< Mattheum 2 >
1 Cum ergo natus esset Iesus in Bethlehem Iuda in diebus Herodis regis, ecce Magi ab oriente venerunt Ierosolymam,
၁ယုဒ ပြည်ဗက်လင် မြို့၌ ဟေရုဒ် မင်းကြီး လက်ထက် ၊ ယေရှု သည်ဘွားမြင် ခြင်းကိုခံတော်မူပြီးမှ ၊ မာဂု ပညာရှိတို့သည် အရှေ့ ပြည်က ယေရုရှလင် မြို့သို့ ရောက်လာ ကြလျှင်။
2 dicentes: Ubi est qui natus est rex Iudaeorum? vidimus enim stellam eius in oriente, et venimus adorare eum.
၂ယခု ဘွားမြင် သောယုဒ ရှင်ဘုရင် သည်၊ အဘယ်မှာ ရှိ တော်မူသနည်း။ အရှေ့ ပြည်၌ သူ ၏ကြယ် ကိုငါတို့မြင် ရသည်ဖြစ်၍ ဖူးတွေ့ ပူဇော်ခြင်းငှာရောက်လာ ပြီဟု မေးမြန်းပြောဆို ကြ၏။
3 Audiens autem Herodes rex, turbatus est, et omnis Ierosolyma cum illo.
၃ထိုစကားကိုကြား လျှင် ဟေရုဒ် မင်းကြီး သည် ယေရုရှလင် မြို့သူမြို့သားအပေါင်း တို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့် ၊
4 Et congregans omnes principes sacerdotum, et Scribas populi, sciscitabatur ab eis ubi Christus nasceretur.
၄ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ တို့တွင် ကျမ်းပြု ဆရာရှိသမျှ တို့ကိုစုဝေး စေ၍ ခရစ်တော် ကို အဘယ် အရပ်မှာ ဘွားမြင် လိမ့်မည်နည်းဟု မေးမြန်း တော်မူ၏။
5 At illi dixerunt ei: In Bethlehem Iuda: Sic enim scriptum est per Prophetam:
၅ထိုဆရာ တို့ကလည်း ၊ ပရောဖက် တစ်ဦးရေး ထားသောအချက်ဟူမူကား ၊
6 Et tu Bethlehem terra Iuda, nequaquam minima es in principibus Iuda: ex te enim exiet dux, qui regat populum meum Israel.
၆အိုယုဒ ပြည် ဗက်လင် မြို့၊ အစိုးရ သောယုဒ မြို့တို့တွင် သင်သည် မြို့ငယ် မြို့ယုတ်မ ဟုတ် ။ အကြောင်းမူကား ၊ ငါ ၏လူစု ဣသရေလ အမျိုးကို အုပ်စိုး ရသောသခင် သည် သင် ၏အထဲ မှာပေါ်ထွန်း လတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့်ယုဒ ပြည်ဗက်လင် မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီး အား ပြန်ကြား လျှောက်ထားကြ၏။
7 Tunc Herodes clam vocatis Magis diligenter didicit ab eis tempus stellae, quae apparuit eis:
၇ထိုအခါ ဟေရုဒ် မင်းကြီးသည်၊ မာဂု ပညာရှိတို့ကို မထင်မရှား ခေါ် ၍ ကြယ် ပေါ်ထွန်း သောအချိန် ကာလကို စေ့စေ့ မေးမြန်းပြီးမှ၊
8 et mittens illos in Bethlehem, dixit: Ite, et interrogate diligenter de puero: et cum inveneritis, renunciate mihi, ut et ego veniens adorem eum.
၈သင်တို့သွား ၍ ထို သူငယ် ကိုကြိုးစား ရှာ ကြပါ။ တွေ့ လျှင် ငါ့ ထံသို့ပြန်လာ ၍ ငါ လည်း ထိုသူငယ် ကို ဖူးတွေ့ ပူဇော်ရအောင် ကြားပြော ကြပါဟု မှာထား တော်မူလျက်၊ ဗက်လင် မြို့သို့ စေလွှတ် လေ၏။
9 Qui cum audissent regem, abierunt. et ecce stella, quam viderant in oriente, antecedebat eos, usquedum veniens staret supra, ubi erat puer.
