< Timotheum I 5 >
1 Seniorem ne increpaveris, sed obsecra ut patrem: iuvenes, ut fratres:
၁သင့်ထက်အသက်ကြီးသောသူအားပြစ်တင် ဆုံးမခြင်းကိုမပြုဘဲသင်၏ဖခင်သဖွယ် တောင်းပန်ပြောဆိုလော့။ သင့်ထက်အသက်ငယ် သောသူတို့အားသင်၏ညီများကဲ့သို့လည်း ကောင်း၊-
2 anus, ut matres: iuvenculas, ut sorores in omni castitate:
၂သင့်ထက်အသက်ကြီးသောအမျိုးသမီးတို့ အားသင်၏မိခင်ကဲ့သို့လည်းကောင်း၊ သင့်ထက် အသက်ငယ်သောအမျိုးသမီးတို့အားသင်၏ နှမများကဲ့သို့လည်းကောင်းလုံးဝဖြူစင် သောစိတ်နှင့်ဆက်ဆံလော့။
3 Viduas honora, quae vere viduae sunt.
၃သင်သည်တစ်ကိုယ်ရေတစ်ကာယအမှန်ဖြစ် သောမုဆိုးမတို့အား ရိုသေသမှုကိုပြုလော့။-
4 Si qua autem vidua filios, aut nepotes habet: discat primum domum suam regere, et mutuam vicem reddere parentibus: hoc enim acceptum est coram Deo.
၄သို့ရာတွင်မုဆိုးမတစ်စုံတစ်ယောက်တွင်သား မြေးရှိလျှင် သူတို့သည်မိမိတို့၏အိမ်ထောင်စု ဆိုင်ရာဘာသာရေးတာဝန်ဝတ္တရားများကို လည်းကောင်း၊ မိမိတို့အားကျွေးမွေးပြုစုခဲ့သူ မိဘဘိုးဘွားတို့၏ကျေးဇူးကိုပြန်လည်ဆပ် ပေးမှုကိုလည်းကောင်းဦးစွာသင်ရကြပေမည်။ ဤသို့သောအမှုကိုဘုရားသခင်နှစ်သက် တော်မူ၏။-
5 Quae autem vere vidua est, et desolata, speret in Deum, et instet obsecrationibus, et orationibus nocte ac die.
၅တစ်ကိုယ်ရေတစ်ကာယဖြစ်သောမုဆိုးမသည် မိမိအားပြုစုမည့်သူမရှိသဖြင့်ဘုရား သခင်ကိုအားကိုးမျှော်လင့်လျက် နေ့ည မပြတ်ဆုတောင်းပတ္ထနာပြု၍ကိုယ်တော်၏ အကူအညီကိုတောင်းခံတတ်၏။-
6 Nam quae in deliciis est, vivens mortua est.
၆သို့ရာတွင်အပျော်အပါးမက်သောမုဆိုး မမူကား အသက်ရှင်လျက်ပင်ရှိသော်လည်း အသေကဲ့သို့ဖြစ်၏။-
7 Et hoc praecipe ut irreprehensibiles sint.
၇မုဆိုးမများသည်သူတစ်ပါးတို့အပြစ်တင် ခြင်းနှင့်ကင်းလွတ်ကြစေရန် ဤညွှန်ကြားချက် များကိုသူတို့အားပေးလော့။-
8 Si quis autem suorum, et maxime domesticorum curam non habet, fidem negavit, et est infideli deterior.
၈မိမိ၏ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ အိမ်ထောင်စုသားတို့အားမပြုစုဘဲနေသော သူသည် ယုံကြည်ခြင်းတရားတော်ကိုပစ်ပယ် သူဖြစ်၍ မယုံကြည်သူထက်ပို၍ပင်ဆိုးရွား ပေသည်။
9 Vidua eligatur non minus sexaginta annorum, quae fuerit unius viri uxor,
၉မုဆိုးမတစ်ယောက်သည်အသက်ခြောက်ဆယ် ကျော်မှသာလျှင် မုဆိုးမစာရင်းတွင်နာမည် သွင်းပါ။ သူသည်တစ်ကြိမ်သာလျှင်ထိမ်းမြား လက်ထပ်ခဲ့သူဖြစ်ရမည်။-
10 in operibus bonis testimonium habens, si filios educavit, si hospitio recepit, si sanctorum pedes lavit, si tribulationem patientibus subministravit, si omne opus bonum subsecuta est.
