< Actuum Apostolorum 15 >
1 Et quidam descendentes de Iudaea, docebant fratres: Quia nisi circumcidamini secundum morem Moysi, non potestis salvari.
၁ယုဒ ပြည်မှ အန္တိအုတ်မြို့သို့ ရောက်လာ သော သူအချို့ တို့က၊ သင်တို့သည် မောရှေ ၏တရား အတိုင်း အရေဖျားလှီး ခြင်းကို မ ခံလျှင် ၊ ကယ်တင် တော်မူခြင်းသို့ မ ရောက် နိုင်ဟု ညီအစ်ကို တို့အား ဆုံးမ ဩဝါဒပေးကြ၏။
2 Facta ergo seditione non minima Paulo, et Barnabae adversus illos, statuerunt ut ascenderent Paulus, et Barnabas, et quidam alii ex aliis ad Apostolos, et presbyteros in Ierusalem super hac quaestione.
၂ထိုသူ တို့နှင့် ပေါလု ၊ ဗာနဗ တို့သည် ဆွေးနွေးငြင်းခုံ ခြင်းများသောအခါ၊ ပေါလု နှင့် ဗာနဗ တို့သည် အခြား သောတပည့်တော်အချို့ တို့နှင့်တကွ ၊ ထို ပြဿနာ ၏ အကြောင်း ကြောင့်ယေရုရှလင် မြို့၌ ရှိသော တမန်တော် တို့နှင့် သင်းအုပ် တို့ထံသို့ သွား ရမည်အကြောင်းကိုစီရင် ကြ၏။
3 Illi ergo deducti ab Ecclesia pertransibant Phoenicen, et Samariam, narrantes conversionem Gentium: et faciebant gaudium magnum omnibus fratribus.
၃အသင်းတော် သည်လမ်း၌ပို့ သဖြင့်၊ ပေါလုနှင့် ဗာနဗတို့သည် ဖိနိတ် ပြည်နှင့် ရှမာရိ ပြည်ကို ရှောက်သွား ၍ တစ်ပါး အမျိုးသားတို့ ပြောင်းလဲ ခြင်းအကြောင်းအရာကို ကြားပြော သဖြင့်၊ ညီအစ်ကို အပေါင်း တို့ကို အလွန် ဝမ်းမြောက် စေကြ၏။
4 Cum autem venissent Ierosolymam, suscepti sunt ab Ecclesia, et ab Apostolis, et senioribus annunciantes quanta Deus fecisset cum illis.
၄ယေရုရှလင် မြို့သို့ ရောက် လျှင်၊ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင် သူ များတို့တွင် လက်ခံ ခြင်း ကျေးဇူးကိုခံ၍၊ မိမိ တို့အားဖြင့် ဘုရားသခင် ပြု တော်မူသမျှ တို့ကို ပြန်ကြား ကြ၏။
5 Surrexerunt autem quidam de haeresi Pharisaeorum, qui crediderunt, dicentes: Quia oportet circumcidi eos, praecipere quoque servare legem Moysi.
၅ဖာရိရှဲ စု ထဲကယုံကြည် သောသူ အချို့ တို့သည် ထ လျက် ၊ တစ်ပါး အမျိုးသားတို့အား အရေဖျားလှီး ခြင်းကို ပေး ရမည်။ မောရှေ ၏ တရား ကို ကျင့် စေခြင်းငှာဆုံးမ ရမည်ဟု ဆိုကြ၏။
6 Conveneruntque Apostoli, et seniores videre de verbo hoc.
၆ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့သည် ထို အမှု ကိုကြည့်ရှု ဆင်ခြင်ခြင်းငှာစည်းဝေး ကြ၏။
7 Cum autem magna conquisitio fieret, surgens Petrus dixit ad eos: Viri fratres, vos scitis quoniam ab antiquis diebus Deus in nobis elegit, per os meum audire Gentes verbum Evangelii, et credere.
