< I Paralipomenon 4 >
1 filii Iuda Phares Esrom et Carmi et Ur et Subal
၁ယုဒ၏သားများမှာဖာရက်၊ ဟေဇရုံ၊ ကာမိ၊ ဟုရ၊ ရှောဗာလတို့ဖြစ်၏။-
2 Reaia vero filius Subal genuit Ieth de quo nati sunt Ahimai et Laed hae cognationes Sarathi
၂ရှောဗာလ၏သားသည်ရာယ၊ ရာယ၏သား မှာယာဟတ်၊ ယာဟတ်၏သားများကား အဟုမဲနှင့်လာဟဒ်ဖြစ်သတည်း။ ထိုသူ နှစ်ဦးတို့သည်ဇောရေသိတွင်နေထိုင်ကြ သောသူတို့၏ဘိုးဘေးများဖြစ်ကြ၏။
3 ista quoque stirps Hetam Iezrahel et Iesema et Iedebos nomenque sororis eorum Asalelphuni
၃ဟုရသည်ဖခင်ဖြစ်သူကာလက်၏ဇနီးဧဖ ရတ်မှမွေးသောသားဦးဖြစ်၍ သူ၏သားမြေး တို့သည်ဗက်လင်မြို့ကိုတည်ထောင်ကြ၏။ ဟုရ တွင်ဧတံ၊ ပေနွေလ၊ ဧဇာဟူသောသားသုံး ယောက်ရှိ၏။ ဧတံတွင်ယေဇရေလ၊ ဣရှမ နှင့်ဣဒဗတ်ဟူသောသားသုံးယောက်နှင့် ဟာဇလေလပေါနိဟူသောသမီးတစ် ယောက်ရှိ၏။ ပေနွေလသည်ဂေဒေါ်မြို့ကို တည်ထောင်၍ဧဇာသည်ဟုရှမြို့ကိုတည် ထောင်၏။
4 Phunihel autem pater Gedor et Ezer pater Osa isti sunt filii Ur primogeniti Ephrata patris Bethleem
၄
5 Asur vero patris Thecue erant duae uxores Halaa et Naara
၅တေကောမြို့ကိုတည်ထောင်သူအာရှုရတွင် ဟေလနှင့်နာရနာမည်တွင်သောမယား နှစ်ယောက်ရှိ၏။-
6 peperit autem ei Naara Oozam et Epher et Themani et Asthari isti sunt filii Naara
၆နာရသည်အဟုဇံ၊ ဟေဖာ၊ တေမနိနှင့် ဟာဟရှ တာရိဟူသောသားလေးယောက်ကိုဖွားမြင်၍၊-
7 porro filii Halaa Sereth Isaar et Ethnan
၇ဟေလသည်ဇေရက်၊ ယေဇော်၊ ဧသနန်ဟူ သောသားသုံးယောက်ကိုဖွားမြင်လေသည်။
8 Cos autem genuit Anob et Sobaba et cognationem Aral filii Arum
၈ကောဇသည်အာနုပ်နှင့်ဇောဗေဒတို့၏ဖခင် ဖြစ်၍ ဟာရုံ၏သားအဟာရေလမှဆင်း သက်လာသောသားချင်းစုတို့၏ဘိုးဘေး ဖြစ်သတည်း။
9 fuit autem Iabes inclitus prae fratribus suis et mater eius vocavit nomen illius Iabes dicens quia peperi eum in dolore
၉ထိုအရပ်တွင်ယာဗက်နာမည်တွင်သောလူ တစ်ယောက်ရှိ၏။ သူသည်မိမိ၏အိမ်ထောင်စု တွင်အကြည်ညိုခံရဆုံးသောသူဖြစ်၏။ မိခင်ကသူ့အားယာဗက်ဟုနာမည်ပေး၏။ အဘယ်ကြောင့်ဆိုသော်သူ့ကိုဖွားမြင်ချိန် ၌မိခင်ဖြစ်သူသည်လွန်စွာဝေဒနာ ခံရသောကြောင့်ဖြစ်၏။-
10 invocavit vero Iabes Deum Israhel dicens si benedicens benedixeris mihi et dilataveris terminos meos et fuerit manus tua mecum et feceris me a malitia non opprimi et praestitit Deus quae precatus est
