< I Regum 3 >

1 confirmatum est igitur regnum in manu Salomonis et adfinitate coniunctus est Pharaoni regi Aegypti accepit namque filiam eius et adduxit in civitatem David donec conpleret aedificans domum suam et domum Domini et murum Hierusalem per circuitum
ရှော​လ​မုန်​မင်း​သည်​အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​ကို မိ​ဖု​ရား​မြှောက်​ခြင်း​အား​ဖြင့် ထို​မင်း​နှင့်​မ​ဟာ မိတ်​ဖွဲ့​တော်​မူ​၏။ ထို့​နောက်​မိ​မိ​တည်​ဆောက်​လျက် ရှိ​သည့်​နန်း​တော်၊ ဗိ​မာန်​တော်​နှင့်​မြို့​ရိုး​မ​ပြီး​မီ ဒါ​ဝိဒ်​မြို့​တွင်​နေ​ထိုင်​ရန်​မင်း​သ​မီး​အား​ခေါ် ဆောင်​ခဲ့​၏။-
2 et tamen populus immolabat in excelsis non enim aedificatum erat templum nomini Domini usque in die illo
ထာ​ဝရ​ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​မ​ဆောက် ရ​သေး​သ​ဖြင့် လူ​တို့​သည်​ယဇ်​ပလ္လင်​အ​နှံ့ အ​ပြား​တို့​တွင်​ယဇ်​ပူ​ဇော်​လျက်​ရှိ​နေ​ကြ သေး​၏။-
3 dilexit autem Salomon Dominum ambulans in praeceptis David patris sui excepto quod in excelsis immolabat et accendebat thymiama
ရှော​လ​မုန်​မင်း​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​၍ မိ​မိ​ခ​မည်း​တော်​၏​ပြ​ညွှန်​သွန်​သင်​ချက်​တို့ ကို​လိုက်​နာ​သော်​လည်း တိ​ရစ္ဆာန်​များ​ကို​သတ် ၍​ယဇ်​ပလ္လင်​အ​မျိုး​မျိုး​တွင်​ယဇ်​ပူ​ဇော်​လေ သည်။
4 abiit itaque in Gabaon ut immolaret ibi illud quippe erat excelsum maximum mille hostias in holocaustum obtulit Salomon super altare illud in Gabaon
ဂိ​ဗောင်​မြို့​တွင်​အ​လွန်​ထင်​ရှား​ကျော်​စော​သော ယဇ်​ပလ္လင်​ရှိ​သ​ဖြင့် အ​ခါ​တစ်​ပါး​၌​မင်း​ကြီး သည်​ယဇ်​ပူ​ဇော်​ရန်​ထို​အ​ရပ်​သို့​သွား​တော် မူ​၏။ သူ​သည်​ယ​ခင်​အ​ခါ​များ​က​ထောင် ပေါင်း​များ​စွာ​သော​မီး​ရှို့​ရာ​ပူ​ဇော်​သကာ များ​ကို​ထို​ယဇ်​ပလ္လင်​တွင်​ပူဇော်​ခဲ့​ဖူး​၏။-
5 apparuit Dominus Salomoni per somnium nocte dicens postula quod vis ut dem tibi
ယ​ခု​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​အိပ်​မက် တွင်​ထင်​ရှား​တော်​မူ​၍``သင်​သည်​အ​ဘယ် ဆု​ကို​အ​လို​ရှိ​သ​နည်း'' ဟု​မေး​တော်​မူ​၏။
6 et ait Salomon tu fecisti cum servo tuo David patre meo misericordiam magnam sicut ambulavit in conspectu tuo in veritate et iustitia et recto corde tecum custodisti ei misericordiam tuam grandem et dedisti ei filium sedentem super thronum eius sicut et hodie