၇များစွာ သောဆွေးနွေး ငြင်းခုံခြင်းရှိ သောအခါ ပေတရုသည် ထ လျက်၊ ညီအစ်ကို တို့၊ ဘုရားသခင် သည် ရှေ့ဦးစွာ ငါတို့တွင် ရွေးကောက် တော်မူ၍၊ ငါ ဟောပြော သောအားဖြင့် တစ်ပါး အမျိုးသားတို့သည် ဧဝံဂေလိ တရား ကိုကြားနာ ၍ ယုံကြည် ရမည်အကြောင်း စီရင် တော်မူသည်ကို သင် တို့သိ ကြ၏။
8 Et qui novit corda Deus, testimonium perhibuit, dans illis Spiritum sanctum, sicut et nobis,
၈စိတ် နှလုံးကို သိတော်မူသော ဘုရားသခင် သည် သန့်ရှင်း သော ဝိညာဉ် တော်ကို ငါ တို့အားပေး သည်နည်းတူ သူ တို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံ တော်မူ၏။
9 et nihil discrevit inter nos et illos, fide purificans corda eorum.
၉ယုံကြည် ခြင်းအားဖြင့်လည်း သူ တို့၏ စိတ်နှလုံး ကိုစင်ကြယ် စေ၍ ငါ တို့ကို ခြားနား စေတော်မ မူ။
10 Nunc ergo quid tentatis Deum, imponere iugum super cervices discipulorum, quod neque patres nostri, neque nos portare potuimus?
၁၀သို့ဖြစ်လျှင် ၊ ငါ တို့နှင့်ငါ တို့ဘိုးဘေး များ မ ထမ်း နိုင် သော ထမ်းပိုး ကို တပည့် တော်တို့၏ လည်ပင်း ပေါ်၌ တင် စေခြင်းငှာအဘယ်ကြောင့် ဘုရားသခင် ကို စုံစမ်း ကြသနည်း။
11 Sed per gratiam Domini Iesu Christi credimus salvari, quemadmodum et illi.
၁၁သခင် ယေရှု ၏ ကျေးဇူး တော်အားဖြင့် သာ ထိုသူ တို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်သည် နည်းတူ ၊ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြည် ၏ဟု ပေတရု ပြောဆို ၏။
12 Tacuit autem omnis multitudo: et audiebant Barnabam, et Paulum narrantes quanta Deus fecisset signa, et prodigia in Gentibus per eos.
၁၂ထိုအခါ ဗာနဗ နှင့် ပေါလု တို့သည် မိမိ တို့အားဖြင့် တစ်ပါး အမျိုးသားတို့တွင် ဘုရားသခင် ပြု တော်မူသမျှ သော နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ကြားပြော သည်ကို စုဝေး သောသူအပေါင်း တို့သည် တိတ်ဆိတ် စွာ နေ၍ နားထောင် ကြ၏။
13 Et postquam tacuerunt, respondit Iacobus, dicens: Viri fratres, audite me.
၁၃ထိုသူ တို့သည် အကုန်အစင်ပြောဆို ပြီးမှ ၊ ယာကုပ် က၊ ညီအစ်ကို တို့၊ ငါ့ စကားကို နားထောင် ကြ လော့။
14 Simon narravit quemadmodum primum Deus visitavit sumere ex Gentibus populum nomini suo.
၁၄ဘုရားသခင် သည် မိမိ နာမ အဘို့ ၊ တစ်ပါး အမျိုးသားတို့ အထဲ ကအချို့သောသူတို့ကိုနှုတ်ယူ ခြင်းငှာ၊ ရှေးဦးစွာ တစ်ပါးအမျိုးသားတို့ကို အကြည့်အရှု ကြွလာ တော်မူသည် အကြောင်းအရာကို ရှိမုန် သည် ဟောပြော ခဲ့ပြီ။
15 Et huic concordant verba Prophetarum, sicut scriptum est:
၁၅ထိုအကြောင်း အရာသည်လည်း ပရောဖက် တို့၏ စကား နှင့် ညီ ၏။
16 Post haec revertar, et reaedificabo tabernaculum David, quod decidit: et diruta eius reaedificabo, et erigam illud:
၁၆ကျမ်းစာလာ သည်ကား၊ ငါ ၏နာမ ဖြင့် သမုတ် သော တစ်ပါး အမျိုးသားအပေါင်း တည်းဟူသောကျန်ကြွင်း ရစ်သော သူ တို့သည် ထာဝရ ဘုရားကိုရှာ စေခြင်းငှာ နောက်မှ ငါပြန်လာ မည်။
17 ut requirant ceteri hominum Dominum, et omnes gentes, super quas invocatum est nomen meum, dicit Dominus faciens haec.
