< Psalmorum 119 >
1 Alleluia. ALEPH. Beati immaculati in via: qui ambulant in lege Domini.
၁ထာဝရဘုရား ၏ တရား လမ်း ၌ မ လွဲမတိမ်း၊ လိုက်သွား သောသူတို့ သည် မင်္ဂလာ ရှိကြ၏။
2 Beati, qui scrutantur testimonia eius: in toto corde exquirunt eum.
၂သက်သေခံ တော်မူချက်တို့ကို စောင့် ၍၊ ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ရှာ သောသူတို့ သည် မင်္ဂလာ ရှိကြ၏။
3 Non enim qui operantur iniquitatem, in viis eius ambulaverunt.
၃ထိုသူတို့သည် ဒုစရိုက် ကိုမ ပြု ၊ လမ်းခရီး တော်၌ လိုက်သွား တတ်ကြ၏။
4 Tu mandasti mandata tua custodiri nimis.
၄အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့် ဘို့ရာ ၊ ကိုယ်တော် သည် ဩဝါဒ ပေး တော်မူပြီ။
5 Utinam dirigantur viae meae, ad custodiendas iustificationes tuas.
၅ကိုယ်တော် ၏ အထုံးအဖွဲ့ များကို စောင့် နိုင်မည် အကြောင်း ၊ အကျွန်ုပ် သည် လမ်း ဖြောင့် ပါစေသော။
6 Tunc non confundar, cum perspexero in omnibus mandatis tuis.
၆အကျွန်ုပ် သည် ပညတ် တော် အလုံးစုံ တို့ကို ထောက်ထား သောအခါ ၊ ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် ရပါ၏။
7 Confitebor tibi in directione cordis: in eo quod didici iudicia iustitiae tuae.
၇ဖြောင့်မတ် စွာ စီရင် တော်မူချက်များကို အကျွန်ုပ် လေ့ကျက် ပြီးမှ ၊ ဂုဏ်တော်ကို ဖြောင့် သော သဘော နှင့် ချီးမွမ်း ပါမည်။
8 Iustificationes tuas custodiam: non me derelinquas usquequaque.
၈ကိုယ်တော် ၏ အထုံးအဖွဲ့ များကို စောင့် ပါမည်။ အကျွန်ုပ် ကို ရှင်းရှင်း စွန့်ပစ် တော် မ မူပါနှင့်။
9 BETH. In quo corrigit adolescentior viam suam? in custodiendo sermones tuos.
၉လူပျို သည် မိမိ သွားသောလမ်း ကို အဘယ်သို့ သန့်ရှင်း စေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ် တော် အတိုင်း သတိ ပြုရမည်။
10 In toto corde meo exquisivi te: ne repellas me a mandatis tuis.
၁၀အကျွန်ုပ် သည် ကိုယ်တော် ကို စိတ် နှလုံးအကြွင်းမဲ့ ရှာ ပါ၏။ ပညတ် တော်လမ်း မှ လွဲစေတော်မ မူပါနှင့်။
11 In corde meo abscondi eloquia tua: ut non peccem tibi.
၁၁ကိုယ်တော် ကို မ ပြစ်မှား ဘဲ နေနိုင်မည် အကြောင်း ၊ ဗျာဒိတ် တော်ကို နှလုံး ထဲ မှာ သိုထား ပါပြီ။
12 Benedictus es Domine: doce me iustificationes tuas.
၁၂အို ထာဝရဘုရား ၊ ကိုယ်တော် သည် မင်္ဂလာ ရှိတော်မူ ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
13 In labiis meis, pronunciavi omnia iudicia oris tui.
၁၃စီရင် တော်မူရာ နှုတ် တော်ထွက် အလုံးစုံ တို့ကို အကျွန်ုပ် သည် ကိုယ်နှုတ် နှင့် ဟောပြော ပါ၏။
14 In via testimoniorum tuorum delectatus sum, sicut in omnibus divitiis.
၁၄ခပ်သိမ်း သော စည်းစိမ် ဥစ္စာကို ရဘိသကဲ့သို့ ၊ သက်သေခံ တော်မူရာလမ်း ၌ ဝမ်းမြောက် ပါ၏။
15 In mandatis tuis exercebor: et considerabo vias tuas.
၁၅ပေးတော်မူသောဩဝါဒ ကို ဆင်ခြင် ၍ လမ်း ခရီး တော်တို့ကို ကြည့်ရှု ပါ၏။
16 In iustificationibus tuis meditabor: non obliviscar sermones tuos.
၁၆အထုံးအဖွဲ့ တော်တို့၌ မွေ့လျော် ပါ၏။ နှုတ် ကပတ် တော်ကို မ မှတ်ဘဲမ နေပါ။
17 GHIMEL. Retribue servo tuo, vivifica me: et custodiam sermones tuos.
၁၇ကိုယ်တော် ၏ ကျွန် သည် အသက်ရှင် ၍ ၊ နှုတ်ကပတ် တော်ကို စောင့် နိုင်ပါမည်အကြောင်း ၊ ကျေးဇူး ပြုတော်မူပါ။
18 Revela oculos meos: et considerabo mirabilia de lege tua.
၁၈တရား တော်၌ အံ့ဘွယ် သောအရာတို့ကို မြင် နိုင် ပါမည်အကြောင်း ၊ အကျွန်ုပ် ၏မျက်စိ တို့ကို ဖွင့် တော်မူပါ။
19 Incola ego sum in terra: non abscondas a me mandata tua.
၁၉အကျွန်ုပ် သည် မြေကြီး ပေါ် မှာ ဧည့်သည် ဖြစ်ပါ ၏။ ပညတ် တော်တို့ကို ဝှက်ထား တော်မ မူပါနှင့်။
20 Concupivit anima mea desiderare iustificationes tuas, in omni tempore.
၂၀စီရင် တော်မူချက်တို့ကို အစဉ် မပြတ်တောင့်တ သောအားဖြင့် ၊ အကျွန်ုပ် ၏ စိတ် နှလုံးကြေကွဲ လျက် ရှိပါ၏။
21 Increpasti superbos: maledicti qui declinant a mandatis tuis.
၂၁မာနကြီး သောသူနှင့် ပညတ် တော်တို့ကို လွန်ကျူး ၍၊ အကျိန် ခံရသောသူတို့ ကို ကိုယ်တော်ဆုံးမ တော်မူ၏။
22 Aufer a me opprobrium, et contemptum: quia testimonia tua exquisivi.
၂၂အကျွန်ုပ်သည် သက်သေခံ တော်မူချက်တို့ကို စောင့် ပါသည် ဖြစ်၍ ၊ ကဲ့ရဲ့ ခြင်း၊ မထီမဲ့မြင် ပြုခြင်းနှင့် ကင်းလွတ် စေတော်မူပါ။
23 Etenim sederunt principes, et adversum me loquebantur: servus autem tuus exercebatur in iustificationibus tuis.
၂၃မင်း တို့သည် အကျွန်ုပ် တဘက် ၌ ထိုင် ၍ ပြော ကြ ပါ၏။ ကိုယ်တော် ၏ ကျွန် မူကား၊ အထုံးအဖွဲ့ တော်တို့ကို ဆင်ခြင် လျက်နေပါ၏။
24 Nam et testimonia tua meditatio mea est: et consilium meum iustificationes tuae.
၂၄သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် မွေ့လျော် ရာ၊ အကျွန်ုပ် တိုင်ပင် ရာ ဖြစ်ကြပါ၏။
