< Iudicum 1 >

1 Post mortem Iosue consuluerunt filii Israel Dominum, dicentes: Quis ascendet ante nos contra Chananaeum, et erit dux belli?
ယောရှု အနိစ္စ ရောက်သောနောက် ၊ ဣသရေလ အမျိုးသားတို့က၊ အကျွန်ုပ် တို့တွင် အဘယ်သူ သည် ခါနနိ လူတို့ရှိရာသို့ ရှေ့ဦးစွာ ချီ သွားရပါမည်နည်းဟု ထာဝရဘုရား အား မေး လျှောက်ကြလျှင်၊
2 Dixitque Dominus: Iudas ascendet: ecce tradidi Terram in manus eius.
ထာဝရဘုရား က၊ ယုဒ သည် ချီ သွားရမည်။ ထိုပြည် ကို သူ ၏လက် ၌ ငါအပ် မည်ဟု မိန့် တော်မူ၏။
3 Et ait Iudas Simeoni fratri suo: Ascende mecum in sortem meam, et pugna contra Chananaeum, ut et ego pergam tecum in sortem tuam. Et abiit cum eo Simeon.
ယုဒ သည် မိမိ အစ်ကို ရှိမောင် အား ၊ ခါနနိ လူတို့ကို တိုက် ခြင်းငှါ ငါ့ အမွေမြေ သို့ ငါ နှင့်အတူ လိုက် ပါ။ သင့် အမွေမြေ သို့ လည်း သင် နှင့်အတူ ငါ လိုက် သွားမည်ဟုဆို သည်အတိုင်း ရှိမောင် သည် လိုက် သွားလေ၏။
4 Ascenditque Iudas, et tradidit Dominus Chananaeum, ac Pherezaeum in manus eorum: et percusserunt in Bezec decem millia virorum.
ယုဒ ချီ သွား၍ ထာဝရဘုရား သည် ခါနနိ လူ၊ ဖေရဇိ လူတို့ကို အပ် တော်မူသဖြင့် ၊ ဗေဇက် မြို့၌ လူ တထောင် ကိုသတ် လေ၏။
5 Inveneruntque Adonibezec in Bezec, et pugnaverunt contra eum, ac percusserunt Chananaeum, et Pherezaeum.
အဒေါနိဗေဇက် မင်းကို ဗေဇက် မြို့၌ တွေ့ ၍ ၊ ခါနနိ လူ၊ ဖေရဇိ လူတို့ကိုသတ် သောအခါ၊
6 Fugit autem Adonibezec: quem persecuti comprehenderunt, caesis summitatibus manuum eius ac pedum.
အဒေါနိဗေဇက် သည် ပြေး လေ၏။ ယုဒလူတို့သည် လိုက် ၍ ဘမ်း မိပြီးလျှင် လက်မ ၊ ခြေမတို့ကို ဖြတ် ကြ၏။
7 Dixitque Adonibezec: Septuaginta reges amputatis manuum ac pedum summitatibus colligebant sub mensa mea ciborum reliquias: sicut feci, ita reddidit mihi Deus. Adduxeruntque eum in Ierusalem, et ibi mortuus est.
အဒေါနိဗေဇက် ကလည်း ၊ လက်မ နှင့် ခြေမဖြတ် သော မင်းကြီး ခုနစ်ဆယ် တို့သည်၊ အထက်က ငါ့ စားပွဲ အောက် ၌ စားနုပ်စားပေါက်ကို ကောက် ၍ စားရကြ၏။ ငါပြု ဘူးသည်အတိုင်း ၊ ဘုရား သခင်သည် ငါ ၌ အပြစ် ပေးတော်မူပြီဟု ဆို ၏။ ထိုမင်း ကို ယေရုရှလင် မြို့သို့ ပို့ ၍ သူသည် ထို မြို့မှာ သေ လေ၏။
8 Oppugnantes ergo filii Iuda Ierusalem, ceperunt eam, et percusserunt in ore gladii, tradentes cunctam incendio civitatem.
