< Deuteronomii 17 >
1 Non immolabis Domino Deo tuo ovem, et bovem, in quo est macula, aut quippiam vitii: quia abominatio est Domino Deo tuo.
၁``အပြစ်အနာအဆာပါရှိသောနွားထီး၊ သို့မဟုတ်သိုးကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားအားမပူဇော်ရ။ ထာဝရ ဘုရားသည်ထိုသို့သောယဇ်ကောင်ကိုရွံရှာ တော်မူ၏။''
2 Cum reperti fuerint apud te intra unam portarum tuarum, quas Dominus Deus tuus dabit tibi, vir aut mulier qui faciant malum in conspectu Domini Dei tui, et transgrediantur pactum illius,
၂``အကယ်၍သင်တို့၏မြို့ရွာများတွင် ယောကျာ်း သို့မဟုတ်မိန်းမတစ်ဦးဦးသည် ထာဝရ ဘုရား၏အမိန့်တော်ကိုဆန့်ကျင်လျက် အခြားသောဘုရားများနှင့်နေ၊ လ၊ ကြယ် များကိုဝတ်ပြုကိုးကွယ်သဖြင့် ထာဝရ ဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ အပြစ် ကူးလွန်ကြောင်းသတင်းကြားမိလျှင်စေ့ စေ့စပ်စပ်စုံစမ်းလော့။ ဣသရေလအမျိုး သားတို့တွင်ထိုစက်ဆုပ်ဖွယ်သောအမှု ပြုသည်ကိုဧကန်သိရသောအခါ၊-
3 ut vadant et servant diis alienis, et adorent eos, solem et lunam, et omnem militiam caeli, quae non praecepi:
၃
4 et hoc tibi fuerit nunciatum, audiensque inquisieris diligenter, et verum esse repereris, et abominatio facta est in Israel:
၄
5 educes virum ac mulierem, qui rem sceleratissimam perpetrarunt, ad portas civitatis tuae, et lapidibus obruentur.
၅ထိုဒုစရိုက်ကူးလွန်သူကိုမြို့ပြင်သို့ထုတ် လျက် ကျောက်ခဲနှင့်ပစ်သတ်ရမည်။-
6 In ore duorum, aut trium testium peribit qui interficietur. Nemo occidatur, uno contra se dicente testimonium.
၆သို့ရာတွင်သက်သေခံနှစ်ဦးသုံးဦးရှိမှ သာထိုအပြစ်ရှိသူကိုသေဒဏ်စီရင်ရ မည်။ သက်သေတစ်ဦးတည်း၏ထွက်ချက် ဖြင့်ထိုသူကိုသေဒဏ်မစီရင်ရ။-
7 Manus testium prima interficiet eum, et manus reliqui populi extrema mittetur: ut auferas malum de medio tui.
၇သက်သေခံများကထိုသူကိုကျောက်ခဲနှင့် အဦးဆုံးပစ်ပြီးမှအခြားသူများက ကျောက်ခဲနှင့်ပစ်ရမည်။ ဤနည်းအားဖြင့် ထိုဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။''
8 Si difficile et ambiguum apud te iudicium esse perspexeris inter sanguinem et sanguinem, causam et causam, lepram et non lepram: et iudicum inter portas tuas videris verba variari: surge, et ascende ad locum, quem elegerit Dominus Deus tuus.
၈``ဒေသခံတရားသူကြီးများသည် လူသတ် မှုနှင့်လူသေမှု၌သော်လည်းကောင်း၊ ပစ္စည်း ပိုင်ဆိုင်ခွင့်အမှုအခင်းများနှင့်ကိုယ်ထိလက် ရောက်ထိခိုက်ဒဏ်ရာရစေသောအမှုအခင်း များ၌သော်လည်းကောင်း အဆုံးအဖြတ်ပေး ရန်ခဲယဉ်းခြင်းရှိသောအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရွေးချယ် တော်မူသည့်တစ်ခုတည်းသောကိုးကွယ် ရာဌာနသို့သွား၍၊-
9 Veniesque ad sacerdotes Levitici generis, et ad iudicem, qui fuerit illo tempore: quaeresque ab eis, qui indicabunt tibi iudicii veritatem.
၉လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်များနှင့် တာဝန်ကျတရားသူကြီးထံအမှုကို တင်ပြ၍အဆုံးအဖြတ်ခံယူရမည်။-
10 Et facies quodcumque dixerint qui praesunt loco, quem elegerit Dominus, et docuerint te
၁၀သူတို့၏စီရင်ဆုံးဖြတ်ချက်အတိုင်းအတိ အကျလိုက်နာရမည်။-
11 iuxta legem eius; sequerisque sententiam eorum. nec declinabis ad dexteram neque ad sinistram.