၁၀ထို့အပြင်ကောင်းမှုကြောင့်အသရေရှိသူဖြစ် ရမည်။ မိမိ၏သားသမီးများကိုကောင်းစွာ ပြုစုစောင့်ရှောက်ခဲ့သူ၊ ဧည့်ဝတ်ကျေပွန်သူ၊ ဘုရားသခင်၏လူစုတော်ဝင်တို့ခြေကိုဆေး သူ၊ ဒုက္ခရောက်သူတို့အားကူညီမစသူ၊ ကောင်း မှုအမျိုးမျိုးကိုကြိုးစားလုပ်ဆောင်ခဲ့သူ ဖြစ်ရမည်။
11 Adolescentiores autem viduas devita: Cum enim luxuriatae fuerint in Christo, nubere volunt:
၁၁အသက်အရွယ်ငယ်သောမုဆိုးမတို့အား မုဆိုးမစာရင်းတွင်မသွင်းနှင့်။ အဘယ်ကြောင့် ဆိုသော်သူတို့သည်မိမိတို့အလိုဆန္ဒကို မထိန်းမသိမ်းနိုင်ကြသောအခါ အိမ်ထောင် ပြုလိုသဖြင့်ခရစ်တော်ကိုပစ်ပယ်တတ် ကြသောကြောင့်ဖြစ်၏။-
12 habentes damnationem, quia primam fidem irritam fecerunt.
၁၂သို့ဖြစ်၍သူတို့သည်မိမိတို့အစက ကိုယ်တော်အားပေးခဲ့သည့်ကတိသစ္စာကို ဖောက်ဖျက်ကြလေသည်။-
13 simul autem et otiosae discunt circuire domos: non solum otiosae, sed et verbosae, et curiosae, loquentes quae non oportet.
၁၃ထိုမှတစ်ပါးလည်းသူတို့သည် တစ်အိမ်တက် တစ်အိမ်ဆင်းသွားရောက်လည်ပတ်ကာ အချိန် ဖြုန်းတတ်လေသည်။ ယင်းသို့အချိန်ဖြုန်းရုံမျှ မကမပြောသင့်သည့်စကားများကိုပြောဆို လျက် အတင်းပြောကာမိမိတို့နှင့်မဆိုင်သည့် အမှုကိစ္စများတွင်ဝင်ရောက်စွက်ဖက်၍လာ တတ်လေသည်။-
14 Volo ergo iuniores nubere, filios procreare, matresfamilias esse, nullam occasionem dare adversario maledicti gratia.
၁၄သို့ဖြစ်၍ရန်သူတို့သည်ငါတို့အကြောင်း မကောင်းမပြောနိုင်စေရန် အသက်အရွယ်ငယ် သေးသည့်မုဆိုးမတို့သည် အိမ်ထောင်သားမွေး မှုကိုပြုလျက် မိမိတို့၏အိမ်မှုကိစ္စများကို ကြည့်ရှုစောင့်ထိန်းကြသည်ကိုငါလိုလား၏။-
15 Iam enim quaedam conversae sunt retro post satanan.
၁၅ယခုပင်လျှင်အချို့သောမုဆိုးမများသည် လမ်းလွဲ၍စာတန်၏နောက်သို့လိုက်ကြလေ ကုန်ပြီ။-
16 Si quis fidelis habet viduas, subministret illis, et non gravetur Ecclesia: ut iis, quae vere viduae sunt, sufficiat.
၁၆ယုံကြည်သူအမျိုးသမီးတစ်စုံတစ်ယောက် သည် မိမိ၏ဆွေမျိုးသားချင်းစုတွင်မုဆိုးမ များရှိပါမူသူတို့အားကျွေးမွေးပြုစုရ မည်။ သူတို့အတွက်အသင်းတော်ကိုဝန်မလေး စေသင့်။ သို့မှသာလျှင်အသင်းတော်သည်ခို ကိုးရာမဲ့သည့်မုဆိုးမများအားကျွေးမွေး ပြုစုနိုင်လိမ့်မည်။