25 DALETH. Adhaesit pavimento anima mea: vivifica me secundum verbum tuum.
၂၅အကျွန်ုပ် ၏ အသက် သည် မြေမှုန့် ၌ မှီဝဲ လျက် ရှိပါ၏။ နှုတ်ကပတ် တော်အတိုင်း အသက်ရှင် စေတော်မူပါ။
26 Vias meas enunciavi, et exaudisti me: doce me iustificationes tuas.
၂၆အကျွန်ုပ်သည် ကိုယ် အကျင့် တို့ကိုဘော်ပြ ၍ ၊ ကိုယ်တော်သည် နားထောင် တော်မူပြီ။ အထုံးအဖွဲ့ တော် တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
27 Viam iustificationum tuarum instrue me: et exercebor in mirabilibus tuis.
၂၇ပေးတော်မူသောဩဝါဒ လမ်း ကို အကျွန်ုပ် နားလည် စေတော်မူပါ။ သို့ပြုလျှင် အံ့ဘွယ် သော အမှုတော် တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
28 Dormitavit anima mea prae taedio: confirma me in verbis tuis.
၂၈အကျွန်ုပ် ဝမ်းနည်း ခြင်းအားဖြင့် စိတ် နှလုံးအရည် ယိုလျက် ရှိပါ၏။ နှုတ်ကပတ် တော်အတိုင်း တည်ကြည် စေတော်မူပါ။
29 Viam iniquitatis amove a me: et de lege tua miserere mei.
၂၉မုသာ လမ်း ကို အကျွန်ုပ် ရှောင် ပါမည် အကြောင်း ၊ ကယ်မ ၍တရား တော်ကိုပေး သနားတော်မူ ပါ။
30 Viam veritatis elegi: iudicia tua non sum oblitus.
၃၀သစ္စာ လမ်း ကို အကျွန်ုပ်ရွေး ပါပြီ။ စီရင် တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာထား ပါပြီ။
31 Adhaesi testimoniis tuis Domine: noli me confundere.
၃၁သက်သေခံ တော်မူချက်တို့၌ မှီဝဲ ပါပြီ။ အို ထာဝရဘုရား ၊ အရှက်ကွဲ စေတော်မ မူပါနှင့်။
32 Viam mandatorum tuorum cucurri, cum dilatasti cor meum.
၃၂အကျွန်ုပ် ဉာဏ် ကို ပွင့် စေတော်မူသည်ဖြစ်၍ ၊ ပညတ် တော်လမ်း သို့ အလျင် အမြန်လိုက်ပါမည်။
33 HE. Legem pone mihi Domine viam iustificationum tuarum: et exquiram eam semper.
၃၃အို ထာဝရဘုရား ၊ အထုံးအဖွဲ့ တော်လမ်း ကို အကျွန်ုပ် အား သွန်သင် တော်မူပါ။ အဆုံး တိုင်အောင်လိုက် သွားပါမည်။
34 Da mihi intellectum, et scrutabor legem tuam: et custodiam illam in toto corde meo.
၃၄ဉာဏ် ကိုပေး တော်မူပါ။ တရား တော်ကို စောင့် ပါမည်။ စိတ် နှလုံးအကြွင်းမဲ့ စောင့် ပါမည်။
35 Deduc me in semitam mandatorum tuorum: quia ipsam volui.
၃၅ပညတ် တော်လမ်း ၌ အကျွန်ုပ် ကို ပို့ဆောင် တော်မူ ပါ။ ထို လမ်း ကို နှစ်သက် ပါ၏။
36 Inclina cor meum in testimonia tua: et non in avaritiam.
၃၆အကျွန်ုပ် စိတ် နှလုံးကို လောဘ ဘက် သို့မဟုတ် ၊ သက်သေခံ တော်မူချက်တို့ ဘက်သို့ ဆွဲ တော်မူပါ။
37 Averte oculos meos ne videant vanitatem: in via tua vivifica me.
၃၇အနတ္တ ကို ပမာဏ မပြုစေခြင်းငှါ အကျွန်ုပ် မျက်စိ ကို အခြားသို့ လွှဲ တော်မူပါ။ လမ်းခရီး တော်၌ အကျွန်ုပ် အသက်ရှင် စေတော်မူပါ။
38 Statue servo tuo eloquium tuum, in timore tuo.
၃၈ကိုယ်တော် ကို ကြောက်ရွံ့ သော ကိုယ်တော် ၏ ကျွန် ၌ ဗျာဒိတ် တော်ကို တည် စေတော်မူပါ။
39 Amputa opprobrium meum, quod suspicatus sum: quia iudicia tua iucunda.
၃၉အကျွန်ုပ် ကြောက် သော ကဲ့ရဲ့ ခြင်းကို ပယ် ပျောက်စေတော်မူပါ။ စီရင် တော်မူချက်တို့သည် ကောင်းမွန် ကြပါ၏။
40 Ecce concupivi mandata tua: in aequitate tua vivifica me.
၄၀ပေးတော်မူသောဩဝါဒ များကို တောင့်တ ပါ၏။ ဖြောင့်မတ် ခြင်းတရားတော်အားဖြင့် အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
41 VAU. Et veniat super me misericordia tua Domine: salutare tuum secundum eloquium tuum.
၄၁အို ထာဝရဘုရား ၊ ဗျာဒိတ် တော်အတိုင်း ကရုဏာ တော်တည်းဟူသောကယ်တင် တော်မူခြင်း ကျေးဇူးတော်သည် အကျွန်ုပ် ၌ ရောက် ပါစေသော။
42 Et respondebo exprobrantibus mihi verbum: quia speravi in sermonibus tuis.
၄၂ထိုသို့ အကျွန်ုပ်သည် နှုတ်ကပတ် တော်ကို ကိုးစား သည်ဖြစ်၍ ၊ ကဲ့ရဲ့ သောသူ ၏စကား ကို ချေ စရာ အကြောင်းရှိရပါလိမ့်မည်။
43 Et ne auferas de ore meo verbum veritatis usquequaque: quia in iudiciis tuis supersperavi.
၄၃စီရင် တော်မူချက်တို့ကို အကျွန်ုပ် မြော်လင့် သည် ဖြစ်၍ ၊ အကျွန်ုပ် ၏ နှုတ် ထဲက သစ္စာ စကား ကို အလျှင်း ရုပ်သိမ်း တော်မ မူပါနှင့်။
44 Et custodiam legem tuam semper: in saeculum et in saeculum saeculi.
၄၄ကိုယ်တော် ၏တရား ကို မ ခြားမလပ် အစဉ်အမြဲ ကျင့်စောင့် ပါမည်။
45 Et ambulabam in latitudine: quia mandata tua exquisivi.
၄၅ပေးတော်မူသောဩဝါဒ များကို အကျွန်ုပ်ရှာဖွေ မေးမြန်းသည်ဖြစ်၍ ၊ အဆီးအတား မရှိဘဲ သွား လာရ ပါ၏။
46 Et loquebar in testimoniis tuis in conspectu regum: et non confundebar.
၄၆သက်သေခံ တော်မူချက်တို့ကို မင်း များထံမှာ ပြန်ပြော ၍ ၊ ရှက်ကြောက် ခြင်းနှင့်ကင်းလွတ် ပါလိမ့်မည်။
47 Et meditabar in mandatis tuis, quae dilexi.
၄၇အကျွန်ုပ်သည် နှစ်သက် သော ပညတ် တော်တို့၌ မွေ့လျော် ပါမည်။
48 Et levavi manus meas ad mandata tua, quae dilexi: et exercebor in iustificationibus tuis.
၄၈နှစ်သက် သော ပညတ် တော် တို့အား လက် တို့ကို ချီ ၍ ၊ အထုံးအဖွဲ့ တော်တို့ကို ဆင်ခြင် အောက်မေ့ပါမည်။
