< Mattheum 9 >
1 Et ascendens Iesus in naviculam, transfretavit, et venit in civitatem suam.
၁ထိုအခါ ကိုယ်တော်သည် လှေ စီး ၍ ကူး ပြန်သဖြင့်၊ မိမိ မြို့ သို့ ရောက် တော်မူ၏။
2 Et ecce offerebant ei paralyticum iacentem in lecto. Et videns autem Iesus fidem illorum, dixit paralytico: Confide fili, remittuntur tibi peccata tua.
၂လက်ခြေသေ ၍ အိပ်ရာ ပေါ်မှာ တုံးလုံး နေသော သူတစ်ယောက်ကို အထံ တော်သို့ဆောင်ခဲ့ ကြ၏။ ယေရှု သည်ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် လက်ခြေသေ သောသူ အား၊ ငါ့သား မ စိုးရိမ်နှင့်။ သင် ၏အပြစ် ကို လွတ် စေပြီ ဟုမိန့် တော်မူ၏။
3 Et ecce quidam de Scribis dixerunt intra se: Hic blasphemat.
၃ကျမ်းပြု ဆရာအချို့ တို့က၊ ဤသူ သည်ဘုရားကိုလွန်ကျူး ၍ ပြောသည်ဟု ထင် ကြ၏။
4 Et cum vidisset Iesus cogitationes eorum, dixit: Ut quid cogitatis mala in cordibus vestris?
၄ယေရှု သည် ထိုသူ တို့၏စိတ် ကို သိမြင် တော်မူလျှင် ၊ သင်တို့သည် အဘယ်ကြောင့် ငြူစူ သောစိတ် ရှိ ကြသနည်း။
5 Quid est facilius dicere: Dimittuntur tibi peccata tua: an dicere: Surge, et ambula?
၅အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကို လွတ် စေပြီဟု ပြောလွယ်သလော။ သင်ထ ၍ လှမ်းသွား လော့ဟု ပြော လွယ်သလော။
6 Ut autem sciatis, quia filius hominis habet potestatem in terra dimittendi peccata, tunc ait paralytico: Surge, tolle lectum tuum, et vade in domum tuam.
၆လူ သား သည် မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။ ကိုယ် အိပ်ရာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့ ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။
7 Et surrexit, et abiit in domum suam.
၇ထိုသူသည်လည်း ထ ၍ မိမိ အိမ် သို့ သွား လေ၏။
8 Videntes autem turbae timuerunt, et glorificaverunt Deum, qui dedit potestatem talem hominibus.
၈လူ အစုအဝေးတို့သည်မြင် လျှင် အံ့ဩ ခြင်းရှိ၍ ၊ လူ တို့အား ဤသို့သော အခွင့် ကို အပ်ပေး တော်မူသော ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
9 Et, cum transiret inde Iesus, vidit hominem sedentem in telonio, Matthaeum nomine. Et ait illi: Sequere me. Et surgens, secutus est eum.
၉ယေရှု သည် ထို အရပ်မှကြွ တော်မူလျှင် ၊ မသ္သဲ အမည် ရှိသောသူတစ်ယောက်သည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကို မြင် သော်၊ ငါ့ နောက် သို့လိုက်လော့ဟု မိန့် တော်မူ၏။ ထိုသူသည်လည်း ထ ၍ နောက် တော်သို့ လိုက်လေ၏။
10 Et factum est discumbente eo in domo, ecce multi publicani, et peccatores venientes discumbebant cum Iesu, et discipulis eius.
