< Genesis 21 >

1 Visitavit autem Dominus Saram, sicut promiserat: et implevit quae locutus est.
ထာဝရဘုရားသည်၊ အမိန့်တော်ရှိသည်အတိုင်း၊ စာရာကို အကြည့်အရှုကြွတော်မူ၍၊ ဂတိတော် ရှိသည်နှင့် လျော်စွာ သူ၌ပြုတော်မူသဖြင့်၊
2 Concepitque et peperit filium in senectute sua, tempore quo praedixerat ei Deus.
စာရာသည် ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင် အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက် ကြီးသောအခါ၊ သူ့အားသားကို ဘွားလေ၏။
3 Vocavitque Abraham nomen filii sui, quem genuit ei Sara, Isaac:
အာဗြဟံသည်လည်း၊ မိမိရသောသားတည်း ဟူသော၊ စာရာဘွားသောသားကို ဣဇာက်အမည်ဖြင့် မှည့်လေ၏။
4 et circumcidit eum octavo die, sicut praeceperat ei Deus,
ဘုရားသခင်မှာထားတော်မူသည်အတိုင်း၊ အာဗြဟံသည်ရှစ်ရက်မြောက်သောနေ့၌၊ သားဣဇာက် ကို အရေဖျားလှီးမင်္ဂလာပေးလေ၏။
5 cum centum esset annorum: hac quippe aetate patris, natus est Isaac.
သားဣဇာက်ကိုမြင်ရသောအခါ အာဗြဟံသည် အသက်တရာ ရှိသတည်း။
6 Dixitque Sara: Risum fecit mihi Deus: quicumque audierit, corridebit mihi.
စာရာကလည်း၊ ငါရယ်ရသော အခွင့်ကို ဘုရား သခင်ပေးတော်မူပြီ။ ဤသီတင်းကို ကြားသောသူ အပေါင်းတို့သည်လည်း၊ ငါနှင့်အတူ ရယ်ကြလိမ့်မည်ဟူ၍ ၎င်း၊
7 Rursumque ait: Quis auditurus crederet Abraham quod Sara lactaret filium, quem peperit ei iam seni?
စာရာသည် သားကိုနို့တိုက်လိမ့်မည်ဟု အာဗြဟံ အား အဘယ်သူပြောနှင့်ရသနည်း။ သူသည် အသက်ကြီး သောအခါ၊ ငါသည် သားကို ဘွားပြီးဟူ၍၎င်း ဆိုလေ၏။
8 Crevit igitur puer, et ablactatus est: fecitque Abraham grande convivium in die ablactationis eius.
ထိုသူငယ်ဣဇာတ်သည် ကြီးပွား၍ နို့နှင့် ကွာလေ၏။ နို့ကွာသောနေ့၌ အာဗြံဟံသည် ပွဲကြီး လုပ်လေ၏။
9 Cumque vidisset Sara filium Agar Aegyptiae ludentem cum Isaac filio suo, dixit ad Abraham:
အဲဂုတ္တအမျိုးသားဟာဂရတွင် အာဗြဟံရသော သားသည် ဆဲရေးသည်ကို စာရာသိမြင်လျှင်၊
10 Eiice ancillam hanc, et filium eius: non enim erit heres filius ancillae cum filio meo Isaac.
၁၀ဤကျွန်မ၏သားသည် အကျွန်ုပ်၏သာဣဇာက် နှင့်အတူ အမွေမခံရဟု အာဗြံဟံအား ဆိုလေ၏။
11 Dure accepit hoc Abraham pro filio suo.
၁၁အာဗြဟံလည်း၊ မိမိသားဖြစ်သောကြောင့်၊ ထိုအမှု အလွန်ခက်သည်ဟု ထင်လေ၏။
12 Cui dixit Deus: Non tibi videatur asperum super puero, et super ancilla tua: omnia quae dixerit tibi Sara, audi vocem eius: quia in Isaac vocabitur tibi semen.
၁၂သို့ရာတွင် ဘုရားသခင်က၊ ထိုသူငယ်နှင့် သင်၏ ကျွန်မကြောင့်၊ ဤအမှုခက်သည်ဟု မထင်နှင့်။ စာရာ ပြောလေရာရာ၌ သူ၏စကားကို နားထောင်လော့။ အကြောင်းမူကား၊ ဣဇာက်၌သာ သင်၏ အမျိုးတည်လိမ့်မည်။
13 Sed et filium ancillae faciam in gentem magnam, quia semen tuum est.
၁၃ကျွန်မ၏သားသည် သင်၏အမျိုးဖြစ်သောကြောင့်၊ သူ့ကိုလည်း လူမျိုးဖြစ်စေမည်ဟု အာဗြံဟံအား မိန့်တော်မူ၏။
14 Surrexit itaque Abraham mane, et tollens panem et utrem aquae, imposuit scapulae eius, tradiditque puerum, et dimisit eam. Quae cum abiisset, errabat in solitudine Bersabee.