၁၇လဲ လျက်ရှိသော ဒါဝိဒ် ၏တဲ ကို ဆောက်တည် ပြန်မည်။ ပြိုပျက် ရာများကိုလည်း ပြုပြင် ပြီးလျှင် ၊ ထိုတဲ ကို မတ် စေပြန်မည်ဟု။
18 Notum a saeculo est Domino opus suum. (aiōn )
၁၈ဤအမှုအရာတို့ကို စီရင်တော်မူသော ထာဝရ ဘုရားသခင်၏ ဗျာဒိတ်တော်ရှိ၏ ဟုလာသတည်း။ ဘုရားသခင် သည် ကမ္ဘာ ဦးမှစ၍ မိမိစီရင် တော်မူသမျှသော အမှုအရာတို့ကိုသိ တော်မူသည်။ (aiōn )
19 Propter quod ego iudico non inquietari eos, qui ex Gentibus convertuntur ad Deum,
၁၉ထိုကြောင့် ၊ တစ်ပါး အမျိုးသားတို့အထဲ မှ ဘုရားသခင့် ထံတော် သို့ ပြောင်းလဲ သော သူ တို့ကို မ နှောင့်ရှက် ဘဲလျက်၊
20 sed scribere ad eos ut abstineant se a contaminationibus simulacrorum, et fornicatione, et suffocatis, et sanguine.
၂၀ရုပ်တု တို့၏ ညစ်ညူး ရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ၊ လည်ပင်း ကိုညှစ်၍ သတ်သောအရာကို ၎င်း၊ အသွေး ကို၎င်း ကြဉ်ရှောင် စေခြင်းငှာသူ တို့ကို မှာ လိုက်သင့်သည်ဟု ငါသဘောရှိ၏။
21 Moyses enim a temporibus antiquis habet in singulis civitatibus qui eum praedicent in synagogis, ubi per omne sabbatum legitur.
၂၁အကြောင်းမူကား ၊ မောရှေ၏ပညတ္တိကျမ်းကို တရားစရပ် ၌ ဥပုသ်နေ့ တိုင်း ဘတ်ရွတ် သဖြင့်၊ မောရှေ ၏ တရားကို ရှေး ကာလမှစ၍ ခပ်သိမ်း သောမြို့ တို့၌ ဟောပြော လေ့ရှိသည်ဟု ယာကုပ်ပြောဆို၏။
22 Tunc placuit Apostolis, et senioribus cum omni Ecclesia, eligere viros ex eis, et mittere Antiochiam cum Paulo, et Barnaba, Iudam, qui cognominabatur Barsabas, et Silam viros primos in fratribus,
၂၂ထိုအခါ တမန်တော် တို့နှင့် သင်းအုပ် တို့မှစ၍ သင်းဝင်သူ အပေါင်း တို့သည်၊ မိမိ တို့အထဲ ၌ ရွေးကောက် ၍ညီအစ်ကို တို့တွင် ထင်ရှား သောသူ တည်းဟူသောဗာရှဗ အမည် သစ်ကို ရသောယုဒ နှင့် သိလ တို့ကို၊ အန္တိအုတ် မြို့သို့ ပေါလု ၊ ဗာနဗ တို့နှင့်တကွ စေလွှတ် မည် အကြောင်းသဘော ညီညွတ်ကြ၏။
23 scribentes per manus eorum. APOSTOLI et seniores fratres, his, qui sunt Antiochiae, et Syriae, et Ciliciae fratribus ex Gentibus, salutem.
