< Liber Numeri 10 >

1 Locutusque est Dominus ad Moysen, dicens:
တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား
2 Fac tibi duas tubas argenteas ductiles, quibus convocare possis multitudinem quando movenda sunt castra.
သင်သည် ပရိသတ်စည်းဝေးစေခြင်းငှါ၎င်း၊ တပ်တို့ကို ချီစေခြင်းငှါ၎င်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။
3 Cumque increpueris tubis, congregabitur ad te omnis turba ad ostium tabernaculi foederis.
တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌ စည်းဝေးရကြမည်။
4 Si semel clangueris, venient ad te principes, et capita multitudinis Israel.
တံပိုးတလုံးတည်းကို မှုတ်လျှင်၊ ဣသရေလ အမျိုး၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌ စည်းဝေးရကြမည်။
5 Si autem prolixior atque concisus clangor increpuerit, movebunt castra primi qui sunt ad orientalem plagam.
နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အရှေ့တပ်တို့ သည် ချီသွားရကြမည်။
6 In secundo autem sonitu et pari ululatu tubae, levabunt tentoria qui habitant ad meridiem. et iuxta hunc modum reliqui facient, ululantibus tubis in profectionem.
ဒုတိယအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ တောင်တပ်တို့ သည် ချီသွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သော အခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်း ချီသွားစေခြင်းဌာနှိုးဆောင်သံနှင့်မှုတ်ရ မည်။
7 Quando autem congregandus est populus, simplex tubarum clangor erit, et non concise ululabunt.
ပရိသတ်စည်းဝေးစေခြင်းငှါ နှိုးဆော်သံကို မပြု ဘဲ တံပိုးမှုတ်ရမည်။
8 Filii autem Aaron sacerdotis clangent tubis: eritque hoc legitimum sempiternum in generationibus vestris.
အာရုန်၏ သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
9 Si exieritis ad bellum de terra vestra contra hostes qui dimicant adversum vos, clangetis ululantibus tubis, et erit recordatio vestri coram Domino Deo vestro, ut eruamini de manibus inimicorum vestrorum.
သင်တို့သည် ကိုယ်ပြည်၌ နေသောအခါ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့၍၊ ရန်သူလက်မှ ကယ်တင် တော်မူမည်။
10 Si quando habebitis epulum, et dies festos, et calendas, canetis tubis super holocaustis, et pacificis victimis, ut sint vobis in recordationem Dei vestri. ego Dominus Deus vester.
၁၀သင်တို့သည် ရွှင်လန်းခြင်းကို ပြုသောနေ့၊ ပွဲ သဘင်နေ့လဆန်း နေ့တို့၌ သင်တို့ဘုရားသခင် အောက် မေ့တော်မူဘို့ရာ၊ သင်တို့ မီးရှို့ရာယဇ်၊ မိဿဟာယဇ် ပူဇော်သက္ကာများ၊ အပေါ်မှာ တံပိုးမှုတ်ရကြမည်။ ငါ သည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
11 Anno secundo, mense secundo, vigesima die mensis elevata est nubes de tabernaculo foederis:
၁၁ဒုတိယနှစ်၊ ဒုတိယလ အရက်နှစ်ဆယ်မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော် မှ ကွာမြောက်သည်ဖြစ်၍၊
12 profectique sunt filii Israel per turmas suas de deserto Sinai, et recubuit nubes in solitudine Pharan.
၁၂ဣသရေလအမျိုးသားတို့သည် သိနာတောင်မှ ခရီးသွားကြ၏။ နောက်တဖန် မိုဃ်းတိမ်သည် ပါရန်တော ၌ တည်နေ၏။
13 Moveruntque castra primi iuxta imperium Domini per manum Moysi.
၁၃ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် မိန့် တော်မူသည်အတိုင်း၊ ပဌမခရီးသွားခြင်းကို ပြုကြ၏။
14 Filii Iuda per turmas suas: quorum princeps erat Nahasson filius Aminadab.
၁၄ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန်အုပ်ရ၏။
15 In tribu filiorum Issachar fuit princeps Nathanael filius Suar.
၁၅ဣသခါတပ်ကို၊ ဇုအာသားနာသနေလအုပ်၏။
16 In tribu Zabulon erat princeps Eliab filius Helon.
၁၆ဇာဗုလုန်တပ်ကို၊ ဟေလုန်သားဧလျာဘအုပ်ရ၏။
17 Depositumque est tabernaculum, quod portantes egressi sunt filii Gerson et Merari.
၁၇တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသား တို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ၏။
18 Profectique sunt et filii Ruben, per turmas et ordinem suum: quorum princeps erat Helisur filius Sedeur.
၁၈ရုဗင်တပ်အစဉ်အတိုင်း၊ အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသား ဧလိဇုရအုပ်ရ၏။
19 In tribu autem filiorum Simeon, princeps fuit Salamiel filius Surisaddai.
၁၉ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလအုပ် ရ၏။
20 Porro in tribu Gad erat princeps Eliasaph filius Duel.
၂၀ဂဒ်တပ်ကို ဒွေလသားဧလျာသပ်အုပ်ရ၏။
21 Profectique sunt et Caathitae portantes Sanctuarium. Tamdiu tabernaculum portabatur, donec venirent ad erectionis locum.