၁၀ယာဗက်သည်``အို ဘုရားသခင်၊ ကျွန်တော်မျိုး အားကောင်းချီးပေးတော်မူ၍ မြေယာအမြောက် အမြားကိုပေးသနားတော်မူပါ။ ကျွန်တော် မျိုးနှင့်အတူရှိတော်မူပါ။ ကျွန်တော်မျိုး အားဒုက္ခဝေဒနာဖြစ်စေမည့်မကောင်းမှု မှန်သမျှမှကင်းလွတ်စေတော်မူပါ'' ဟု ဣသရေလအမျိုးသားတို့၏ဘုရား ထံတော်တွင်ဆုတောင်းပတ္ထနာပြုလေသော ကြောင့် ဘုရားသခင်သည်ယာဗက်တောင်း လျှောက်သည့်ဆုများကိုပေးသနားတော် မူသတည်း။
11 Chaleb autem frater Suaa genuit Machir qui fuit pater Esthon
၁၁ရှုအာ၏မောင်ကာလက်တွင်မဟိရဟူသော သားတစ်ယောက်ရှိ၏။ မဟိရ၏သားမှာဧရှ တုန်တည်း။-
12 porro Esthon genuit Bethrapha et Phesse et Thena patrem urbis Naas hii sunt viri Recha
၁၂ဧရှတုန်တွင်ဗက်ရာဖ၊ ပါသာ၊ တေဟိန္နဟူ၍ သားသုံးယောက်ရှိ၏။ တေဟိန္နသည်နာဟက် မြို့ကိုတည်ထောင်သူဖြစ်၏။ ထိုသူ၏သားမြေး များသည်ရေခါအရပ်တွင်နေထိုင်ကြလေ သည်။
13 filii autem Cenez Othonihel et Saraia porro filii Othonihel Athath
၁၃ကေနတ်တွင်သြသံယေလနှင့်စရာယဟူ သောသားနှစ်ယောက်ရှိ၏။ သြသံယေလတွင် လည်းဟာသတ်နှင့်မောနောသဲဟူသောသားနှစ် ယောက်ရှိ၏။-
14 et Maonathi genuit Ophra Saraias autem genuit Ioab patrem vallis Artificum ibi quippe artifices erant
၁၄မောနောသဲ၏သားမှာသြဖရာတည်း။ စရာယ၏သားသည်လက်မှုပညာသည်ချိုင့်ဝှမ်း ကိုတည်ထောင်သူယွာဘဖြစ်၏။ ထိုချိုင့်ဝှမ်း တွင်နေထိုင်သူအပေါင်းတို့ကားလက်မှုပညာ ကျွမ်းကျင်သူအလုပ်သမားများဖြစ်သတည်း။
15 filii vero Chaleb filii Iephonne Hir et Hela et Nahem filiique Hela et Cenez
၁၅ယေဖုန္န၏သားဖြစ်သောကာလက်တွင်ဣရု၊ ဧလာ၊ နာမဟူသောသားသုံးယောက်ရှိ၏။ ဧလာ၏ သားမှာကေနတ်ဖြစ်၏။
16 filii quoque Iallelel Ziph et Zipha Thiria et Asrahel
၁၆ယေဟလလေလတွင်ဇိဖ၊ ဇိဖာ၊ တိရိ နှင့်အာသရေလဟူသောသားလေးယောက် ရှိ၏။
17 et filii Ezra Iether et Mered et Epher et Ialon genuitque Mariam et Sammai et Iesba patrem Esthamo
၁၇ဧဇရတွင်ယေသာ၊ မေရက်၊ ဧဖာ၊ ယာလုန်၊ ဟူ၍သားလေးယောက်ရှိ၏။ မေရက်သည် အီဂျစ်ဘုရင်၏သမီးတော်ဗိသယာနှင့် စုံဖက်၍ မိရိအံဟူသောသမီးတစ်ယောက် နှင့်ရှမ္မဲ၊ ဣရှဘဟူသောသားနှစ်ယောက်ကို ရလေသည်။ ဣရှဘသည်ဧရှတမောမြို့ ကိုတည်ထောင်၏။ မေရက်သည်ယုဒအမျိုး သမီးတစ်ယောက်နှင့်လည်းစုံဖက်လေသည်။ သူတို့နှစ်ဦးတွင်ဂေဒေါ်မြို့ကိုတည်ထောင် သူယေရက်၊ စောခေါမြို့ကိုတည်ထောင်သူ ဟေဗာနှင့်ဇာနော်မြို့ကိုတည်ထောင်သူ ယေကုသေလဟူသောသားသုံးယောက် ရှိ၏။
