< I Paralipomenon 6 >
1 filii Levi Gersom Caath Merari
၁လေဝိတွင်ဂေရရှုံ၊ ကောဟတ်၊ မေရာရိဟူ၍ သားသုံးယောက်ရှိ၏။
2 filii Caath Amram Isaar Hebron et Ozihel
၂ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလဟူ၍သားလေးယောက်ရှိ၏။
3 filii Amram Aaron Moses et Maria filii Aaron Nadab et Abiu Eleazar et Ithamar
၃အာမရံတွင်အာရုန်၊ မောရှေဟူသောသား နှစ်ယောက်နှင့်မိရိအံဟူသောသမီးတစ် ယောက်ရှိ၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ၏။
4 Eleazar genuit Finees et Finees genuit Abisue
၄အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ဧလဇာ၏သားမြေးစာရင်းမှာဧလဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ သြဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာမရိ၊ အဟိတုပ်၊-
5 Abisue vero genuit Bocci et Bocci genuit Ozi
၅
6 Ozi genuit Zaraiam et Zaraias genuit Meraioth
၆
7 porro Meraioth genuit Amariam et Amarias genuit Ahitob
၇
8 Ahitob genuit Sadoc Sadoc genuit Achimaas
၈ဇာဒုတ်၊ အဟိမတ်၊-
9 Achimaas genuit Azariam Azarias genuit Iohanan
၉အာဇရိ၊ ယောဟနန်ဟူ၍လည်းကောင်း၊
10 Iohanan genuit Azariam ipse est qui sacerdotio functus est in domo quam aedificavit Salomon in Hierusalem
၁၀(ရှောလမုန်မင်းယေရုရှလင်မြို့တွင်တည် ဆောက်သည့်ဗိမာန်တော်တွင်အမှုတော်ဆောင် သူ) အာဇရိ၊-
11 genuit autem Azarias Amariam et Amarias genuit Ahitob
၁၁အာမရိ၊ အဟိတုပ်၊
12 Ahitob genuit Sadoc et Sadoc genuit Sellum
၁၂ဇာဒုတ်၊ ရှလ္လုံ၊
13 Sellum genuit Helciam et Helcias genuit Azariam
၁၃ဟိလခိ၊ အာဇရိ၊
14 Azarias genuit Saraiam et Saraias genuit Iosedec
၁၄စရာယ၊ ယောဇဒက်ဟူ၍လည်းကောင်းဖြစ် သတည်း။
15 porro Iosedec egressus est quando transtulit Dominus Iudam et Hierusalem per manus Nabuchodonosor
၁၅ဘုရားသခင်သည်နေဗုခဒ်နေဇာမင်းကို အသုံးပြု၍ ယုဒပြည်သူပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ပြည်နှင် ဒဏ်ပေးသောအခါယောဇဒက်လည်းပါ သွားလေသည်။
16 filii ergo Levi Gersom Caath et Merari
၁၆လေဝိတွင်ဂေရရှုံ၊ ကောဟတ်၊ မေရာရိဟူ၍ သားသုံးယောက်ရှိ၏။-
17 et haec nomina filiorum Gersom Lobeni et Semei
၁၇သူတို့သုံးယောက်စလုံးတွင်လည်းသားများ ရှိ၏။ ဂေရရှုံ၏သားများသည်လိဗနိနှင့် ရှိမိဖြစ်၏။-
18 filii Caath Amram et Isaar et Hebron et Ozihel
၁၈ကောဟတ်၏သားများမှာအာမရံ၊ ဣဇဟာ၊ ဟေဗြုန်နှင့်သြဇေလတို့ဖြစ်၏။-
19 filii Merari Mooli et Musi hae autem cognationes Levi secundum familias eorum
၁၉မေရာရိ၏သားများကားမဟာလိနှင့်မုရှိ ဖြစ်သတည်း။
