< Hiezechielis Prophetæ 8 >

1 Et factum est in anno sexto, in sexto mense, in quinta mensis: ego sedebam in domo mea, et senes Iuda sedebant coram me, et cecidit ibi super me manus Domini Dei.
သက္ကရာဇ် ခြောက် ခု၊ ဆဌမ လ ၊ ငါး ရက်နေ့တွင် ၊ ငါ သည်ကိုယ် အိမ် ၌ ထိုင် ၍ ၊ ယုဒ အမျိုးအသက်ကြီး သူတို့ သည် ငါ ရှေ့ မှာ ထိုင် ကြစဉ်၊ အရှင် ထာဝရဘုရား ၏ လက် တော်သည် ငါ့ အပေါ် သို့ သက်ရောက် လေ၏။
2 Et vidi, et ecce similitudo quasi aspectus ignis: ab aspectu lumborum eius, et deorsum, ignis: et a lumbis eius, et sursum, quasi aspectus splendoris, ut visio electri.
ထိုအခါ ငါကြည့်ရှု ၍ ၊ မီး အရောင် ကဲ့သို့သော ပုံ သဏ္ဍာန်သည် ထင်ရှား ၏။ ခါး သဏ္ဍာန် မှ သည်အောက် ပိုင်း၌ မီး အရောင်ကဲ့သို့၎င်း ၊ အထက် ပိုင်း၌ ဟရှမေလ ရွှေအရောင်ကဲ့သို့ ၎င်း ထင်ရှား ၏။
3 Et emissa similitudo manus apprehendit me in cincinno capitis mei: et elevavit me Spiritus inter terram, et caelum: et adduxit me in Ierusalem in visione Dei, iuxta ostium interius, quod respiciebat ad Aquilonem, ubi erat statutum idolum zeli ad provocandam aemulationem.
လက် သဏ္ဍာန် ကိုဆန့် ၍ ငါ ၏ဆံပင် တစုကို ကိုင် လျက် ၊ ဝိညာဉ် တော်သည် ငါ့ ကိုမြေ နှင့် မိုဃ်း ကောင်းကင် ကြား မှာ ချီကြွ ၍ ၊ အမျက် တော်ကို နှိုးဆော်သော ရုပ်တု ပလ္လင်ရှိရာ ယေရုရှလင် မြို့မြောက် မျက်နှာ အတွင်း တံခါးဝ သို့ ၊ ဘုရားသခင် ၏ဗျာဒိတ် တော်ရူပါရုံအားဖြင့် ငါ့ ကိုဆောင်သွား ၏။
4 Et ecce ibi gloria Dei Israel secundum visionem, quam videram in campo.
လွင်ပြင် ၌ အရင်ငါမြင် ဘူးသော ဗျာဒိတ် ရူပါရုံ ကဲ့သို့ ၊ ဣသရေလ အမျိုး၏ ဘုရားသခင် ဘုန်း တော်သည် ထင်ရှား ၏။
5 Et dixit ad me: Fili hominis, leva oculos tuos ad viam Aquilonis. Et levavi oculos meos ad viam Aquilonis: et ecce ab Aquilone portae altaris idolum zeli in ipso introitu.
အချင်းလူသား ၊ မြောက် လမ်း သို့ မျှော်ကြည့် လော့ဟု မိန့် တော်မူသည်အတိုင်း ၊ မြောက် လမ်း သို့ ငါမျှော် ကြည့်၍ ၊ မြောက် မျက်နှာ၊ ယဇ် ပလ္လင်တံခါးဝ ၌ အမျက် တော်ကို နှိုးဆော်သော ရုပ်တု ရှိ၏။
6 Et dixit ad me: Fili hominis, putasne, vides tu quid isti faciunt, abominationes magnas, quas domus Israel facit hic, ut procul recedam a sanctuario meo? et adhuc conversus videbis abominationes maiores.
တဖန်တုံ ၊ အချင်းလူသား ၊ ငါ သည် ငါ ၏ သန့်ရှင်း ရာဌာနနှင့် ဝေး စွာသွားစေခြင်းငှါ သူ တို့ပြု ကြ သောအမှု ၊ ဤ အရပ်၌ ဣသရေလ အမျိုး ပြု သော၊ အလွန် စက်ဆုပ် ရွံ့ရှာဘွယ်သော အမှုတို့ကို မြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ သာ၍ ကြီး သော ရွံရှာဘွယ် အမှု တို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက်၊
7 Et introduxit me ad ostium atrii: et vidi, et ecce foramen unum in pariete.
တန်တိုင်း တံခါးဝ သို့ ငါ့ ကိုဆောင်သွား ၍ ငါ ကြည့်ရှု သောအခါ ၊ တန်တိုင်း ရိုး၌ အပေါက် ကို မြင် လေ ၏။
8 Et dixit ad me: Fili hominis fode parietem. Et cum fodissem parietem, apparuit ostium unum.
တဖန်တုံ အချင်းလူသား ၊ တန်တိုင်း ရိုးကို တူး လော့ဟု မိန့် တော်မူသည်အတိုင်း ၊ ငါသည်တူး ပြီးမှ တံခါးဝ ကို မြင် လေ၏။
9 Et dixit ad me: Ingredere, et vide abominationes pessimas, quas isti faciunt hic.
ဝင် လော့။ ဤ အရပ်၌ ပြု ကြသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုဆိုး တို့ကို ကြည့်ရှု လော့ဟု မိန့် တော်မူသည်အတိုင်း ၊
10 Et ingressus vidi, et ecce omnis similitudo reptilium, et animalium, abominatio, et universa idola domus Israel depicta erant in pariete in circuitu per totum.
