< Ii Paralipomenon 21 >
1 Dormivit autem Iosaphat cum patribus suis, et sepultus est cum eis in Civitate David: regnavitque Ioram filius eius pro eo.
၁ယောရှဖတ်ကွယ်လွန်သောအခါဒါဝိဒ်မြို့ရှိ ဘုရင်တို့၏သင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ သား တော်ယဟောရံသည်ခမည်းတော်၏အရိုက် အရာကိုဆက်ခံ၍နန်းတက်လေသည်။
2 Qui habuit fratres filios Iosaphat, Azariam, et Iahiel, et Zachariam, et Azariam, et Michael, et Saphatiam. omnes hi, filii Iosaphat regis Iuda.
၂ယုဒဘုရင်ယောရှဖတ်၏သားတော်ယဟောရံ တွင်အာဇရိ၊ ယေယလေ၊ ဇာခရိ၊ အာဇရိဟု၊ မိက္ခေလ၊ ရှေဖတိဟူသောညီခြောက်ယောက် ရှိ၏။-
3 Deditque eis pater suus multa munera argenti, et auri, et pensitationes, cum civitatibus munitissimis in Iuda: regnum autem tradidit Ioram, eo quod esset primogenitus.
၃ခမည်းတော်သည်သူတို့အား ရွှေ၊ ငွေ၊ အမြောက် အများနှင့်အခြားအဖိုးတန်ပစ္စည်းဥစ္စာများ ကိုပေး၍ ယုဒပြည်ခံတပ်မြို့တစ်မြို့စီကို အုပ်ချုပ်ရန်တာဝန်ပေးတော်မူ၏။ သို့သော် ယဟောရံသည်အကြီးဆုံးသားတော် ဖြစ်သဖြင့် သူ့အားယောရှဖတ်ကမိမိ၏ အရိုက်အရာကိုဆက်ခံစေတော်မူ၏။-
4 Surrexit ergo Ioram super regnum patris sui: cumque se confirmasset, occidit omnes fratres suos gladio, et quosdam de principibus Israel.
၄နိုင်ငံတော်ကိုပိုင်နိုင်စွာအုပ်စိုးနိုင်သောအခါ ယဟောရံသည်ညီတော်အပေါင်းနှင့်ဣသ ရေလမှူးမတ်အချို့တို့ကိုကွပ်မျက်လေသည်။
5 Trigintaduorum annorum erat Ioram cum regnare coepisset: et octo annis regnavit in Ierusalem.
၅ယဟောရံသည်သက်တော်သုံးဆယ့်နှစ်နှစ် ၌နန်းတက်၍ ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်း စံလေသည်။-
6 Ambulavitque in viis regum Israel, sicut egerat domus Achab: filia quippe Achab erat uxor eius, et fecit malum in conspectu Domini.
၆သူသည်အာဟပ်၏သမီးတော်တစ်ပါးနှင့် စုံဖက်မိသဖြင့် အာဟပ်မင်းနှင့်အခြား ဣသရေလဘုရင်တို့၏ဆိုးညစ်ယုတ်မာ သောလမ်းစဉ်ကိုလိုက်၍ထာဝရဘုရားကို ပြစ်မှားလေသည်။-
7 Noluit autem Dominus disperdere domum David propter pactum, quod inierat cum eo: et quia promiserat ut daret ei lucernam, et filiis eius omni tempore.
၇သို့ရာတွင်ထာဝရဘုရားသည်ဒါဝိဒ်နှင့် ပဋိညာဉ်ပြုတော်မူ၍ သူ၏အမျိုးမင်းရိုး မပြတ်စေရန်ကတိထားတော်မူခဲ့သဖြင့် ဒါဝိဒ်မင်းဆက်ပျက်သုဉ်းသွားစေရန် အလိုတော်မရှိချေ။
