< Nehemiæ 12 >

1 Hi sunt autem Sacerdotes et Levitae, qui ascenderunt cum Zorobabel filio Salathiel, et Iosue: Saraia, Ieremias, Esdras,
ရှာ​လ​သေ​လ​၏​သား​ဇေ​ရု​ဗ​ဗေ​လ၊ ယဇ်​ပု​ရော​ဟိတ်​မင်း​ယော​ရှု​တို့​နှင့်​အ​တူ​ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အနွယ်​ဝင်​များ​၏​စာ​ရင်း​ကို​ဖော်​ပြ​ပေ​အံ့။
2 Amaria, Melluch, Hattus,
ယဇ်​ပု​ရော​ဟိတ်​များ​စာ​ရင်း​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ စ​ရာ​ယ၊ယေ​ရ​မိ၊ဧ​ဇ​ရ၊ အာ​မ​ရိ၊မလ္လုတ်၊ဟတ္ထုတ်၊ ရှေ​ခ​နိ၊ရေ​ဟုံ၊မေ​ရ​မုတ်၊ ဣ​ဒေါ၊ဂိ​န္နေသုန်၊အ​ဘိ​ယ၊ မိ​ညာ​မိန်၊မာ​ဒျာ၊ဗိ​လ​ဂ၊ ရှေ​မာ​ယ၊ယော​ယ​ရိပ်၊ယေ​ဒါ​ယ၊ သလ္လု၊အာ​မောက်၊ဟိ​လ​ခိ၊ယေ​ဒါ​ယ။ ထို​သူ​တို့​သည်​ယော​ရှု​၏​လက်​ထက်​၌ မိ​မိ​တို့​၏​အ​ဖော်​ယဇ်​ပု​ရော​ဟိတ်​တို့​၏​ခေါင်း​ဆောင်​များ​ဖြစ်​ကြ​၏။
3 Sebenias, Rheum, Merimuth,
4 Addo, Genthom, Abia,
5 Miamin, Madia, Belga,
6 Semeia, et Ioiarib, Idaia, Sellum, Amoc, Helcias,
7 Idaia. Isti principes Sacerdotum, et fratres eorum in diebus Iosue.
8 Porro Levitae, Iesua, Bennui, Cedmihel, Sarebia, Iuda, Mathanias, super hymnos ipsi et fratres eorum:
လေ​ဝိ​အ​နွယ်​ဝင်​များ​စာ​ရင်း။ အောက်​ပါ​တို့​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​ဋ္ဌမ္မ​သီ​ချင်း​များ​သီ​ဆို​မှု​တွင်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​သူ​များ​ဖြစ်​ကြ​သည်။ ယော​ရှု၊ဗိ​နွိ၊ကပ်​မျေလ၊ ရှေ​ရ​ဘိ၊ယု​ဒ​နှင့်​မ​ဿ​နိ၊
9 et Becbecia atque Hanni, et fratres eorum unusquisque in officio suo.
အောက်​ပါ​တို့​သည်​တုန့်​ပြန်​သီ​ဆို​မှု​ကို​ပြု​ရ​သည့်​သီ​ချင်း​သည်​များ​ဖြစ်​ကြ​၏။ ဗာ​က​ဗု​ကိ၊ ဥ​နိ​နှင့်​အ​ဖော်​လေ​ဝိ​အ​နွယ်​ဝင်​များ။
10 Iosue autem genuit Ioachim, et Ioachim genuit Eliasib, et Eliasib genuit Ioiada,
၁၀ယော​ရှု​၏​သား​သည်​ယော​ယ​ကိမ်၊ ယော​ယ​ကိမ်​၏​သား​မှာ​ဧ​လျာ​ရှိပ်၊ ဧ​လျာ​ရှိပ်​၏​သား​ကား​ယော​ယ​ဒ​ဖြစ်​၏။
11 et Ioiada genuit Ionathan, et Ionathan genuit Ieddoa.