၁၀ထိုနောက်မှ အိမ် တွင် စားပွဲ ၌ လျောင်းတော်မူစဉ် ၊ အခွန်ခံ သောသူများ နှင့် ဆိုး သောသူများတို့သည် လာ ၍ ကိုယ်တော် မှစသော တပည့် တော်တို့နှင့်တကွ စားပွဲ၌လျောင်း ကြ၏။
11 Et videntes Pharisaei, dicebant discipulis eius: Quare cum publicanis, et peccatoribus manducat Magister vester?
၁၁ဖာရိရှဲ တို့သည် မြင် လျှင် တပည့် တော်တို့အား၊ သင် တို့ဆရာ သည် အခွန်ခံ သောသူ၊ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သနည်းဟုဆို ကြ၏။
12 At Iesus audiens, ait: Non est opus valentibus medicus, sed male habentibus.
၁၂ယေရှုသည် ကြား တော်မူလျှင် ၊ ကျန်းမာ သောသူ တို့သည် ဆေးသမား ကို အလို မ ရှိ ကြ။ နာ သောသူ တို့ သာလျှင် အလိုရှိ ကြ၏။
13 Euntes autem discite quid est: Misericordiam volo, et non sacrificium. Non enim veni vocare iustos, sed peccatores.
၁၃ယဇ် ပူဇော်ခြင်းအကျင့်ထက် သနား ခြင်းကရုဏာအကျင့်ကို ငါနှစ်သက် ၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှာသင်တို့သွား ၍ သင် ကြလော့။ ဖြောင့်မတ် သောသူတို့ကို နောင်တသို့ ခေါ် ခြင်းငှာ၊ ငါလာ သည် မ ဟုတ်။ ဆိုး သောသူတို့ကို ခေါ်ခြင်းငှာ၊ ငါလာသတည်းဟု မိန့် တော်မူ၏။
14 Tunc accesserunt ad eum discipuli Ioannis, dicentes: Quare nos, et Pharisaei ieiunamus frequenter: discipuli autem tui non ieiunant?
၁၄ထိုအခါ ယောဟန် ၏ တပည့် တို့သည် အထံ တော်သို့ ချဉ်းကပ် ၍၊ အကျွန်ုပ် တို့နှင့် ဖာရိရှဲ တို့သည် အဖန်တလဲလဲ အစာရှောင် ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် အစာ မ ရှောင်ဘဲ နေကြပါသနည်းဟု လျှောက် ကြ၏။
15 Et ait illis Iesus: Numquid possunt filii sponsi lugere, quamdiu cum illis est sponsus? Venient autem dies cum auferetur ab eis sponsus: et tunc ieiunabunt.
၁၅ယေရှု က လည်း မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိ စဉ်အခါသူတို့သည် စိတ်မသာ ညည်းတွားတတ် ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့် ခွာ ၍ ယူသွား သော အချိန် ကာလရောက် လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင် ကြလိမ့်မည်။
16 Nemo autem immittit commissuram panni rudis in vestimentum vetus: tollit enim plenitudinem eius a vestimento: et peior scissura fit.
၁၆အဝတ် ဟောင်း ကို အထည် သစ် နှင့်ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် ဖာ သောအထည်သည် အဝတ် ဟောင်းကို စား ၍ အပေါက် ကျယ်တတ်၏။
17 Neque mittunt vinum novum in utres veteres. alioquin rumpuntur utres, et vinum effunditur, et utres pereunt. Sed vinum novum in utres novos mittunt: et ambo conservantur.
၁၇၎င်းနည်းဟောင်း သော သားရေဘူး ၌ အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ ထည့်လျှင် ၊ သားရေဘူး သည် စုတ်ကွဲ သဖြင့် ၊ စပျစ်ရည် သည် ယို ၍ သားရေဘူး လည်း ပျက်စီး တတ်၏။ အသစ် သော စပျစ်ရည် ကို အသစ် သောသားရေဘူး ၌ ထည့် လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ် ပါးစလုံးမ ပျက်စီး ဟု မိန့် တော်မူ၏။
18 Haec illo loquente ad eos, ecce princeps unus accessit, et adorabat eum, dicens: Domine, filia mea modo defuncta est: sed veni, impone manum tuam super eam, et vivet.