8 In diebus illis rebellavit Edom, ne esset subditus Iudae, et constituit sibi regem.
၈ယဟောရံ၏လက်ထက်၌ဧဒုံပြည်သည် ပုန်ကန်၍ လွတ်လပ်သောနိုင်ငံဖြစ်လာလေ သည်။ ယဟောရံနှင့်သူ၏တပ်မှူးတို့သည် စစ်ရထားများနှင့်ထွက်ခွာ၍ ဧဒုံပြည်သို့ ချင်းနင်းဝင်ရောက်ကြ၏။ သူတို့သည်ထို အရပ်တွင်ဧဒုံတပ်မတော်၏အဝိုင်းခံ ရကြသော်လည်းညဥ့်အခါချိုးဖောက် ထွက်ပြေးကြလေသည်။-
9 Cumque transisset Ioram cum principibus suis, et cuncto equitatu, qui erat secum, surrexit nocte, et percussit Edom qui se circumdederat, et omnes duces equitatus eius.
၉ထိုကာလမှအစပြု၍ဧဒုံပြည်သည် သြဇာခံမဟုတ်တော့ဘဲ လွတ်လပ်သော နိုင်ငံအဖြစ်ရပ်တည်လျက်ရှိသတည်း။-
10 Attamen rebellavit Edom, ne esset sub ditione Iuda usque ad hanc diem: eo tempore et Lobna recessit ne esset sub manu illius. Dereliquerat enim Dominum Deum patrum suorum:
၁၀ယဟောရံသည်မိမိဘိုးဘေးများ၏ဘုရားသခင်ထာဝရဘုရားအားစွန့်ပယ်တော်မူ သဖြင့် ဤအချိန်ကာလအတွင်း၌ပင် လိဗနမြို့သည်လည်းပုန်ကန်လေသည်။-
11 insuper et excelsa fabricatus est in urbibus Iuda, et fornicari fecit habitatores Ierusalem, et praevaricari Iudam.
၁၁သူသည်ယုဒကုန်းမြင့်ဒေသများ၌ရုပ်တု ကိုးကွယ်ဝတ်ပြုရာဌာနများကိုပင်တည် ဆောက်၍ ယုဒပြည်သူများနှင့်ယေရုရှလင် မြို့သားများအားထာဝရဘုရားကိုပြစ် မှားစေရန်ရှေ့ဆောင်လမ်းပြပေး၏။
12 Allatae sunt autem ei litterae ab Elia propheta, in quibus scriptum erat: Haec dicit Dominus Deus David patris tui: Quoniam non ambulasti in via Iosaphat patris tui, et in viis Asa regis Iuda,
၁၂ပရောဖက်ဧလိယသည်ယဟောရံထံသို့စာ တစ်စောင်ပေးပို့လိုက်၏။ ထိုစာတွင်``သင်သည် ခမည်းတော်ယောရှဖတ်နှင့်ဘိုးတော်အာသ ၏လမ်းစဉ်ကိုမလိုက်ဘဲဣသရေလဘုရင် တို့၏လမ်းစဉ်ကိုလိုက်သဖြင့် သင့်ဘိုးဘေး ဒါဝိဒ်၏ဘုရားသခင်ထာဝရဘုရား သည်သင့်အားပြစ်ဒဏ်စီရင်တော်မူခဲ့ပြီ။-
13 sed incessisti per iter regum Israel, et fornicari fecisti Iudam, et habitatores Ierusalem, imitatus fornicationem domus Achab, insuper et fratres tuos domum patris tui, meliores te occidisti:
၁၃အာဟပ်နှင့်သူ၏အရိုက်အရာကိုဆက်ခံကြ သူများသည် ဣသရေလအမျိုးသားတို့အား ဘုရားသခင်ကိုသစ္စာဖောက်ရန် ရှေ့ဆောင်လမ်း ပြခဲ့ကြသည့်နည်းတူသင်သည်ယုဒပြည်သူ များနှင့်ယေရုရှလင်မြို့သားများကိုသစ္စာ ဖောက်ရန်ရှေ့ဆောင်လမ်းပြခဲ့ပေသည်။ သင် သည်မိမိထက်ကောင်းမြတ်သောညီများ အားလည်းသတ်ခဲ့၏။-
14 ecce Dominus percutiet te plaga magna cum populo tuo, et filiis, et uxoribus tuis, universaque substantia tua.
