< Corinthios I 5 >
1 Omnino auditur inter vos fornicatio, et talis fornicatio, qualis nec inter Gentes, ita ut uxorem patris sui aliquis habeat.
၁မတရားသောမေထုန်သာမညမဟုတ်၊ အဘ၏ မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပလူတို့ တွင်ပင် မကြားရသော မေထုန်၌မှီဝဲသော သူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။
2 Et vos inflati estis: et non magis luctum habuistis ut tollatur de medio vestrum qui hoc opus fecit.
၂ထိုသို့ပြုသောသူကို သင်တို့အထဲမှ နှင်ထုတ်မည် အကြောင်း၊ စိတ်မသာ ညည်းတွားခြင်းကိုမပြု၊ မာန ထောင်လွှားလျက် နေကြ၏။
3 Ego quidem absens corpore, praesens autem spiritu, iam iudicavi ut praesens, eum, qui sic operatus est,
၃ထိုကြောင့် ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့်ကွာလျက် ရှိသော်လည်း၊ ဝိညာဉ်အားဖြင့် မကွာ၊ ကိုယ်တိုင်သင်တို့နှင့် အတူရှိသကဲ့သို့ ထိုသို့ကျင့်သောသူကို ယခုပင်ငါစီရင်ပြီ။
4 in nomine Domini nostri Iesu Christi, congregatis vobis et meo spiritu, cum virtute Domini nostri Iesu,
၄စီရင်ချက်ဟူမူကား၊ ငါတို့သခင်ယေရှုခရစ်၏ အခွင့်အားဖြင့် သင်တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ ငါတို့သခင် ယေရှုခရစ်၏ တန်ခိုးတော်ကို အမှီပြု၍၊
5 tradere huiusmodi hominem satanae in interitum carnis, ut spiritus salvus sit in die Domini nostri Iesu Christi.
၅ထိုသူ၏ဝိညာဉ်သည် ယေရှုခရစ်၏နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ကိုယ်ခန္ဓာ ပျက်စီးဘို့ရာ သူ့ကိုစာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။
6 Non est bona gloriatio vestra. Nescitis quia modicum fermentum totam massam corrumpit?
၆သင်တို့၏ ဝါကြွားခြင်းသည် မကောင်းမသင့် ဖြစ်၏။ အနည်းငယ်သောတဆေးသည် မုန့်စိမ်းတပုံလုံး ကို ဖောင်းကြွစေတတ်သည်ကို မသိကြသလော။
7 Expurgate vetus fermentum, ut sitis nova conspersio, sicut estis azymi. Etenim Pascha nostrum immolatus est Christus.
၇သင်တို့သည် တဆေးမဲ့ဖြစ်သည်နှင့်အညီ၊ အသစ်သော မုန့်စိမ်းဖြစ်မည်အကြောင်း၊ ဟောင်းသော တဆေးကို သုတ်သင်ပယ်ရှင်းကြလော့။ အကြောင်းမူ ကား၊ ခရစ်တော်တည်းဟူသော ငါတို့ပသခါ သိုးသငယ် သည် ငါတို့အဘို့ ယဇ်ပူဇော်ရာဖြစ်၏။
8 Itaque epulemur: non in fermento veteri, neque in fermento malitiae, et nequitiae: sed in azymis sinceritatis, et veritatis.
၈ထိုကြောင့်၊ ဟောင်းသောတဆေး၊ ဆိုးညစ် မိုက်မဲခြင်းတဆေးတို့ကို ပယ်ပစ်၍၊ တဆေးမဲ့မုန့်တည်း ဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့် ခြင်းနှင့်ပွဲခံကြ ကုန်အံ့။
9 Scripsi in epistola: Ne commisceamini fornicariis.
၉သင်တို့သည် မတရားသော မေထုန်၌ မှီဝဲသော သူတို့နှင့် မပေါင်းဘော်မည်အကြောင်း၊ အထက်ဩဝါဒ စာ၌ ငါရေးထားခဲ့ပြီ။
10 non utique fornicariis huius mundi, aut avaris, aut rapacibus, aut idolis servientibus: alioquin debueratis de hoc mundo exiisse.
၁၀ထိုသို့ရေးထားသော်၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ လောဘလွန်ကျူးခြင်း၊ အနိုင်အထက်လုယူခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်းအမှုကို ပြုသော လောကီသားတို့ နှင့်အလျှင်း မပေါင်းဘော်ရဟုမဆိုလို။ ထိုသို့ဆိုလျှင်၊ သင်တို့သည်လောကီမှ ထွက်သွားရကြမည်။
11 Nunc autem scripsi vobis non commisceri: si is, qui frater nominatur inter vos, est fornicator, aut avarus, aut idolis serviens, aut maledicus, aut ebriosus, aut rapax: cum eiusmodi nec cibum sumere.
၁၁ယခုမူကား ညီအစ်ကိုဟု ခေါ်ဝေါ်သော သူသည် မတရားသော မေထုန်၌မှီဝဲခြင်း၊ လောဘ လွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊ သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက်လုယူ ခြင်းမှစ၍၊ ထိုသို့သောအမှုကို ပြုသောသူနှင့်မပေါင်း ဘော်ရသည်သာမက၊ ထိုသူနှင့် အတူစားသောက်ခြင်း ကိစ္စကိုမျှ မပြုရဟုငါရေးထား၍ ပညတ်၏။
12 Quid enim mihi de iis, qui foris sunt, iudicare? Nonne de iis, qui intus sunt, vos iudicatis?
၁၂ပြင်လူတို့ကို စီရင်ခြင်းအမှုနှင့် ငါသည် အဘယ်သို့ ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရသည် မဟုတ်လော။
13 nam eos, qui foris sunt, Deus iudicabit. Auferte malum ex vobisipsis.
၁၃ပြင်လူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။ သို့ဖြစ်၍ ထိုဆိုးညစ်သောသူကိုသင်တို့အထဲမှ နှင်ထုတ် ကြလော့။