၁၈ထို စကားကို မိန့် တော်မူစဉ် အရာရှိ တစ် ယောက်သည် လာ ၍ ပြပ်ဝပ် လျက်၊ အကျွန်ုပ် ၏ သမီး သည် ယခုပင် သေ ဆဲရှိပါ၏။ သို့သော်လည်း ၊ ကိုယ်တော်သည်ကြွ ၍ သူ့ အပေါ် ၌လက် ကိုတင် တော်မူလျှင် အသက် ရှင်ပါလိမ့်မည်ဟု လျှောက် ၏။
19 Et surgens Iesus, sequebatur eum, et discipuli eius.
၁၉ယေရှု သည် ထ ၍ တပည့် တော်နှင့်အတူထိုသူ နောက် သို့လိုက်တော်မူ၏။
20 Et ecce mulier, quae sanguinis fluxum patiebatur duodecim annis, accessit retro, et tetigit fimbriam vestimenti eius.
၂၀ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန်အနာစွဲသောမိန်းမ တစ်ယောက်က၊
21 Dicebat enim intra se: Si tetigero tantum vestimentum eius: salva ero.
၂၁ငါသည် အဝတ် တော်ကိုသာ တို့ လျှင် ချမ်းသာ ရမည်ဟု စိတ်ထင် နှင့် နောက် တော်သို့ချဉ်းကပ် ၍ အဝတ် တော်၏ ပန်းပွား ကို တို့ လေ၏။
22 At Iesus conversus, et videns eam, dixit: Confide filia, fides tua te salvam fecit. Et salva facta est mulier ex illa hora.
၂၂ယေရှု သည် လှည့် ၍ ထိုမိန်းမ ကိုမြင် တော်မူလျှင် ၊ ငါ့သမီး ၊ မ စိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ ဟုမိန့် တော်မူ၏။ ထို ခဏ မှစ၍ ထိုမိန်းမ သည်အနာပျောက်ကင်း လေ၏။
23 Et cum venisset Iesus in domum principis, et vidisset tibicines et turbam tumultuantem, dicebat:
၂၃အရာရှိ အိမ် သို့ ရောက် တော်မူ၍ တီးမှုတ် သော သူတို့နှင့် များစွာ သောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင် လျှင် ၊
24 Recedite: non est enim mortua puella, sed dormit. Et deridebant eum.
၂၄ဖယ်ရှား ကြလော့။ မိန်းမငယ် သေ သည်မ ဟုတ်၊ အိပ်ပျော် သည် ဟု မိန့် တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြု ကြ၏။
25 Et cum eiecta esset turba, intravit: et tenuit manum eius, et dixit: Puella surge: Et surrexit puella.
၂၅ထိုလူ များကို ပြင် သို့ထွက်စေပြီးမှ အတွင်းသို့ဝင် ၍၊ မိန်းမငယ် ၏လက် ကို ကိုင် တော်မူသည်တွင် သူသည် ထ လေ၏။
26 Et exiit fama haec in universam terram illam.
၂၆ထို သိတင်း စကားသည် တစ်ပြည်လုံး ၌ နှံ့ပြား ကျော်စောလေ၏။
27 Et transeunte inde Iesu, secuti sunt eum duo caeci, clamantes, et dicentes: Miserere nostri, fili David.
၂၇ထို အရပ်မှ ယေရှု သည် ကြွ တော်မူစဉ်၊ မျက်စိကန်း သောသူနှစ် ယောက်တို့သည် နောက် တော်သို့ လိုက်၍ ဒါဝိဒ် ၏သား တော်၊ ကျွန်တော် တို့ကို သနား တော်မူပါဟု ဟစ်ကြော် ကြ၏။
28 Cum autem venisset domum, accesserunt ad eum caeci. Et dicit eis Iesus: Creditis quia hoc possum facere vobis? Dicunt ei: Utique, Domine.
