံ့၍ ဝတ်ပြုခြင်းနှင့်တကွ အာဏာတော်ကို မဆန်၊ စကား တော်ကို နားထောင်လျှင် သင်တို့နှင့် သင်တို့ကို အုပ်စိုးသော ရှင်ဘုရင်သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ အမြဲလိုက်ကြလိမ့်မည်။
15 si autem non audieritis vocem Domini sed exasperaveritis sermonem Domini erit manus Domini super vos et super patres vestros
၁၅သို့မဟုတ် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ အာဏာတော်ကို ဆန်လျှင်၊ ထာဝရ ဘုရား၏ လက်တော်သည် ဘိုးဘေးတို့ကို ဆီးတားသကဲ့သို့ သင်တို့ကို ဆီးတားတော်မူလိမ့်မည်။
16 sed et nunc state et videte rem istam grandem quam facturus est Dominus in conspectu vestro
၁၆ယခုမှာ သင်တို့ မျက်မှောက်၌ ထာဝရဘုရားပြုတော်မူ လတံ့သော အမှုကြီးကို ငြိမ်ဝပ်စွာ နေ၍ ကြည့်ရှုလော့။
17 numquid non messis tritici est hodie invocabo Dominum et dabit voces et pluvias et scietis et videbitis quia grande malum feceritis vobis in conspectu Domini petentes super vos regem
၁၇ယနေ့ ဂျုံစပါးရိတ်ရာ ကာလဖြစ်သည် မဟုတ်လော။ သို့သော်လည်း ထာဝရဘုရားကို ငါဆုတောင်း ၍ မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေတော်မူမည်။ သို့ဖြစ်၍ သင်တို့သည် ရှင်ဘုရင်ကို တောင်း သောအားဖြင့် ထာဝရဘုရားရှေ့တော်၌ ပြစ်မှားမိသောအပြစ်သည် ကြီးကြောင်းကို ရိပ်မိသိမြင်ရ ကြမည်ဟု လူများတို့အား ပြောဆိုပြီးလျှင်၊-
18 et clamavit Samuhel ad Dominum et dedit Dominus voces et pluviam in die illa
၁၈ထာဝရဘုရားကို ဆုတောင်း၍၊ ထိုနေ့၌ ထာဝရဘုရားသည် မိုဃ်းချုန်းခြင်းနှင့်တကွ မိုဃ်းရွာစေ တော်မူ၍၊ လူအပေါင်းတို့သည် ထာဝရဘုရားနှင့်ရှမွေလကို အလွန်ကြောက်ရွံ့ကြ၏။
19 et timuit omnis populus nimis Dominum et Samuhelem dixitque universus populus ad Samuhel ora pro servis tuis ad Dominum Deum tuum ut non moriamur addidimus enim universis peccatis nostris malum ut peteremus nobis regem
၁၉လူအပေါင်းတို့က၊ ကိုယ်တော်၏ ကျွန်တို့သည် မသေရမည်ကြောင်း၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားအား ကိုယ်တော်ကျွန်တို့အဘို့ ဆုတောင်းတော်မူပါ။ အကျွန်ုပ်တို့သည် ရှင်ဘုရင်ကို တောင်း သောအားဖြင့် အထက်အပြစ်များတို့အပေါ်မှာ ထပ်၍ ဒုစရိုက်ကို ပြုမိပါပြီဟု ရှမွေလအား တောင်း ပန်ကြ၏။
20 dixit autem Samuhel ad populum nolite timere vos fecistis universum malum hoc verumtamen nolite recedere a tergo Domini et servite Domino in omni corde vestro
၂၀ရှမွေလကလည်း မစိုးရိမ်ကြနှင့်။ ဤဒုစရိုက်အပေါင်းကို ပြုမိသော်လည်း၊ ထာဝရဘုရားနောက် တော်သို့ လိုက်ရာမှ မလွှဲကြနှင့်။ ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကြလော့။
21 et nolite declinare post vana quae non proderunt vobis neque eruent vos quia vana sunt
၂၁ကျေးဇူးမပြု မကယ်တင်နိုင်၊ အချည်းနှီးဖြစ်သော အရာတို့နောက်သို့ လမ်းလွှဲ၍ မလိုက်ကြနှင့်။ ထိုသို့သောအရာသည် အချည်းနှီး သက်သက်ဖြစ်၏။
22 et non derelinquet Dominus populum suum propter nomen suum magnum quia iuravit Dominus facere vos sibi populum
၂၂ထာဝရဘုရားသည် မဟာနာမတော်ကို ထောက်၍ မိမိလူတို့ကို စွန့်တော်မမူ။ ထာဝရဘုရားသည် သင်တို့ကို မိမိလူအရာ၌ ခန့်ထားခြင်းငှါ အလိုရှိတော်မူပြီ။
23 absit autem a me hoc peccatum in Domino ut cessem orare pro vobis et docebo vos viam bonam et rectam
၂၃ငါမူကား သင်တို့အဘို့ ဆုမတောင်းဘဲ နေသဖြင့်၊ ထာဝရဘုရားကို ပြစ်မှားခြင်းအမှုသည် ငါနှင့် ဝေးပါစေသော။ ကောင်းမွန်ဖြောင့်မတ်သော လမ်းကိုလည်း သင်တို့အား ငါပြသဦးမည်။
24 igitur timete Dominum et servite ei in veritate et ex toto corde vestro vidistis enim magnifica quae in vobis gesserit
၂၄သို့ရာတွင် ထာဝရဘုရားကို ကြောက်ရွံ့၍ သစ္စာနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။ သင်တို့အဘို့ အဘယ်မျှလောက် ပြုတော်မူပြီးသည်တို အောက်မေ့ကြလော့။
25 quod si perseveraveritis in malitia et vos et rex vester pariter peribitis
၂၅သို့မဟုတ် သင်တို့သည် ဒုစရိုက် ပြုမြဲပြုလျှင်၊ ရှင်ဘုရင်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်ရကြလိမ့် မည်ဟု လူများတို့အား ပြောဆိုလေ၏။

< I Samuelis 12 >