49 ZAIN. Memor esto verbi tui servo tuo, in quo mihi spem dedisti.
၄၉အကျွန်ုပ် မြော်လင့် စရာအကြောင်း ၊ ကိုယ်တော် ၏ကျွန် ၌ ထားတော်မူသောနှုတ်ကပတ် တော်ကို အောက်မေ့ တော်မူပါ။
50 Haec me consolata est in humilitate mea: quia eloquium tuum vivificavit me.
၅၀ဗျာဒိတ် တော်အားဖြင့် အကျွန်ုပ် အသက်ရှင် သည် ဖြစ်၍၊ ဆင်းရဲ ကိုခံရစဉ်တွင် ၊ ထို နှုတ်ကပတ်တော်သည် အကျွန်ုပ် သက်သာ စရာအကြောင်းဖြစ်ပါ၏။
51 Superbi inique agebant usquequaque: a lege autem tua non declinavi.
၅၁မာနကြီး သောသူတို့သည် အကျွန်ုပ် ကို အလွန် ကဲ့ရဲ့ သော်လည်း၊ ကိုယ်တော် ၏ တရား လမ်းကို အကျွန်ုပ် မ ရှောင် ပါ။
52 Memor fui iudiciorum tuorum a saeculo Domine: et consolatus sum.
၅၂အို ထာဝရဘုရား ၊ ရှေး ကာလ၌ စီရင် တော်မူချက်တို့ကို အကျွန်ုပ် အောက်မေ့ ၍ ၊ ကိုယ်ကိုကိုယ်နှစ်သိမ့် စေပါ၏။
53 Defectio tenuit me, pro peccatoribus derelinquentibus legem tuam.
၅၃တရား တော်ကို စွန့်ပယ် သော အဓမ္မ လူတို့ ကြောင့် ၊ အကျွန်ုပ် ၌ ပူလောင် သောစိတ် စွဲလန်း လျက် ရှိပါ၏။
54 Cantabiles mihi erant iustificationes tuae, in loco peregrinationis meae.
၅၄အကျွန်ုပ် ဧည့်သည် နေရာအိမ် တွင် အထုံးအဖွဲ့ တော်တို့သည် အကျွန်ုပ် သီချင်း ဆိုရာအကြောင်း ဖြစ် ကြပါ၏။
55 Memor fui nocte nominis tui Domine: et custodivi legem tuam.
၅၅အို ထာဝရဘုရား ၊ ညဉ့် အချိန်၌ နာမတော် ကို အကျွန်ုပ် အောက်မေ့ ၍ တရား တော်ကို စောင့် ပါ၏။
56 Haec facta est mihi: quia iustificationes tuas exquisivi.
၅၆ပေးတော်မူသောဩဝါဒ များကို နားထောင် သောအားဖြင့် အား ရပါ၏။
57 HETH. Portio mea Domine, dixi custodire legem tuam.
၅၇အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ၏ အဘို့ ဖြစ်တော်မူ၏။ နှုတ်ကပတ် စကားတော်တို့ကို နားထောင် ပါမည်ဟု အကျွန်ုပ်ပြော ထားပါပြီ။
58 Deprecatus sum faciem tuam in toto corde meo: miserere mei secundum eloquium tuum.
၅၈ကျေးဇူးတော်ကိုခံရပါမည်အကြောင်း၊ ကိုယ်တော်ကို စိတ် နှလုံးအကြွင်းမဲ့ တောင်းပန် ပါ၏။ ဗျာဒိတ် တော်အတိုင်း အကျွန်ုပ် ကို သနား တော်မူပါ။
59 Cogitavi vias meas: et converti pedes meos in testimonia tua.
၅၉ကိုယ် လိုက်ရာလမ်း ကို ဆင်ခြင် သောအခါ ၊ သက်သေခံ တော်မူချက်တို့သို့ လှည့် ၍လိုက် ပါ၏။
60 Paratus sum, et non sum turbatus: ut custodiam mandata tua.
၆၀ပညတ် တော်တို့ကို စောင့် ခြင်းငှါ မ ဖင့် မနွှဲ အလျင် အမြန်ပြုပါ၏။
61 Funes peccatorum circumplexi sunt me: et legem tuam non sum oblitus.
၆၁မ တရားသောသူ အစည်း အဝေးတို့သည် အကျွန်ုပ် ကိုဝိုင်း ကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မ မေ့ မလျော့ပါ။
62 Media nocte surgebam ad confitendum tibi, super iudicia iustificationis tuae.
၆၂တရား သဖြင့် စီရင် တော်မူချက်တို့ကိုထောက် ၍ ၊ ဂုဏ်တော်ကို ချီးမွမ်း ခြင်းငှါ ၊ သန်းခေါင် အချိန်၌ အကျွန်ုပ် ထ တတ်ပါ၏။
63 Particeps ego sum omnium timentium te: et custodientium mandata tua.
၆၃ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ ပေးတော်မူသော ဩဝါဒ ကို နားထောင် သောသူရှိသမျှ တို့နှင့် အကျွန်ုပ် ပေါင်းဘော် တတ်ပါ၏။
64 Misericordia tua Domine plena est terra: iustificationes tuas doce me.
၆၄အိုထာဝရဘုရား ၊ မြေကြီး သည် ကရုဏာ တော် နှင့်ပြည့်ဝ ပါ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
65 TETH. Bonitatem fecisti cum servo tuo Domine, secundum verbum tuum.
၆၅အိုထာဝရဘုရား ၊ နှုတ်ကပတ် တော်အတိုင်း ကိုယ်တော် ၏ကျွန် ၌ ကျေးဇူး ပြု တော်မူ၏။
66 Bonitatem, et disciplinam, et scientiam doce me: quia mandatis tuis credidi.
၆၆ပညတ် တော်တို့ကို အကျွန်ုပ် ယုံကြည် သည် ဖြစ်၍ ၊ ကောင်း သော ဉာဏ် နှင့် ပညာ တော်အတတ်ကို သွင်း ပေးတော်မူပါ။
67 Priusquam humiliarer ego deliqui: propterea eloquium tuum custodivi.
၆၇အကျွန်ုပ် သည် ဆင်းရဲ မ ခံမှီလမ်း လွဲပါ၏။ ယခု မူကား ၊ ဗျာဒိတ် တော်အတိုင်း ကျင့်စောင့် ပါ၏။
68 Bonus es tu: et in bonitate tua doce me iustificationes tuas.
၆၈ကိုယ်တော် သည် ကောင်း သောသဘော၊ ကျေးဇူး ပြုတတ်သော သဘောရှိတော်မူ၏။ အထုံးအဖွဲ့ တော်တို့ကို အကျွန်ုပ် ၌ သွန်သင် တော်မူပါ။
69 Multiplicata est super me iniquitas superborum: ego autem in toto corde scrutabor mandata tua.
၆၉မာနကြီး သောသူတို့ သည် အကျွန်ုပ် တဘက် ၌ မုသာ စကားကို ကြံစည်သော်လည်း၊ ကိုယ်တော်၏ ဥပဒေသ များကို စိတ် နှလုံးအကြွင်းမဲ့ ကျင့် ပါ၏။
70 Coagulatum est sicut lac cor eorum: ego vero legem tuam meditatus sum.
၇၀သူ တို့နှလုံး သည် ဆီဥ ကဲ့သို့ ခဲ လျက်ရှိ၏။ အကျွန်ုပ် မူကား၊ ကိုယ်တော် ၏တရား ၌ မွေ့လျော် ပါ၏။