၁၁သင်တို့သည်သူတို့၏စီရင်ဆုံးဖြတ်ချက်ကို လက်ခံ၍ ညွှန်ကြားချက်အတိုင်းတစ်သဝေ မတိမ်းလိုက်နာရမည်။-
12 Qui autem superbierit, nolens obedire sacerdotis imperio, qui eo tempore ministrat Domino Deo tuo, ex decreto iudicis, morietur homo ille, et auferes malum de Israel:
၁၂တာဝန်ကျတရားသူကြီးသို့မဟုတ်ယဇ် ပုရောဟိတ်၏စီရင်ဆုံးဖြတ်ချက်ကို မနာ ခံသောသူအားသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်ဣသရေလလူမျိုးမှထို ဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။-
13 cunctusque populus audiens timebit, ut nullus deinceps intumescat superbia.
၁၃ထိုအခါလူအပေါင်းတို့သည်ထိုသတင်း ကိုကြား၍ကြောက်ရွံ့သဖြင့် ထိုကဲ့သို့ နောက်တစ်ဖန်ပြုဝံ့မည်မဟုတ်ချေ။''
14 Cum ingressus fueris Terram, quam Dominus Deus tuus dabit tibi, et possederis eam, habitaverisque in illa, et dixeris: Constituam super me regem, sicut habent omnes per circuitum nationes:
၁၄``သင်တို့သည်ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူမည့်ပြည်ကိုသိမ်းပိုက်နေ ထိုင်ကြသောအခါ ပတ်ဝန်းကျင်နိုင်ငံများ နည်းတူဘုရင်တစ်ပါးကိုနန်းတင်လို ကြပေလိမ့်မည်။-
15 eum constitues, quem Dominus Deus tuus elegerit de numero fratrum tuorum. Non poteris alterius gentis hominem regem facere, qui non sit frater tuus.
၁၅ထာဝရဘုရားရွေးချယ်တော်မူသောသူ ကိုသာဘုရင်တင်မြှောက်ရမည်။ သူသည် သင်တို့၏အမျိုးသားချင်းထဲမှဖြစ်ရ မည်။ လူမျိုးခြားကိုဘုရင်မတင်မြှောက်ရ။-
16 Cumque fuerit constitutus, non multiplicabit sibi equos, nec reducet populum in Aegyptum, equitatus numero sublevatus, praesertim cum Dominus praeceperit vobis ut nequaquam amplius per eamdem viam revertamini.
၁၆ဘုရင်သည်သူ၏တပ်မတော်အတွက်မြင်း မြောက်မြားစွာမထားရှိစေရ။ ထာဝရ ဘုရားက မိမိ၏လူမျိုးကိုအီဂျစ်ပြည် သို့ပြန်မသွားရဟုအမိန့်တော်ရှိသော ကြောင့် ဘုရင်သည်မြင်းဝယ်ရန်လူများ ကိုထိုပြည်သို့မစေလွှတ်ရ။-
17 Non habebit uxores plurimas, quae alliciant animum eius, neque argenti et auri immensa pondera.
၁၇ဘုရင်သည်မယားများစွာရှိလျှင် ထာဝရ ဘုရားကိုစွန့်သွားနိုင်သဖြင့် သူ၌မယား များစွာမရှိစေရ။ ရွှေ၊ ငွေလည်းများစွာ မရှိစေရ။-
18 Postquam autem sederit in solio regni sui, describet sibi Deuteronomium legis huius in volumine accipiens exemplar a sacerdotibus Leviticae tribus,
၁၈ဘုရင်သည်နန်းတက်သောအခါလေဝိအနွယ် ဝင်ယဇ်ပုရောဟိတ်များထံတွင် ထားရှိသော ဘုရားသခင်၏ပညတ်တော်များနှင့်ဆုံးမ သွန်သင်ချက်များပါရှိသည့် ကျမ်းစာကို မိတ္တူရေးကူးပြီးလျှင်လက်ဝယ်၌ဆောင် ထားစေရမည်။-
19 et habebit secum, legetque illud omnibus diebus vitae suae, ut discat timere Dominum Deum suum, et custodire verba et ceremonias eius, quae in lege praecepta sunt.
၁၉သူသည်ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ ၍ ပညတ်ရှိသမျှတို့ကိုတစ်သဝေမတိမ်း လိုက်လျှောက်နိုင်ရန် ထိုကျမ်းစာအုပ်ကိုမိမိ အနီးအပါးတွင်ထားလျက် တစ်သက်ပတ် လုံးဖတ်ရှုရမည်။-
20 Nec elevetur cor eius in superbiam super fratres suos, neque declinet in partem dexteram vel sinistram, ut longo tempore regnet ipse, et filii eius super Israel.
၂၀ဤနည်းအားဖြင့်သူသည်မိမိ၏အမျိုးသား ချင်းတို့ထက် သာသည်ဟူ၍မာနထောင်လွှား သောစိတ်ရှိမည်မဟုတ်။ ထာဝရဘုရား၏ အမိန့်တော်များကိုလည်းလွန်ဆန်မည်မဟုတ်။ ထိုအခါသူနှင့်သူ၏အဆက်အနွယ်တို့ သည် ဣသရေလနိုင်ငံကိုအဋ္ဌွန့်ရှည်စွာ အုပ်စိုးရကြလိမ့်မည်။''