၂၈အိမ် သို့ ဝင် တော်မူလျှင် ၊ မျက်စိ ကန်းသောသူ တို့သည် အထံ တော်သို့ ချဉ်းကပ် ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှု ကို ငါတတ်နိုင် သည်ကို ယုံ သလော ဟု မေး တော်မူလျှင် ၊ ယုံ ပါ၏သခင် ဟု လျှောက် ကြ၏။
29 Tunc tetigit oculos eorum, dicens: Secundum fidem vestram fiat vobis.
၂၉ထိုအခါ သူ တို့၏ မျက်စိ ကိုတို့ တော်မူ၍၊ သင် တို့ ယုံ ခြင်းရှိသည်အတိုင်း သင် တို့၌ဖြစ် စေ ဟု မိန့် တော်မူလျှင် ၊
30 Et aperti sunt oculi eorum: et comminatus est illis Iesus, dicens: Videte ne quis sciat.
၃၀သူ တို့သည် မျက်စိ ပွင့်လင်း လေ၏။ ယေရှု ကလည်း ၊ အဘယ်သူ မျှမသိ စေခြင်းငှာသတိပြု ကြလော့ ဟု မြစ်တား တော်မူ၏။
31 Illi autem exeuntes, diffamaverunt eum in tota terra illa.
၃၁သို့သော်လည်း ထိုသူ တို့သည် သွား ၍ သိတင်းတော်ကို တစ်ပြည်လုံး ၌ နှံ့ပြား ကျော်စောစေ၏။
32 Egressis autem illis, ecce obtulerunt ei hominem mutum, daemonium habentem.
၃၂ထိုသူ တို့သည် ထွက်သွား ကြသည်နောက် ၊ နတ်ဆိုးစွဲ သောသူ တစ်ယောက်ကို အထံ တော်သို့ ဆောင်ခဲ့ ကြ၏။
33 Et eiecto daemonio, locutus est mutus, et miratae sunt turbae, dicentes: Numquam apparuit sic in Israel.
၃၃နတ်ဆိုး ကို နှင်ထုတ် တော်မူပြီးမှ ထိုအ သောသူ သည်စကား ပြော၏။ လူ အစုအဝေးတို့သည်လည်း အံ့ဩ ၍၊ ဣသရေလ အမျိုး၌ ဤကဲ့သို့ မ မြင်ရစဖူးဟု ပြောဆို ကြ၏။
34 Pharisaei autem dicebant: In principe daemoniorum eiicit daemones.
၃၄ဖာရိရှဲ တို့ကလည်း ၊ နတ်ဆိုး အကြီး ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ပြောဆို ကြ၏။
35 Et circuibat Iesus omnes civitates, et castella, docens in synagogis eorum, et praedicans evangelium regni, et curans omnem languorem, et omnem infirmitatem.
၃၅ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကို ဟော လျက်၊ လူများခံရသောအနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ မြို့ ရွာ ရှိသမျှ တို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူ အစုအဝေးတို့ကို မြင် တော်မူလျှင် သနား ခြင်းစိတ်ရှိတော်မူ၏။
36 Videns autem turbas, misertus est eis: quia erant vexati, et iacentes sicut oves non habentes pastorem.
၃၆အကြောင်းမူကား ၊ ထိုသူတို့သည် ပင်ပန်း သည်ဖြစ်၍ထိန်း သူမ ရှိ ဘဲပစ် ထားသောသိုး ကဲ့သို့ ဖြစ် ကြ၏။
37 Tunc dicit discipulis suis: Messis quidem multa, operarii autem pauci.
၃၇ထိုအခါ ကိုယ်တော် က၊ စပါး ရိတ်စရာများစွာ ရှိ၏။ ရိတ် သောသူ တို့သည် နည်း ကြ၏။
38 Rogate ergo Dominum messis, ut mittat operarios in messem suam.
၃၈ထိုကြောင့် လုပ်ဆောင် သောသူတို့ကို စပါး ရိတ်စေခြင်းငှာ စေလွှတ် တော်မူမည်အကြောင်း ၊ စပါးရှင် ကို ဆုတောင်း ကြလော့ ဟု တပည့် တော်တို့အား မိန့် တော်မူ၏။