71 Bonum mihi quia humiliasti me: ut discam iustificationes tuas.
၇၁အထုံးအဖွဲ့ တော်တို့ကို သွန်သင် စေခြင်းငှါ ၊ အကျွန်ုပ် ဆင်းရဲ ခံရသော ကျေးဇူး သည် ကြီးပါ၏။
72 Bonum mihi lex oris tui, super millia auri, et argenti.
၇၂နှုတ် တော်ထွက် တရား တော်သည် ရွှေ ငွေ အထောင် အသောင်းထက်မက ၊ အကျွန်ုပ် ၌ သာ၍ကောင်း ပါ၏။
73 IOD. Manus tuae fecerunt me, et plasmaverunt me: da mihi intellectum, ut discam mandata tua.
၇၃ကိုယ်တော် ၏ လက် တို့သည် အကျွန်ုပ် ကို ဖန်ဆင်း ၍ ၊ ပုံ သဏ္ဍာန်ကိုပေးတော်မူပြီ။ ပညတ် တော် တို့ကို အကျွန်ုပ်သင် နိုင်သော ဉာဏ် နှင့် ပြည့်စုံစေတော်မူပါ။
74 Qui timent te videbunt me, et laetabuntur: quia in verba tua supersperavi.
၇၄နှုတ်ကပတ် တော်ကို အကျွန်ုပ် မြော်လင့် သောကြောင့် ၊ ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့သည် အကျွန်ုပ် ကို မြင် ၍ ဝမ်းမြောက် ကြပါလိမ့်မည်။
75 Cognovi Domine quia aequitas iudicia tua: et in veritate tua humiliasti me.
၇၅အို ထာဝရဘုရား ၊ စီရင် တော်မူချက်တို့သည် ဟုတ်မှန် ကြောင်း ကို၎င်း ၊ သစ္စာ တော်နှင့်အညီအကျွန်ုပ် ကို ဆင်းရဲ စေတော်မူကြောင်းကို၎င်းအကျွန်ုပ်သိ ပါ၏။
76 Fiat misericordia tua ut consoletur me, secundum eloquium tuum servo tuo.
၇၆ကိုယ်တော် ၏ ကျွန် ၌ မိန့် တော်မူချက်အတိုင်း ၊ ကရုဏာ တော်သည် အကျွန်ုပ် ကို ချမ်းသာ ပေးပါ စေသော ဟု ဆုတောင်းပါ၏။
77 Veniant mihi miserationes tuae, et vivam: quia lex tua meditatio mea est.
၇၇ကိုယ်တော် ၏ တရား သည် အကျွန်ုပ် မွေ့လျော် ရာဖြစ်ပါ၏။ ထိုကြောင့် အကျွန်ုပ်အသက်ရှင် မည် အကြောင်း ၊ သနား စုံမက်တော်မူခြင်းသည် သက်ရောက် ပါစေသော။
78 Confundantur superbi, quia iniuste iniquitatem fecerunt in me: ego autem exercebor in mandatis tuis.
၇၈မာနကြီး သောသူတို့ သည် ရှက်ကြောက် ကြ ပါစေသော။ အကြောင်း မရှိဘဲ အကျွန်ုပ် ၌ မ တရားသဖြင့် ပြုကြပါပြီ။ အကျွန်ုပ် မူကား ကိုယ်တော် ၏ ဥပဒေသ များကို ဆင်ခြင် အောက်မေ့ပါမည်။
79 Convertantur mihi timentes te: et qui noverunt testimonia tua.
၇၉ကိုယ်တော် ကို ကြောက်ရွံ့ သောသူ၊ သက်သေ ခံ တော်မူချက်တို့ကို သိ သောသူတို့သည် အကျွန်ုပ် ထံသို့ လှည့် ကြပါစေသော။
80 Fiat cor meum immaculatum in iustificationibus tuis, ut non confundar.
၈၀ရှက်ကြောက် ခြင်းနှင့် ကင်းလွတ် မည် အကြောင်း ၊ အကျွန်ုပ် နှလုံး သည် အထုံးအဖွဲ့ တော်တို့၌ စုံလင် ပါစေသော။
81 CAPH. Defecit in salutare tuum anima mea: et in verbum tuum supersperavi.
၈၁အကျွန်ုပ် ၏ ဝိညာဉ် သည် ကယ်တင် တော်မူခြင်း ကျေးဇူးကို တောင့်တလျက်နှင့် ခွန်အား လျော့ပါ၏။ သို့သော်လည်း၊ နှုတ်ကပတ် တော် ကိုမြော်လင့် ပါ၏။
82 Defecerunt oculi mei in eloquium tuum, dicentes: Quando consolaberis me?
၈၂အကျွန်ုပ် ကို အဘယ် ကာလမှ ချမ်းသာ ပေး တော်မူပါမည်နည်းဟူ၍၊ အကျွန်ုပ် မျက်စိ တို့သည် ဗျာဒိတ် တော်ကို မြော်လင့်လျက်အား ကုန်ပါ၏။
83 Quia factus sum sicut uter in pruina: iustificationes tuas non sum oblitus.
၈၃မီးခိုး ၌ ရှိသောသားရေ ဘူးကဲ့သို့ အကျွန်ုပ်ဖြစ် ပါ ၏။ သို့သော်လည်း၊ အထုံးအဖွဲ့ တော်တို့ကို မ မေ့ မလျော့ပါ။
84 Quot sunt dies servi tui: quando facies de persequentibus me iudicium?
၈၄ကိုယ်တော် ၏ ကျွန် နေရသော နေ့ရက် ကာလ အဘယ် မျှလောက်ကြာရပါမည်နည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့အား ၊ အဘယ် ကာလမှ တရား ဆုံးဖြတ် တော်မူမည်နည်း။
85 Narraverunt mihi iniqui fabulationes: sed non ut lex tua.
၈၅မာနကြီး သောသူ၊ ကိုယ်တော် ၏ တရား ကို လွန်ကျူးသောသူတို့ သည် အကျွန်ုပ် အဘို့ တွင်း များကို တူး ကြပါပြီ။
86 Omnia mandata tua veritas: iniqui persecuti sunt me, adiuva me.
၈၆အလုံးစုံ သော ပညတ် တော်တို့သည် သစ္စာ နှင့် ပြည့်စုံကြပါ၏။ သူတပါးတို့သည် အကြောင်း မရှိဘဲ အကျွန်ုပ် ကိုညှဉ်းဆဲ ကြသည် ဖြစ်၍၊ မစ တော်မူပါ။
87 Paulominus consummaverunt me in terra: ego autem non dereliqui mandata tua.
၈၇သူတို့သည် အကျွန်ုပ် ကို မြေကြီး ပေါ် က သုတ်သင် ပယ်ရှင်းလု ပါပြီ။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များကို အကျွန်ုပ် မ စွန့် ပါ။
88 Secundum misericordiam tuam vivifica me: et custodiam testimonia oris tui.
၈၈ကရုဏာ တော်ရှိသည်အတိုင်း အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။ နှုတ် တော်ထွက် ဗျာဒိတ် တော် ကို စောင့် ပါမည်။
89 LAMED. In aeternum Domine, verbum tuum permanet in caelo.
၈၉အိုထာဝရဘုရား ၊ နှုတ်ကပတ် တော်သည် ကောင်းကင် ဘုံ၌ အစဉ် အမြဲတည် ပါ၏။
90 In generatione et generationem veritas tua: fundasti terram, et permanet.
၉၀သစ္စာ တော်သည် လူမျိုး အဆက်ဆက်မြဲမြံပါ၏။ မြေကြီး ကို တည် စေတော်မူသဖြင့် ၊ သူသည်အမြဲ နေပါ၏။