ရှော​လ​မုန်​က``ကိုယ်​တော်​ရှင်​သည်​ကိုယ်​တော်​၏ အ​စေ​ခံ အ​ကျွန်ုပ်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​အား မ​ဟာ​မေတ္တာ​တော်​ကို​အ​စဉ်​အ​မြဲ​ပြ​တော်​မူ ပါ​၏။ သူ​သည်​ကိုယ်​တော်​ရှင်​၏​ရှေ့​တော်​တွင် ကောင်း မွန်​ရိုး​ဖြောင့်​စွာ​သစ္စာ​နှင့်​ကျင့်​ကြံ​ပြု​မူ​ခဲ့​ပါ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​သည်​သူ့​အား​သား​တော် တစ်​ပါး​ကို​ပေး​သ​နား​တော်​ခြင်း​အား​ဖြင့် က​ရု​ဏာ​တော်​ကို​ဆက်​လက်​၍​ပြ​တော်​မူ ပါ​၏။ ယ​နေ့​ထို​သား​တော်​သည် မိ​မိ​ခ​မည်း တော်​၏​ရာ​ဇ​ပလ္လင်​ပေါ်​တွင်​ထိုင်​လျက်​ရှိ ပါ​၏။-
7 et nunc Domine Deus tu regnare fecisti servum tuum pro David patre meo ego autem sum puer parvus et ignorans egressum et introitum meum
အို ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ် သည်​အ​သက်​အ​ရွယ်​ငယ်​၍​တိုင်း​ပြည်​ကို မ​အုပ်​စိုး​တတ်​သော်​လည်း ကိုယ်​တော်​ရှင်​သည် အ​ကျွန်ုပ်​အား​ခ​မည်း​တော်​အ​ရိုက်​အ​ရာ ကို​ဆက်​ခံ​စေ​၍​နန်း​တင်​တော်​မူ​ပါ​ပြီ။-
8 et servus tuus in medio est populi quem elegisti populi infiniti qui numerari et supputari non potest prae multitudine
ယ​ခု​အ​ခါ​အ​ကျွန်ုပ်​သည်​ကိုယ်​တော်​ရွေး​ချယ် တော်​မူ​သော​လူ​မျိုး​ကြီး​အ​လယ်​တွင်​ရှိ​ပါ​၏။ ထို​သူ​တို့​သည်​ရေ​တွက်​၍​မ​ရ​နိုင်​အောင်​ပင် များ​ပြား​ပါ​၏။-
9 dabis ergo servo tuo cor docile ut iudicare possit populum tuum et discernere inter malum et bonum quis enim potest iudicare populum istum populum tuum hunc multum
သို့​ဖြစ်​၍​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​နိုင်​စေ​ရန် အ​ကျွန်ုပ် အား​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ​ပါ။ ယင်း​သို့ ပေး​တော်​မ​မူ​ပါ​လျှင်​အ​ကျွန်ုပ်​သည် ဤ​မျှ များ​ပြား​သော​ကိုယ်​တော်​ရှင့်​လူ​မျိုး​တော်​ကို အ​ဘယ်​သို့​လျှင်​အုပ်​စိုး​နိုင်​ပါ​မည်​နည်း''ဟု တောင်း​လျှောက်​လေ​၏။
10 placuit ergo sermo coram Domino quod Salomon rem huiuscemodi postulasset
၁၀ဤ​သို့​ရှော​လ​မုန်​တောင်း​လျှောက်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သည်​နှစ်​သက်​တော်​မူ​သ​ဖြင့်၊-
11 et dixit Deus Salomoni quia postulasti verbum hoc et non petisti tibi dies multos nec divitias aut animam inimicorum tuorum sed postulasti tibi sapientiam ad discernendum iudicium
