< Zaccharias Propheta 8 >
1 Et factum est verbum Domini exercituum, dicens:
၁တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ဆီသို့ ရောက် လာ၍၊
2 Haec dicit Dominus exercituum: Zelatus sum Sion zelo magno, et indignatione magna zelatus sum eam.
၂ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါသည် ဇိအုန် တောင်အဘို့ အလွန် စိတ် အားကြီးပြီ။ အလွန် အမျက် ထွက်၍ သူ့ အဘို့ စိတ် အားကြီးပြီ။
3 Haec dicit Dominus exercituum: Reversus sum ad Sion, et habitabo in medio Ierusalem: et vocabitur Ierusalem Civitas veritatis, et Mons Domini exercituum mons sanctificatus.
၃ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဇိအုန် တောင်သို့ ငါပြန် လာပြီ။ ယေရုရှလင် မြို့ထဲမှာ နေ မည်။ ယေရုရှလင် မြို့ ကို သမ္မာ မြို့ဟူ၍၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ တောင် တော်ကို သန့်ရှင်း သောတောင် ဟူ၍၎င်း သမုတ် ကြ လိမ့်မည်။
4 Haec dicit Dominus exercituum: Adhuc habitabunt senes, et anus in plateis Ierusalem: et viri baculus in manu eius prae multitudine dierum.
၄ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အို သော ယောက်ျားမိန်းမ၊ အသက်ကြီး၍ တောင်ဝေး ကိုင် သောသူ အပေါင်း တို့သည် ယေရုရှလင် မြို့လမ်း တို့၌ နေ ကြလေဦးမည်။
5 Et plateae civitatis complebuntur infantibus, et puellis ludentibus in plateis eius.
၅မြို့ လမ်း တို့သည်လည်း ကစား သော သူငယ် ယောက်ျားမိန်းမ တို့နှင့် အပြည့်ရှိကြလိမ့်မည်။
6 Haec dicit Dominus exercituum: Si videbitur difficile in oculis reliquiarum populi huius in diebus illis, numquid in oculis meis difficile erit, dicit Dominus exercituum?
၆တဖန် မိန့်တော်မူသည်ကား၊ ထို အမှုသည် ယခု ကာလ တွင် ကျန်ကြွင်း သော ဤ လူ တို့ မျက်မှောက် ၌ အံ့ဩဘွယ် ဖြစ်သော်လည်း ၊ ငါ့မျက်မှောက် ၌ အံ့ဩဘွယ် ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
7 Haec dicit Dominus exercituum: Ecce ego salvabo populum meum de terra Orientis, et de terra Occasus solis.
၇ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏လူ တို့ကို အရှေ့ ပြည် မှ ၎င်း ၊ အနောက် ပြည် မှ ၎င်း ငါ ကယ်တင် ၍ ၊
8 Et adducam eos, et habitabunt in medio Ierusalem: et erunt mihi in populum, et ego ero eis in Deum in veritate, et in iustitia.
၈ဆောင် ခဲ့သဖြင့် သူ တို့သည် ယေရုရှလင် မြို့ထဲမှာ နေ ရကြလိမ့်မည်။ သစ္စာ တရားနှင့် ဖြောင့်မတ် ခြင်း တရားအားဖြင့် ၊ သူတို့သည် ငါ ၏ လူ ဖြစ် ၍ ငါ သည်လည်း သူ တို့၏ဘုရား သခင်ဖြစ် လိမ့်မည်။
9 Haec dicit Dominus exercituum: Confortentur manus vestrae, qui auditis in his diebus sermones istos per os prophetarum in die, qua fundata est domus Domini exercituum, ut templum aedificaretur.
၉ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန် တော်ကို တည်ဆောက် ခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အိမ် တော် တိုက်မြစ် ကို ချသောကာလ ၌ရှိသောပရောဖက် တို့ ဟောပြော သော ဤ စကား ကို ယခု ကာလ၌ ကြား သောသူတို့ ၊ သင် တို့လက် ကို အားကြီး စေကြလော့။
10 Siquidem ante dies illos merces hominum non erat, nec merces iumentorum erat, neque introeunti, neque exeunti erat pax prae tribulatione: et dimisi omnes homines, unumquemque contra proximum suum.
၁၀ထို ကာလ အထက် ၌ လူ ခံရသောအကျိုး မ ရှိ ။ တိရစ္ဆာန် ခံရသောအကျိုး မ ရှိ။ ထွက် ဝင် သော သူတို့ သည် ရန်သူ ရှိသောကြောင့် ချမ်းသာ မ ရကြ။ ငါသည် လူ အပေါင်း တို့ကို တယောက် နှင့်တယောက် ရန်ဘက် ဖြစ်စေ ၏။
11 Nunc autem non iuxta dies priores ego faciam reliquiis populi huius, dicit Dominus exercituum,
၁၁ယခု မူကား ၊ ကျန်ကြွင်း သော ဤ လူ တို့၌ ငါ သည် အရင် ကဲ့သို့ မ ပြုဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
12 sed semen pacis erit: vinea dabit fructum suum, et terra dabit germen suum, et caeli dabunt rorem suum: et possidere faciam reliquias populi huius universa haec.
၁၂မျိုးစေ့ ကို ငြိမ်ဝပ် စွာ ကြဲ ရလိမ့်မည်။ စပျစ် ပင် သည် အသီး ကို၎င်း ၊ မြေ သည် မိမိ စီးပွား ကို၎င်း၊ မိုဃ်းကောင်းကင် သည် နှင်း ရည်ကို၎င်း ၊ ပေး ရ လိမ့်မည်။ ကျန်ကြွင်း သော ဤ လူ တို့သည် ဤ အရာအလုံးစုံ တို့ကို ရ တတ်စေခြင်းငှါ ငါပြုမည်။
13 Et erit: sicut eratis maledictio in Gentibus, domus Iuda, et domus Israel: sic salvabo vos, et eritis benedictio: nolite timere, confortentur manus vestrae.
