< Ii Paralipomenon 1 >
1 Confortatus est ergo Salomon filius David in regno suo, et Dominus erat cum eo, et magnificavit eum in excelsum.
၁ဒါဝိဒ်မင်း၏သားတော်ရှောလမုန်မင်းသည် ဣသရေလနိုင်ငံတွင်အာဏာတည်မြဲလာ၏။ သူ၏ဘုရားသည်သူ့ကိုကောင်းချီးပေးတော် မူသဖြင့်သူသည်အလွန်တန်ခိုးကြီးလာ၏။
2 Praecepitque Salomon universo Israeli, tribunis, et centurionibus, et ducibus, et iudicibus omnis Israel, et principibus familiarum:
၂ရှောလမုန်သည်တစ်ထောင်တပ်၊ တစ်ရာတပ်တို့ ကိုအုပ်ချုပ်သောတပ်မှူးများ၊ အစိုးရအရာ ရှိများ၊ အိမ်ထောင်ဦးစီးများနှင့်ပြည်သူ အပေါင်းတို့အား-
3 et abiit cum universa multitudine in Excelsum Gabaon, ubi erat tabernaculum foederis Domini, quod fecit Moyses famulus Dei in solitudine.
၃မိမိနှင့်အတူဂိဗောင်မြို့ရှိကိုးကွယ်ဝတ်ပြု ရာဌာနတော်သို့ သွားရောက်ကြရန်အမိန့်ထုတ် ပြန်တော်မူ၏။ ထိုအရပ်သို့သွားရခြင်းမှာ တောကန္တာရ၌ ထာဝရဘုရား၏အစေခံ မောရှေပြုလုပ်ခဲ့သည့်ထာဝရဘုရားစံ တော်မူရာတဲတော်တည်ရာဖြစ်ခြင်းကြောင့် ဖြစ်၏။-
4 Arcam autem Dei adduxerat David de Cariathiarim in locum, quem praeparaverat ei, et ubi fixerat illi tabernaculum, hoc est, in Ierusalem.
၄(သို့ရာတွင်ပဋိညာဉ်သေတ္တာတော်မှာမူယေရု ရှလင်မြို့တွင်ရှိနေသည်။ ထိုသေတ္တာတော်ကို ဒါဝိဒ်သည်ကိရယတ်ယာရိမ်မြို့မှပင့်ဆောင် လာစဉ်အခါကမိမိတည်ဆောက်သည့်တဲ တော်တွင်ထားရှိခဲ့သတည်း။-)
5 Altare quoque aeneum, quod fabricatus fuerat Beseleel filius Uri filii Hur, ibi erat coram tabernaculo Domini: quod et requisivit Salomon, et omnis ecclesia.
၅ဂိဗောင်မြို့ရှိထာဝရဘုရားကိန်းဝပ်တော်မူ ရာတဲတော်ရှေ့၌ ဟုရသားချင်းစုမှဥရိ ၏သားဗေဇလေလဆောက်လုပ်ခဲ့သည့်ကြေး ဝါယဇ်ပလ္လင်လည်းရှိ၏။ ထိုအရပ်တွင်ရှောလမုန် နှင့်ပြည်သူအပေါင်းတို့သည်ဘုရားသခင် အားဝတ်ပြုကိုးကွယ်ကြလေသည်။-
6 Ascenditque Salomon ad altare aeneum, coram tabernaculo foederis Domini, et obtulit in eo mille hostias.
၆မင်းကြီးသည်ယဇ်ကောင်တစ်ထောင်ကိုသတ်၍ တစ်ကောင်လုံးမီးရှို့ရာယဇ်အဖြစ် ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ ကြေးဝါယဇ်ပလ္လင်ပေါ်တွင်ပူဇော်တော်မူ သည်။
7 Ecce autem in ipsa nocte apparuit ei Deus, dicens: Postula quod vis, ut dem tibi.
၇ထိုည၌ဘုရားသခင်သည်ရှောလမုန်ထံ သို့ကြွလာတော်မူ၍``သင့်အားအဘယ်ဆု ကိုပေးစေလိုသနည်း'' ဟုမေးတော်မူ၏။
8 Dixitque Salomon Deo: Tu fecisti cum David patre meo misericordiam magnam: et constituisti me regem pro eo.
၈ရှောလမုန်က``ကိုယ်တော်သည်အကျွန်ုပ်၏ ခမည်းတော်ဒါဝိဒ်အားကြီးမြတ်သည့်မေတ္တာ တော်ကိုအစဉ်ပြတော်မူပြီးလျှင် ယခု အကျွန်ုပ်အားလည်းသူ၏အရိုက်အရာကို ဆက်ခံစေတော်မူပါပြီ။-
9 Nunc ergo Domine Deus impleatur sermo tuus, quem pollicitus es David patri meo: tu enim me fecisti regem super populum tuum multum, qui tam innumerabilis est, quam pulvis terrae.
၉အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ခမည်းတော်အားပေးတော်မူသောကတိ တော်ကိုတည်စေတော်မူပါ။ အကျွန်ုပ်အား မရေမတွက်နိုင်အောင်များပြားသည့်ဤ လူမျိုး၏ဘုရင်ဖြစ်စေတော်မူပါပြီ။-
10 Da mihi sapientiam et intelligentiam, ut ingrediar et egrediar coram populo tuo: quis enim potest hunc populum tuum digne, qui tam grandis est, iudicare?
