< Iosue 16 >
1 Cecidit quoque sors filiorum Joseph ab Jordane contra Jericho et aquas ejus ab oriente: solitudo quæ ascendit de Jericho ad montem Bethel:
၁ယောသပ်အမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသောမြေ အပိုင်းအခြားသည် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့အရှေ့၊ ယေရိခေါအိုင်မှထွက်၍ တောလမ်း သို့ လိုက်လျက်၊ ဗေသလတောင်တရှောက်လုံး သွားသဖြင့်၊
2 et egreditur de Bethel Luza: transitque terminum Archi, Ataroth:
၂ဗေသလလုဇမြို့သို့၎င်း၊ အာခိအတရုတ် မြို့သို့ ၎င်း၊
3 et descendit ad occidentem juxta terminum Jephleti, usque ad terminos Beth-horon inferioris, et Gazer: finiunturque regiones ejus mari magno:
၃အနောက်မျက်နှာ၌ ယာဖလေတိမြို့သို့၎င်း၊ အောက်ဗက်ဟောရုန်မြို့သို့၎င်း၊ ဂေဇာမြို့သို့၎င်း ရောက် ၍ ပင်လယ်၌ဆုံးလေ၏။
4 possederuntque filii Joseph, Manasses et Ephraim.
၄ထိုသို့ ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့ သည် အမွေခံရကြ၏။
5 Et factus est terminus filiorum Ephraim per cognationes suas: et possessio eorum contra orientem Ataroth Addar usque Beth-horon superiorem.
၅ဧဖရိမ်အမျိုးသားတို့သည် အဆွေအမျိုးအလိုက် နေသော မြေအပိုင်းအခြားသည်၊ အရှေ့ဘက်၌ အတရုတ် အဒ္ဒါမြို့မှ အထက်ဗက်ဟောရုန်မြို့သို့ လိုက်၍၊
6 Egrediunturque confinia in mare: Machmethath vero aquilonem respicit, et circuit terminos contra orientem in Thanathselo: et pertransit ab oriente Janoë.
၆မြောက်မျက်နှာ၌ ပင်လယ်နား၊ မိတ်မေသမြို့သို့ ထွက်၏။ တဖန် အရှေ့သို့ မျက်နှာပြု၍ တာနတ်ရှိလော မြို့အရှေ့မှာ ရှောက်လျက်၊
7 Descenditque de Janoë in Ataroth et Naaratha: et pervenit in Jericho, egrediturque ad Jordanem.
၇ယနောဟမြို့သို့၎င်း၊ ယနောဟမြို့မှ အတရုတ် မြို့၊ နာရတ်မြို့၊ ယေရိခေါမြို့သို့၎င်း ရောက်၍ ယော်ဒန် မြစ်၌ ဆုံးလေ၏။
8 De Taphua pertransit contra mare in vallem arundineti, suntque egressus ejus in mare salsissimum. Hæc est possessio tribus filiorum Ephraim per familias suas.
၈တာပွါမြို့မှ အနောက်သို့သွား၍ ကာနမြစ်သို့ လိုက်လျက် ပင်လယ်၌ ဆုံးလေ၏။
9 Urbesque separatæ sunt filiis Ephraim in medio possessionis filiorum Manasse, et villæ earum.
၉ဤရွေ့ကား၊ မနာရှေအမျိုးသားတို့အဘို့ အမွေ ခံရသောမြေ၌ ဧဖရိမ်အမျိုးသားတို့အဘို့ ခွဲထားသော မြို့များနှင့်တကွ ဧဖရိမ်အမျိုးသား အဆွေအမျိုးအလိုက် အမွေခံရသော မြို့ရွာများဖြစ်သတည်း။
10 Et non interfecerunt filii Ephraim Chananæum, qui habitabat in Gazer: habitavitque Chananæus in medio Ephraim usque in diem hanc tributarius.
၁၀ဂေဇာမြို့၌နေသော ခါနနိလူတို့ကို မနှင်ထုတ် ဘဲ သူတို့သည် ယနေ့တိုင်အောင် ဧဖရိမ်အမျိုးသားတို့နှင့် အတူနေ၍ အခွန်ပေးရကြ၏။