20 Gersom Lobeni filius eius Iaath filius eius Zamma filius eius
၂၀အဖနှင့်သားနာမည်များအစဉ်လိုက် အတိုင်း ဂေရရှုံ၏သားမြေးစာရင်းမှာ ဂေရရှုံ၊ လိဗနိ၊ ယာဟတ်၊ ဇိမ္မ၊-
21 Ioaa filius eius Addo filius eius Zara filius eius Iethrai filius eius
၂၁ယောအာ၊ ဣဒ္ဒေါ၊ ဇေရ၊ ယာတရဲဟူ၍ဖြစ်၏။
22 filii Caath Aminadab filius eius Core filius eius Asir filius eius
၂၂အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ကောဟတ်၏သားမြေးစာရင်းမှာကောဟပ်၊ ဣဇဟာ(ခေါ်) အမိနဒပ်၊ ကောရ၊ အဿိရ၊-
23 Helcana filius eius Abiasaph filius eius Asir filius eius
၂၃ဧလကာန၊ ဧဗျာသပ်၊ အဿိရ၊
24 Thaath filius eius Urihel filius eius Ozias filius eius Saul filius eius
၂၄တာဟပ်၊ ဥရေလ၊ သြဇိ၊ ရှောလဟူ၍ဖြစ်၏။
25 filii Helcana Amasai et Ahimoth
၂၅ဧလကာနတွင်အာမသဲနှင့် အဟိမုတ်ဟူ သောသားနှစ်ယောက်ရှိ၏။-
26 Helcana filii Helcana Sophai filius eius Naath filius eius
၂၆အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း အဟိမုတ်၏သားမြေးစာရင်းမှာ အဟိမုတ်၊ ဧလကာန၊ ဇော်ဖဲ၊ နာဟတ်၊-
27 Heliab filius eius Hieroam filius eius Helcana filius eius
၂၇ဧလျာဘ၊ ယေရောဟံနှင့်ဧလကာနဟူ၍ ဖြစ်၏။
28 filii Samuhel primogenitus Vasseni et Abia
၂၈ရှမွေလတွင်သားကြီးယောလနှင့် သားငယ် အဘိယဟူ၍သားနှစ်ယောက်ရှိ၏။
29 filii autem Merari Mooli Lobeni filius eius Semei filius eius Oza filius eius
၂၉အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း မေရာရိ၏သားမြေးစာရင်းမှာမေရာရိ၊ မဟာလိ၊ လိဗနိ၊ ရှိမိ၊ သြဇ၊-
30 Samaa filius eius Aggia filius eius Asaia filius eius
၃၀ရှိမာ၊ ဟ္ဂျာနှင့်အသာယဟူ၍ဖြစ်၏။
31 isti sunt quos constituit David super cantores domus Domini ex quo conlocata est arca
၃၁ပဋိညာဉ်သေတ္တာတော်ကိုယေရုရှလင်မြို့ ရှိကိုးကွယ်ဝတ်ပြုရာဌာနတော်သို့ပြောင်း ရွှေ့ရပြီးနောက် ဒါဝိဒ်မင်းသည်ဤသူတို့ အားဗိမာန်တော်တွင်ဂီတသီဆိုတီးမှုတ် ရန်အတွက်တာဝန်ပေးအပ်တော်မူ၏။-
32 et ministrabant coram tabernaculo testimonii canentes donec aedificaret Salomon domum Domini in Hierusalem stabant autem iuxta ordinem suum in ministerio
၃၂သူတို့သည်ရှောလမုန်မင်းကြီးဗိမာန်တော် ကိုမတည်မဆောက်မီကာလ၌ ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်တွင် အလှည့်ကျတာဝန်ယူ၍မပျက်မကွက် ဆောင်ရွက်ရကြသည်။-
33 hii vero sunt qui adsistebant cum filiis suis de filiis Caath Heman cantor filius Iohel filii Samuhel