၉ထိုသူ တို့သည် မင်းကြီး စကားကိုနာခံ ပြီးလျှင် ထွက်သွား ကြ၍ အရှေ့ ပြည်၌ မြင် ရသောကြယ် သည် သူ တို့ ရှေ့ ကသွားသဖြင့် သူငယ် တော်ရှိ ရာအရပ် အပေါ်သို့ ရောက် ၍ တည် လျက်နေ၏။
10 Videntes autem stellam gavisi sunt gaudio magno valde.
၁၀ထို ကြယ် ကို မြင် ပြန်သောအခါ အလွန် ဝမ်းမြောက် ဝမ်းသာ ခြင်းရှိ၍၊
11 Et intrantes domum, invenerunt puerum cum Maria matre eius, et procidentes adoraverunt eum: et apertis thesauris suis obtulerunt ei munera, aurum, tus, et myrrham.
၁၁အိမ် သို့ ဝင် လေသော်၊ မယ်တော် မာရိ နှင့်တကွ သူငယ် တော်ကိုတွေ့မြင် လျှင် ပြပ်ဝပ် ကိုးကွယ် ၍ ၊ မိမိ တို့ ဘဏ္ဍာ ဥစ္စာတို့ကိုဖွင့် ပြီးမှ လောဗန် နှင့် မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေ ကို၎င်း ဆက်ကပ် ပူဇော်ကြ၏။
12 Et responso accepto in somnis ne redirent ad Herodem, per aliam viam reversi sunt in regionem suam.
၁၂နောက်မှ ဟေရုဒ် မင်းကြီးထံသို့ မ ပြန် ရမည်အကြောင်းကို အိပ်မက် တွင် ဗျာဒိတ် တော်ကိုရ၍ မိမိ တို့ ပြည် သို့ အခြား သောလမ်း ဖြင့် ပြန်သွား ကြ၏။
13 Qui cum recessissent, ecce angelus Domini apparuit in somnis Ioseph, dicens: Surge, accipe puerum, et matrem eius, et fuge in Aegyptum, et esto ibi usque dum dicam tibi. Futurum est enim ut Herodes quaerat puerum ad perdendum eum.
၁၃ထိုသူ တို့သွား ကြသည်နောက် ၊ ယောသပ် သည် အိပ်မက် ကိုမြင် သည်မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည် ထင်ရှား ၍၊ သင်ထ လော့။ မယ်တော် နှင့် သူငယ် တော်ကိုဆောင်ယူ ပြီးလျှင် ၊ အဲဂုတ္တု ပြည်သို့ ပြေး ၍၊ တစ်ဖန်ငါပြောဆို သည်တိုင်အောင် ထို ပြည်၌ နေ လော့။ ဟေရုဒ် မင်းကြီးသည် သူငယ် တော်ကို သတ် အံ့သောငှာ ရှာ လိမ့်မည်ဟုဆို လေ၏။
14 Qui consurgens accepit puerum, et matrem eius nocte, et secessit in Aegyptum:
၁၄ထိုအခါ ယောသပ်သည် ထ ၍ မယ်တော် နှင့် သူငယ် တော်ကို ညဉ့် အချိန်၌ ဆောင်ယူ ပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက်သွား ၍ ၊
15 et erat ibi usque ad obitum Herodis: ut adimpleretur quod dictum est a Domino per Prophetam dicentem: Ex Aegypto vocavi filium meum.
၁၅ဟေရုဒ် မင်းကြီးအနိစ္စ ရောက်သည်တိုင်အောင် ထို ပြည်၌ နေ လေ၏။ ဤအကြောင်းအရာကား၊ ငါ့ သား ကို အဲဂုတ္တု ပြည်မှ ငါခေါ် ခဲ့ပြီဟု ထာဝရ ဘုရားသည် ပရောဖက် ဖြင့် ထား တော်မူသောဗျာဒိတ် တော် ပြည့်စုံ မည် အကြောင်းတည်း။
16 Tunc Herodes videns quoniam illusus esset a Magis, iratus est valde, et mittens occidit omnes pueros, qui erant in Bethlehem, et in omnibus finibus eius a bimatu et infra secundum tempus, quod exquisierat a Magis.