18 uxor quoque eius Iudaia peperit Iared patrem Gedor et Heber patrem Soccho et Hicuthihel patrem Zano hii autem filii Beththiae filiae Pharaonis quam accepit Mered
၁၈
19 et filii uxoris Odaiae sororis Naham patris Ceila Garmi et Esthamo qui fuit de Machathi
၁၉ဟောဒိယသည်နာဟံ၏နှမနှင့်စုံဖက်၏။ သူတို့၏သားမြေးများသည်ကိလမြို့တွင် နေထိုင်သောမာခသားချင်းစုကိုလည်း ကောင်း တည်ထောင်သူများဖြစ်ကြ၏။
20 filii quoque Simon Amnon et Rena filius Anan et Thilon et filii Iesi Zoeth et Benzoeth
၂၀ရှိမုန်တွင်အာမနုန်၊ ရိန္န၊ ဗင်္ဟာနန်၊ တိလုန်ဟူ သောသားလေးယောက်ရှိ၏။ ဣရှိတွင်ဇောဟက်နှင့်ဗင်္ဇောဟက်ဟူသောသား နှစ်ယောက်ရှိ၏။
21 filii Sela filii Iuda Her pater Lecha et Laada pater Maresa et cognationes Domus operantium byssum in domo Iuramenti
၂၁ရှေလသည်ယုဒ၏သားတစ်ယောက်ဖြစ်၏။ သူ၏သားမြေးများတွင်လေကမြို့ကိုတည် ထောင်သူ ဧရနှင့်မရေရှမြို့ကိုတည်ထောင် သူလာဒသည်လည်းကောင်း၊ ဗေသရှေဘ မြို့တွင်နေထိုင်ကြသော ပိတ်ချောထည်ယက် သည့်သားချင်းစုသည်လည်းကောင်း၊-
22 et Qui stare fecit solem virique Mendacii et Securus et Incendens qui principes fuerunt in Moab et qui reversi sunt in Leem haec autem verba vetera
၂၂ယောယကိမ်နှင့်ခေါဇေဘမြို့တွင် နေထိုင် ကြသောလူတို့သည်လည်းကောင်း၊ မောဘ ပြည်သူအမျိုးသမီးများနှင့်အိမ်ထောင် ပြု၍ဗက်လင်မြို့တွင်နေထိုင်ကြသော ယောရှနှင့်သာရပ်တို့သည်လည်းကောင်း ပါဝင်ကြ၏။ (ဤသည်ကားရှေးစကားဖြစ် သတည်း။-)
23 hii sunt figuli habitantes in plantationibus et in praesepibus apud regem in operibus eius commoratique sunt ibi
၂၃ယောရှနှင့်သာရပ်တို့သည်ဘုရင်၏အမှု တော်ထမ်းအိုးထိန်းသည်များဖြစ်၍ နတိမ် နှင့်ဂဒေရမြို့တို့တွင်နေထိုင်ကြပေသည်။
24 filii Symeon Namuhel et Iamin Iarib Zara Saul
၂၄ရှိမောင်တွင်ယေမွေလ၊ ယာမိန်၊ ယာရိပ်၊ ဇေရ၊ ရှောလဟူ၍သားငါးယောက်ရှိ၏။-
25 Sellum filius eius Mabsam filius eius Masma filius eius
၂၅ရှောလ၏သားသည်ရှလ္လုံ၊ သူ၏မြေးမှာ မိဘသံ၊ သူ၏မြစ်မှာမိရှမဖြစ်၏။-