91 Ordinatione tua perseverat dies: quoniam omnia serviunt tibi.
၉၁ခပ်သိမ်း သောအရာတို့သည် ကိုယ်တော် ၏ ကျွန် ဖြစ်၍ စီရင် တော်မူသည်နှင့်အညီ ၊ ယနေ့ တိုင်အောင်အမြဲ နေကြပါ၏။
92 Nisi quod lex tua meditatio mea est: tunc forte periissem in humilitate mea.
၉၂အကျွန်ုပ် သည် ကိုယ်တော် ၏ တရား ၌မွေ့လျော် ခြင်းမ ရှိလျှင်၊ အထက်က ဆင်းရဲ ခံစဉ် ပျက်စီး ပါပြီ။
93 In aeternum non obliviscar iustificationes tuas: quia in ipsis vivificasti me.
၉၃ကိုယ်တော် ၏ ဥပဒေ များကို အစဉ် မ မေ့ မလျော့နိုင်ပါ။ အကြောင်း မူကား၊ ထို ဥပဒေသများအားဖြင့် ၊ အကျွန်ုပ် ကို အသက်ရှင် စေ တော်မူ၏။
94 Tuus sum ego, salvum me fac: quoniam iustificationes tuas exquisivi.
၉၄အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန်ဖြစ်ပါ၏။ ကိုယ်တော် ၏ ဥပဒေသ များကို ရှာဖွေ လိုက်စစ်သောကြောင့် အကျွန်ုပ် ကို ကယ်တင် တော်မူပါ။
95 Me expectaverunt peccatores ut perderent me: testimonia tua intellexi.
၉၅အကျွန်ုပ် ကို ဖျက်ဆီး ခြင်းငှါ ၊ မ တရားသောသူတို့ သည် စောင့် လျက်နေကြပါ၏။ သို့သော်လည်း ၊ သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ်ဆင်ခြင် အောက်မေ့ ပါမည်။
96 Omnis consummationis vidi finem: latum mandatum tuum nimis.
၉၆ခပ်သိမ်း သော စုံလင် ခြင်း၏ အဆုံး ကို အကျွန်ုပ် မြင် ပါပြီ။ ပညတ် တရားတော်မူကား၊ အလွန် ကျယ်ဝန်း ပါ၏။
97 MEM. Quomodo dilexi legem tuam Domine? tota die meditatio mea est.
၉၇ကိုယ်တော် ၏တရား ကို အကျွန်ုပ်သည် အလွန် နှစ်သက် ပါ၏။ တနေ့လုံး ဆင်ခြင် အောက်မေ့လျက် နေပါ၏။
98 Super inimicos meos prudentem me fecisti mandato tuo: quia in aeternum mihi est.
၉၈ပညတ် တရားတော်သည် အကျွန်ုပ် ၏ ရန်သူ တို့ ထက် ၊ အကျွန်ုပ် ကိုသာ၍ ပညာရှိစေပါ၏။ ပညတ် တရား တော်သည် အကျွန်ုပ် ၌ အစဉ် တည်ပါ၏။
99 Super omnes docentes me intellexi: quia testimonia tua meditatio mea est.
၉၉သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ် သည် ဆင်ခြင် အောက်မေ့သောကြောင့် ၊ အကျွန်ုပ် ၏ ဆရာ အပေါင်း တို့ထက် သာ၍နားလည် ပါ၏။
100 Super senes intellexi: quia mandata tua quaesivi.
၁၀၀ကိုယ်တော် ၏ ဥပဒေသ များကို စောင့် သောကြောင့် ၊ အသက်ကြီး သူတို့ထက် သာ၍ဉာဏ် ကောင်း ပါ၏။
101 Ab omni via mala prohibui pedes meos: ut custodiam verba tua.
၁၀၁နှုတ်ကပတ် တော်ကို စောင့် လိုသောငှါ ၊ မကောင်း သောလမ်း ရှိသမျှ တို့ကို လွှဲ ရှောင်ပါ၏။
102 A iudiciis tuis non declinavi: quia tu legem posuisti mihi.
၁၀၂ကိုယ်တော် သည် သွန်သင် တော်မူသောကြောင့် ၊ စီရင် တော်မူချက်တို့မှ အကျွန်ုပ်လွှဲ ၍ မ သွားပါ။
103 Quam dulcia faucibus meis eloquia tua, super mel ori meo!
၁၀၃မိန့် တော်မူချက်တို့သည် အကျွန်ုပ် အာခေါင် ၌ အလွန် ချိုကြပါ၏။ ခံတွင်း ထဲမှာ ပျားရည် ထက် သာ၍ချိုကြပါ၏။
104 A mandatis tuis intellexi: propterea odivi omnem viam iniquitatis.
၁၀၄ကိုယ်တော် ၏ ဥပဒေသ များအားဖြင့် ၊ အကျွန်ုပ် သည် ဉာဏ် တိုးပွား ၍ ၊ မိစ္ဆာ လမ်း ရှိသမျှ တို့ကို မုန်း ပါ၏။
105 NUN. Lucerna pedibus meis verbum tuum, et lumen semitis meis.
၁၀၅နှုတ်ကပတ် တော်သည် အကျွန်ုပ် ခြေ ရှေ့ မှာ မီးခွက် ဖြစ်၍ ၊ အကျွန်ုပ် လမ်း ခရီးကို လင်း စေပါ၏။
106 Iuravi, et statui custodire iudicia iustitiae tuae.
၁၀၆ဖြောင့်မတ် စွာ စီရင်တော်မူချက်တို့ကို စောင့် ပါမည် ဟု အကျွန်ုပ်ကျိန်ဆို သည် အတိုင်း ပြု ပါမည်။
107 Humiliatus sum usquequaque Domine: vivifica me secundum verbum tuum.
၁၀၇အို ထာဝရဘုရား ၊ အကျွန်ုပ် သည် အလွန် ဆင်းရဲ ခြင်းကို ခံရပါ၏။ နှုတ်ကပတ် တော်အတိုင်း အသက်ရှင် စေတော်မူပါ။
108 Voluntaria oris mei beneplacita fac Domine: et iudicia tua doce me.
၁၀၈အိုထာဝရဘုရား ၊ အကျွန်ုပ်သည် စေတနာ စိတ် ရှိ၍၊ ကိုယ် နှုတ် နှင့်ဆက်သော ပူဇော်သက္ကာတို့ကို နှစ်သက် တော်မူပါ၏။ စီရင် တော်မူချက်တို့ကိုလည်း ၊ အကျွန်ုပ် ၌ သွန်သင် တော်မူပါဟု တောင်းပန်ပါ၏။
109 Anima mea in manibus meis semper: et legem tuam non sum oblitus.
၁၀၉အကျွန်ုပ် အသက် သည် ကိုယ် လက် ၌ အစဉ် ရှိပါ ၏။ သို့သော်လည်း ၊ တရား တော်ကို မ မေ့ မလျော့ပါ။
110 Posuerunt peccatores laqueum mihi: et de mandatis tuis non erravi.
၁၁၀မ တရားသောသူတို့ သည် အကျွန်ုပ် ဘို့ ကျော့ကွင်း ကို ထောင် ထားကြပါ၏။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များမှ လွှဲ ၍ မ သွားပါ။
111 Hereditate acquisivi testimonia tua in aeternum: quia exultatio cordis mei sunt.
၁၁၁သက်သေခံ တော်မူချက်တို့သည် အကျွန်ုပ် နှလုံး ရွှင်လန်း ရာ ဖြစ်၍ ၊ ကိုယ်အမွေ ဥစ္စာဘို့ အစဉ် အမြဲခံယူပါ၏။
