< Ii Paralipomenon 5 >

1 Intulit igitur Salomon omnia, quae voverat David pater suus, argentum, et aurum, et universa vasa posuit in thesauris domus Dei.
ထိုသို့ ရှောလမုန် သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြု လုပ်စီရင် သမျှ အလုံးစုံ တို့ကို လက်စသတ် ပြီးမှ ၊ ခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကိုဆောင် ခဲ့၍ ဘုရားသခင် ၏အိမ် တော်ဘဏ္ဍာ စုထဲ မှာသွင်း ထားလေ၏။
2 Post quae congregavit maiores natu Israel, et cunctos principes tribuum, et capita familiarum de filiis Israel in Ierusalem, ut adducerent arcam foederis Domini de Civitate David, quae est Sion.
ထိုအခါ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို၊ ဇိအုန် မည်သော ဒါဝိဒ် မြို့ မှာ ဆောင် ခဲ့လိုသောငှါ ၊ ရှောလမုန် သည် ဣသရေလ အသက် ကြီးသူ အပေါင်း တို့နှင့် ဣသရေလ အဆွေအမျိုး အသီးအသီးကို အုပ်သောခေါင်း မင်း အပေါင်းတို့ကို၊ ယေရုရှလင် မြို့သို့ ခေါ် တော်မူသည်အတိုင်း၊
3 Venerunt itaque ad regem omnes viri Israel in die sollemni mensis septimi.
ဣသရေလ လူ အပေါင်း တို့သည်၊ သတ္တမ လ ၌ လုပ်သော ပွဲ အတွင်းတွင် ၊ ရှင်ဘုရင် ထံ တော်သို့ စုဝေး ရောက်လာကြ၏။
4 Cumque venissent cuncti seniorum Israel, portaverunt Levitae arcam,
ဣသရေလ အမျိုး အသက်ကြီး သူအပေါင်း တို့ သည် လာ ၍ လေဝိ သားတို့သည်လည်း ထာဝရဘုရား၏ သေတ္တာ တော်ကိုထမ်း လျက်၊
5 et intulerunt eam, et omnem paraturam tabernaculi. Porro vasa sanctuarii, quae erant in tabernaculo, portaverunt Sacerdotes cum Levitis.
ပရိသတ်စည်းဝေး ရာတဲ တော်၊ တဲ တော်နှင့် ဆိုင် ၍ ၊ သန့်ရှင်း သော တန်ဆာ အလုံးစုံ တို့ကို ယဇ် ပုရောဟိတ်များနှင့် လေဝိ သားများတို့သည် ဆောင် ခဲ့ကြ၏။
6 Rex autem Salomon, et universus coetus Israel, et omnes, qui fuerunt congregati ante arcam, immolabant arietes, et boves absque ullo numero: tanta enim erat multitudo victimarum.
ရှောလမုန် မင်းကြီး မှစ၍ သေတ္တာ တော်ရှေ့ မှာ စည်းဝေး သော ဣသရေလ ပရိသတ် အပေါင်း တို့သည် မ ရေတွက် နိုင်၊ အတိုင်းမသိ များစွာ သော သိုး နွား တို့ကို ယဇ် ပူဇော်ကြ၏။
7 Et intulerunt Sacerdotes arcam foederis Domini in locum suum, id est, ad oraculum templi, in Sancta sanctorum subter alas cherubim:
ယဇ် ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို အိမ်တော်အတွင်းသို့သွင်း ၍ အလွန် သန့်ရှင်းရာဌာန တည်းဟူသောဗျာဒိတ် ဌာနတော် ထဲမှာ ၊ ခေရုဗိမ် အတောင် တို့အောက် ၊ သူ့ နေရာ ၌ ထားကြ ၏။
8 ita ut cherubim expanderent alas suas super locum, in quo posita erat arca, et ipsam arcam tegerent cum vectibus suis.
ခေရုဗိမ် တို့သည် မိမိအတောင် ကို သေတ္တာ တော် နေရာ အပေါ် မှာ ဖြန့် ၍ ၊ သေတ္တာ တော်နှင့် ထမ်းဘိုး တို့ကို လွှမ်းမိုး လျက် ရှိ ကြ၏။
9 Vectium autem, quibus portabatur arca, quia paululum longiores erant, capita parebant ante oraculum: si vero quis paululum fuisset extrinsecus, eos videre non poterat. Fuit itaque arca ibi usque in praesentem diem.