၁၁ယော​ယ​ဒ​၏​သား​သည်​ယော​န​သန်၊ ယော​န​သန်​၏​သား​မှာ​ယာ​ဒွါ​ဖြစ်​၏။
12 In diebus autem Ioachim erant Sacerdotes et principes familiarum: Saraiae, Maraia: Ieremiae, Hanania:
၁၂ယဇ်​ပု​ရော​ဟိတ်​မင်း ယော​ယ​ကိမ်​လက်​ထက်​၌​အောက်​ပါ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​တို့​၏​ဦး​စီး​ခေါင်း​ဆောင်​များ​အ​ဖြစ်​ဆောင်​ရွက်​ရ​ကြ​၏။ သား​ချင်း​စု ဦး​စီး​ခေါင်း​ဆောင် စ​ရာ​ယ မေ​ရာ​ယ ယေ​ရ​မိ ဟာ​န​နိ ဧ​ဇ​ရ မေ​ရှု​လံ အာ​မ​ရိ ယော​ဟ​နန် မလ္လုတ် ယော​န​သန် ရှေ​ခ​နိ ယော​သပ် ဟာ​ရိ​မ အာ​ဒ​န မေ​ရာ​ယုတ် ဟေ​လ​ကဲ ဣ​ဒေါ ဇာ​ခ​ရိ ဂိန္နေ​သုန် မေ​ရှု​လံ အ​ဘိ​ယ ဇိ​ခ​ရိ မိ​ညာ​မိန် ဟေ​ဗြဲ​စာ​မူ​တွင်​နာ​မည်​မ​ပါ​လာ မာ​ဒျာ ပိ​လ​တဲ ဗိ​လ​ဂ ရှ​မွာ ရှေ​မာ​ယ ယေ​ဟော​န​သန် ယော​ယ​ရိပ် မတ္တေနဲ ယေ​ဒါ​ယ သြ​ဇိ သလ္လု ကာ​လဲ အာ​မောက် ဧ​ဗာ ဟိ​လ​ခိ ဟာ​ရှ​ဘိ ယေ​ဒါ​ယ နာ​သ​နေ​လ
13 Esdrae, Mosollam: Amariae, Iohanan:
၁၃
14 Milicho, Ionathan, Sebeniae, Ioseph:
၁၄
15 Haram, Edna: Maraioth, Helci:
၁၅
16 Adaiae, Zacharia, Genthon, Mosollam:
၁၆
17 Abiae, Zechri, Miamin et Moadiae, Phelti:
၁၇
18 Belgae, Sammua: Semaiae, Ionathan,
၁၈
19 Ioiarib, Mathanai: Iodaiae, Azzi:
၁၉
20 Sellai, Celai: Amoc, Heber:
၂၀
21 Helciae, Hasebia: Idaiae, Nathanael.
၂၁
22 Levitae in diebus Eliasib, et Ioiada, et Iohanan, et Ieddoa scripti principes familiarum, et Sacerdotes in regno Darii Persae.
၂၂ယဇ်​ပု​ရော​ဟိတ်​မင်း​များ​ဖြစ်​ကြ​သော​ဧ​လျာ​ရှိပ်၊ ယော​ယ​ဒ၊ ယော​ဟ​နန်​နှင့်​ယာ​ဒွါ​တို့​၏​လက်​ထက်​တွင်​လေ​ဝိ​အိမ်​ထောင်​စု​နှင့်​ယဇ်​ပု​ရော​ဟိတ်​အိမ်​ထောင်​စု​ဦး​စီး​ခေါင်း​ဆောင်​များ​၏​မှတ်​တမ်း​ကို​ထား​ရှိ​ခဲ့​၏။ ဤ​မှတ်​တမ်း​ကို​ပေ​ရ​သိ​ဧ​က​ရာဇ်​ဒါ​ရိ​လက်​ထက်​၌​ပြု​စု​ပြီး​စီး​လေ​သည်။
23 Filii Levi principes familiarum, scripti in Libro verborum dierum, et usque ad dies Ionathan, filii Eliasib.
၂၃သို့​ရာ​တွင်​လေဝိ​အိမ်​ထောင်​ဦး​စီး​များ​စာ​ရင်း​ကို​ဧ​လျာ​ရှိပ်​၏​မြေး​ယော​ဟ​နန်​၏​လက်​ထက်​တိုင်​အောင်​သာ​လျှင်​တ​ရား​ဝင်​မှတ်​တမ်း​များ​တွင်​တွေ့​ရှိ​ရ​၏။
24 Et principes Levitarum, Hasebia, Serebia, et Iosue filius Cedmihel: et fratres eorum per vices suas, ut laudarent et confiterentur iuxta praeceptum David viri Dei, et observarent aeque per ordinem.
