< Ii Samuelis 9 >

1 Et dixit David: Putasne est aliquis qui remanserit de domo Saul, ut faciam cum eo misericordiam propter Ionathan?
ဒါ​ဝိဒ်​က``ရှော​လု​၏​မိ​သား​စု​ထဲ​မှ​ကျန်​ကြွင်း သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော။ ရှိ​ခဲ့ လျှင်​ငါ​သည်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက် သော​အား​ဖြင့်​သူ့​အား​ကျေး​ဇူး​ပြု​လို​သည်'' ဟု​မိန့်​တော်​မူ​၏။
2 Erat autem de domo Saul, servus nomine Siba: quem cum vocasset rex ad se, dixit ei: Tune es Siba? Et ille respondit: Ego sum servus tuus.
ထို​အ​ခါ​လူ​တို့​သည်​ဇိ​ဘ​နာ​မည်​ရှိ​သော လူ​တစ်​ယောက်​ကို​အ​ထံ​တော်​သို့​သွင်း​ကြ​၏။ ထို​သူ​ကား​ရှော​လု​မိ​သား​စု​၏​အ​စေ​ခံ တစ်​ဦး​ဖြစ်​၏။ မင်း​ကြီး​က​သူ့​အား``သင် သည်​ဇိ​ဘ​လော'' ဟု​မေး​တော်​မူ​လျှင်၊ ``မှန်​လှ​ပါ​အ​ရှင်'' ဟု​ဇိ​ဘ​က​လျှောက် ထား​၏။
3 Et ait rex: Numquid superest aliquis de domo Saul. ut faciam cum eo misericordiam Dei? Dixitque Siba regi: Superest filius Ionathae, debilis pedibus.
မင်း​ကြီး​က``ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​အ​လို တော်​အ​တိုင်း ကျေး​ဇူး​သစ္စာ​စောင့်​သူ​ဖြစ်​ကြောင်း ပြ​သ​နိုင်​ရန် ရှော​လု​မိ​သား​စု​မှ​ကျန်​ကြွင်း​နေ သူ​တစ်​စုံ​တစ်​ယောက်​ရှိ​ပါ​သေး​သ​လော'' ဟု မေး​တော်​မူ​လျှင်၊ ဇိ​ဘ​က``ယော​န​သန်​၏​သား​တစ်​ယောက်​ကျန် ရှိ​နေ​ပါ​သေး​သည်။ သူ​သည်​ခြေ​ဆွံ့​၍​နေ​ပါ သည်'' ဟု​လျှောက်​၏။
4 Ubi, inquit, est? Et Siba ad regem, Ecce, ait, in domo est Machir filii Ammiel in Lodabar.
မင်း​ကြီး​က``သူ​သည်​အ​ဘယ်​မှာ​ရှိ​သ​နည်း'' ဟု​မေး​လျှင်၊ ဇိ​ဘ​က``လော​ဒေ​ဗာ​ရွာ၊ အ​မျေ​လ​၏​သား မာ​ခိ​ရ​၏​အိမ်​တွင်​ရှိ​ပါ​သည်'' ဟု​လျှောက် ၏။-
5 Misit ergo rex David, et tulit eum de domo Machir filii Ammiel de Lodabar.
သို့​ဖြစ်​၍​ဒါ​ဝိဒ်​မင်း​သည်​ယော​န​သန်​၏ သား​ကို​အ​ခေါ်​ခိုင်း​တော်​မူ​၏။
6 Cum autem venisset Miphiboseth filius Ionathae filii Saul ad David, corruit in faciem suam, et adoravit. Dixitque David: Miphiboseth? Qui respondit: Adsum servus tuus.
ရှော​လု​၏​မြေး​ယော​န​သန်​၏​သား​မေ​ဖိ​ဗော ရှက်​သည်​ရောက်​ရှိ​လာ​သော​အ​ခါ ဒါ​ဝိဒ်​၏ ရှေ့​တွင်​ရို​သေ​စွာ​ပျပ်​ဝပ်​လျက်​နေ​၏။ ဒါ​ဝိဒ် က``မေ​ဖိ​ဗော​ရှက်'' ဟု​ခေါ်​လျှင်​မေ​ဖိ​ဗော ရှက်​က``ကိုယ်​တော့်​ကျွန်​ရှိ​ပါ​သည်'' ဟု​ထူး လေ​၏။
7 Et ait ei David: Ne timeas, quia faciens faciam in te misericordiam propter Ionathan patrem tuum, et restituam tibi omnes agros Saul patris tui, et tu comedes panem in mensa mea semper.