ထမ်းဘိုး တို့ကို ဆွဲ ထားသဖြင့် ၊ ထမ်းဘိုး ဖျား တို့ သည် ပြင်ခန်း ၌ မ ထင် ၊ သေတ္တာ တော်ရှေ့ ဗျာဒိတ် ဌာန တော်၌ သာ ထင် ၍ ယနေ့ တိုင်အောင် ရှိ ကြ၏။
10 Nihilque erat aliud in arca, nisi duae tabulae, quas posuerat Moyses in Horeb, quando legem dedit Dominus filiis Israel egredientibus ex Aegypto.
၁၀ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ၊ ထာဝရဘုရား သည် သူ တို့နှင့် ပဋိညာဉ် ဖွဲ့တော်မူသောအခါ၊ မောရှေ သည် ဟောရပ် အရပ်၌ ရှိစဉ် သွင်း ထားသော ကျောက် ပြားနှစ် ပြားမှတပါး သေတ္တာ တော်ထဲ ၌အဘယ် အရာမရှိ။
11 Egressis autem Sacerdotibus de sanctuario (omnes enim Sacerdotes, qui ibi potuerant inveniri, sanctificati sunt: nec adhuc in illo tempore vices, et ministeriorum ordo inter eos divisus erat)
၁၁ထိုအခါ စည်းဝေးသော ယဇ် ပုရောဟိတ်တို့သည် အလှည့်သင့်သည်အတိုင်း အမှုတော်ကို မ စောင့် ၊ ရှိသမျှ တို့ သည် သန့်ရှင်း သည်ဖြစ်၍သန့်ရှင်း ရာဌာနထဲက ထွက် ပြီးလျှင်၊
12 tam Levitae quam cantores, id est, et qui sub Asaph erant, et qui sub Eman, et qui sub Idithun, filii, et fratres eorum vestiti byssinis, cymbalis, et psalteriis, et citharis concrepabant, stantes ad Orientalem plagam altaris, et cum eis Sacerdotes centum viginti canentes tubis.
၁၂သီချင်း ဆိုသော လေဝိသား အာသပ် တပည့်၊ ဟေမန် တပည့်၊ ယေဒုသုန် တပည့်အပေါင်း တို့သည် အမျိုးသား ချင်းများနှင့်တကွ ပိတ်ဖြူ ကို ဝတ်ဆင် ၍၊ ခွက်ကွင်း စောင်း တယော ကို ကိုင်လျက် ယဇ် ပလ္လင်အရှေ့ ဘက်၌ ရပ် နေကြ၏။ တံပိုး မှုတ်သော ယဇ်ပုရောဟိတ် တရာ နှစ်ဆယ် တို့သည်လည်း၊
13 Igitur cunctis pariter, et tubis, et voce, et cymbalis, et organis, et diversi generis musicorum concinentibus, et vocem in sublime tollentibus; longe sonitus audiebatur, ita ut cum Dominum laudare coepissent et dicere: Confitemini Domino quoniam bonus, quoniam in aeternum misericordia eius; impleretur ita domus Dei nube,
၁၃သီချင်း ဆိုသောသူတို့နှင့် ဝိုင်း လျှင် ၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ ထောမနာပြုခြင်းငှါ ၊ တညီတညွတ် တည်းအသံ ပြိုင်လျက်၊ ကောင်းမြတ် တော်မူ သည်။ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု တံပိုး ခွက်ကွင်း အစ ရှိသောတုရိယာ မျိုးနှင့်တကွ ၊ အသံ ကိုလွှင့် ၍ ထာဝရဘုရား ၏ ဂုဏ်တော်ကို ချီးမွမ်း ကြသောအခါ ၊ ထာဝရဘုရား ၏အိမ် တော်သည် မိုဃ်းတိမ် နှင့်ပြည့် ၏။
14 ne possent Sacerdotes stare et ministrare propter caliginem. Compleverat enim gloria Domini domum Dei.
၁၄ထိုသို့ ဘုရားသခင် ၏ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် လျက်၊ မိုဃ်းတိမ် တော် ကြောင့် ယဇ် ပုရောဟိတ်တို့သည် အမှု တော်ကို ဆောင်ရွက် လျက် ရပ် ၍ မ နေနိုင် ကြ။

< Ii Paralipomenon 5 >