၁၄သို့ဖြစ်၍ထာဝရဘုရားသည်သင်၏ပြည်သူ များ၊ သားသမီးများနှင့်မိဖုရားများကို ပြင်းထန်စွာဒဏ်စီရင်၍ သင်ပိုင်ဆိုင်သမျှ ကိုလည်းပျက်စီးစေတော်မူလိမ့်မည်။-
15 tu autem aegrotabis pessimo languore uteri tui, donec egrediantur vitalia tua paulatim per singulos dies.
၁၅သင်ကိုယ်တိုင်အူ၌တစ်နေ့တစ်ခြားဆိုး ရွားလာသည့်ရောဂါစွဲကပ်လာလိမ့်မည်''ဟု ပါရှိ၏။
16 Suscitavit ergo Dominus contra Ioram spiritum Philisthinorum, et Arabum, qui confines sunt Aethiopibus.
၁၆ပင်လယ်ကမ်းခြေတွင်အခြေစိုက်နေထိုင် ကြသောဆူဒန်အမျိုးသားတို့အနီးတွင် ဖိလိတ္တိအမျိုးသားနှင့်အာရပ်အမျိုးသား အချို့တို့သည်နေထိုင်ကြ၏။ ထာဝရဘုရား သည်ဤသူတို့ကိုယဟောရံအားတိုက် ခိုက်စေတော်မူ၏။-
17 et ascenderunt in Terram Iuda, et vastaverunt eam, diripueruntque cunctam substantiam, quae inventa est in domo regis, insuper et filios eius, et uxores: nec remansit ei filius, nisi Ioachaz, qui minimus natu erat.
၁၇သူတို့သည်ယုဒပြည်သို့ချင်းနင်းဝင် ရောက်ကာနန်းတော်ကိုလုယက်ကြ၏။ ထို နောက်သားတော်အငယ်ဆုံးဖြစ်သူအာခဇိ မှတစ်ပါးအခြားသားတော်များနှင့်မိ ဖုရားများကိုသုံ့ပန်းအဖြစ်ဖြင့်ဖမ်း ဆီးသွားလေသည်။
18 Et super haec omnia percussit eum Dominus alvi languore insanabili.
၁၈ဤအမှုအရာများဖြစ်ပျက်ပြီးနောက် ထာဝရဘုရားသည်မင်းကြီးအားအူ နာစွဲကပ်စေတော်မူ၏။-
19 Cumque diei succederet dies, et temporum spatia volverentur, duorum annorum expletus est circulus: et sic longa consumptus tabe, ita ut egereret etiam viscera sua, languore pariter, et vita caruit. Mortuusque est in infirmitate pessima, et non fecit ei populus secundum morem combustionis, exequias, sicut fecerat maioribus eius.
၁၉ထိုရောဂါသည်နှစ်နှစ်နီးပါးမျှတစ်နေ့ တစ်ခြားပိုမိုဆိုးရွားလာပြီးလျှင် နောက်ဆုံး ၌မင်းကြီးသည်ပြင်းပြသောဝေဒနာနှင့် ကွယ်လွန်လေ၏။ ပြည်သူတို့သည်သူ၏ဘိုး ဘေးတို့အတွက်မီးပုံပွဲများပြုသကဲ့သို့ သူ့အတွက်မပြုကြ။
20 Trigintaduorum annorum fuit, cum regnare coepisset, et octo annis regnavit in Ierusalem. Ambulavitque non recte, et sepelierunt eum in Civitate David: verumtamen non in sepulchro regum.
၂၀သူသည်သက်တော်သုံးဆယ့်နှစ်နှစ်၌နန်း တက်၍ယေရုရှလင်မြို့တွင်ရှစ်နှစ်နန်းစံ တော်မူ၏။ ကွယ်လွန်သောအခါသူ၏အတွက် အဘယ်သူမျှဝမ်းမနည်းကြ။ သူ့အလောင်း ကိုဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြသော်လည်း ဘုရင်တို့၏သင်္ချိုင်းတွင်မသင်္ဂြိုဟ်ကြ။