112 Inclinavi cor meum ad faciendas iustificationes tuas in aeternum, propter retributionem.
၁၁၂အထုံးအဖွဲ့ တော်တို့ကို အဆုံး တိုင်အောင် အစဉ် လိုက် ခြင်းအလိုငှါ ၊ ကိုယ် စိတ်နှလုံး ကို တိုက်တွန်း ပါ၏။
113 SAMECH. Iniquos odio habui: et legem tuam dilexi.
၁၁၃အကျွန်ုပ်သည် အဓမ္မ လူတို့ကို မုန်း ၍ ၊ ကိုယ်တော် ၏တရား ကို နှစ်သက် ပါ၏။
114 Adiutor, et susceptor meus es tu: et in verbum tuum supersperavi.
၁၁၄ကိုယ်တော် သည် အကျွန်ုပ် ၏ အကွယ် အကာ၊ အကျွန်ုပ် ၏ ဒိုင်း လွှားဖြစ်တော်မူ၏။ နှုတ်ကပတ် တော်ကို မြော်လင့် လျက်နေပါ၏။
115 Declinate a me maligni: et scrutabor mandata Dei mei.
၁၁၅ဒုစရိုက် ကို ပြုသောသူတို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။ ငါ သည် ဘုရား သခင်၏ ပညတ် တော်တို့ကို ကျင့် စောင် မည်။
116 Suscipe me secundum eloquium tuum, et vivam: et non confundas me ab expectatione mea.
၁၁၆အကျွန်ုပ်သည် အသက်ရှင် ပါမည် အကြောင်း ၊ မိန့် တော်မူချက်အတိုင်း ထောက်မ တော်မူပါ။ အကျွန်ုပ် မြော်လင့် ခြင်းအကြောင်းမှ မ ရှက် မကြောက်ပါစေနှင့်။
117 Adiuva me, et salvus ero: et meditabor in iustificationibus tuis semper.
၁၁၇အကျွန်ုပ်သည် ချမ်းသာ ရပါမည်အကြောင်းမစ တော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို အစဉ် အမြဲထောက်ရှု ပါမည်။
118 Sprevisti omnes discedentes a iudiciis tuis: quia iniusta cogitatio eorum.
၁၁၈အထုံးအဖွဲ့ တော်တို့မှ လွှဲ သွားသမျှ သောသူတို့ ကို ပယ် တော်မူ၏။ သူ တို့ပရိယာယ် သည် မုသာ ဖြစ်ပါ၏။
119 Praevaricantes reputavi omnes peccatores terrae: ideo dilexi testimonia tua.
၁၁၉မ တရားသော မြေသားအပေါင်း တို့ကို ချော် ကဲ့သို့ မှတ်တော်မူ၏။ ထိုကြောင့် သက်သေ ခံတော်မူချက် တို့ကို အကျွန်ုပ်နှစ်သက် ပါ၏။
120 Confige timore tuo carnes meas: a iudiciis enim tuis timui.
၁၂၀ကိုယ်တော် ကို ထိတ်လန့် သဖြင့် ၊ အကျွန်ုပ် သည် ကြက်သီး မွေးညှင်းထ၍ ၊ စီရင် တော်မူချက်တို့မှ ကြောက် ပါ၏။
121 AIN. Feci iudicium et iustitiam: non tradas me calumniantibus me.
၁၂၁အကျွန်ုပ်သည် တရား ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းကို ပြု ပါပြီ။ ညှဉ်းဆဲ သောသူတို့ လက်၌ အကျွန်ုပ် ကို ပစ် ထားတော်မ မူပါနှင့်။
122 Suscipe servum tuum in bonum: non calumnientur me superbi.
၁၂၂ကိုယ်တော် ၏ ကျွန် အဘို့ အလိုငှါ အာမခံ တော်မူပါ။ မာနကြီး သောသူတို့သည် အကျွန်ုပ် ကို မ နှိပ်စက် ကြ ပါစေနှင့်။
123 Oculi mei defecerunt in salutare tuum: et in eloquium iustitiae tuae.
၁၂၃ကယ်တင် တော်မူခြင်းကျေးဇူးကို၎င်း ၊ ဖြောင့်မတ် ခြင်းတရားတော်နှင့်ယှဉ်သော ဗျာဒိတ် တော်ကို၎င်း၊ အကျွန်ုပ် မျက်စိ သည် မျှော်၍ အား ကုန်ပါပြီ။
124 Fac cum servo tuo secundum misericordiam tuam: et iustificationes tuas doce me.
၁၂၄ကရုဏာ တော်ရှိသည်အတိုင်း ၊ ကိုယ်တော် ၏ ကျွန် ၌ ပြု ၍ ၊ အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူပါ။
125 Servus tuus sum ego: da mihi intellectum, ut sciam testimonia tua.
၁၂၅အကျွန်ုပ် သည် ကိုယ်တော် ၏ ကျွန် ဖြစ်ပါ၏။ သက်သေခံ တော်မူချက်တို့ကိုနားလည် နိုင်သော ဉာဏ် ကိုပေး သနားတော်မူပါ။
126 Tempus faciendi Domine: dissipaverunt legem tuam.
၁၂၆အို ထာဝရ ဘုရား၊ စီရင် တော်မူချိန်ရောက်ပါပြီ။ သူတပါးများတို့သည် တရား တော်ကို ပယ် ကြပါ၏။
127 Ideo dilexi mandata tua, super aurum et topazion.
၁၂၇အကျွန်ုပ်မူကား၊ ပညတ် တော်တို့ကို ရွှေ ထက်မက ၊ ရွှေစင် ထက် သာ၍နှစ်သက် ပါ၏။
128 Propterea ad omnia mandata tua dirigebar: omnem viam iniquam odio habui.
၁၂၈သို့ဖြစ်လျှင် ၊ ကိုယ်တော်၏ ဥပဒေသ အလုံးစုံ တို့ သည် ဖြောင့် ကြသည်ဟုထင်မှတ်လျက်၊ မိစ္ဆာ လမ်း ရှိသမျှ တို့ ကို မုန်း ပါ၏။
129 PHE. Mirabilia testimonia tua: ideo scrutata est ea anima mea.
၁၂၉သက်သေခံ တော်မူချက်တို့သည် အံ့ဩ ဘွယ် ဖြစ်၍ ၊ အကျွန်ုပ် ဝိညာဉ် သည် စောင့်ရှောက် တတ်ပါ၏။
130 Declaratio sermonum tuorum illuminat: et intellectum dat parvulis.
၁၃၀နှုတ်ကပတ် တော်ကို ဖွင့် ပြခြင်းသည် အလင်း ကိုပေး ၍၊ မ လိမ္မာသောသူတို့ကို လိမ္မာ စေတတ်ပါ၏။
131 Os meum aperui, et attraxi spiritum: quia mandata tua desiderabam.
၁၃၁ပညတ် တော်တို့ကို အကျွန်ုပ် တောင့်တ အားကြီးသဖြင့် ၊ နှုတ် ကို ဖွင့် ၍ ပန်း တိုက်ပါ၏။
132 Aspice in me, et miserere mei, secundum iudicium diligentium nomen tuum.
၁၃၂နာမတော် ကို ချစ် သောသူတို့ ၌ ပြု တော်မူတတ် သည်အတိုင်း ၊ အကျွန်ုပ် ကို ကြည့်ရှု ၍ ကယ် မသနား တော်မူပါ။
133 Gressus meos dirige secundum eloquium tuum: et non dominetur mei omnis iniustitia.
၁၃၃မိန့် တော်မူချက် အစဉ်အတိုင်း ၊ အကျွန်ုပ် ခြေ လှမ်းတို့ကို ဖြောင့် စေတော်မူပါ။ အကျွန်ုပ် ကို အဘယ် မည် သော ဒုစရိုက် မျှအစိုး မ ရပါစေနှင့်။