၃၃ဤရာထူးတွင်ခန့်ထားခြင်းခံရသူတို့ ၏ ဆွေစဉ်မျိုးဆက်စာရင်းမှာအောက်ပါ အတိုင်းဖြစ်သည်။ ကောဟတ်သားချင်းစုမှယောလ၏သား ဟေမန်သည် ပထမသံစုံသီချင်းအဖွဲ့ ခေါင်းဆောင်ဖြစ်၏။ ဟေမန်၏အဖသည် ယောလ၊ ယောလ၏အဖမှာ ရှမွေလ၊ ရှမွေလ၏အဖကားဧလကာနဖြစ်၏။ ဧလကာန၏အဖသည် ယေရောဟံ၊ ယေ ရောဟံ၏အဖမှာဧလျာဘ၊ ဧလျာဘ ၏အဖကားတောအာဖြစ်၏။ တောအာ၏ အဖသည်ဇောဖဲ၊ ဇောဖဲ၏အဖမှာ ဧလ ကာန၊ ဧလကာန၏အဖကားမာဟတ် ဖြစ်၏။ မာဟတ်၏အဖသည် အမာသဲ၊ အမာသဲ၏အဖသည်ဧလကာန၊ ဧလ ကာန၏အဖမှာယောလ၊ ယောလ၏အဖ ကားအာဇရိဖြစ်၏။ အာဇရိ၏အဖသည် ဇေဖနိ၊ ဇေဖနိ၏အဖမှာတာဟတ်၊ တာ ဟတ်၏အဖသည်အဿိရ၊ အဿိရ၏အဖ ကားဧဗျာသပ်ဖြစ်၏။ ဧဗျာသပ်၏အဖ သည်ကောရ၊ ကောရ၏အဖမှာဣဇဟာ၊ ဣဇဟာ၏အဖကားကောဟတ်ဖြစ်၏။ ကောဟပ်၏အဖသည်လေဝိ၊ လေဝိ၏ အဖကားယာကုပ်ဖြစ်၏။ ဤသို့လျှင် ဟေမန်၏ဘိုးဘေးစာရင်းမှာယာကုပ် တွင်အဆုံးသတ်သတည်း။
34 filii Helcana filii Hieroam filii Helihel filii Thou
၃၄
35 filii Suph filii Helcana filii Maath filii Amasai
၃၅
36 filii Helcana filii Iohel filii Azariae filii Sophoniae
၃၆
37 filii Thaath filii Asir filii Abiasaph filii Core
၃၇
38 filii Isaar filii Caath filii Levi filii Israhel
၃၈
39 et fratres eius Asaph qui stabat a dextris eius Asaph filius Barachiae filii Samaa
၃၉ဒုတိယသံစုံသီချင်းအဖွဲ့ခေါင်းဆောင်မှာ အာသပ်ဖြစ်၏။ အာသပ်၏အဖသည်ဗေရခိ၊ ဗေရခိ၏အဖမှာရှိမာ၊ ရှိမာ၏အဖကား မိက္ခေလဖြစ်၏။ မိက္ခေလ၏အဖသည်ဗာသေ ယ၊ ဗာသေယ၏အဖမှာမာလခိ၊ မာလခိ ၏အဖကားဧသနိဖြစ်၏။ ဧသနိ၏ အဖသည်ဇေရ၊ ဇေရ၏အဖမှာအဒါယ၊ အဒါယ၏အဖကားဧသန်ဖြစ်၏။ ဧသန် ၏အဖသည်ဇိမ္မ၊ ဇိမ္မ၏အဖမှာရှိမိ၊ ရှိမိ ၏အဖသည်ယာဟတ်ဖြစ်၏။ ယာဟတ်၏ အဖသည်ဂေရရှုံ၊ ဂေရရှုံ၏အဖကား လေဝိဖြစ်၏။ ဤသို့လျှင်အာသပ်၏ဘိုး ဘေးစာရင်းသည်လေဝိတွင်အဆုံးသတ် သတည်း။
40 filii Michahel filii Basiae filii Melchiae
၄၀
41 filii Athnai filii Zara filii Adaia
၄၁
42 filii Ethan filii Zamma filii Semei
၄၂
43 filii Ieth filii Gersom filii Levi
၄၃
44 filii autem Merari fratres eorum ad sinistram Ethan filius Cusi filii Abdi filii Maloch
၄၄မေရာရိသားချင်းစုမှဧသန်သည်တတိယ သံစုံသီချင်းအဖွဲ့ခေါင်းဆောင်ဖြစ်၏။ ဧသန် ၏အဖသည်ကိရှိ၊ ကိရှိ၏အဖမှာအာဖဒိ၊ အာဖဒိ၏အဖကားမလ္လုတ်ဖြစ်၏။ မလ္လုတ် ၏အဖသည်ဟာရှဗိ၊ ဟာရှဗိ၏အဖမှာ အာမဇိ၊ အာမဇိ၏အဖကားဟိလခိ ဖြစ်၏။ ဟိလခိ၏အဖသည်အံဇိ၊ အံဇိ ၏အဖမှာဗာနိ၊ ဗာနိ၏အဖကားရှမေရ ဖြစ်၏။ ရှမေရ၏အဖသည်မဟာလိ၊ မဟာ လိ၏အဖမှာမုရှိ၊ မုရှိ၏အဖကားမေ ရာရိဖြစ်၍ မေရာရိ၏အဖသည်လေဝိ ဖြစ်၏။ ဤသို့လျှင်ဧသန်၏ဘိုးဘေးစာရင်း သည်လေဝိတွင်အဆုံးသတ်သတည်း။
45 filii Asabiae filii Amasiae filii Helciae
၄၅
46 filii Amasai filii Bonni filii Somer
၄၆
47 filii Mooli filii Musi filii Merari filii Levi
၄၇
48 fratres quoque eorum Levitae qui ordinati sunt in cunctum ministerium tabernaculi domus Domini
