< Iosue 12 >
1 Hi sunt reges, quos percusserunt filii Israel, et possederunt Terram eorum trans Iordanem ad solis ortum, a torrente Arnon usque ad montem Hermon, et omnem Orientalem plagam, quae respicit solitudinem.
၁ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန် မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
2 Sehon rex Amorrhaeorum, qui habitavit in Hesebon, dominatus est ab Aroer, quae sita est super ripam torrentis Arnon, et mediae partis in valle, dimidiaeque Galaad, usque ad torrentem Ieboc, qui est terminus filiorum Ammon.
၂အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တဝက်၊ ဂိလဒ်ပြည်တဝက်မှစ၍ အမ္မုန်ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်၎င်း၊
3 et a solitudine usque ad Mare Ceneroth contra Orientem, et usque ad Mare deserti, quod est mare salsissimum, ad Orientalem plagam per viam quae ducit Bethsimoth: et ab australi parte, quae subiacet Asedoth, Phasga.
၃အရှေ့မျက်နှာ၌ လွင်ပြင်မှစ၍ ဂင်္နေသရက် အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ပိသဂါ မြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်၎င်း အစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်တပါး၊
4 Terminus Og regis Basan, de reliquiis Raphaim, qui habitavit in Astaroth, et in Edrai, et dominatus est in monte Hermon, et in Salecha, atque in universa Basan, usque ad terminos
၄ဟေရမုန်တောင်နှင့် သာလကပြည်ကို၎င်း၊
5 Gessuri, et Machati, et dimidiae partis Galaad: terminos Sehon regis Hesebon.
၅ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး၊
6 Moyses famulus Domini, et filii Israel percusserunt eos, tradiditque Terram eorum Moyses in possessionem Rubenitis, et Gaditis, et dimidiae tribui Manasse.
၆ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေး လေ၏။
7 Hi sunt reges Terrae, quos percussit Iosue et filii Israel trans Iordanem ad Occidentalem plagam, a Baalgad in campo Libani, usque ad montem, cuius pars ascendit in Seir: tradiditque eam Iosue in possessionem tribubus Israel, singulis partes suas,
၇ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့မှစ၍၊
8 tam in montanis quam in planis atque campestribus. In Aseroth, et in solitudine, ac in meridie Hethaeus fuit et Amorrhaeus, Chananaeus et Pherezaeus, Hevaeus et Iebusaeus.
၈စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင် အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့်ဣသရေလအမျိုးသား လုပ် ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီး တို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
9 Rex Iericho unus: rex Hai, quae est ex latere Bethel, unus:
၉ယေရိခေါမင်းကြီးတပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတပါး၊
10 rex Ierusalem unus, rex Hebron unus,
၁၀ယေရုရှလင်မင်းကြီးတပါး၊ ဟေဗြုန်မင်းကြီး တပါး၊
11 rex Ierimoth unus, rex Lachis unus,
၁၁ယာမုတ်မင်းကြီးတပါး၊ လာခိရှမင်းကြီးတပါး၊
12 rex Eglon unus, rex Gazer unus,
၁၂ဧဂလုန်မင်းကြီးတပါး၊ ဂေဇာမင်းကြီးတပါး၊
13 rex Dabir unus, rex Gader unus,
၁၃ဒေဗိရမင်းကြီးတပါး၊ ဂေဒါမင်းကြီးတပါး၊
14 rex Herma unus, rex Hered unus,
၁၄ဟောမာမင်းကြီးတပါး၊ အာရဒ်မင်းကြီးတပါး၊
15 rex Lebna unus, rex Adullam unus,
၁၅လိဗနမင်းကြီးတပါး၊ အဒုလံမင်းကြီးတပါး၊
16 rex Maceda unus, rex Bethel unus,
၁၆မက္ကဒါမင်းကြီးတပါး၊ ဗေသလမင်းကြီးတပါး၊
17 rex Taphua unus, rex Opher unus,
၁၇တာပွါမင်းကြီးတပါး၊ ဟေဖါမင်းကြီးတပါး၊
18 rex Aphec unus, rex Saron unus,
၁၈အာဖက်မင်းကြီးတပါး၊ လာရှရုန်မင်းကြီးတပါး၊
19 rex Madon unus, rex Asor unus,
၁၉မာဒုန်မင်းကြီးတပါး၊ ဟာဇော်မင်းကြီးတပါး၊
20 rex Semeron unus, rex Achsaph unus,
၂၀ရှိမရုန်မင်းကြီးတပါး၊ အာခရှပ်မင်းကြီးတပါး၊
21 rex Thenac unus, rex Mageddo unus,
၂၁တာနက်မင်းကြီးတပါး၊ မေဂိဒ္ဒေါမင်းကြီးတပါး၊
22 rex Cades unus, rex Iachanan Carmeli unus,
၂၂ကေဒေရှမင်းကြီးတပါး၊ ကရမေလတောင်ပေါ် မှာ ယောကနမ်မင်းကြီးတပါး၊
23 rex Dor, et provinciae Dor unus, rex Gentium Galgal unus,
၂၃ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတပါး၊ ဂိလဂါ လပြည်မှာ ဂေါအိမ်မင်းကြီးတပါး၊
24 rex Thersa unus: omnes reges triginta unus.
၂၄တိရဇမင်းကြီးတပါး၊ မင်းကြီးပေါင်း သုံးဆယ် တပါးတည်း။