134 Redime me a calumniis hominum: ut custodiam mandata tua.
၁၃၄လူ တို့၏ ညှဉ်းဆဲ ခြင်းထဲက အကျွန်ုပ် ကို ရွေးနှုတ် တော်မူပါ။ ကိုယ်တော် ၏ဥပဒေသ များကို စောင့် ပါမည်။
135 Faciem tuam illumina super servum tuum: et doce me iustificationes tuas.
၁၃၅မျက်နှာ တော်၏အလင်းကို ကိုယ်တော် ၏ ကျွန် အပေါ် မှာ ထွန်းလင်း စေ၍ ၊ အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူပါ။
136 Exitus aquarum deduxerunt oculi mei: quia non custodierunt legem tuam.
၁၃၆သူတပါးများတို့သည် တရား တော်ကို မ စောင့် သောကြောင့် ၊ အကျွန်ုပ် မျက်စိ တို့မှ မျက်ရည် သည် မြစ် ရေ ကဲ့သို့စီး ပါ၏။
137 SADE. Iustus es Domine: et rectum iudicium tuum.
၁၃၇အို ထာဝရဘုရား ၊ ကိုယ်တော် သည် ဖြောင့်မတ် တော်မူ၏။ စီရင် တော်မူချက်တို့သည် ဖြောင့်မတ် ကြပါ ၏။
138 Mandasti iustitiam testimonia tua: et veritatem tuam nimis.
၁၃၈ထား တော်မူသောသက်သေခံ တော်မူချက်တို့ သည်လည်း တရား နှင့်ညီ၍ သစ္စာ မြဲကြပါ၏။
139 Tabescere me fecit zelus meus: quia obliti sunt verba tua inimici mei.
၁၃၉ရန်သူ တို့သည် စကား တော်တို့ကို မေ့လျော့ သောကြောင့် ၊ စွဲလန်း ပူပန်ခြင်းစိတ်သည် အကျွန်ုပ် ကို ညှဉ်းဆဲ ပါ၏။
140 Ignitum eloquium tuum vehementer: et servus tuus dilexit illud.
၁၄၀နှုတ်ကပတ် တော်သည် အလွန် စင်ကြယ် သည် ဖြစ်၍ ၊ ကိုယ်တော် ၏ကျွန် သည် နှစ်သက် ပါ၏။
141 Adolescentulus sum ego, et contemptus: iustificationes tuas non sum oblitus.
၁၄၁အကျွန်ုပ် သည် ငယ် သောသူ၊ မထီမဲ့မြင် ပြုခြင်း ကို ခံရသောသူဖြစ် ပါ၏။ သို့သော်လည်း ၊ ကိုယ်တော် ၏ ဥပဒေသ များကို မ မေ့ မလျော့ပါ။
142 Iustitia tua, iustitia in aeternum: et lex tua veritas.
၁၄၂ဖြောင့်မတ် တော်မူခြင်းသည် နိစ္စ ထာဝရ ဖြောင့်မတ် ခြင်းဖြစ်ပါ၏။ ကိုယ်တော် ၏တရား သည် သစ္စာ တရားဖြစ်ပါ၏။
143 Tribulatio, et angustia invenerunt me: mandata tua meditatio mea est.
၁၄၃ဆင်းရဲ ညှိုးငယ် ခြင်းသို့ရောက် သော်လည်း ၊ ပညတ် တော်တို့သည် အကျွန်ုပ် မွေ့လျော် ရာဖြစ်ပါ၏။
144 Aequitas testimonia tua in aeternum: intellectum da mihi, et vivam.
၁၄၄သက်သေခံ တော်မူချက်တို့သည် အစဉ် အမြဲဖြောင့် ကြပါ၏။ အကျွန်ုပ်သည် အသက်ရှင် ပါမည် အကြောင်း ၊ ဉာဏ် ကိုပေးသနားတော်မူပါ။
145 COPH. Clamavi in toto corde meo, exaudi me Domine: iustificationes tuas requiram.
၁၄၅အကျွန်ုပ်သည် စိတ် နှလုံးအကြွင်းမဲ့ အော်ဟစ် ပါ၏။ အိုထာဝရဘုရား နားထောင် တော်မူပါ။ အထုံးအဖွဲ့ တော်တို့ကို စောင့် ပါမည်။
146 Clamavi ad te, salvum me fac: ut custodiam mandata tua.
၁၄၆ကိုယ်တော် ကို အော်ဟစ် ပါ၏။ ကယ်တင် တော်မူ ပါ။ သက်သေခံ တော်မူချက်တို့ကို စောင့် ပါမည်။
147 Praeveni in maturitate, et clamavi: quia in verba tua supersperavi.
၁၄၇မိုဃ်း မလင်းမှီ အကျွန်ုပ် အော်ဟစ် တတ်ပါ၏။ နှုတ်ကပတ် တော်ကို မြော်လင့် လျက်နေပါ၏။
148 Praevenerunt oculi mei ad te diluculo: ut meditarer eloquia tua.
၁၄၈ဗျာဒိတ် တော်တို့ကို ဆင်ခြင် အောက်မေ့လိုသောငှါ ၊ ညဉ့်ယံ မလွန်မှီ အကျွန်ုပ် နိုး တတ်ပါ၏။
149 Vocem meam audi secundum misericordiam tuam Domine: et secundum iudicium tuum vivifica me.
၁၄၉အို ထာဝရဘုရား ၊ ကရုဏာ တော်ရှိသည် အတိုင်း အကျွန်ုပ် စကား ကို နားထောင် တော်မူပါ။ စီရင် တော်မူချက်နှင့်အညီ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
150 Appropinquaverunt persequentes me iniquitati: a lege autem tua longe facti sunt.
၁၅၀မ ကောင်းသောအကြံအစည်၌ ကျင်လည် သောသူတို့ သည် အနီးသို့ချဉ်း ကြပါ၏။ သူတို့သည် ကိုယ်တော် ၏တရား နှင့် ဝေး ကြပါ၏။
151 Prope es tu Domine: et omnes viae tuae veritas.
၁၅၁အို ထာဝရဘုရား ၊ ကိုယ်တော် သည် နီး တော်မူ၏။ အလုံးစုံ သော ပညတ် တော်တို့သည် သစ္စာ ဖြစ်ကြပါ ၏။
152 Initio cognovi de testimoniis tuis: quia in aeternum fundasti ea.
၁၅၂သက်သေခံ တော်မူချက်တို့ကို အစဉ် အမြဲထား တော်မူကြောင်း ကို၊ ရှေ့ဦးစွာ မှစ၍ အကျွန်ုပ်သိ ပါ၏။
153 RES. Vide humilitatem meam, et eripe me: quia legem tuam non sum oblitus.
၁၅၃အကျွန်ုပ် ခံရ သောဆင်းရဲခြင်းကို ကြည့်ရှု ၍ ၊ ကယ်နှုတ် တော်မူပါ။ ကိုယ်တော် ၏တရား ကို မ မေ့ မလျော့ပါ။
154 Iudica iudicium meum, et redime me: propter eloquium tuum vivifica me.
၁၅၄အကျွန်ုပ် အမှု ကို စောင့် ၍ အကျွန်ုပ် ကိုရွေးနှုတ် တော်မူပါ။ ဗျာဒိတ် တော်အားဖြင့် အသက်ရှင် စေတော်မူပါ။
155 Longe a peccatoribus salus: quia iustificationes tuas non exquisierunt.
၁၅၅မ တရားသောသူတို့သည် အထုံးအဖွဲ့ တော်တို့ကို မ ရှာ သောကြောင့် ၊ ကယ်တင် ခြင်းနှင့် ဝေး ကြပါ၏။