၁၆ထိုအခါ ဟေရုဒ် မင်းကြီးသည် မာဂု ပညာရှိတို့ လှည့်ဖြား သည် ကိုသိ လျှင်၊ ပြင်းစွာ အမျက်ထွက် ၍ လူ ကို စေလွှတ်သဖြင့်၊ မာဂု ပညာရှိတို့၌ စေ့စေ့မေးမြန်း ပြီးသောကြယ်၏အချိန် ကာလကို ထောက် ၍၊ ဗက်လင် မြို့မှစသော ကျေးလက် ရှိသမျှ တို့၌ နှစ် နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ် ယောက်ျားအပေါင်း တို့ကို သတ် စေ၏။
17 Tunc adimpletum est quod dictum est per Ieremiam prophetam dicentem:
၁၇ပရောဖက် ယေရမိ ဟော ဘူးသည်ကား၊
18 Vox in Rama audita est ploratus, et ululatus multus: Rachel plorans filios suos, et noluit consolari, quia non sunt.
၁၈ရာမ အရပ်၌ သည်းစွာ သောညည်းတွား ငိုကြွေး၊ မြည်တမ်း ခြင်းအသံ ကိုကြား ရ၍၊ ရာခေလ သည် မိမိ သား တို့ မ ရှိ သောကြောင့် ငို ၍ စိတ် မ ပြေနိုင် ဟူသောစကား သည် ထိုအခါ ၌အမှန် ကျသတည်း။
19 Defuncto autem Herode, ecce angelus Domini apparuit in somnis Ioseph in Aegypto,
၁၉ဟေရုဒ် မင်းကြီးအနိစ္စ ရောက်သည်နောက် ၊ ယောသပ် သည် အဲဂုတ္တု ပြည်၌ အိပ်မက် ကိုမြင် ပြန်သည် မှာ၊ ထာဝရ ဘုရား၏ကောင်းကင်တမန် သည်ထင်ရှား ၍၊
20 dicens: Surge, et accipe puerum, et matrem eius, et vade in terram Israel: defuncti sunt enim, qui quaerebant animam pueri.
၂၀သင်ထ လော့။ မယ်တော် နှင့် သူငယ် တော်ကိုဆောင်ယူ ပြီးလျှင် ဣသရေလ တိုင်း သို့ သွား လော့။ သူငယ် တော်ကိုသတ်အံ့သောငှာ ရှာ သောသူ တို့သည်သေ ကြပြီဟု ဆို လေ၏။
21 Qui consurgens, accepit puerum, et matrem eius, et venit in terram Israel.
၂၁ထိုအခါ ယောသပ်သည် ထ ၍ မယ်တော် နှင့် သူငယ် တော်ကို ဆောင်ယူ ပြီးလျှင် ဣသရေလ တိုင်း သို့ သွား၍ ရောက် သည်ရှိသော်၊
22 Audiens autem quod Archelaus regnaret in Iudaea pro Herode patre suo, timuit illo ire: et admonitus in somnis, secessit in partes Galilaeae.
၂၂ဟေရုဒ် မင်းကြီး၏အရာ၌ သားတော်အာခေလ သည် ယုဒ ပြည်တွင်မင်းပြု ကြောင်း ကို ကြား ရလျှင် ၊ ထို ပြည်သို့ မ သွား ဝံ့၍ အိပ်မက် ၌ ဗျာဒိတ် တော်ကိုရပြန်ပြီးမှ ဂါလိလဲ ပြည် သို့ သွား ၍၊
23 Et veniens habitavit in civitate quae vocatur Nazareth: ut adimpleretur quod dictum est per Prophetas: Quoniam Nazaraeus vocabitur.
၂၃ခရစ်တော်ကို နာဇရက် လူဟုခေါ်ဝေါ် ကြလတံ့ဟူသော ပရောဖက် တို့၏နှုတ်ထွက် နှင့်အညီ၊ နာဇရက် အမည် ရှိသောမြို့ သို့ ရောက် ၍ အမြဲနေ လေ၏။