၁၄အာဗြဟံသည် နံနက်စောစောထ၍၊ မုန့်နှင့် ရေဘူးကိုယူသဖြင့်၊ ဟာဂရပခုံး၌တင်ပြီးလျှင်၊ သူငယ်ကို အပ်၍ ကျွန်မကို လွှတ်လိုက်လေ၏။ သူသည်လည်း သွား၍ ဗေရရှေဘ တော၌ လှည့်လည်လျက် နေ၏။
15 Cumque consumpta esset aqua in utre, abiecit puerum subter unam arborem, quae ibi erat.
၁၅ဘူး၌ရေကုန်သောအခါ၊ သူငယ်ကို ချုံဖုတ် အောက်၌ ထား၍၊
16 Et abiit, seditque e regione procul quantum potest arcus iacere. dixit enim: Non videbo morientem puerum: et sedens contra, levavit vocem suam et flevit.
၁၆ငါသည်သူငယ်သေသည်ကို မမြင် လိုဟုဆိုလျက်၊ ခပ်ဝေးဝေးလေးတပစ်ခန့်လောက် သွားပြီးလျှင်၊ သူငယ်ရှေ့မှာ ထိုင်၍နေလေ၏။ ထိုသို့တိုင်၍နေစဉ် သူသည်အသံ ကို လွှင့်၍ ငိုကြွေးလေ၏။
17 Exaudivit autem Deus vocem pueri: vocavitque Angelus Dei Agar de caelo, dicens: Quid agis Agar? noli timere: exaudivit enim Deus vocem pueri de loco in quo est.
၁၇ဘုရားသခင်သည် လုလင်၏အသံကို ကြားတော် မူ၍ ဘုရားသခင်၏၊ ကောင်းကင်တမန်က၊ ဟာဂရ၊ သင်၌အဘယ်အမှုရှိသနည်း။ မစိုးရိမ်နှင့်။ လုလင် နေသော အရပ်ထဲက သူ၏အသံကို ဘုရားသခင် ကြား တော်မူပြီ။
18 Surge, tolle puerum, et tene manum illius: quia in gentem magnam faciam eum.
၁၈ထလော့။ လုလင်ကိုကြွ၍ လက်နှင့်မလော့။ ငါသည်သူ့ကို လူမျိုးကြီးဖြစ်စေမည်ဟု ကောင်းကင်ထဲက ခေါ်၍ ဟာဂရအား မြွက်ဆို၏။
19 Aperuitque oculos eius Deus: quae videns puteum aquae, abiit, et implevit utrem, deditque puero bibere.
၁၉ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ သူသည်ရေတွင်းကို မြင်လေသော်၊ သွား၍ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အား ရေကို တိုက်လေ၏။
20 Et fuit cum eo: qui crevit, et moratus est in solitudine, factusque est iuvenis sagittarius.
၂၀ထိုလုလင်ဘက်၌လည်း၊ ဘုရားသခင် ရှိတော် မူ၏။ သူသည် ကြီးပွား၍ တော၌နေသဖြင့်၊ လေးသမား ဖြစ်လေ၏။
21 Habitavitque in deserto Pharan, et accepit illi mater sua uxorem de terra Aegypti.
၂၁ပါရန်တော၌ နေသည်ဖြစ်၍ သူ့အမိသည် အဲဂုတ္တုပြည်မှ မိန်းမတယောက်ကိုခေါ်၍ သူနှင့်စုံဘက် စေ၏။
22 Eodem tempore dixit Abimelech, et Phicol princeps exercitus eius ad Abraham: Deus tecum est in universis quae agis.
၂၂ထိုရောအခါ၊ အဘိမလက်မင်းနှင့် ဗိုလ်ချုပ် မင်းဖိကောလတို့သည် အာဗြဟံကို ခေါ်၍၊ သင်သည် ပြုလေရာရာ၌ သင့်ဘက်မှာ ဘုရားသခင်ရှိတော်မူ၏။
23 Iura ergo per Deum, ne noceas mihi, et posteris meis, stirpique meae: sed iuxta misericordiam, quam feci tibi, facies mihi, et terrae in qua versatus es advena.