၁၁``သင်​သည်​မိ​မိ​အ​သက်​ရှည်​မှု၊ ချမ်း​သာ​ကြွယ်​ဝ မှု​သို့​မ​ဟုတ်​ရန်​သူ​များ​သေ​ကြေ​ပျက်​စီး​မှု ကို​တောင်း​လျှောက်​မည့်​အ​စား​တ​ရား​မျှ​တ စွာ​အုပ်​စိုး​နိုင်​ရန် ဉာဏ်​ပ​ညာ​ကို​တောင်း​လျှောက် သည်​ဖြစ်​၍၊-
12 ecce feci tibi secundum sermones tuos et dedi tibi cor sapiens et intellegens in tantum ut nullus ante te similis tui fuerit nec post te surrecturus sit
၁၂သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု​မည်။ သင် ၏​အ​လျင်​အ​ဘယ်​သူ​မျှ​မ​ရ​ရှိ​စ​ဖူး၊ သင်​၏ နောက်​၌​လည်း​ရ​ရှိ​လိမ့်​မည်​မ​ဟုတ်​သည့် ဉာဏ် ပ​ညာ​နှင့်​အ​သိ​တ​ရား​ကို​သင်​အား​ငါ​ပေး မည်။-
13 sed et haec quae non postulasti dedi tibi divitias scilicet et gloriam ut nemo fuerit similis tui in regibus cunctis retro diebus
၁၃သင်​မ​တောင်း​လျှောက်​သည့်​ဆု​ကို​လည်း​ငါ​ပေး မည်။ သင်​သည်​တစ်​သက်​လုံး​အ​ခြား​အ​ဘယ် ဘု​ရင်​နှင့်​မျှ​မ​တူ​အောင် စည်း​စိမ်​ချမ်း​သာ နှင့်​ဂုဏ်​အ​သ​ရေ​ကို​ငါ​ပေး​မည်။-
14 si autem ambulaveris in viis meis et custodieris praecepta mea et mandata mea sicut ambulavit pater tuus longos faciam dies tuos
၁၄သင်​သည်​သင်​၏​ခ​မည်း​တော်​ဒါ​ဝိဒ်​နည်း​တူ ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​လျှင် ငါ​သည်​သင့်​အား​ကြာ​ရှည် သော​အ​သက်​ကို​လည်း​ငါ​ပေး​မည်''ဟု​မိန့် တော်​မူ​၏။
15 igitur evigilavit Salomon et intellexit quod esset somnium cumque venisset Hierusalem stetit coram arca foederis Domini et obtulit holocausta et fecit victimas pacificas et grande convivium universis famulis suis
၁၅ရှော​လ​မုန်​သည်​အိပ်​ရာ​မှ​နိုး​၍ မိ​မိ​သည်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သော​စ​ကား​များ​ကို​အိပ်​မက် တွင်​ကြား​သိ​ခဲ့​ရ​ကြောင်း​ကို​သိ​လေ​၏။ ထို့​နောက် သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ထာ​ဝရ​ဘု​ရား ၏​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင်​ရပ်​လျက် မီး​ရှို့​ရာ ပူ​ဇော်​သ​ကာ​များ​နှင့်​မိတ်​သ​ဟာ​ယဇ်​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ပြီး​နောက် မှူး​မတ် အ​ပေါင်း​တို့​အ​တွက်​စား​သောက်​ပွဲ​ကို​ကျင်း​ပ လေ​သည်။
16 tunc venerunt duae mulieres meretrices ad regem steteruntque coram eo
၁၆အ​ခါ​တစ်​ပါး​၌​ပြည့်​တန်​ဆာ​နှစ်​ယောက်​တို့​သည် လာ​၍​ရှော​လ​မုန်​မင်း​၏​ရှေ့​တော်​၌​ရပ်​ကြ​၏။-