၂၁ကောဟတ်သားတို့သည် သန့်ရှင်းရာဌာန တန်ဆာတို့ကို ထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မှီ အရင်သွားသော သူတို့သည် တဲတော်ကို ထူထောင် ရကြ၏။
22 Moverunt castra et filii Ephraim per turmas suas, in quorum exercitu princeps erat Elisama filius Ammiud.
၂၂ဧဖရိမ်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဧဖရိမ်တပ်ကို အမိဟုဒ် သား ဧလိရှမာအုပ်ရ၏။
23 In tribu autem filiorum Manasse princeps fuit Gamaliel filius Phadasseur.
၂၃မနာရှေတပ်ကို ပေဒါဇုရသား ဂါမလျေလ အုပ်ရ၏။
24 et in tribu Beniamin erat dux Abidan filius Gedeonis.
၂၄ဗင်္ယာမိန်တပ်ကို ဂိဒေါနိသား အဘိဒန်အုပ် ရ၏။
25 Novissimi castrorum omnium profecti sunt filii Dan per turmas suas, in quorum exercitu princeps fuit Ahiezer filius Ammisaddai.
၂၅နောက်ဆုံးတပ်တည်းဟူသော ဒန်တပ်အစဉ် အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသား အဟေဇာအုပ်ရ၏။
26 In tribu autem filiorum Aser erat princeps Phegiel filius Ochran.
၂၆အာရှာတပ်ကို ဩကရန်သားပါဂျေလအုပ် ရ၏။
27 Et in tribu filiorum Nephthali princeps fuit Ahira filius Enan.
၂၇နဿလိတပ်ကိုဧနန်သားအဟိရအုပ်ရ၏။
28 Haec sunt castra, et profectiones filiorum Israel per turmas suas quando egrediebantur.
၂၈ထိုသို့ဣသရေလ အစဉ်အတိုင်း ချီ၍ ခရီးသွား ကြ၏။
29 Dixitque Moyses Hobab filio Raguel Madianitae, cognato suo: Proficiscimur ad locum, quem Dominus daturus est nobis: veni nobiscum, ut benefaciamus tibi: quia Dominus bona promisit Israeli.
၂၉မောရှေကလည်း၊ ထာဝရဘုရားသည် ဂတိ တော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့ သည် ယခုခရီးသွားကြ၏။ ငါတို့နှင် အတူလိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ဂတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊
30 Cui ille respondit: Non vadam tecum, sed revertar in terram meam, in qua natus sum.
၃၀ဟောဗပ်က ငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာ သို့ ပြန်သွားပါမည်ဟု မောရှေအား ဆို၏။
31 Et ille: Noli, inquit, nos relinquere: tu enim nosti in quibus locis per desertum castra ponere debeamus, et eris ductor noster.
၃၁မောရှေကလည်း၊ ငါတို့ကို စွန့်ပစ်၍ မသွားပါ နှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စားခန်းချရမည်။ သင်သည် ငါတို့မျက်စိဖြစ် ရပါ၏။
32 Cumque nobiscum veneris, quidquid optimum fuerit ex opibus, quas nobis traditurus est Dominus, dabimus tibi.
၃၂ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော် မူသော ကျေးဇူးတော်ကို ငါတို့သည် ခံရသည်အတိုင်း သင့်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။
33 Profecti sunt ergo de Monte Domini viam trium dierum, arcaque foederis Domini praecedebat eos, per dies tres providens castrorum locum.
၃၃ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသော ခရီးကို သွားကြ ၏။ ထိုသုံးရက်ကွာသော ခရီးကိုသွားကြစဉ်၊ ထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်း ချရာအရပ်ကို ရှာ၍ သူတို့ရှေ့ကသွားလေ၏။
34 Nubes quoque Domini super eos erat per diem cum incederent.
၃၄သူတို့သည် နေ့အချိန်၌ တပ်ချီ၍ သွားသော အခါ၊ ထာဝရဘုရား၏ မိုဃ်းတိမ်သည် သူတို့အပေါ်မှာ ရှိလေ၏။
35 Cumque elevaretur arca, dicebat Moyses: Surge Domine, et dissipentur inimici tui, et fugiant qui oderunt te, a facie tua.
၃၅သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရား ထတော်မူပါ။ ကိုယ်တော်၏ ရန်သူတို့ သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့ သည် ရှေ့တော်မှ ပြေးကြပါစေသောဟူ၍၎င်း၊
36 Cum autem deponeretur, aiebat: Revertere Domine, ad multitudinem exercitus Israel.
၃၆သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ၊ အမျိုးသားအထောင်၊ အသောင်းရှိရာသို့ ပြန်လာတော်မူ ပါဟူ၍၎င်း လျှောက်ဆိုလေ့ရှိ၏။

< Liber Numeri 10 >