၂၄ဟာ​ရှ​ဘိ၊ ရှေ​ရ​ဘိ၊ ယော​ရှု၊ ဗိနွိ နှင့်​ကပ်​မျေ​လ​တို့​၏​ညွှန်​ကြား​အုပ်​ချုပ်​မှု​ကို​ခံ​ယူ​ကာ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​အ​စု​များ​ခွဲ​၍​တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​ပေး​အပ်​သည့်​ညွှန်​ကြား​ချက်​များ​နှင့်​အ​ညီ တစ်​ကြိမ်​လျှင်​နှစ်​စု​ကျ​အ​တုန့်​အ​ပြန်​ဘု​ရား​သ​ခင်​အား​ထော​မ​နာ​ပြု​လျက်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရ​ကြ​လေ​သည်။
25 Mathania, et Becbecia, Obedia, Mosollam, Telmon, Accub custodes portarum et vestibulorum ante portas.
၂၅ဗိ​မာန်​တော်​အဝင်​တံ​ခါး​အ​နီး​ရှိ​ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​တာ​ဝန်​ယူ​စောင့်​ထိန်း​ရ​သော​ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ​မှာ​မ​ဿ​နိ၊ ဗာ​က​ဗု​ကိ၊ သြ​ဗ​ဒိ၊ မေ​ရှု​လံ၊ တာ​လ​မုန်​နှင့်​အက္ကုပ်​တို့​ဖြစ်​ကြ​၏။
26 Hi in diebus Ioachim filii Iosue, filii Iosedec, et in diebus Nehemiae ducis, et Esdrae sacerdotis scribaeque.
၂၆ဤ​သူ​အ​ပေါင်း​တို့​သည်​ယော​ဇ​ဒက်​၏​မြေး၊ ယော​ရှု​၏​သား​ယော​ယ​ကိန်၊ ဘု​ရင်​ခံ​နေ​ဟ​မိ၊ ပ​ညတ်​ကျမ်း​တတ်​မြောက်​သူ​ယဇ်​ပု​ရော​ဟိတ်​ဧ​ဇ​ရ​တို့​၏​လက်​ထက်​၌​နေ​ထိုင်​ကြ​သူ​များ​ဖြစ်​ပေ​သည်။
27 In dedicatione autem muri Ierusalem requisierunt Levitas de omnibus locis suis ut adducerent eos in Ierusalem, et facerent dedicationem et laetitiam in actione gratiarum, et cantico, et in cymbalis, psalteriis, et citharis.
၂၇ယေ​ရု​ရှ​လင်​မြို့​ရိုး​ကို​အ​နု​မော​ဒ​နာ​ပြု​သော​အ​ခါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် အား​ရ​ရွှင်​လန်း​စွာ​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​သီ​ချင်း​များ​ကို​သီ​ဆို​လျက် လင်း​ကွင်း​နှင့်​စောင်း​များ​ကို​တီး​လျက်​ပါ​ဝင်​ဆင်​နွှဲ​ကြ​စေ​ရန် သူ​တို့​အား​ရောက်​ရှိ​နေ​ထိုင်​လျက်​ရှိ​သည့်​အ​ရပ်​များ​မှ​ခေါ်​ယူ​ခဲ့​ကြ​၏။
28 Congregati sunt autem filii cantorum de campestribus circa Ierusalem, et de villis Nethuphathi,
၂၈ဋ္ဌမ္မ​သီ​ချင်း​ကို​ဆို​သော​လေ​ဝိ​အိမ်​ထောင်​စု​များ​သည်၊ မိ​မိ​တို့​အ​တည်​တ​ကျ​နေ​ထိုင်​ရာ​ယေ​ရု​ရှ​လင်​မြို့​ပတ်​ဝန်း​ကျင်​ဒေ​သ​နေ​တော​ဖာ​ပတ်​ဝန်း​ကျင်​ရှိ​မြို့​များ၊-
29 et de domo Galgal, et de regionibus Geba et Azmaveth: quoniam villas aedificaverunt sibi cantores in circuitu Ierusalem.
၂၉ဂိ​လ​ဂါ​လ၊ ဂေ​ဗ​နှင့်​အာ​ဇ​မာ​ဝက်​ကျေး​လက်​များ​မှ​လာ​ရောက်​ကြ​လေ​သည်။-
30 Et mundati sunt Sacerdotes et Levitae, et mundaverunt populum, et portas, et murum.
၃၀ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​ကိုယ်​တိုင်​အ​တွက်​လည်း​ကောင်း၊ ပြည်​သူ​များ၊ မြို့​တံ​ခါး​များ၊ မြို့​ရိုး​အ​တွက်​လည်း​ကောင်း​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​မှု​ကို​ပြု​ကြ​၏။
31 Ascendere autem feci principes Iuda super murum, et statui duos magnos choros laudantium. Et ierunt ad dexteram super murum ad portam sterquilinii.