၄၈ထိုသူတို့၏ဆွေမျိုးသားချင်းများဖြစ်သော အခြားလေဝိအနွယ်ဝင်တို့သည် ကိုးကွယ် ဝတ်ပြုရာဌာနတော်တွင်အခြားတာဝန် ဝတ္တရားများကိုထမ်းဆောင်ရကြ၏။
49 Aaron vero et filii eius adolebant incensum super altare holocausti et super altare thymiamatis in omne opus sancti sanctorum et ut precarentur pro Israhel iuxta omnia quae praecepit Moses servus Dei
၄၉အာရုန်နှင့်သူ၏သားမြေးတို့သည်နံ့သာ ပေါင်းကိုမီးရှို့ရာပူဇော်သကာနှင့် ပလ္လင်ပေါ် တွင်တင်၍မီးရှို့ရာယဇ်ကိုပူဇော်ဆက်သ ရကြ၏။ သူတို့သည်အလွန်သန့်ရှင်းရာ ဌာနတော်၌ကိုးကွယ်ဝတ်ပြုမှုမှန်သမျှ ကိုလည်းကောင်း၊ ဣသရေလအမျိုးသား တို့၏အပြစ်ဖြေရာယဇ်ပူဇော်မှုများ ကိုလည်းကောင်း၊ တာဝန်ယူ၍ဆောင်ရွက် ရကြ၏။ ယင်းသို့ဆောင်ရွက်ရာ၌သူတို့ သည်ဘုရားသခင်၏အစေခံဖြစ်သူ မောရှေဆင့်ဆိုညွှန်ကြားခဲ့သည့်အတိုင်း လိုက်နာကျင့်သုံးရကြပေသည်။-
50 hii sunt autem filii Aaron Eleazar filius eius Finees filius eius Abisue filius eius
၅၀အာရုန်၏သားမြေးများစာရင်းမှာအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊-
51 Bocci filius eius Ozi filius eius Zaraia filius eius
၅၁ဗုက္ကိ၊ သြဇိ၊ ဇေရဟိ၊- မရာယုတ်၊ အာမရိ၊ အဟိတုပ်၊ ဇာဒုတ်၊ အဟိမတ်ဟူ၍ဖြစ်၏။
52 Meraioth filius eius Amaria filius eius Ahitob filius eius
၅၂
53 Sadoc filius eius Achimaas filius eius
၅၃
54 et haec habitacula eorum per vicos atque confinia filiorum scilicet Aaron iuxta cognationes Caathitarum ipsis enim sorte contigerat
၅၄ကောဟတ်သားချင်းစုဖြစ်သော၊ အာရုန် ၏သားမြေးများပထမဆုံးဝေစုအဖြစ်ဖြင့် ခွဲဝေပေးခြင်းခံရသည့်နယ်မြေများမှာ ယုဒနယ်မှဟေဗြုန်မြို့နှင့်ပတ်ဝန်းကျင် ရှိမြက်ခင်းများဖြစ်၏။-
55 dederunt igitur eis Hebron in terra Iuda et suburbana eius per circuitum
၅၅
56 agros autem civitatis et villas Chaleb filio Iephonne
၅၆ထိုမြို့တို့နှင့်သက်ဆိုင်ရာလယ်များ၊ ရွာများကို မူယေဖုန္န၏သားကာလက်ကရရှိလေသည်။-
57 porro filiis Aaron dederunt civitates ad confugiendum Hebron et Lobna et suburbana eius
၅၇အာရုန်၏သားမြေးတို့အားခွဲဝေပေးသည့်မြို့ များမှာ အပြစ်လွတ်ငြိမ်းခွင့်ရရန်ခိုလှုံရာဖြစ် သောဟေဗြုန်မြို့၊ ယတ္တိယမြို့၊ လိဗန၊ ဧရှတမော၊ ဟောလုန်၊ ဒေဗိရ၊ အာရှန်ဗက်ရှေမက်မြို့များ နှင့်ထိုမြို့တို့နှင့်သက်ဆိုင်ရာမြက်ခင်းများ ဖြစ်ပေသည်။-
58 Iether quoque et Esthmo cum suburbanis suis sed et Helon et Dabir cum suburbanis suis
၅၈
59 Asan quoque et Bethsemes et suburbana eorum
၅၉
60 de tribu autem Beniamin Gabee et suburbana eius et Almath cum suburbanis suis Anathoth quoque cum suburbanis suis omnes civitates tredecim per cognationes suas