၂၃သူ တို့လက် ဖြင့် ပေး လိုက်သော စာဟူမူကား၊ တမန်တော် ၊ သင်းအုပ် ၊ ညီအစ်ကို များတို့သည်၊ အန္တိအုတ် မြို့မှစ၍ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့၌ရှိနေ၍ တစ်ပါး အမျိုးသားဖြစ်သော ညီအစ်ကို တို့ကို မေတ္တာနှင့်ကြား လိုက်ပါ၏။
24 Quoniam audivimus quia quidam ex nobis exeuntes turbaverunt vos verbis, evertentes animas vestras, quibus non mandavimus:
၂၄လူအချို့ တို့သည် ငါတို့အခွင့် မ ရှိဘဲ ငါ တို့ထံမှ ထွက်သွား ၍၊ သင် တို့သည် အရေဖျားလှီးခြင်းကိုခံရမည်၊ ပညတ်တရားကိုကျင့်ရမည် ဟူသောစကား ဖြင့်၊ သင် တို့၏ စိတ် နှလုံးကို နှောင့်ရှက် ဖျက်ဆီးသည်ကို ငါတို့ကြား ရ သည်ဖြစ်၍ ၊
25 placuit nobis collectis in unum, eligere viros, et mittere ad vos cum charissimis nostris Barnaba, et Paulo,
၂၅ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်ကြောင့် မိမိ အသက် ကို စွန့်စား သော သူ တည်းဟူသော၊
26 hominibus, qui tradiderunt animas suas pro nomine Domini nostri Iesu Christi.
၂၆ငါတို့ချစ် သောဗာနဗ ၊ ပေါလု တို့နှင့်တကွ ရွေးကောက် သော သူ တို့ကို သင် တို့ဆီသို့ စေလွှတ် ခြင်းငှာတစ် ညီတစ်ညွတ်တည်း စီရင် သည်နှင့်အညီ၊
27 Misimus ergo Iudam, et Silam, qui et ipsi vobis verbis referent eadem.
၂၇ဤအကြောင်း အရာကို သင် တို့အား နှုတ် ဖြင့် ကြား စေခြင်းငှာယုဒ နှင့် သိလ တို့ကို စေလွှတ် ကြ၏။
28 Visum est enim Spiritui sancto, et nobis nihil ultra imponere vobis oneris quam haec necessaria:
၂၈ရုပ်တု ရှေ့မှာ ပူဇော်သောယဇ်ကောင်ကို၎င်း ၊ အသွေး ကို၎င်း ၊
29 ut abstineatis vos ab immolatis simulacrorum, et sanguine, et suffocato, et fornicatione, a quibus custodientes vos, bene agetis. Valete.
၂၉လည်ပင်း ကိုညှစ်၍ သတ်သောအရာကို၎င်း ၊ မတရား သော မေထုန်ကို၎င်း ကြဉ်ရှောင် ရမည်ဟူသော ပညတ်မှတပါး အခြားသော ဝန် သင် တို့၏ အပေါ်၌ တင် ခြင်းငှာသန့်ရှင်း သော ဝိညာဉ် တော်နှင့် ငါ တို့သည် အလိုမ ရှိ။ ထို အရာများကို ကြဉ်ရှောင်အပ်၏။ ကျန်းမာ ကြပါစေသောဟုရေး၍ ပေးလိုက်သတည်း။
30 Illi ergo dimissi, descenderunt Antiochiam: et congregata multitudine tradiderunt epistolam.
၃၀ထိုသူတို့သည် သွား ရသော အခွင့်ရှိသဖြင့် ၊ အန္တိအုတ် မြို့သို့ သွား ၍၊ လူ အပေါင်းတို့ကို စုဝေး စေပြီးလျှင် မှာစာ ကိုအပ်ပေး ကြ၏။
31 Quam cum legissent, gavisi sunt super consolatione.
၃၁မှာစာကိုဘတ်ရွတ် သောအခါ ထိုသက်သာ ခြင်း၏ အကြောင်းကြောင့် ဝမ်းမြောက် ခြင်းသို့ရောက်ကြ၏။