၃၁ငါ​သည်​ယု​ဒ​ခေါင်း​ဆောင်​များ​အား​မြို့​ရိုး​ပေါ်​တွင်​စု​ရုံး​စေ​ပြီး​လျှင် မြို့​ကို​လှည့်​လည်​၍​ကျေး​ဇူး​တော်​ကို​သီ​ဆို​ချီး​မွမ်း​ရန်​လူ​စု​ကြီး​နှစ်​စု​ကို​ကြီး​ကြပ်​စေ​၏။ ပ​ထ​မ​တစ်​စု​သည်​အ​မှိုက်​ပုံ​တံ​ခါး​သို့​ဦး​တည်​လျက်​မြို့​ရိုး​ပေါ်​တွင်​လက်​ယာ​ရစ်​လှည့်​ကြ​၏။-
32 Et ivit post eos Osaias, et media pars principum Iuda,
၃၂သီ​ချင်း​သည်​များ​၏​နောက်​မှ​ဟော​ရှ​ယ​လိုက်​၏။ သူ​၏​နောက်​တွင်​ယု​ဒ​ခေါင်း​ဆောင်​တစ်​ဝက်​လိုက်​ကြ​၏။-
33 et Azarias, Esdras, et Mosollam,
၃၃ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သော​အာ​ဇ​ရိ၊ ဧ​ဇ​ရ၊မေ​ရှု​လံ၊-
34 Iudas, et Beniamin, et Semeia, et Ieremias.
၃၄ယု​ဒ၊ ဗင်္ယာ​မိန်၊ ရှေ​မာ​ယ​နှင့်​ယေ​ရ​မိ​တို့​နှင့်၊-
35 Et de filiis sacerdotum in tubis, Zacharias filius Ionathan, filius Semeiae, filius Mathaniae, filius Michaiae, filius Zechur, filius Asaph,
၃၅ယဇ်​ပု​ရော​ဟိတ်​အ​ချို့​က တံ​ပိုး​ခ​ရာ​များ​မှုတ်​၍​လိုက်​ကြ​၏။ ထို​နောက်​ရှေ​မာ​ယ​၏​မြေး၊ ယော​န​သန်​၏​သား​ဇာ​ခ​ရိ​လိုက်​လေ​သည်။ (သူ​၏​ဘိုး​ဘေး​များ​တွင်​အာ​သပ်​သား​ချင်း​စု​ဝင်​ဖြစ်​ကြ​သော​မ​ဿ​နိ၊ မိက္ခာ​ယ​နှင့်​ဇက္ကု​ရ​တို့​လည်း​ပါ​ဝင်​လေ​သည်။-)
36 et fratres eius Semeia, et Azareel, Malalai, Galalai, Maai, Nathanael, et Iudas, et Hanani, in vasis cantici David viri Dei: et Esdras scriba ante eos in porta Fontis.
၃၆သူ​၏​နောက်​၌​သူ့​သား​ချင်း​စု​ဝင်​များ​ဖြစ်​ကြ​သော​ရှေ​မာ​ယ၊ အာ​ဇ​ရေ​လ၊ မိ​လ​လဲ၊ ဂိ​လ​လဲ၊ မာ​ဣ၊ နာ​သ​နေ​လ၊ ယု​ဒ​နှင့်​ဟာ​န​နိ​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ဒါ​ဝိဒ်​မင်း​တီး​မှုတ်​သည့်​တူ​ရိ​ယာ​မျိုး​တို့​ကို​ကိုင်​ဆောင်​လျက်​လိုက်​ကြ​၏။ ကျမ်း​တတ်​မြောက်​သူ​ဧ​ဇ​ရ​က​ဤ​လူ​စု​တို့​လှည့်​လည်​ရာ​တွင်​ဦး​စီး​ခေါင်း​ဆောင်​ပြု​လေ​သည်။-
37 Et contra eos ascenderunt in gradibus civitatis David in ascensu muri super domum David, et usque ad portam Aquarum ad Orientem.