17 Qui bene praesunt presbyteri, duplici honore digni habeantur: maxime qui laborant in verbo et doctrina.
၁၇သင်းအုပ်ဆရာအလုပ်ကိုကောင်းစွာလုပ်ဆောင် သူတို့သည် လစာငွေနှစ်ဆခံစားထိုက်သူများ ဖြစ်သည်ဟုမှတ်ယူအပ်၏။ အထူးသဖြင့် တရားဟောခြင်း၊ ဆုံးမသွန်သင်ခြင်းတို့ကို ကြိုးစား၍လုပ်ဆောင်သူများသည်ယင်းသို့ ခံစားထိုက်ပေသည်။-
18 Dicit enim Scriptura: Non alligabis os bovi trituranti. Et: Dignus est operarius mercede sua.
၁၈အဘယ်ကြောင့်ဆိုသော်ကျမ်းစာတော်က``စပါး နယ်နေသောနွားကိုပါးချုပ်မတပ်ရ'' ဟူ၍ လည်းကောင်း၊ ``အလုပ်သမားသည်လုပ်အားခ ကိုခံထိုက်ပေ၏'' ဟူ၍လည်းကောင်းဖော်ပြ သောကြောင့်ဖြစ်၏။-
19 Adversus presbyterum accusationem noli recipere, nisi sub duobus aut tribus testibus.
၁၉သက်သေခံသူအနည်းဆုံးနှစ်ဦးသုံးဦးမရှိ လျှင် သင်းအုပ်ဆရာအားပြစ်တင်စွပ်စွဲချက် ကိုနားမထောင်နှင့်။-
20 Peccantes coram omnibus argue: ut et ceteri timorem habeant.
၂၀အခြားသူတို့ကြောက်စေရန်အပြစ်ကူး သူတို့အား လူအများရှေ့တွင်ဆုံးမလော့။
21 Testor coram Deo et Christo Iesu, et electis angelis eius, ut haec custodias sine praeiudicio, nihil faciens in alteram partem declinando.
၂၁ဤညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ရန် ဘုရားသခင်နှင့်ခရစ်တော်ယေရှု၏ရှေ့တော် ၌လည်းကောင်း၊ သန့်ရှင်းမြင့်မြတ်သောကောင်းကင် တမန်များရှေ့၌လည်းကောင်းသင့်အားငါသစ္စာ ပေး၏။ သင်သည်အဘယ်အခါ၌မျှကြိုတင် စီရင်ဆုံးဖြတ်မှုနှင့်ဘက်လိုက်မှုကိုမပြုနှင့်။-
22 Manus cito nemini imposueris, neque communicaveris peccatis alienis. Teipsum castum custodi.
၂၂မည်သူ့ကိုမျှသိက္ခာတင်မင်္ဂလာပေးရန်အလျင် စလိုမရှိနှင့်။ အခြားသူတို့အပြစ်ကူးရာ တွင်သင်မပါစေနှင့်။ သင်ကိုယ်တိုင်အပြစ် ကင်းအောင်နေလော့။
23 Noli adhuc aquam bibere, sed modico vino utere propter stomachum tuum, et frequentes tuas infirmitates.
၂၃သင်သည်မကြာခဏဖျားနာတတ်သည်ဖြစ်၍ ရေကိုသာလျှင်မသောက်ဘဲအစာကြေစေရန် စပျစ်ရည်အနည်းငယ်ကိုသုံးဆောင်လော့။
24 Quorundam hominum peccata manifesta sunt, praecedentia ad iudicium: quorundam autem subsequuntur.
၂၄အချို့သောသူတို့၏အပြစ်ဒုစရိုက်များသည် သိသာထင်ရှား၏။ သူတို့၏အြုပစ်များသည် တရားခွင်သို့အလျင်သွားတတ်၏။ အချို့သော သူတို့၏အပြစ်ဒုစရိုက်များမူကားနောင် အခါမှသိသာထင်ရှား၍လာတတ်၏။-
25 Similiter et facta bona manifesta sunt: et quae aliter se habent, abscondi non possunt.
၂၅ထိုနည်းတူစွာအချို့သောသုစရိုက်များသည် ထင်ရှားလျက်နေပေသည်။ မထင်ရှားသေးသည့် သုစရိုက်များကိုလည်းဖုံးကွယ်၍မထား နိုင်။