26 filii Masma Amuhel filius eius Zacchur filius eius Semei filius eius
၂၆မိရှမမှာအစပြု၍ဟမွေလ၊ ဇက္ကုရနှင့် ရှိမိတိုင်အောင်မျိုးဆက်ပေါက်ပွားလာ၏။-
27 filii Semei sedecim et filiae sex fratres autem eius non habuerunt filios multos et universa cognatio non potuit adaequare summam filiorum Iuda
၂၇ရှိမိတွင်သားတစ်ဆယ့်ခြောက်ယောက်နှင့် သမီးခြောက်ယောက်ရှိ၏။ သို့သော်သူ၏ ဆွေမျိုးသားချင်းတို့တွင်သားသမီးများ စွာမထွန်းကားသဖြင့် ရှိမောင်၏အမျိုး အနွယ်များသည်ယုဒအမျိုးအနွယ် များကဲ့သို့တိုးတက်ပွားများမှုမရှိချေ။
28 habitaverunt autem in Bersabee et Molada et Asarsual
၂၈ရှိမောင်၏အမျိုးအနွယ်တို့သည်ဒါဝိဒ် မင်း၏လက်ထက်တိုင်အောင်ဗေရရှေဘ မြို့၊ မောလဒါမြို့၊ ဟာဇရွာလမြို့၊-
29 et in Ballaa et in Asom et in Tholad
၂၉ဗိလဟာမြို့၊ ဧဇင်မြို့၊ တောလဒ်မြို့၊-
30 et in Bathuhel et in Orma et in Siceleg
၃၀ဗေသွေလမြို့၊ ဟော်မာမြို့၊ ဇိကလတ်မြို့၊-
31 et in Bethmarchaboth et in Asarsusim et in Bethberai et in Saarim hae civitates eorum usque ad regem David
၃၁ဗက်မာကဗုတ်မြို့၊ ဟာဇသုသိမ်မြို့၊ ဗက်ဗိရိ မြို့၊ ရှာရိမ်မြို့တို့၌နေထိုင်ကြ၏။-
32 villae quoque eorum Etham et Aen et Remmon et Thochen et Asan civitates quinque
၃၂ထိုပြင်သူတို့သည်ဧတံ၊ အိန်း၊ ရိမ္မုန်၊ တောခင်၊ အာရှန်တည်းဟူသောမြို့ငါးမြို့နှင့်တကွ၊-
33 et universi viculi eorum per circuitum civitatum istarum usque ad Baal haec est habitatio eorum et sedum distributio
၃၃အနောက်တောင်ဘက်ရှိဗာလမြို့တိုင်အောင် အနီး အနားကျေးရွာတို့တွင်လည်းနေထိုင်ကြ၏။ ဤကားမိမိတို့ဆွေမျိုးသားချင်းစုနှင့် မိမိ တို့နေထိုင်ရာဒေသများအကြောင်းကို မှတ်တမ်းတင်ထားခြင်းအရဖြစ်ပေသည်။
34 Masobab quoque et Iemlech et Iosa filius Amasiae
၃၄ထိုသူတို့၏သားချင်းစုဦးစီးခေါင်းဆောင် များမှာ မေရှောဗပ်၊ယာမလက်၊အာမဇိ၏သား ယောရှ၊ယောလ၊ စရာယ၏မြေး၊အာသေလ၏မြစ်၊ယောရှိဘိယ သားဖြစ်သောယေဟု၊ ဧလျောနဲ၊ယာကောဘ၊ယေရှောဟာယ၊အသာယ၊ အဒျေလ၊ယေသိမျေလ၊ဗေနာယ၊ ယေဒါယ၊ရှိမရိ၊ရှေမာယနှင့်အလ္လုန်မှဆင်း သက် လာသောရှိဖိ၏သားဇိဇ။ ထိုသူတို့၏အိမ်ထောင်စုများသည်ဆက် လက်တိုးပွားများပြားလာသဖြင့်၊-
35 et Iohel et Ieu filius Iosabiae filii Saraiae filii Asihel
၃၅