ယုဒ အမျိုးသားတို့သည် ယေရုရှလင် မြို့ကို တိုက် ယူ ၍ ထား နှင့် လုပ်ကြံ ပြီးမှ မီး ရှို့ ကြ၏။
9 Et postea descendentes pugnaverunt contra Chananaeum, qui habitabat in montanis, et ad meridiem, in campestribus.
ထိုနောက် တောင် ပေါ်၌၎င်း ၊ တောင် မျက်နှာ၌၎င်း ၊ ချိုင့် ထဲ၌၎င်း နေ သောခါနနိ လူတို့ကို အတိုက် သွား ကြ၏။
10 Pergensque Iudas contra Chananaeum, qui habitabat in Hebron, (cuius nomen fuit antiquitus Cariatharbe) percussit Sesai, et Ahiman, et Tholmai:
၁၀တဖန် ယုဒ အမျိုးသည်၊ ကိရယသာဘ အမည် ဟောင်း ရှိသောဟေဗြုန် မြို့၌ နေ သောခါနနိ လူတို့ ရှိရာသို့ ချီ သွား၍၊ ရှေရှဲ ၊ အဟိမန် ၊ တာလမဲ တို့ကို လုပ်ကြံ ကြ၏။
11 atque inde profectus abiit ad habitatores Dabir, cuius nomen vetus erat Cariath Sepher, id est, civitas litterarum.
၁၁တဖန် ကိရယဿေဖာ အမည်ဟောင်း ရှိ သောဒေဗိရ မြို့သားတို့ရှိရာသို့ ချီ ပြန်၍၊
12 Dixitque Caleb: Qui percusserit Cariath Sepher, et vastaverit eam, dabo ei Axam filiam meam uxorem.
၁၂ကာလက် က၊ ကိရယဿောဖာ မြို့ကို တိုက်ယူ လုပ်ကြံ သောသူ အား ၊ ငါ သည် သမီး အာခသ ကို ပေးစား မည်ဟု ဆို လျှင်၊
13 Cumque cepisset eam Othoniel filius Cenez frater Caleb minor, dedit ei Axam filiam suam coniugem.
၁၃ကာလက် ညီ ကေနတ် ၏ သား ဩသံယေလ သည် ထိုမြို့ ကို တိုက် ယူ၍၊ ကာလက်သည် သမီး အာခသ ကို သူ့ အား ပေးစား လေ၏။
14 Quam pergentem in itinere monuit vir suus ut peteret a patre suo agrum. Quae cum suspirasset sedens in asino, dixit ei Caleb: Quid habes?
၁၄ထိုမိန်းမ သည် ခရီးသွား စဉ် အခါ၊ လယ် တကွက်ကို အဘ ၌ တောင်း ခြင်းငှါ လင် နှင့် တိုင်ပင် ပြီးမှ မြည်း ပေါ် က ဆင်း လေ၏။ အဘကာလက် က၊ အဘယ် အလိုရှိသနည်းဟုမေး လျှင်၊
15 At illa respondit: Da mihi benedictionem, quia terram arentem dedisti mihi: da et irriguam aquis. Dedit ergo ei Caleb irriguum superius, et irriguum inferius.
၁၅သမီးက၊ ကောင်းကြီး ပေး စေချင်ပါ၏။ ကိုယ်တော်သည် တောင် မျက်နှာအရပ် ကိုပေး ပါပြီ။ စမ်း ရေတွင်း တို့ကိုလည်း ပေး တော်မူပါဦးဟု တောင်း သည်အတိုင်း အဘသည် အထက် စမ်း ရေတွင်း၊ အောက် စမ်း ရေတွင်းတို့ကိုပေး လေ၏။
16 Filii autem Cinaei cognati Moysi ascenderunt de civitate palmarum, cum filiis Iuda in desertum sortis eius, quod est ad meridiem Arad, et habitaverunt cum eo.
၁၆မောရှေ ယောက္ခမ ၏သား မြေးဖြစ်သော ကေနိ အမျိုးသားတို့သည်၊ ယုဒ အမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ် မြို့ တောင် ဘက်၊ ယုဒ တော သို့ လိုက် သွား၍ နေရာကျ ကြ၏။
17 Abiit autem Iudas cum Simeone fratre suo, et percusserunt simul Chananaeum qui habitabat in Sephaath, et interfecerunt eum. Vocatumque est nomen urbis, Horma, id est, anathema.
၁၇တဖန် ယုဒ သည် အစ်ကို ရှိမောင် နှင့်အတူ သွား ၍ ဇေဖတ် မြို့၌နေ သောခါနနိ လူတို့ကို လုပ်ကြံ ၍ မြို့ ကို ရှင်းရှင်းဖျက်ဆီး ပြီးလျှင် ၊ ထိုမြို့ ကို ဟော်မာ အမည် ဖြင့် သမုတ် ကြ၏။
18 Cepitque Iudas Gazam cum finibus suis, et Ascalonem, atque Accaron cum terminis suis.
၁၈ယုဒ သည် ဂါဇ မြို့နှင့် မြို့နယ် ၊ အာရှကေလုန် မြို့နှင့် မြို့နယ် ၊ ဧကြုန် မြို့နှင့် မြို့နယ် တို့ကိုလည်း တိုက် ယူလေ၏။
19 Fuitque Dominus cum Iuda, et montana possedit: nec potuit delere habitatores vallis, quia falcatis curribus abundabant.