၂၃သို့ဖြစ်၍ သင်သည်ငါ့ကို၎င်း၊ ငါ့သားကို၎င်း၊ ငါ့မြေးကို၎င်း၊ မလှည့်စား၊ ငါသည် သင်၌ကျေးဇူးပြု သကဲ့သို့ ငါ၌၎င်း၊ သင်တည်းနေရာ ငါ့ပြည်၌၎င်း၊ ကျေးဇူးပြုမည်ဟု ဘုရားသခင်ကို တိုင်တည်၍ ငါ့အား ကျိန်ဆိုပါလော့ဟုပြောဆို၏။
24 Dixitque Abraham: Ego iurabo.
၂၄အာဗြဟံကလည်း၊ ထိုအတိုင်းငါကျိန်ဆိုပါမည်ဟု ပြန်ပြောလေ၏။
25 Et increpavit Abimelech propter puteum aquae quem vi abstulerunt servi eius.
၂၅အဘိမလက်မင်း၏ ကျွန်တို့သည် အနိုင်အထက် လုယူသော ရေတွင်းအကြောင်းကြောင့်၊ အာဗြဟံသည် လည်း အဘိမလက်မင်းကို အပြစ်တင်လေ၏။
26 Responditque Abimelech: Nescivi quis fecerit hanc rem: sed et tu non indicasti mihi, et ego non audivi praeter hodie.
၂၆အဘိမလက်မင်းကလည်း၊ ဤအမှုကို အဘယ် သူပြုသည်ကို ငါမသိ။ သင်သည့်ငါ့ကိုမပြော။ ငါလည်း ယနေ့တိုင်အောင် မကြားရဟု ဆို၏။
27 Tulit itaque Abraham oves et boves, et dedit Abimelech: percusseruntque ambo foedus.
၂၇အာဗြဟံသည်လည်း သိုး၊ နွားတို့ကို ယူပြီးလျှင်၊ အဘိမလက်အား ပေး၍ထိုနှစ်ပါးတို့သည် ပဋိညာဉ်ပြုကြ ၏။
28 Et statuit Abraham septem agnas gregis seorsum.
၂၈အာဗြဟံသည်လည်းသိုးသငယ်မ ခုနစ်ကောင် တို့ကို သိုးစုနှင့်ခွဲထားလေ၏။
29 Cui dixit Abimelech: Quid sibi volunt septem agnae istae, quas stare fecisti seorsum?
၂၉အဘိမလက်ကလည်း၊ ခွဲထားသော ဤသိုး သငယ်မခုနစ်ကောင်တို့သည်၊ အဘယ်သို့နည်းဟု မေးသော်၊
30 At ille: Septem, inquit, agnas accipies de manu mea: ut sint mihi in testimonium, quoniam ego fodi puteum istum.
၃၀အာဗြဟံက၊ ဤရေတွင်းကို ငါတူးပြီးဟု ဤသိုး သငယ်မခုနစ်ကောင်တို့သည် ငါ့ဘက်၌ သက်သေဖြစ်မည် အကြောင်းသူတို့ကို သင်သည်ငါ့လက်မှ ခံယူရမည်ဟု ဆိုလေ၏။
31 Idcirco vocatus est locus ille Bersabee: quia ibi uterque iuravit.
၃၁သို့ဖြစ်၍ထိုအရပ်၌ ထိုနှစ်ပါးတို့သည် ကျိန်ဆို သောကြောင့်၊ ထိုအရပ်ကို ဗေရရှေဘဟု တွင်ကြ၏။
32 Et inierunt foedus pro puteo iuramenti.
၃၂ထိုသို့ဗေရရှေဘအရပ်၌ ပဋိညာဉ်တို့သည်ထ၍ ဖိလိတ္တပြည်သို့ ပြန်ကြ၏။
33 Surrexit autem Abimelech, et Phicol princeps exercitus eius, reversique sunt in terram Palaestinorum. Abraham vero plantavit nemus in Bersabee, et invocavit ibi nomen Domini Dei aeterni.
၃၃အာဗြဟံသည် ဗေရရှဘ အရပ်၌ မန်ကျည်း ပင်ကိုစိုက်၍၊ အစဉ်အမြဲတည်တော်မူသော ဘုရားသခင် တည်းဟူသော၊ ထာဝရဘုရား၏ နာမတော်ကို ပဌနာ ပြုလေ၏။
34 Et fuit colonus terrae Palaestinorum diebus multis.
၃၄ဖိလိတ္တပြည်မှာ ကာလရှည်ကြာစွာ တည်းနေ သတည်း။

< Genesis 21 >