36 et Helioenai et Iacoba et Isuaia et Asaia et Adihel et Isimihel et Banaia
၃၆
37 Ziza quoque filius Sephei filii Allon filii Idaia filii Semri filii Samaia
၃၇
38 isti sunt nominati principes in cognationibus suis et in domo adfinitatum suarum multiplicati sunt vehementer
၃၈
39 et profecti sunt ut ingrederentur in Gador usque ad orientem vallis et ut quaererent pascua gregibus suis
၃၉အနောက်ဘက်တွင်ဂေရာမြို့အနီးသို့တိုင် အောင်ပြန့်နှံ့သွားလျက် ထိုမြို့တည်ရာချိုင့် ဝှမ်းအရှေ့ဘက်တွင်သိုးများကိုထိန်း ကျောင်းကြ၏။-
40 inveneruntque pascuas uberes et valde bonas et terram latissimam et quietam et fertilem in qua ante habitaverunt de stirpe Ham
၄၀သူတို့သည်ငြိမ်းချမ်းသာယာသည့်မြေပြန့် ဒေသတွင် စားကျက်ကောင်းများကိုအလုံ အလောက်တွေ့ရှိကြလေသည်။ ထိုအရပ်တွင် နေထိုင်ခဲ့ကြသူတို့မှာဟာမအမျိုးသား များဖြစ်သတည်း။
41 hii ergo venerunt quos supra descripsimus nominatim in diebus Ezechiae regis Iuda et percusserunt tabernacula eorum et habitatores qui inventi fuerant ibi et deleverunt eos usque in praesentem diem habitaveruntque pro eis quoniam uberrimas ibidem pascuas reppererunt
၄၁ယုဒဘုရင်၊ ဟေဇကိမင်းလက်ထက်၌ အထက်ဖော်ပြပါလူတို့သည် ဂေရာမြို့ သို့သွား၍ဟာမအမျိုးသားတို့ကိုသူ တို့၏တဲအိမ်များနှင့်တကွသုတ်သင် ဖျက်ဆီးပစ်ပြီးလျှင် ထိုအရပ်တွင် အတည်တကျအခြေစိုက်၍နေထိုင် ကြလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်မိမိတို့၏သိုးများအတွက် စားကျက်အလုံအလောက်ကိုရရှိကြ သောကြောင့်ဖြစ်၏။-
42 de filiis quoque Symeon abierunt in montem Seir viri quingenti habentes principes Phaltiam et Nahariam et Raphaiam et Ozihel filios Iesi
၄၂ရှိမောင်အနွယ်ဝင်လူငါးရာတို့သည် အရှေ့ဘက်၊ ဧဒုံပြည်သို့သွားကြ၏။ သူ တို့အားဦးဆောင်သွားကြသူများမှာ ပေလတိ၊ နာရိ၊ ရေဖာယနှင့်သြဇေလ တို့ဖြစ်၏။ သူတို့ကားဣရှိ၏သားများ ဖြစ်သတည်း။-
43 et percusserunt reliquias quae evadere potuerant Amalechitarum et habitaverunt ibi pro eis usque ad diem hanc
၄၃သူတို့သည်အာမလက်အမျိုးသားအကြွင်း အကျန်တို့ကိုလုပ်ကြံသတ်ဖြတ်ပြီးလျှင် ထိုအရပ်တွင်ယနေ့တိုင်အောင်နေထိုင် လျက်ရှိကြ၏။