၁၉ထာဝရဘုရား သည် ယုဒ နှင့်အတူ ရှိ တော်မူ၍ ၊ သူသည် တောင် ပေါ်မှာ နေသောသူတို့ ကို နှင်ထုတ် လေ၏။ ချိုင့် သားတို့ကို မ နှင်ထုတ် နိုင်။ အကြောင်းမူကား ၊ သူ တို့သည် သံ ရထား ရှိကြ၏။
20 Dederuntque Caleb Hebron, sicut dixerat Moyses, qui delevit ex ea tres filios Enac.
၂၀မောရှေ မှာ ထားသည်အတိုင်း ဟေဗြုန် မြို့ကို ကာလက် အား ပေး ကြ၍ ၊ သူသည် အာနက သား သုံး ယောက်တို့ကို ထို မြို့မှ နှင်ထုတ် လေ၏။
21 Iebusaeum autem habitatorem Ierusalem non deleverunt filii Beniamin: habitavitque Iebusaeus cum filiis Beniamin in Ierusalem, usque in praesentem diem.
၂၁ဗင်္ယာမိန် အမျိုးသားတို့သည်၊ ယေရုရှလင် မြို့၌နေ သောယေဗုသိ လူတို့ကို မ နှင်ထုတ် ဘဲ၊ သူ တို့သည် ယနေ့ တိုင်အောင် ဗင်္ယာမိန် အမျိုးသားတို့နှင့်အတူ ယေရုရှလင် မြို့၌ နေ ကြသတည်း။
22 Domus quoque Ioseph ascendit in Bethel, fuitque Dominus cum eis.
၂၂ယောသပ် အမျိုးသားတို့သည်လည်း ၊ ဗေသလ မြို့သို့ ချီ သွား၍ ၊ ထာဝရဘုရား သည် သူ တို့နှင့်အတူ ရှိတော်မူ၏။
23 Nam cum obsiderent urbem, quae prius Luza vocabatur,
၂၃လုဇ အမည် ဟောင်း ရှိသောထိုမြို့ ကို စူးစမ်းစေခြင်းငှါ စေလွှတ် သော သူလျှိုတို့သည်၊
24 viderunt hominem egredientem de civitate, dixeruntque ad eum: Ostende nobis introitum civitatis, et faciemus tecum misericordiam.
၂၄မြို့ ထဲက ထွက် လာသောလူ တယောက်ကို တွေ့မြင် ၍၊ မြို့ ထဲသို့ ဝင် သောလမ်းကို ပြ ပါတော့။ သို့ပြလျှင် သင့် ကို ချမ်းသာ ပေးမည်ဟု ဆို သော်၊
25 Qui cum ostendisset eis, percusserunt urbem in ore gladii: hominem autem illum, et omnem cognationem eius dimiserunt.
၂၅ထိုသူသည် မြို့ ထဲသို့ ဝင် သောလမ်းကို ပြ သဖြင့် ၊ သူတို့သည် မြို့ သားတို့ကို ထား နှင့် လုပ်ကြံ ၍ ၊ ထိုလူ နှင့် သူ ၏အိမ်သား အပေါင်း တို့ကို လွှတ် ကြ၏။
26 Qui dimissus, abiit in Terram Hethim, et aedificavit ibi civitatem, vocavitque eam Luzam: quae ita appellatur usque in praesentem diem.
၂၆ထိုသူ သည် ဟိတ္တိ ပြည် သို့ သွား ပြီးလျှင် ၊ မြို့ ကို တည်ထောင် ၍ လုဇ အမည် ဖြင့် သမုတ် လေ၏။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း။
27 Manasses quoque non delevit Bethsan, et Thanac cum viculis suis, et habitatores Dor, et Ieblaam, et Mageddo cum viculis suis, coepitque Chananaeus habitare cum eis.
