< Liber Numeri 36 >
1 Accesserunt autem et principes familiarum Galaad filii Machir filii Manasse, de stirpe filiorum Joseph: locutique sunt Moysi coram principibus Israël, atque dixerunt:
၁ယောသပ်၏မြစ်၊ မနာရှေ၏မြေး၊ မာခိရ၏ သားဂိလဒ်သားချင်းစုမှအိမ်ထောင်ဦးစီး တို့သည် မောရှေနှင့်အခြားခေါင်းဆောင်တို့ ထံသို့လာ၍၊-
2 Tibi domino nostro præcepit Dominus ut terram sorte divideres filiis Israël, et ut filiabus Salphaad fratris nostri dares possessionem debitam patri:
၂``ခါနာန်ပြည်ကိုစာရေးတံချ၍ဣသရေလ အမျိုးသားတို့အား ခွဲဝေပေးရန်ထာဝရ ဘုရားသည်ကိုယ်တော်အားမိန့်မှာတော်မူပါ သည်။ အကျွန်ုပ်တို့၏ဆွေမျိုးသားချင်းဇလော ဖဒ်၏အမွေကိုလည်း သူ၏သမီးတို့အား ဆက်ခံစေရန်မိန့်မှာတော်မူပါသည်။-
3 quas si alterius tribus homines uxores acceperint, sequetur possessio sua, et translata ad aliam tribum, de nostra hæreditate minuetur.
၃သို့ရာတွင်ထိုအမျိုးသမီးတို့သည်အခြား အနွယ်ဝင်အမျိုးသားတို့နှင့်စုံဖက်လျှင် သူတို့ ၏အမွေမြေသည်ထိုအမျိုးသားအနွယ်လက် ထဲသို့ရောက်ရှိသဖြင့် အကျွန်ုပ်တို့အတွက်ခွဲ ဝေပေးသောနယ်မြေသည်လျော့နည်းလာပါ လိမ့်မည်။-
4 Atque ita fiet, ut cum jubilæus, id est, quinquagesimus annus remissionis advenerit, confundatur sortium distributio, et aliorum possessio ad alios transeat.
၄ရောင်းချသောပစ္စည်းအားလုံးကိုမူလပိုင်ရှင် များ၏လက်သို့ပြန်အပ်ရသောပြန်လည်ပေး အပ်ခြင်းဆိုင်ရာယုဘိလနှစ်သို့ရောက်သော အခါ ဇလောဖဒ်သမီးတို့၏မြေသည်သူတို့ စုံဖက်သောအနွယ်ဝင်တို့လက်သို့အမြဲတမ်း ရောက်ရှိမည်ဖြစ်၍ အကျွန်ုပ်တို့၏အနွယ် အတွက်ဆုံးရှုံးနစ်နာပါသည်'' ဟုလျှောက် ထားကြသည်။
5 Respondit Moyses filiis Israël, et Domino præcipiente ait: Recte tribus filiorum Joseph locuta est.
၅ထိုအခါမောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ဣသရေလအမျိုး သားတို့အားဆင့်ဆိုလေ၏။ မောရှေက``မနာ ရှေ၏အနွယ်ဝင်တို့လျှောက်ထားချက်သည် မှန်ကန်သဖြင့်၊-
6 Et hæc lex super filiabus Salphaad a Domino promulgata est: nubant quibus volunt, tantum ut suæ tribus hominibus:
၆ထာဝရဘုရားက`ဇလောဖဒ်၏သမီးတို့ သည် မိမိတို့ကြိုက်နှစ်သက်သောယောကျာ်းနှင့် စုံဖက်နိုင်၏။ သို့ရာတွင်ထိုယောကျာ်းသည် မိမိ တို့၏အနွယ်ဝင်ဖြစ်ရမည်' ဟုမိန့်တော်မူ၏။-
7 ne commisceatur possessio filiorum Israël de tribu in tribum. Omnes enim viri ducent uxores de tribu et cognatione sua:
၇ဣသရေလအမျိုးသားတိုင်းပိုင်ဆိုင်သော အမွေမြေကို မိမိနှင့်သက်ဆိုင်ရာအနွယ် လက်မှအခြားအနွယ်လက်သို့မလွှဲ မပြောင်းရ။-
8 et cunctæ feminæ de eadem tribu maritos accipient: ut hæreditas permaneat in familiis,
၈ဣသရေလအနွယ်ထဲမှအမွေမြေဆက်ခံ ရရှိသောအမျိုးသမီးတိုင်း မိမိ၏အနွယ် ဝင်ယောကျာ်းနှင့်စုံဖက်ရမည်။ ဤနည်းအား ဖြင့်ဣသရေလအမျိုးသားတိုင်းဘိုးဘေး တို့၏မြေကိုဆက်ခံရရှိသဖြင့်၊-
9 nec sibi misceantur tribus, sed ita maneant
၉မြေသည်တစ်နွယ်လက်မှအခြားတစ်နွယ် လက်သို့ကူးပြောင်းနိုင်လိမ့်မည်မဟုတ်။ အနွယ် တိုင်းကမိမိပိုင်မြေကိုဆက်လက်ပိုင်ဆိုင် လိမ့်မည်'' ဟုဆို၏။
10 ut a Domino separatæ sunt. Feceruntque filiæ Salphaad ut fuerat imperatum:
၁၀ထို့ကြောင့်ဇလောဖဒ်၏သမီးများဖြစ်ကြ သောမာလာ၊ တိရဇာ၊ ဟောဂလာ၊ မိလကာ နှင့်နောအာတို့သည် မောရှေအားထာဝရ ဘုရားမိန့်တော်မူသည်အတိုင်းမိမိတို့ ၏အစ်ကိုဝမ်းကွဲများနှင့်စုံဖက်ကြ၏။-
11 et nupserunt Maala, et Thersa, et Hegla, et Melcha, et Noa, filiis patrui sui
၁၁
12 de familia Manasse, qui fuit filius Joseph: et possessio, quæ illis fuerat attributa, mansit in tribu et familia patris earum.
၁၂သူတို့သည်ယောသပ်၏သားမနာရှေအနွယ် ဝင်တို့နှင့်စုံဖက်ကြသဖြင့် သူတို့အမွေခံ ရသောမြေသည်ဖခင်၏အနွယ်လက်ဝယ် ဆက်လက်တည်ရှိလေသည်။
13 Hæc sunt mandata atque judicia, quæ mandavit Dominus per manum Moysi ad filios Israël, in campestribus Moab supra Jordanem contra Jericho.
၁၃ဤပညတ်များသည်ကားယေရိခေါမြို့ တစ်ဖက်ယော်ဒန်မြစ်နားရှိမောဘလွင်ပြင်၌ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားပေးတော် မူသောပညတ်များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောတောလည်ရာ ကျမ်းပြီး၏။