156 Misericordiae tuae multae Domine: secundum iudicium tuum vivifica me.
၁၅၆အိုထာဝရဘုရား ၊ သနား စုံမက်တော်မူခြင်း သဘောသည် ကြွယ်ဝ ပါ၏။ စီရင် တော်မူချက်နှင့်အညီ ၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
157 Multi qui persequuntur me, et tribulant me: a testimoniis tuis non declinavi.
၁၅၇အကျွန်ုပ် ကို ညှဉ်းဆဲ သောသူနှင့် ရန်ဘက် ပြု သောသူတို့ သည် များ ကြပါ၏။ သို့သော်လည်း၊ အကျွန်ုပ် သည် သက်သေခံ တော်မူချက်တို့မှ လွှဲ ၍မ သွားပါ။
158 Vidi praevaricantes, et tabescebam: quia eloquia tua non custodierunt.
၁၅၈သစ္စာ မရှိသောသူတို့ကို အကျွန်ုပ်သည်မြင် ၍ စိတ်နာ ပါ၏။ အကြောင်း မူကား၊ သူတို့သည် ဗျာဒိတ် တော် စကားကို နား မ ထောင်ဘဲ နေကြပါ၏။
159 Vide quoniam mandata tua dilexi Domine: in misericordia tua vivifica me.
၁၅၉ကိုယ်တော် ၏ ဥပဒသ များကို အကျွန်ုပ် နှစ်သက် ကြောင်း ကို မှတ် တော်မူပါ။ အိုထာဝရဘုရား ၊ ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကို အသက်ရှင် စေတော်မူပါ။
160 Principium verborum tuorum, veritas: in aeternum omnia iudicia iustitiae tuae.
၁၆၀နှုတ်ကပတ် တော်အလုံးစုံ တို့သည် ဟုတ်မှန် ပါ ၏။ တရား သဖြင့် စီရင် တော်မူချက်ရှိသမျှ တို့သည် အစဉ် အမြဲတည် ကြပါ၏။
161 SIN. Principes persecuti sunt me gratis: et a verbis tuis formidavit cor meum.
၁၆၁အစိုး ရသောသူတို့ သည် အကြောင်း မရှိဘဲ အကျွန်ုပ် ကို ညှဉ်းဆဲ ကြသော်လည်း ၊ အကျွန်ုပ် စိတ် နှလုံးသည် စကား တော်ကို ကြောက်ရွံ့ ပါ၏။
162 Laetabor ego super eloquia tua: sicut qui invenit spolia multa.
၁၆၂လက် ရဥစ္စာများ ကို တွေ့ သကဲ့သို့ ဗျာဒိတ် တော် စကားကြောင့် အကျွန်ုပ် ဝမ်းမြောက် ပါ၏။
163 Iniquitatem odio habui, et abominatus sum: legem autem tuam dilexi.
၁၆၃မုသာ စကားကို ကြား ပျင်းရွံရှာ ပါ၏။ တရား တော်ကိုကား နှစ်သက် ပါ၏။
164 Septies in die laudem dixi tibi, super iudicia iustitiae tuae.
၁၆၄ဖြောင့်မတ် စွာ စီရင် တော်မူချက်များကြောင့် ကိုယ်တော် ကို တရက် လျှင် ခုနစ် ကြိမ် ချီးမွမ်း တတ်ပါ၏။
165 Pax multa diligentibus legem tuam: et non est illis scandalum.
၁၆၅တရား တော်ကို နှစ်သက် သောသူတို့ ၌ ကြီးစွာ သော ငြိမ်ဝပ် ခြင်း ရှိပါ၏။ သူ တို့စိတ်ပျက် စရာအကြောင်းမ ရှိပါ။
166 Expectabam salutare tuum Domine: et mandata tua dilexi.
၁၆၆အိုထာဝရဘုရား ၊ ကယ်တင် တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မြော်လင့် ၍ ၊ ပညတ် တော်တို့ကို ကျင့် ပါ၏။
167 Custodivit anima mea testimonia tua: et dilexit ea vehementer.
၁၆၇သက်သေခံ တော်မူချက်တို့ကို အကျွန်ုပ် ဝိညာဉ် သည် စောင့် ပါ၏။ အလွန် နှစ်သက် ပါ၏။
168 Servavi mandata tua, et testimonia tua: quia omnes viae meae in conspectu tuo.
၁၆၈ကိုယ်တော် ၏ ဥပဒေသ တို့နှင့် သက်သေခံ တော်မူချက်တို့ကို စောင့် ပါ၏။ အကျွန်ုပ် အကျင့် ရှိသမျှ တို့သည် ရှေ့ တော်၌ရှိကြပါ၏။
169 TAU. Appropinquet deprecatio mea in conspectu tuo Domine: iuxta eloquium tuum da mihi intellectum.
၁၆၉အို ထာဝရဘုရား ၊ အကျွန်ုပ် အော်ဟစ် သံသည် ရှေ့ တော်သို့ ရောက် ပါစေသော။ နှုတ်ကပတ် တော် အတိုင်း ဉာဏ် ကိုပေး သနားတော်မူပါ။
170 Intret postulatio mea in conspectu tuo: secundum eloquium tuum eripe me.
၁၇၀အသနား ခံသောစကားသည် ရှေ့ တော်သို့ ရောက် ပါစေသော။ ဗျာဒိတ် တော်အတိုင်း အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
171 Eructabunt labia mea hymnum, cum docueris me iustificationes tuas.
၁၇၁အထုံးအဖွဲ့ တော်တို့ကို သွန်သင် တော်မူသောအခါ ၊ အကျွန်ုပ် ၏နှုတ် သည် ချီးမွမ်း ခြင်းကို မြွက်ဆို ပါမည်။
172 Pronunciabit lingua mea eloquium tuum: quia omnia mandata tua aequitas.
၁၇၂အလုံးစုံ သော ပညတ် တော်တို့သည် ဖြောင့်မတ် ပါသည်ဖြစ်၍ ၊ အကျွန်ုပ် လျှာ သည် ဗျာဒိတ် တော်ကို သီချင်း ဆိုရပါမည်။
173 Fiat manus tua ut salvet me: quoniam mandata tua elegi.
၁၇၃ကိုယ်တော် ၏ ဥပဒေသ များကို နှစ်သက် ပါသည် ဖြစ်၍ ၊ လက် တော်သည် အကျွန်ုပ် ကို မစ ပါစေ သော။
174 Concupivi salutare tuum Domine: et lex tua meditatio mea est.
၁၇၄အို ထာဝရဘုရား ၊ ကယ်တင် တော်မူခြင်း ကျေးဇူးကို အကျွန်ုပ် တောင့်တ ပါ၏။ တရား တော်သည် လည်း အကျွန်ုပ် မွေ့လျော် ရာ ဖြစ်ပါ၏။
175 Vivet anima mea, et laudabit te: et iudicia tua adiuvabunt me.
၁၇၅အကျွန်ုပ် သည် အသက် ရှင် ၍ ၊ ကိုယ်တော် ကို ချီးမွမ်း ပါစေသော။ စီရင် တော်မူချက်တို့သည် အကျွန်ုပ် ကို မစ ကြပါစေသော။
176 Erravi, sicut ovis, quae periit: quaere servum tuum, quia mandata tua non sum oblitus.
၁၇၆ပျောက် သော သိုး ကဲ့သို့ အကျွန်ုပ်သည် လမ်းလွဲ ပါပြီ။ ကိုယ်တော် ၏ ကျွန် ကိုရှာ တော်မူပါ။ အကျွန်ုပ်သည် ပညတ် တော်တို့ကို မ မေ့ မလျော့ပါ။