၁၀ငါသည် ဝင် ၍ ကြည့်ရှု သောအခါ ၊ တန်တိုင်း ရိုး အတွင်းပတ်လည်၌၊ တွား တတ်သော အကောင်မှစ၍ ရွံ့ရှာဘွယ် သော တိရစ္ဆာန် အမျိုးမျိုး နှင့် ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တုဆင်းတုရှိသမျှတို့၏ ပုံသဏ္ဌာန်သည် ရေးထားလျက်ရှိ၏။
11 Et septuaginta viri de senioribus domus Israel, et Iezonias filius Saphan stabat in medio eorum, stantium ante picturas: et unusquisque habebat thuribulum in manu sua: et vapor nebulae de thure consurgebat.
၁၁သူ တို့ရှေ့ မှာ ဣသရေလ အမျိုး အသက်ကြီး သူ ခုနှစ် ကျိပ်တို့နှင့်တကွ ၊ ယာဇညာ သား ရှာဖန် သည် သူ တို့ အလယ် ၌ ရပ် ၍ ၊ ထိုသူအပေါင်းတို့သည် အသီးအသီး လင်ပန်း ကို ကိုင်လျက်၊ နံ့သာပေါင်းကို မီးရှို့ကြသဖြင့်၊ မီးခိုးသည် ထူထပ်စွာတက် လေ၏။
12 Et dixit ad me: Certe vides fili hominis quae seniores domus Israel faciunt in tenebris, unusquisque in abscondito cubiculi sui: dicunt enim: Non videt Dominus nos, dereliquit Dominus terram.
၁၂တဖန်တုံ ၊ အချင်းလူသား ၊ ဣသရေလ အမျိုး အသက်ကြီး သူ အသီးအသီး တို့သည် မှောင်မိုက် ထဲမှာ ပုံရေးသော အခန်းတို့၌ ပြုသောအမှုကိုမြင်ပြီလော။ သူတို့က၊ ထာဝရဘုရားမမြင်။ ထာဝရဘုရား သည် မြေကြီး ကို စွန့်ပစ်လေပြီဟု ဆိုကြ၏။
13 Et dixit ad me: Adhuc conversus videbis abominationes maiores, quas isti faciunt.
၁၃တဖန် လှည့် ၍ သွားဦးလော့။ သူ တို့ပြု သောအမှုတို့တွင် သာ၍ကြီးစွာ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို မြင် လိမ့်မည်ဟု မိန့် တော်မူလျက် ၊
14 Et introduxit me per ostium portae domus Domini, quod respiciebat ad Aquilonem: et ecce ibi mulieres sedebant plangentes Adonidem.
၁၄ဗိမာန် တော်မြောက် တံခါးဝ သို့ ဆောင်သွား ၍ ၊ ထို အရပ်၌ မိန်းမ တို့သည် တမ္မုဇနတ် အဘို့ ငိုကြွေး လျက် ထိုင် ကြ၏။
15 Et dixit ad me: Certe vidisti fili hominis: adhuc conversus videbis abominationes maiores his.
၁၅အချင်းလူသား ၊ ထို အမှုကိုမြင် ပြီလော ။ တဖန် လှည့် ၍သွားဦးလော့။ ထိုမျှမက သာ၍ကြီးစွာသော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို မြင် လိမ့်မည်ဟု မိန့်တော်မူလျက်၊
16 Et introduxit me in atrium domus Domini interius: et ecce in ostio templi Domini inter vestibulum et altare, quasi vigintiquinque viri dorsa habentes contra templum Domini, et facies ad Orientem: et adorabant ad ortum Solis.
၁၆ထာဝရဘုရား ၏အိမ် တော်အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား ၍ ၊ ဗိမာန် တော်တံခါး ၊ ဗိမာန် တော်ဦးနှင့် ယဇ် ပလ္လင်ကြား မှာ၊ လူ နှစ်ကျိပ် ငါး ယောက်တို့သည် ဗိမာန် တော်ကို ကျောခိုင်း လျက် ၊ အရှေ့ သို့ မျက်နှာ ပြုလျက် ၊ အရှေ့ မျက်နှာ၌ နေ ကို ကိုးကွယ် ကြ၏။
17 Et dixit ad me: Certe vidisti fili hominis: numquid leve est hoc domui Iuda ut facerent abominationes istas, quas fecerunt hic: quia replentes terram iniquitate conversi sunt ad irritandum me? et ecce applicant ramum ad nares suas.
၁၇တဖန်တုံ ၊ အချင်းလူသား ၊ ထိုအမှုကို မြင် ပြီ လော ။ ယုဒ အမျိုး သည် ဤ အရပ်၌ စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို ပြု သောအပြစ်ပေါ့ သလော ။ သူတို့သည် အဓမ္မ မှုဖြင့် တပြည်လုံး ကို ပြည့် စေ၍ ငါ၏အမျက်ကို အထပ်ထပ် နှိုးဆော်ကြပြီ။ သစ်ခက် ကိုလည်း မိမိ တို့နှာခေါင်းဝ ၌ ကပ် ၍ကိုင်ကြ၏။
18 Ergo et ego faciam in furore: non parcet oculus meus, nec miserebor: et cum clamaverint ad aures meas voce magna, non exaudiam eos.
၁၈ထိုကြောင့် ၊ ငါ သည် နှမြော စုံမက်ခြင်းမ ရှိဘဲ ငါ ၏အမျက် ကို လွှတ် လိုက်မည်။ သူတို့သည် ကျယ် သော အသံ နှင့်အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နား မ ထောင်ဟု မိန့်တော်မူ၏။

< Hiezechielis Prophetæ 8 >