၆၀သူတို့သည်င်္ဗယာမိန်နယ်မှဂေဗ၊ အာလမက်၊ အာနသုတ်မြို့များနှင့်သက်ဆိုင်ရာမြက်ခင်း များကိုလည်းရရှိကြ၏။ ဤသို့လျှင်သူတို့ ၏အိမ်ထောင်စုအားလုံးနေထိုင်ရန်အတွက် စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကိုရရှိကြ လေသည်။-
61 filiis autem Caath residuis de cognatione sua dederunt ex dimidia tribu Manasse in possessionem urbes decem
၆၁ကောဟပ်သားချင်းစုထဲမှကျန်ရှိနေသော သူတို့သည် အနောက်ပိုင်းမနာရှေနယ်ရှိမြို့ ဆယ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ၍ ခွဲဝေယူရကြ၏။
62 porro filiis Gersom per cognationes suas de tribu Isachar et de tribu Aser et de tribu Nepthali et de tribu Manasse in Basan urbes tredecim
၆၂ဂေရရှုံသားချင်းစုတို့သည် ဣသခါနယ်၊ အာရှာနယ်၊ နဿလိနယ်၊ ဗာရှန်ပြည်အရှေ့ မနာရှေနယ်တို့မှမြို့တစ်ဆယ့်သုံးမြို့ကို အိမ်ထောင်စုအလိုက်မဲချ၍ခွဲဝေယူရ ကြ၏။-
63 filiis autem Merari per cognationes suas de tribu Ruben et de tribu Gad et de tribu Zabulon dederunt sorte civitates duodecim
၆၃ထိုနည်းတူစွာမေရာရိသားချင်းစုတို့သည် ရုဗင်နယ်၊ ဂဒ်နယ်နှင့်ဇာဗုလုန်နယ်တို့မှမြို့ တစ်ဆယ့်နှစ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ ၍ခွဲဝေယူရကြ၏။-
64 dederunt quoque filii Israhel Levitis civitates et suburbana earum
၆၄ဤနည်းအားဖြင့်ဣသရေလပြည်သားတို့သည် လေဝိအနွယ်ဝင်တို့နေထိုင်ရန် မြို့များကိုအနီး တစ်ဝိုက်ရှိမြက်ခင်းများနှင့်တကွခွဲဝေပေး ကြကုန်သည်။-
65 dederuntque per sortem ex tribu filiorum Iuda et ex tribu filiorum Symeon et ex tribu filiorum Beniamin urbes has quas vocaverunt nominibus suis
၆၅(အထက်ဖော်ပြပါယုဒနယ်၊ ရှိမောင်နယ်၊ င်္ဗယာမိန်နယ်တို့မှမြို့တို့ကိုလည်းမဲချ၍ ခွဲဝေပေးကြ၏။)
66 et his qui erant ex cognatione filiorum Caath fueruntque civitates in terminis eorum de tribu Ephraim
၆၆ကောဟတ်သားချင်းစုထဲမှအချို့သောအိမ် ထောင်စုတို့သည် ဧဖရိမ်နယ်မှမြို့များနှင့် မြက်ခင်းများကိုရရှိကြ၏။-
67 dederunt ergo eis urbes ad confugiendum Sychem cum suburbanis suis in monte Ephraim et Gazer cum suburbanis suis
၆၇ထိုမြို့များမှာဧဖရိမ်တောင်ကုန်းများပေါ် တွင်တည်ရှိလျက် အပြစ်လွတ်ငြိမ်းခွင့်အတွက် ခိုလှုံရာဖြစ်သောရှေခင်မြို့၊ ဂေဇာမြို့၊ ယော ကမံမြို့၊ ဗက်ဟောရုန်မြို့၊ အာဇလုန်မြို့ နှင့်ဂါသရိမ္မုန်မြို့တို့ဖြစ်ကြ၏။-
68 Hicmaam quoque cum suburbanis suis et Bethoron similiter
၆၈
69 necnon et Helon cum suburbanis suis et Gethremmon in eundem modum
၆၉
