< Ii Samuelis 9 >

1 Et dixit David: Putasne est aliquis qui remanserit de domo Saul, ut faciam cum eo misericordiam propter Ionathan?
တဖန် ဒါဝိဒ် က၊ ငါသည် ယောနသန် အတွက် ကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလု အဆွေအမျိုး တစုံတယောက် ကျန်ကြွင်း သေး သလော ဟုမေး သော်၊
2 Erat autem de domo Saul, servus nomine Siba: quem cum vocasset rex ad se, dixit ei: Tune es Siba? Et ille respondit: Ego sum servus tuus.
ဇိဘ အမည် ရှိသော ရှောလု ၏အဆွေအမျိုး နှင့်ဆိုင်သော ကျွန် တယောက်ကို အထံ တော်သို့သွင်း၍ ရှင် ဘုရင်က၊ သင် သည် ဇိဘ မှန်သလောဟုမေး လျှင် ၊ ကိုယ်တော် ကျွန် မှန်ပါသည်ဟု ပြန်လျှောက် လေ၏။
3 Et ait rex: Numquid superest aliquis de domo Saul. ut faciam cum eo misericordiam Dei? Dixitque Siba regi: Superest filius Ionathae, debilis pedibus.
ရှင် ဘုရင်ကလည်း ၊ ဘုရား သခင့်အလိုတော်အတိုင်း ငါကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလု အဆွေအမျိုး တစုံတယောက် မျှမ ရှိသလော ဟု မေး လျှင် ဇိဘ က၊ ယောနသန် ၌ ခြေဆွံ့ သောသား တယောက်ရှိပါသေး ၏ဟု လျှောက် သော်၊
4 Ubi, inquit, est? Et Siba ad regem, Ecce, ait, in domo est Machir filii Ammiel in Lodabar.
ရှင် ဘုရင်က၊ သူ သည်အဘယ်မှာ ရှိသနည်းဟုမေး ပြန်လျှင် ၊ ဇိဘ က၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် ၌ ရှိ ပါသည်ဟု လျှောက် ၏။
5 Misit ergo rex David, et tulit eum de domo Machir filii Ammiel de Lodabar.
ထိုအခါ ဒါဝိဒ် သည် စေလွှတ် ၍ ရှောလု ၏သား ဖြစ်သော ယောနသန် ၏သား မေဖိဗောရှက် ကို၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် မှ ခေါ် ခဲ့၍၊
6 Cum autem venisset Miphiboseth filius Ionathae filii Saul ad David, corruit in faciem suam, et adoravit. Dixitque David: Miphiboseth? Qui respondit: Adsum servus tuus.
သူသည်အထံ တော်သို့ ရောက် သောအခါ ပြပ်ဝပ် လျက် ရှိခိုး လေ၏။ ဒါဝိဒ် ကလည်း ၊ မေဖိဗောရှက် ဟုခေါ် လျှင် ၊ ကိုယ်တော် ကျွန် ရှိ ပါသည်ဟုလျှောက် လေ၏။
7 Et ait ei David: Ne timeas, quia faciens faciam in te misericordiam propter Ionathan patrem tuum, et restituam tibi omnes agros Saul patris tui, et tu comedes panem in mensa mea semper.
ဒါဝိဒ် ကလည်း မ စိုးရိမ် နှင့်။ သင် ၏အဘ ယောနသန် အတွက် ငါသည်သင် ၌ ဆက်ဆက်ကျေးဇူး ပြု မည်။ သင့် အဘို့ ရှောလု ပိုင်သမျှ သောမြေ ကို ငါပြန် ပေးမည်။ သင် သည် နေ့တိုင်း အစဉ်ငါ့ စားပွဲ ၌ စား ရမည်ဟုဆို သော်၊
8 Qui adorans eum, dixit: Quis ego sum servus tuus, quoniam respexisti super canem mortuum similem mei?
မေဖိဗောရှက်က၊ ကျွန်တော် ကဲ့သို့ ဖြစ်ရသော ခွေး သေ ကောင်ကို ကိုယ်တော်ကြည့်ရှု ရမည်အကြောင်း ၊ ကိုယ်တော် ကျွန် သည် အဘယ်သို့ သောသူဖြစ်ပါသနည်း ဟု ဦးချ ၍ ပြန်လျှောက် ၏။
9 Vocavit itaque rex Sibam puerum Saul, et dixit ei: Omnia quaecumque fuerunt Saul, et universam domum eius, dedi filio domini tui.
ထိုအခါ ရှင် ဘုရင်သည် ရှောလု ၏ကျွန် ဇိဘ ကို ခေါ် ၍ ၊ ရှောလု နှင့် သူ ၏အဆွေအမျိုး များ ပိုင်ထိုက်သမျှ တို့ ကို သင့် သခင် ၏သား အား ငါပေး ပြီ။
10 Operare igitur ei terram tu, et filii tui, et servi tui: et inferes filio domini tui cibos ut alatur: Miphiboseth autem filius domini tui comedet semper panem super mensam meam. Erant autem Sibae quindecim filii, et viginti servi.
၁၀သင် သည်သင် ၏သား ကျွန် တို့နှင့်တကွ လယ် လုပ် ၍ သင့် သခင် ၏သား စားစရာ ဘို့ အသီးအနှံကို သွင်း ရမည်။ သို့ရာတွင် သင့် သခင် ၏သား မေဖိဗောရှက် သည် နေ့တိုင်း အစဉ် ငါ့ စားပွဲ ၌ အစာ စား ရမည်ဟု မိန့် တော်မူ၏။ ဇိဘ ၌ သား တဆယ် ငါး ယောက်နှင့် ကျွန် နှစ် ဆယ်ရှိ၏။
11 Dixitque Siba ad regem: Sicut iussisti domine mi rex servo tuo, sic faciet servus tuus: et Miphiboseth comedet super mensam tuam, quasi unus de filiis regis.
၁၁ဇိဘ ကလည်း ၊ ကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ကို မှာ ထားတော်မူသမျှ အတိုင်း ၊ ကိုယ်တော် ကျွန် ပြု ပါမည်ဟု နားတော်လျှောက် ၏။ ထိုနောက် ၊ မေဖိဗောရှက် သည် ရှင်ဘုရင် ၏သားရင်း ကဲ့သို့ စားပွဲ တော်၌ အစာစား ရ၏။
12 Habebat autem Miphiboseth filium parvulum nomine Micha: omnis vero cognatio domus Sibae serviebat Miphiboseth.
၁၂မေဖိဗောရှက် ၌ မိက္ခါ အမည် ရှိသောသား ငယ် တယောက်ရှိ၏။ ဇိဘ အိမ် ၌ နေ သောသူအပေါင်း တို့သည်လည်း မေဖိဗောရှက် ၏ ကျွန် ဖြစ်ကြ၏။
13 Porro Miphiboseth habitabat in Ierusalem: quia de mensa regis iugiter vescebatur: et erat claudus utroque pede.
၁၃ထိုသို့ မေဖိဗောရှက် သည် ယေရုရှလင် မြို့၌ နေ ၍ ရှင်ဘုရင် ၏စားပွဲ တော်၌ နေ့တိုင်း အစဉ်စား ရ၏။ ခြေ နှစ် ဘက်ဆွံ့ သောသူဖြစ်၏။

< Ii Samuelis 9 >