< Thessalonicenses Ii 2 >
1 Rogamus autem vos fratres per adventum Domini nostri Iesu Christi, et nostrae congregationis in ipsum:
၁ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူ၍၊ ငါတို့သည်အထံတော်၌ စည်းဝေးခြင်းအရာမှာ၊ သခင်ဘုရား၏ နေ့ရက်သည် ချက်ခြင်းရောက်မည်ဟူ၍ စိတ်ဝိညာဉ်အားဖြင့်ဖြစ်စေ၊ နှုတ်ထွက်စကားအားဖြင့် ဖြစ်စေ၊ ငါတို့စာကဲ့သို့သော စာအားဖြင့်ဖြစ်စေ၊
2 ut non cito moveamini a vestro sensu, neque terreamini, neque per spiritum, neque per sermonem, neque per epistolam tamquam per nos missam, quasi instet dies Domini.
၂သင်တို့သည် စိတ်ရွေ့လျော့ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း၊ အလျင် တဆောမရှိမည်အကြောင်း ငါတို့သည် တောင်းပန်ကြ၏။
3 Nequis vos seducat ullo modo: quoniam nisi venerit discessio primum, et revelatus fuerit homo peccati, filius perditionis,
၃အဘယ်သူမျှသင်တို့ကို အဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်၊ ထိုနေ့ရက်မရောက်မှီ ဖောက်ပြန် သင်းခွဲသည့် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည်ပေါ်လာရလိမ့်မည်။
4 qui adversatur, et extollitur supra omne, quod dicitur Deus, aut quod colitur, ita ut in templo Dei sedeat ostendens se tamquam sit Deus.
၄ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြှောက်သောအားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌ ဘုရားသခင်ကဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း။
5 Non retinetis quod cum adhuc essem apud vos, haec dicebam vobis?
၅ငါသည် သင်တို့နှင့်အတူ ရှိစဉ်အခါ၊ ထိုအကြောင်းအရာများကို ပြောပြီဟုသင်တို့သည် သတိမရ ကြသလော။
6 Et nunc quid detineat scitis, ut reveletur in suo tempore.
၆ထိုသူသည် မိမိကာလအချိန်၌ ထင်ရှားစေခြင်းငှါ၊ ယခုဆီးထားသောအကြောင်းကိုလည်း သင်တို့ သိကြ၏။
7 Nam mysterium iam operatur iniquitatis: tantum ut qui tenet nunc, teneat, donec de medio fiat.
၇အဘယ်သို့နည်းဟူမူကား၊ ဝှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည် ယခုပင် ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောသူသည် ပယ်ရှင်းခြင်းသို့ မရောက်မှီတိုင်အောင် ဆီးတားလိမ့်မည်။
8 Et tunc revelabitur ille iniquus, quem Dominus Iesus interficiet spiritu oris sui, et destruet illustratione adventus sui eum:
၈ပယ်ရှင်းခြင်းသို့ရောက်သောအခါ၊ ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။
9 cuius est adventus secundum operationem satanae in omni virtute, et signis, et prodigiis mendacibus,
၉ထိုအဓမ္မလူ၏ လာခြင်းအကြောင်းဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့် စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှုအမျိုးမျိုးနှင့်၎င်း၊
10 et in omni seductione iniquitatis iis, qui pereunt: eo quod charitatem veritatis non receperunt ut salvi fierent.
၁၀ပျက်စီးခြင်းသို့ရောက်သော သူတို့တွင်၊ မတရားသော လှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သော စိတ်ကို မခံမယူကြ။
11 Ideo mittet illis Deus operationem erroris ut credant mendacio,
၁၁ထိုကြောင့်၊ သမ္မာတရားကို မယုံဘဲ၊ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည်။
12 ut iudicentur omnes, qui non crediderunt veritati, sed consenserunt iniquitati.
၁၂တရားရှုံးခြင်းသို့ရောက်မည်အကြောင်း၊ မုသာစကားကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဌိပြုပြင် အားထုတ်ခြင်း အခွင့်ကိုသူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။
13 Nos autem debemus gratias agere Deo semper pro vobis fratres dilecti a Deo, quod elegerit vos Deus primitias in salutem in sanctificatione spiritus, et in fide veritatis:
၁၃သို့သော်လည်း၊ သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုတို့၊ သင်တို့သည် စိတ်သန့်ရှင်းခြင်း၊ သမ္မာ တရားကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်စိမ့်သောငှါ၊ ဘုရားသခင်သည် ရှေ့ဦးစွာပင် သင်တို့ကို ရွေးကောက်တော်မူသည်ဖြစ်၍၊ ငါတို့သည် သင်တို့ကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းရကြမည်။
14 in qua et vocavit vos per Evangelium nostrum in acquisitionem gloriae Domini nostri Iesu Christi.
၁၄ထိုသို့အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကို ပိုင်ရမည် အကြောင်းတည်း။
15 Itaque fratres state: et tenete traditiones, quas didicistis, sive per sermonem, sive per epistolam nostram.
၁၅ထိုကြောင့်၊ ညီအစ်ကိုတို့၊ ငါတို့နှုတ်ထွက်စကား အားဖြင့်ဖြစ်စေ၊ စာအားဖြင့်ဖြစ်စေ၊ သင်တို့သည် သင်ခဲ့ပြီးသော နည်းဥပဒေသများကို တည်ကြည်လျက် ကိုင်ယူ စွဲလမ်းကြလော့။
16 Ipse autem Dominus noster Iesus Christus, et Deus et Pater noster, qui dilexit nos, et dedit consolationem aeternam, et spem bonam in gratia, (aiōnios )
၁၆ငါတို့ကိုချစ်တော်မူ၍၊ ထာဝရသက်သာခြင်းအကြောင်းကို၎င်း၊ ကျေးဇူးတော်အားဖြင့် ကောင်းသော မြော်လင့်ခြင်းအကြောင်းကို၎င်း ပေးတော်မူသော ငါတို့အဘတည်းဟူသော ဘုရားသခင်နှင့်၊ ငါတို့သခင် ယေရှု ခရစ်သည် ကိုယ်တော်တိုင်၊ သင်တို့စိတ်နှလုံးကို သက်သာစေ၍၊ ကောင်းသောစကား၊ ကောင်းသောအမှု အမျိုးမျိုး၌ သင်တို့ကို မြဲမြံစေတော်မူပါစေသော။ (aiōnios )
17 exhortetur corda vestra, et confirmet in omni opere, et sermone bono.
၁၇