၃၇စမ်း​ရေ​တွင်း​တံ​ခါး​သို့​ရောက်​သော​အ​ခါ​သူ​တို့​သည် ဒါ​ဝိဒ်​မြို့​သို့​သွား​ရာ​လှေ​ကား​ထစ်​များ​ကို​တက်​၍ ဒါ​ဝိဒ်​နန်း​တော်​ကို​ဖြတ်​ကျော်​ကာ​မြို့​အ​ရှေ့​ဘက်၊ ရေ​တံ​ခါး​အ​နီး​ရှိ​မြို့​ရိုး​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​၏။
38 Et chorus secundus gratias referentium ibat ex adverso, et ego post eum, et media pars populi super murum et super turrim furnorum, et usque ad murum latissimum,
၃၈ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​အ​ခြား​လူ​စု​သည်​မြို့​ရိုး​ပေါ်​တွင်​လက်​ဝဲ​ရစ်​လှည့်​၏။ ငါ​သည်​ကျန်​ပ​ရိ​သတ်​တစ်​ဝက်​နှင့်​အ​တူ​သူ​တို့​၏​နောက်​မှ​လိုက်​ကြ​၏။ ငါ​တို့​သည်​မုန့်​ဖို​ပြ​အိုး​ကို​ဖြတ်​၍​မြို့​ရိုး​ကျယ်​အ​ထိ​လျှောက်​သွား​ကြ​ပြီး​လျှင်၊-
39 et super portam Ephraim, et super portam antiquam, et super portam piscium et turrim Hananeel, et turrim Emath, et usque ad portam gregis: et steterunt in porta custodiae,
၃၉ဧ​ဖ​ရိမ်​တံ​ခါး၊ မြို့​ဟောင်း​တံ​ခါး၊ ငါး​တံ​ခါး၊ ဟာ​န​နေ​လ​ပြ​အိုး​နှင့်​ရာပြည့်​ပြ​အိုး​တို့​ကို​ဖြတ်​၍ သိုး​တံ​ခါး​သို့​သွား​ပြီး​နောက်​ဗိ​မာန်​တော်​အ​နီး​ရှိ​တံ​ခါး​တွင်​ရပ်​နေ​ကြ​၏။
40 steteruntque duo chori laudantium in domo Dei, et ego, et dimidia pars magistratuum mecum.
၄၀သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သည့်​လူ​စု​နှစ်​စု​စ​လုံး​ပင်​ဗိ​မာန်​တော်​နယ်​မြေ​သို့​ရောက်​ရှိ​လာ​ကြ​လေ​သည်။ ငါ​နှင့်​အ​တူ​လိုက်​ပါ​လာ​သည့်​ခေါင်း​ဆောင်​များ​အ​ပြင်၊-
41 Et Sacerdotes, Eliachim, Maasia, Miamin, Michea, Elioenai, Zacharia, Hanania in tubis,
၄၁ငါ​၏​လူ​စု​တွင်​တံ​ပိုး​ခ​ရာ​မှုတ်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​ဖြစ်​ကြ​သည့်​ဧ​လျာ​ကိမ်၊ မာ​သေ​ယ၊ မိ​ညာ​မိန်၊ မိက္ခာ​ယ၊ ဧ​လိ​သြ​နဲ၊ ဇာ​ခ​ရိ​နှင့်​ဟာ​န​နိ​တို့​ပါ​ဝင်​ကြ​၏။-
42 et Maasia, et Semeia, et Eleazar, et Azzi, et Iohanan, et Melchia, et Aelam, et Ezer. Et clare cecinerunt cantores, et Iezraia praepositus:
၄၂သူ​တို့​၏​နောက်​မှ​မာ​သေ​ယ၊ ရှေ​မာ​ယ၊ ဧ​လာ​ဇာ၊ သြ​ဇိ ၊ ယော​ဟ​နန်၊ မာ​လ​ခိ​ယ၊ ဧ​လံ​နှင့်​ဧ​ဇာ​တို့​က​လိုက်​ကြ​၏။ ယေ​ဇ​ရာ​ဟိ​ခေါင်း​ဆောင်​သော​သီ​ချင်း​သည်​များ​သည်​အ​သံ​ကုန်​ဟစ်​၍​သီ​ဆို​ကြ​၏။
43 et immolaverunt in die illa victimas magnas, et laetati sunt: Deus enim laetificaverat eos laetitia magna: sed et uxores eorum et liberi gavisi sunt, et audita est laetitia Ierusalem procul.