၁၀ထို့ကြောင့်ထိုသူတို့ကိုအုပ်စိုးရန်လိုအပ် သည့်ဉာဏ်ပညာနှင့်အသိပညာကိုအကျွန်ုပ် အားပေးတော်မူပါ။ ယင်းသို့ပေးတော်မမူ ပါလျှင်အကျွန်ုပ်သည်ဤမျှများပြားသော ကိုယ်တော်၏လူမျိုးတော်ကြီးကိုအဘယ် သို့လျှင်အုပ်စိုးနိုင်ပါမည်နည်း'' ဟုတောင်း လျှောက်လေ၏။
11 Dixit autem Deus ad Salomonem: Quia hoc magis placuit cordi tuo, et non postulasti divitias, et substantiam, et gloriam, neque animas eorum qui te oderant, sed nec dies vitae plurimos: petisti autem sapientiam et scientiam, ut iudicare possis populum meum, super quem constitui te regem.
၁၁ထာဝရဘုရားက``သင်သည်လျောက်ပတ် သောအရာကိုရွေးချယ်လေပြီ။ စည်းစိမ်ဥစ္စာ နှင့်ဂုဏ်သတင်းကျော်စောမှုတို့ကိုသော် လည်းကောင်း၊ ရန်သူများသေကြေပျက်စီးရန် ကိုသော်လည်းကောင်းမတောင်းခံဘဲ သင့်အား ငါပေးအပ်ထားသည့်ပြည်သူတို့ကိုအုပ်စိုး နိုင်ရန်ဉာဏ်ပညာနှင့်အသိပညာကိုတောင်း ခံပေသည်။ သို့ဖြစ်၍သင့်အားအသိပညာ နှင့်ဉာဏ်ပညာကိုငါပေးမည်။-
12 Sapientia et scientia data sunt tibi: divitias autem et substantiam et gloriam dabo tibi, ita ut nullus in regibus nec ante te nec post te fuerit similis tui.
၁၂ထို့အပြင်ရှေးအခါ၌သော်လည်းကောင်း၊ နောင်အခါ၌သော်လည်းကောင်း ဘုရင်တစ် ပါးမျှမရရှိသောစည်းစိမ်ချမ်းသာနှင့် ဂုဏ်သတင်းကျော်စောမှုကိုလည်းငါပေး ဦးမည်'' ဟုမိန့်တော်မူ၏။
13 Venit ergo Salomon ab Excelso Gabaon in Ierusalem coram tabernaculo foederis, et regnavit super Israel.
၁၃သို့ဖြစ်၍ရှောလမုန်သည်ထာဝရဘုရား စံတော်မူရာတဲတော် တည်ရှိသည့်ဂိဗောင်မြို့ ကိုးကွယ်ဝတ်ပြုရာဌာနမှထွက်ခွာတော် မူ၍ယေရုရှလင်မြို့သို့ပြန်တော်မူ၏။-
14 Congregavitque sibi currus et equites, et facti sunt ei mille quadringenti currus, et duodecim millia equitum: et fecit eos esse in urbibus quadrigarum, et cum rege in Ierusalem.
၁၄ထိုနောက်သူသည်စစ်ရထားတစ်ထောင့်လေး ရာနှင့် တိုက်မြင်းတစ်သောင်းနှစ်ထောင်ရှိသော တပ်မတော်ကိုဖွဲ့စည်းတော်မူပြီးလျှင် အချို့ ကိုယေရုရှလင်မြို့၌လည်းကောင်း၊ အချို့ ကိုအခြားမြို့များ၌လည်းကောင်းထားရှိ တော်မူ၏။-
15 Praebuitque rex argentum et aurum in Ierusalem quasi lapides, et cedros quasi sycomoros, quae nascuntur in campestribus multitudine magna.
၁၅သူ၏နန်းသက်တစ်လျှောက်၌ယေရုရှလင် မြို့တွင်ငွေနှင့်ရွှေသည်ကျောက်ခဲကဲ့သို့၊ သစ် ကတိုးသားသည်ယုဒတောင်ခြေ၌ပေါက် သောသဖန်းပင်ကဲ့သို့ပေါများလေသည်။-
16 Adducebantur autem ei equi de Aegypto, et de Coa a negotiatoribus regis, qui ibant, et emebant pretio,
၁၆မင်းကြီး၏အဝယ်တော်တို့သည်မုသရိ ပြည် နှင့်ကိလကိပြည် တို့မှမြင်းများ၊-
17 quadrigam equorum sexcentis argenteis, et equum centum quinquaginta: similiter de universis regnis Cethaeorum, et a regibus Syriae emptio celebrabatur.
၁၇အီဂျစ်ပြည်မှစစ်ရထားများတင်သွင်းမှု ကိုချုပ်ကိုင်ထားကြ၏။ ဟိတ္တိဘုရင်နှင့်ရှုရိ ဘုရင်တို့သည်စစ်ရထားတစ်စီးလျှင်ငွေ သားခြောက်ရာ၊ မြင်းတစ်ကောင်လျှင်ငွေသား တစ်ရာ့ငါးဆယ်နှုန်းဖြင့် အဝယ်တော်တို့မှ ဝယ်ရကြလေသည်။