၂၇မနာရှေအမျိုးသည်၊ ဗက်ရှန် မြို့ ရွာများ၊ တာနက် မြို့ ရွာများ၊ ဒေါရ မြို့ ရွာများ၊ ဣဗလံ မြို့ ရွာများ၊ မေဂိဒ္ဒေါ မြို့ ရွာများ၌ နေ သောသူတို့ကို မ နှင်ထုတ် ဘဲ၊ ခါနနိ လူတို့သည် အနိုင်နေ ကြ၏။
28 Postquam autem confortatus est Israel, fecit eos tributarios, et delere noluit.
၂၈တဖန် ဣသရေလ အမျိုးသားတို့သည် အား ကြီးသောအခါ ၊ ခါနနိ လူတို့ကို မ နှင်ထုတ် သော်လည်း အခွန် ကို ဆက်သွင်းစေကြ၏။
29 Ephraim etiam non interfecit Chananaeum, qui habitabat in Gazer, sed habitavit cum eo.
၂၉ထိုအတူ ဧဖရိမ် အမျိုးသည် ဂေဇာ မြို့၌ နေ သောခါနနိ လူတို့ကို မ နှင်ထုတ် ဘဲ သူတို့သည် ဂေဇာ မြို့၌ ရောနှောလျက် နေ ကြ၏။
30 Zabulon non delevit habitatores Cetron, et Naalon: sed habitavit Chananaeus in medio eius, factusque est ei tributarius.
၃၀ထိုအတူ ဇာဗုလုန် အမျိုးသည် ကိတရုန် မြို့ သား၊ နဟာလောလ မြို့ သားတို့ကို မ နှင်ထုတ် ဘဲ၊ ခါနနိ လူတို့ သည် ရောနှော လျက်နေ ၍ ၊ အခွန် ပေးကြ၏။
31 Aser quoque non delevit habitatores Accho, et Sidonis, Ahalab, et Achazib, et Helba, et Aphec, et Rohob:
၃၁ထိုအတူ အာရှာ အမျိုးသည် အက္ခော မြို့ သား၊ ဇိဒုန် မြို့ သား၊ အာလပ် မြို့သား၊ အာခဇိပ် မြို့သား၊ ဟေလဗ မြို့သား၊ အာဖိတ် မြို့သား၊ ရဟောဘ မြို့သားတို့ကို မ နှင်ထုတ် ဘဲ၊
32 habitavitque in medio Chananaei habitatoris illius terrae, nec interfecit eum.
၃၂အာရှာ အမျိုးသားတို့သည် ပြည် သားခါနနိ လူတို့နှင့် ရောနှော ၍ နေ ကြ၏။
33 Nephthali quoque non delevit habitatores Bethsames, et Bethanath: et habitavit inter Chananaeum habitatorem Terrae, fueruntque ei Bethsamitae et Bethanitae tributarii.
၃၃ထိုအတူ နဿလိ အမျိုးသည် ဗက်ရှေမက် မြို့ သား၊ ဗေသနတ် မြို့ သားတို့ကို မ နှင်ထုတ် ဘဲ၊ ပြည် သားခါနနိ လူတို့နှင့် ရောနှော ၍ နေ ကြ၏။ သို့ရာတွင် ဗက်ရှေမက် မြို့ သား၊ ဗေသနတ် မြို့သားတို့ သည် အခွန် ပေးလျက် နေကြ၏။
34 Arctavitque Amorrhaeus filios Dan in monte, nec dedit eis locum ut ad planiora descenderent:
၃၄အာမောရိ လူတို့သည်လည်း ဒန် အမျိုးသားတို့ကို တောင် ပေါ်သို့ နှင် သဖြင့်၊ ချိုင့် ထဲမှာ နေ ရသောအခွင့် ကို မ ပေးကြ။
35 habitavitque in monte Hares, quod interpretatur testatio, in Aialon et Salebim. Et aggravata est manus domus Ioseph, factusque est ei tributarius.
၃၅အာမောရိ လူတို့သည် ဟေရက် တောင် ပေါ်မြို့၊ အာဇလုန် မြို့၊ ရှာလဗိမ် မြို့၌ အနိုင်နေ ကြ၏။ သို့ရာတွင် ယောသပ် အမျိုးသားတို့သည် အား ကြီး သဖြင့် အာမောရိလူတို့သည် အခွန် ပေးရကြ၏။
36 Fuit autem terminus Amorrhaei ab Ascensu Scorpionis, petra, et superiora loca.
၃၆အာမောရိ လူနေရသောအရပ် သည် အကရဗ္ဗိမ် ကုန်း နား၊ သေလ မြို့မှစ၍ အထက် အရပ်ပေတည်း။

< Iudicum 1 >