၄၃ထို​နေ့​၌​ယဇ်​အ​မြောက်​အ​မြား​ကို​ပူ​ဇော်​ကြ​၏။ ဝမ်း​မြောက်​ရွှင်​လန်း​ခွင့်​ကို​ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ကြောင့်​လူ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။ သူ​တို့​နှင့်​အ​တူ​အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​သည်​လည်း​ပါ​ဝင်​ဆင်​နွှဲ​ကြ​သည်​ဖြစ်​၍ သူ​တို့​၏​ရွှင်​လန်း​ဝမ်း​မြောက်​သံ​ကို​အ​ဝေး​က​ပင်​ကြား​နိုင်​လေ​သည်။
44 Recensuerunt quoque in die illa viros super gazophylacia thesauri ad libamina, et ad primitias, et ad decimas, ut introferrent per eos principes civitatis in decore gratiarum actionis, Sacerdotes et Levitas: quia laetificatus est Iuda in Sacerdotibus et Levitis astantibus.
၄၄ထို​ကာ​လ​၌​နှစ်​စဉ်​အ​သီး​အ​နှံ​ဦး​များ​နှင့်​အ​ဦး​မှည့်​သည့်​သစ်​သီး​များ​၏​ဆယ်​ဖို့​တစ်​ဖို့​နှင့်​အ​ခြား​အ​လှူ​များ​ထား​ရှိ​ရာ​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက်​တာ​ဝန်​ခံ​ပစ္စည်း​ထိန်း​တို့​ကို​ခန့်​ထား​ကြ​၏။ ဤ​သူ​တို့​သည်​ပ​ညတ်​ကျမ်း​တွင်​ပြ​ဋ္ဌာန်း​ထား​သည့်​အ​တိုင်း ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​တွက်​အ​လှူ​များ​ကို​မြို့​ရွာ​များ​အ​နီး​ရှိ​လယ်​ယာ​အ​သီး​သီး​မှ​ကောက်​ခံ​ရန်​တာ​ဝန်​ယူ​ကြ​ရ​လေ​သည်။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည် သန့်​စင်​မှု​မင်္ဂ​လာ​နှင့်​အ​ခြား​ဘု​ရား​သ​ခင်​မိန့်​မှာ​တော်​မူ​သည့်​အ​ခြား​ဘာ​သာ​ရေး​ဝတ်​များ​ကို​လည်း​ပြု​ကြ​သည်​ဖြစ်​၍ ယု​ဒ​ပြည်​သူ​များ​သည်​အား​ရ​ဝမ်း​မြောက်​ကြ​၏။ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​များ​က​လည်း ဒါ​ဝိဒ်​မင်း​နှင့်​သား​တော်​ရှော​လ​မုန်​စီ​ရင်​တော်​မူ​ခဲ့​သည့်​အ​တိုင်း မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား​များ​ကို​ထမ်း​ဆောင်​ကြ​လေ​သည်။
45 Et custodierunt observationem Dei sui, et observationem expiationis, et cantores, et ianitores iuxta praeceptum David, et Salomonis filii eius,
၄၅
46 quia in diebus David et Asaph ab exordio erant principes constituti cantorum in carmine laudantium, et confitentium Deo.
၄၆ရှေး​ကာ​လ​ဒါ​ဝိဒ်​မင်း​နှင့်​ဂီ​တ​ပ​ညာ​သည်​အာ​သပ်​၏​လက်​ထက်​မှ​အ​စ​ပြု​၍ ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​နှင့်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ​သီ​ချင်း​များ​ကို​ဂီတ​ပ​ညာ​သည်​များ​က​ဦး​ဆောင်​သီ​ဆို​ခဲ့​ကြ​သည်။-
47 Et omnis Israel, in diebus Zorobabel, et in diebus Nehemiae dabant partes cantoribus et ianitoribus per dies singulos, et sanctificabant Levitas, et Levitae sanctificabant filios Aaron.
၄၇ဇေ​ရု​ဗ​ဗေ​လ​၏​လက်​ထက်​နှင့်​နေ​ဟ​မိ​၏​လက်​ထက်​၌​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ​နှင့်​အ​စောင့်​တပ်​သား​တို့​အ​တွက် ရိက္ခာ​များ​ကို​နေ့​စဉ်​နေ့​တိုင်း​ထောက်​ပံ့​လှူ​ဒါန်း​ကြ​လေ​သည်။ ပြည်​သူ​တို့​သည်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​သန့်​ရှင်း​သည့်​အ​ရာ​တို့​ကို​လှူ​ဒါန်း​ကြ​၏။ လေ​ဝိ​အ​နွယ်​ဝင်​များ​က​လည်း ယဇ်​ပု​ရော​ဟိတ်​တို့​အား​သင့်​ရာ​အ​ချိုး​ကို​တစ်​ဆင့်​လှူ​ဒါန်း​ကြ​၏။

< Nehemiæ 12 >