17 quarum una ait obsecro mi domine ego et mulier haec habitabamus in domo una et peperi apud eam in cubiculo
၁၇တစ်​ယောက်​က``အ​ရှင်​မင်း​ကြီး၊ ကျွန်​မ​သည်​ဤ မိန်း​မ​နှင့်​တစ်​အိမ်​တည်း​နေ​ထိုင်​ပါ​သည်။ ယင်း သို့​နေ​ထိုင်​စဉ်​သား​က​လေး​တစ်​ယောက်​ကို ဖွား​မြင်​ပါ​သည်။-
18 tertia vero die postquam ego peperi peperit et haec et eramus simul nullusque alius in domo nobiscum exceptis nobis duabus
၁၈ကျွန်​မ​က​လေး​မွေး​ပြီး​၍​သုံး​ရက်​အ​ကြာ တွင် ဤ​မိန်း​မ​သည်​လည်း​သား​က​လေး​တစ် ယောက်​ကို​ဖွား​မြင်​ပါ​၏။-
19 mortuus est autem filius mulieris huius nocte dormiens quippe oppressit eum
၁၉အိမ်​တွင်​ကျွန်​မ​တို့​နှစ်​ဦး​သာ​လျှင်​ရှိ​ပါ​၏။ အ​ခြား​မည်​သူ​မျှ​မ​ရှိ​ပါ။ တစ်​ည​သ​၌​ဤ မိန်း​မ​သည်​မိ​မိ​၏​သား​ငယ်​ကို​မ​တော်​တ​ဆ ဖိ​၍​အိပ်​မိ​သ​ဖြင့်​သား​ငယ်​သေ​ဆုံး​သွား​ပါ​၏။-
20 et consurgens intempesta nocte silentio tulit filium meum de latere meo ancillae tuae dormientis et conlocavit in sinu suo suum autem filium qui erat mortuus posuit in sinu meo
၂၀သူ​သည်​ညဥ့်​ချင်း​တွင်​ပင်​ထ​၍​ကျွန်​မ​အိပ်​ပျော် နေ​စဉ် နံ​ဘေး​ရှိ​ကျွန်​မ​၏​သား​ငယ်​ကို​ပွေ့​၍​မိ​မိ အိပ်​ရာ​သို့​ယူ​သွား​ပါ​၏။ ထို့​နောက်​သေ​နေ​သော က​လေး​ကို​ကျွန်မ​၏​အိပ်​ရာ​တွင်​ထား​ပါ​၏။-
21 cumque surrexissem mane ut darem lac filio meo apparuit mortuus quem diligentius intuens clara luce deprehendi non esse meum quem genueram
၂၁နောက်​တစ်​နေ့​နံ​နက်​၌​ကျွန်​မ​သည်​အိပ်​ရာ မှ​နိုး​၍ က​လေး​ကို​နို့​တိုက်​မည်​ပြု​သော​အ​ခါ က​လေး​သေ​နေ​သည်​ကို​တွေ့​ရ​ပါ​သည်။ က​လေး ကို​သေ​ချာ​စွာ​ကြည့်​ရာ​ထို​က​လေး​သည် ကျွန်​မ​၏​က​လေး​မ​ဟုတ်​ကြောင်း​သိ​ရှိ​ရ ပါ​၏'' ဟု​လျှောက်​ထား​လေ​သည်။
22 responditque altera mulier non est ita sed filius tuus mortuus est meus autem vivit e contrario illa dicebat mentiris filius quippe meus vivit et filius tuus mortuus est atque in hunc modum contendebant coram rege
၂၂သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``သင်​၏​စ​ကား မ​မှန်​ပါ။ အ​သက်​ရှင်​လျက်​နေ​သည့်​က​လေး သည်​ငါ​၏​က​လေး​ဖြစ်​၍ သေ​နေ​သော​က​လေး မှာ​သင့်​က​လေး​ဖြစ်​ပါ​သည်'' ဟု​ဆို​၏။ ပ​ထ​မ​မိန်း​မ​က​လည်း``သင့်​စ​ကား​မ​မှန်​ပါ။ သေ​နေ​သော​က​လေး​သည်​သင်​၏​က​လေး​ဖြစ် ၍​အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​မှာ​ငါ​၏ က​လေး​ဖြစ်​ပါ​သည်'' ဟု​ပြန်​ပြော​လေ​၏။ ဤ​သို့​လျှင်​သူ​တို့​နှစ်​ဦး​သည် မင်း​ကြီး​၏ ရှေ့​တော်​တွင်​ငြင်း​ခုံ​လျက်​နေ​ကြ​၏။
