< Psalmorum 47 >
1 In finem, pro filiis Core. Psalmus. Omnes gentes, plaudite manibus; jubilate Deo in voce exsultationis:
၁လူများအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရား သခင်ထံသို့ အောင်သံကို လွှင့်၍ကြွေးကြော်ကြလော့။
2 quoniam Dominus excelsus, terribilis, rex magnus super omnem terram.
၂အကြောင်းမူကား၊ အမြင့်ဆုံးသော ထာဝရ ဘုရားသည် ကြောက်မက်ဘွယ်သောဘုရား၊ မြေကြီး တပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏။
3 Subjecit populos nobis, et gentes sub pedibus nostris.
၃လူစုတို့ကို ငါတို့အောက်၌၎င်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌၎င်း နှိမ့်ချတော်မူ၏။
4 Elegit nobis hæreditatem suam; speciem Jacob quam dilexit.
၄ချစ်တော်မူသောယာကုပ်၏ ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဘို့ ရွေးပေးတော်မူ၏။
5 Ascendit Deus in jubilo, et Dominus in voce tubæ.
၅ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင် တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ၏။
6 Psallite Deo nostro, psallite; psallite regi nostro, psallite:
၆ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။
7 quoniam rex omnis terræ Deus, psallite sapienter.
၇အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီး တပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာ သီချင်းကို ဆိုကြလော့။
8 Regnabit Deus super gentes; Deus sedet super sedem sanctam suam.
၈ဘုရားသခင်သည် လူမျိုးတို့တွင် စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။
9 Principes populorum congregati sunt cum Deo Abraham, quoniam dii fortes terræ vehementer elevati sunt.
၉လူမျိုးတို့၏ အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏လူမျိုးထံမှာ စုဝေးလျက် ရှိကြ၏။ အကြောင်းမူကား၊ မြေကြီးတန်ခိုးများကို ဘုရား သခင်ပိုင်တော်မူ၏။ အထူးသဖြင့် ချီးမြှောက်ခြင်း ရှိတော် မူ၏။