၁၃အိုယုဒ အမျိုး နှင့် ဣသရေလ အမျိုး တို့၊ သင်တို့သည် တပါး အမျိုးတို့တွင် ကျိန်ဆဲ ရာဖြစ် ဘူးသကဲ့သို့ ၊ ကောင်းကြီး ခံရာဖြစ် စေခြင်းငှါငါကယ်တင် မည်။ မ စိုးရိမ် ဘဲ လက် အားကြီး ကြလော့။
14 Quia haec dicit Dominus exercituum: Sicut cogitavi ut affligerem vos, cum ad iracundiam provocassent patres vestri me, dicit Dominus,
၁၄ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့၏ ဘိုးဘေး တို့သည် ငါ့ အမျက် ကို နှိုးဆော်ကြသောအခါအပြစ် ပြုမည်ဟု ငါသည် နောင်တ မ ရဘဲ ကြံ သကဲ့သို့ ၊
15 et non sum misertus: sic conversus cogitavi in diebus istis ut benefaciam domui Iuda, et Ierusalem: nolite timere.
၁၅တဖန် ယခု ကာလ ၌ ယေရုရှလင် မြို့နှင့် ယုဒ အမျိုး ကို ကျေးဇူး ပြုမည်ဟု ငါကြံ ပြန် ၏။ မ စိုးရိမ် ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
16 Haec sunt ergo verba, quae facietis: Loquimini veritatem, unusquisque cum proximo suo: veritatem, et iudicium pacis iudicate in portis vestris.
၁၆သင်တို့ကျင့် ရမည်အကျင့် ဟူမူကား ၊ သင် တို့ရှိသမျှသည် တယောက် နှင့်တယောက်မှန် သော စကားကို ပြော ကြလော့။ မြို့တံခါးဝ မှာ ဖြောင့်မတ် စွာ စီရင်၍ ၊ တရား တွေ့သည့်အမှုကို ငြိမ်း စေခြင်းငှါဆုံးဖြတ် ကြလော့ ။
17 Et unusquisque malum contra amicum suum ne cogitetis in cordibus vestris: et iuramentum mendax ne diligatis: omnia enim haec sunt, quae odi, dicit Dominus.
၁၇တယောက် ကိုတယောက်အဘယ်သူမျှမ ကောင်းသောအကြံကို မ ကြံ ကြနှင့်။ မ မှန်သော ကျိန်ဆို ခြင်းကို မ နှစ်သက် ကြနှင့်။ ထိုသို့ သော အမှု ရှိသမျှ တို့ကို ငါမုန်း သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
18 Et factum est verbum Domini exercituum ad me, dicens:
၁၈တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
19 Haec dicit Dominus exercituum: Ieiunium quarti, et ieiunium quinti, et ieiunium septimi, et ieiunium decimi erit domui Iuda in gaudium, et laetitiam, et in sollemnitates praeclaras: veritatem tantum, et pacem diligite.
၁၉ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စတုတ္ထ လတွင် အစာရှောင် ခြင်း၊ ပဉ္စမ လတွင် အစာရှောင် ခြင်း၊ သတ္တမ လတွင် အစာရှောင် ခြင်း၊ ဒသမ လတွင် အစာရှောင် ခြင်းတို့သည် ယုဒ အမျိုး ဝမ်းမြောက် ရွှင်လန်း ၍ ပွဲ လုပ်ရာ ကာလဖြစ် ကြလိမ့်မည်။ ဖြောင့်မတ် ခြင်းတရား၊ ငြိမ်ဝပ် ခြင်းတရားကို နှစ်သက် ကြလော့။
20 Haec dicit Dominus exercituum: Usquequo veniant populi, et habitent in civitatibus multis,
၂၀ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ များစွာ သော မြို့ သူရွာသား၊ လူ အမျိုးမျိုးတို့သည် လာ ကြလိမ့်မည်။
21 et vadant habitatores, unus ad alterum, dicentes: Eamus, et deprecemur faciem Domini, et quaeramus Dominum exercituum: vadam etiam ego.
၂၁မြို့တမြို့ ၌နေ သောသူသည် အခြား မြို့တမြို့၌ နေသောသူတို့ ဆီသို့ သွား ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ရှာ ခြင်းငှါ ၎င်း ဧကန် အမှန် သွား ကြကုန်အံ့။ ငါလည်း သွား မည်ဟု ခေါ် ကြလိမ့်မည်။
22 Et venient populi multi, et gentes robustae ad quaerendum Dominum exercituum in Ierusalem, et deprecandam faciem Domini.
၂၂ကြီး သော တိုင်း နိုင်ငံသား၊ လူ အမျိုးမျိုး တို့သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ယေရုရှလင် မြို့၌ ရှာ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ လာ ကြလိမ့်မည်။
23 Haec dicit Dominus exercituum: In diebus illis, in quibus apprehendent decem homines ex omnibus linguis Gentium, et apprehendent fimbriam viri Iudaei, dicentes: Ibimus vobiscum: audivimus enim quoniam Deus vobiscum est.
၂၃ထိုကာလ ၌ ဘာသာ အသီး အသီးကို ပြော တတ် သော လူ အမျိုးမျိုးတို့တွင် တကျိပ် သော လူ တို့သည်။ ယုဒ လူဖြစ်သောသူ ၏အဝတ်စွန်း ကို ကိုင် လျက် ၊ ဘုရား သခင်သည် သင် နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ ၍ ၊ သင် တို့နှင့်အတူ လိုက် ပါမည်ဟု ဆို ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။