ဒါ​ဝိဒ်​က​လည်း``မ​ကြောက်​နှင့်​ငါ​သည်​သင်​၏ ဖ​ခင်​ယော​န​သန်​၏​မျက်​နှာ​ကို​ထောက်​၍​သင့် အား​ကျေး​ဇူး​ပြု​မည်။ သင်​၏​အ​ဖိုး​ရှော​လု ပိုင်​ဆိုင်​ခဲ့​သည့်​မြေ​ယာ​မှန်​သ​မျှ​ကို​သင့် အား​ပြန်​၍​ပေး​မည်။ သင့်​အား​ငါ့​စား​ပွဲ တွင်​နေ့​စဉ်​စား​သောက်​ခွင့်​ကို​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
8 Qui adorans eum, dixit: Quis ego sum servus tuus, quoniam respexisti super canem mortuum similem mei?
မေ​ဖိ​ဗော​ရှက်​သည်​တစ်​ဖန်​ဦး​ချ​ပြီး လျှင်``အ​ရှင်​ခွေး​သေ​ကောင်​သ​ဖွယ်​ဖြစ်​သူ ကျွန်​တော်​မျိုး​အား​အ​ရှင်​သည် အ​ဘယ် ကြောင့်​ဤ​သို့​ကျေး​ဇူး​ပြု​တော်​မူ​ပါ သ​နည်း'' ဟု​လျှောက်​၏။
9 Vocavit itaque rex Sibam puerum Saul, et dixit ei: Omnia quaecumque fuerunt Saul, et universam domum eius, dedi filio domini tui.
ထို​အ​ခါ​မင်း​ကြီး​သည်​ရှော​လု​၏​အ​စေ​ခံ ဇိ​ဘ​ကို​ခေါ်​ယူ​၍``ငါ​သည်​သင့်​သ​ခင်​၏ မြေး​မေ​ဖိ​ဗော​ရှက်​အား ရှော​လု​မိ​သား​စု ပိုင်​ဆိုင်​သ​မျှ​သော​မြေ​ယာ​တို့​ကို​ပေး​မည်။-
10 Operare igitur ei terram tu, et filii tui, et servi tui: et inferes filio domini tui cibos ut alatur: Miphiboseth autem filius domini tui comedet semper panem super mensam meam. Erant autem Sibae quindecim filii, et viginti servi.
၁၀သင်​နှင့်​တ​ကွ​သင်​၏​သား​သင်​၏​အစေ​ခံ​တို့ သည် သင့်​သ​ခင်​ရှော​လု​၏​အိမ်​ထောင်​စု​အ​တွက် ထို​မြေ​ယာ​များ​ကို​ထွန်​ယက်​စိုက်​ပျိုး​၍ အ​သီး အ​နှံ​များ​ကို​ယူ​ဆောင်​ကာ​သူ​တို့​အ​ဖို့​ရိက္ခာ အ​ဖြစ်​ဖြင့်​ပေး​သွင်း​ရ​မည်။ သို့​ရာ​တွင်​မေ​ဖိ ဗော​ရှက်​မူ​ကား​ငါ​၏​စား​ပွဲ​တွင်​ငါ​နှင့်​အ​တူ စား​သောက်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ (ဇိ​ဘ တွင်​သား​တစ်​ဆယ့်​ငါး​ယောက်​နှင့်​အ​စေ​ခံ နှစ်​ဆယ်​ရှိ​သ​တည်း။)
11 Dixitque Siba ad regem: Sicut iussisti domine mi rex servo tuo, sic faciet servus tuus: et Miphiboseth comedet super mensam tuam, quasi unus de filiis regis.
၁၁ဇိ​ဘ​က``အ​ရှင်​မင်း​ကြီး​မိန့်​တော်​မူ​သ​မျှ အ​တိုင်း ကျွန်​တော်​မျိုး​နာ​ခံ​ပါ​မည်'' ဟု လျှောက်​၏။ သို့​ဖြစ်​၍​မေ​ဖိ​ဗော​ရှက်​သည်​ဘု​ရင်​၏​သား တော်​တစ်​ပါး​ကဲ့​သို့ စား​ပွဲ​တော်​၌​စား​သောက် ရ​လေ​၏။-
12 Habebat autem Miphiboseth filium parvulum nomine Micha: omnis vero cognatio domus Sibae serviebat Miphiboseth.
၁၂မေ​ဖိ​ဗော​ရှက်​မှာ​မိက္ခာ​နာ​မည်​တွင်​သော​သား ငယ်​တစ်​ယောက်​ရှိ​၏။ ဇိ​ဘ​၏​အိမ်​သူ​အိမ်​သား အ​ပေါင်း​တို့​သည်​လည်း မေ​ဖိ​ဗော​ရှက်​၏ အ​စေ​ခံ​များ​ဖြစ်​လာ​ကြ​၏။-
13 Porro Miphiboseth habitabat in Ierusalem: quia de mensa regis iugiter vescebatur: et erat claudus utroque pede.
၁၃ထို့​ကြောင့်​ခြေ​နှစ်​ဘက်​စ​လုံး​ဆွံ့​သော​မေ​ဖိ ဗော​ရှက်​သည် ယေ​ရု​ရှ​လင်​မြို့​၌​နေ​ထိုင်​လျက် ဘု​ရင့်​စား​ပွဲ​တော်​တွင်​စား​သောက်​ခွင့်​ကို​ရ လေ​သည်။

< Ii Samuelis 9 >