70 porro ex dimidia tribu Manasse Aner et suburbana eius Balaam et suburbana eius his videlicet qui de cognatione filiorum Caath reliqui erant
၇၀ထိုသူတို့သည်အနောက်ပိုင်းမနာရှေနယ်မှ အနေရမြို့၊ ဗိလံမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုရရှိကြ၏။
71 filiis autem Gersom de cognatione dimidiae tribus Manasse Gaulon in Basan et suburbana eius et Astharoth cum suburbanis suis
၇၁ဂေရရှုံသားချင်းစုထဲမှအိမ်ထောင်စုတို့သည် အရှေ့မနာရှေနယ်၊ ဗာရှန်ပြည်ရှိ၊ ဂေါလန်မြို့၊ အာရှတရုတ်မြို့နှင့်ယင်းတို့၏အနီးတစ် ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
72 de tribu Isachar Cedes et suburbana eius et Dabereth cum suburbanis suis
၇၂ဣသာခါနယ်မှကေဒေရှမြို့၊ ဒါဗရတ်မြို့၊
73 Ramoth quoque et suburbana illius et Anem cum suburbanis suis
၇၃ရာမုတ်မြို့၊ အာနင်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိ မြက်ခင်းများကိုလည်းကောင်း၊
74 de tribu vero Aser Masal cum suburbanis suis et Abdon similiter
၇၄အာရှာနယ်မှမိရှလမြို့၊ အာဗဒုန်မြို့၊
75 Acac quoque et suburbana eius et Roob cum suburbanis suis
၇၅ဟုကုတ်၊ ရဟောဘမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
76 porro de tribu Nepthali Cedes in Galilea et suburbana eius Amon cum suburbanis suis et Cariathaim et suburbana eius
၇၆နဿလိနယ်မှဂါလိလဲပြည်ရှိကေဒေရှမြို့၊ ဟမ္မုန်မြို့၊ ကိရယသိမ်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရ ရှိကြ၏။
77 filiis autem Merari residuis de tribu Zabulon Remmono et suburbana eius et Thabor cum suburbanis suis
၇၇မေရာရိသားချင်းစုမှကြွင်းကျန်နေသော အိမ်ထောင်စုတို့သည် ဇာဗုလုန်နယ်မှရိမ္မုန်မြို့၊ တာဗော်မြို့နှင့်ယင်းတို့၏အနီးတစ်ဝိုက်ရှိ မြက်ခင်းများကိုလည်းကောင်း၊
78 trans Iordanem quoque ex adverso Hiericho contra orientem Iordanis de tribu Ruben Bosor in solitudine cum suburbanis suis et Iasa cum suburbanis suis
၇၈ရုဗင်နယ်မှယေရိခေါမြို့၏အလွန်ယော်ဒန် မြစ်အရှေ့ဘက်ကမ်း၊ ယာဇကုန်းပြင်မြင့်ပေါ် ရှိဗေဇာမြို့၊-
79 Cademoth quoque et suburbana eius et Miphaath cum suburbanis suis
၇၉ကေဒမုတ်မြို့၊ မေဖတ်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
80 necnon de tribu Gad Ramoth in Galaad et suburbana eius et Manaim cum suburbanis suis
၈၀ဂဒ်နယ်မှဂိလဒ်ပြည်ရာမုတ်မြို့၊ မဟာနိမ်မြို့၊
81 sed et Esbon cum suburbanis eius et Iezer cum suburbanis suis
၈၁ဟေရှဘုန်မြို့၊ ယာဇာမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရရှိ ကြလေသည်။