23 tunc rex ait haec dicit filius meus vivit et filius tuus mortuus est et ista respondit non sed filius tuus mortuus est et filius meus vivit
၂၃ထို​အ​ခါ​မင်း​ကြီး​သည်``သင်​တို့​နှစ်​ဦး​စ​လုံး​က အ​သက်​ရှင်​လျက်​ရှိ​သည့်​က​လေး​သည်​ငါ​၏​သား၊ သေ​နေ​သော​က​လေး​သည် သင်​၏​သား​ဟု​ပြော ဆို​နေ​ကြ​၏'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်၊
24 dixit ergo rex adferte mihi gladium cumque adtulissent gladium coram rege
၂၄ဋ္ဌား​တစ်​လက်​ကို​တောင်း​ယူ​တော်​မူ​၍ ရ​ရှိ​တော် မူ​သော​အ​ခါ``အ​သက်​ရှင်​လျက်​ရှိ​သော​က​လေး ကို​နှစ်​ပိုင်း​ဖြတ်​၍ ဤ​မိန်း​မ​တို့​အား​တစ်​ပိုင်း​စီ ဝေ​ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။
25 dividite inquit infantem vivum in duas partes et date dimidiam partem uni et dimidiam partem alteri
၂၅
26 dixit autem mulier cuius filius erat vivus ad regem commota sunt quippe viscera eius super filio suo obsecro domine date illi infantem vivum et nolite interficere eum contra illa dicebat nec mihi nec tibi sit dividatur
၂၆မိ​ခင်​စစ်​သည်​မိ​မိ​၏​သား​ကို​ချစ်​လှ​သ​ဖြင့် မင်း​ကြီး​အား``အ​ရှင်​မင်း​ကြီး၊ က​လေး​ကို သတ်​တော်​မ​မူ​ပါ​နှင့်။ ထို​မိန်း​မ​အား​ပေး တော်​မူ​ပါ''ဟု​လျှောက်​၏။ သို့​ရာ​တွင်​အ​ခြား​မိန်း​မ​က``က​လေး​ကို​မည် သူ​မျှ​မ​ယူ​ပါ​စေ​နှင့်။ နှစ်​ပိုင်း​ဖြတ်​တော်​မူ​ပါ'' ဟု​လျှောက်​လေ​သည်။-
27 respondens rex ait date huic infantem vivum et non occidatur haec est mater eius
၂၇ရှော​လ​မုန်​က``က​လေး​ကို​မ​သတ်​နှင့်​တော့။ သူ့​ကို ပ​ထ​မ​မိန်း​မ​အား​ပေး​လော့။ ထို​မိန်း​မ​သည် က​လေး​၏​မိ​ခင်​စစ်​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
28 audivit itaque omnis Israhel iudicium quod iudicasset rex et timuerunt regem videntes sapientiam Dei esse in eo ad faciendum iudicium
၂၈ရှော​လ​မုန်​၏​စီ​ရင်​ဆုံး​ဖြတ်​ချက်​ကို ဣသ​ရေ​လ ပြည်​သူ​ပြည်​သား​တို့​ကြား​ကြ​သော​အ​ခါ ဘု​ရား သခင်​သည်​မင်း​ကြီး​အား​တ​ရား​မျှ​တ​စွာ​စီ​ရင် ဆုံး​ဖြတ်​နိုင်​သော​ဉာဏ်​ပ​ညာ​ကို​ပေး​တော်​မူ ကြောင်း​သိ​ရှိ​လျက် မင်း​ကြီး​အား​လွန်​စွာ​ရို​သေ ကြ​၏။

< I Regum 3 >