32 Iudas autem, et Silas, et ipsi cum essent Prophetae, verbo plurimo consolati sunt fratres, et confirmaverunt.
၃၂ယုဒ နှင့် သိလ တို့သည် ပရောဖက် ဖြစ် သောကြောင့် များစွာ သောစကား နှင့် ညီအစ်ကို တို့ကို ဆုံးမ ၍ မြဲမြံ ခိုင်ခံ့စေကြ၏။
33 Facto autem ibi aliquanto tempore, dimissi sunt cum pace a fratribus ad eos, qui miserant illos.
၃၃ထိုသူ တို့သည် အတန်အရာနေ ပြီးမှ ၊ တမန်တော်တို့ထံသို့ငြိမ်သက် စွာပြန်စေခြင်းငှာညီအစ်ကို တို့သည် အခွင့် ပေးကြ၏။
34 Visum est autem Silae ibi remanere: Iudas autem solus abiit Ierusalem.
၃၄သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။
35 Paulus autem, et Barnabas demorabantur Antiochiae docentes: et evangelizantes cum aliis pluribus verbum Domini.
၃၅ပေါလု နှင့် ဗာနဗ တို့သည်လည်း အန္တိအုတ် မြို့၌ နေ လျက်၊ အခြား သောသူများ တို့နှင့်တကွ ဆုံးမဩဝါဒ ပေး၍၊ သခင် ဘုရား၏ နှုတ်ကပတ် တရားတည်းဟူသောဧဝံဂေလိတရားကိုဟောပြော ကြ၏။
36 Post aliquot autem dies, dixit ad Barnabam Paulus: Revertentes visitemus fratres per universas civitates, in quibus praedicavimus verbum Domini, quomodo se habeant.
၃၆အင်တန် ကာလ ကြာသောအခါ ၊ ပေါလု က၊ ငါတို့သည် သခင် ဘုရား၏ နှုတ်ကပတ် တရားကို ဟောပြော ဘူးသော မြို့ များ တို့၌ ရှိသော ညီအစ်ကို တို့ သည် အဘယ်သို့ ရှိ နေသည်ကိုကြည့်ရှု ၍ ပြန်သွား ကြကုန်အံ့ဟု ဗာနဗ အား ဆို ၏။
37 Barnabas autem volebat secum assumere et Ioannem, qui cognominabatur Marcus.
၃၇ဗာနဗ သည် မာကု အမည် ရှိသော ယောဟန် ကို ခေါ် မည်ဟု အကြံရှိ ၏။
38 Paulus autem rogabat eum (ut qui discessisset ab eis de Pamphylia, et non isset cum eis in opus) non debere recipi.
၃၈ပေါလု က၊ ပံဖုလိ ပြည်၌ သူ တို့နှင့် ခွာ ၍ အမှုထမ်း ရာသို့ မ လိုက် မသွားသောထိုသူ ကိုမ ခေါ် သင့်ဟု သဘော ရှိ၏။
39 Facta est autem dissensio, ita ut discederent ab invicem, et Barnabas quidem assumpto Marco navigaret Cyprum.
၃၉ထို အကြောင်းနှင့် အချင်းချင်း မ သင့်သဖြင့် တခြားစီ သွား၍၊ ဗာနဗ သည်မာကု ကို ခေါ် ပြီးလျှင် ကုပရု ကျွန်းသို့ လွှင့် လေ၏။
40 Paulus vero electo Sila profectus est, traditus gratiae Dei a fratribus.
၄၀ညီအစ်ကို တို့သည် ပေါလု ကိုဘုရားသခင် ၏ ကျေးဇူး တော်သို့ အပ်နှံ ကြသဖြင့်၊ သူသည်သိလ ကို ရွေးချယ် ပြီးလျှင်ထွက် ၍၊
41 Perambulabat autem Syriam, et Ciliciam, confirmans Ecclesias: praecipiens custodire praecepta Apostolorum, et seniorum.
၄၁အသင်းတော် များကို မြဲမြံ ခိုင်ခံ့စေလျက်၊ ရှုရိ ပြည်၊ ကိလိကိ ပြည်တို့ကို ရှောက်သွား လေ၏။