< Isaiæ 41 >
1 Taceant ad me insulæ, et gentes mutent fortitudinem: accedant, et tunc loquantur; simul ad judicium propinquemus.
၁တကျွန်း တနိုင်ငံ အရပ်တို့၊ ငါ့ ရှေ့ မှာ ငြိမ်ဝပ် စွာ နေကြ။ လူအမျိုးမျိုးတို့၊ အား ဖြည့် ကြ။ ချဉ်းကပ် ၍ ပြော ကြ။ တရား တွေ့ ကြကုန်အံ့။
2 Quis suscitavit ab oriente Justum, vocavit eum ut sequeretur se? Dabit in conspectu ejus gentes, et reges obtinebit: dabit quasi pulverem gladio ejus, sicut stipulam vento raptam arcui ejus.
၂ဖြောင့်မတ် ခြင်းမင်္ဂလာ လိုက်တတ်သောသူကို အရှေ့ ပြည်က ၊ အဘယ်သူ ပေါ် လာစေသနည်း။ လူ အမျိုးမျိုးတို့ကို သူ ၌ အပ် ၍ ၊ ရှင်ဘုရင် တို့ကို အုပ်စိုးစေခြင်းငှါ၊ အဘယ်သူစီရင်သနည်း။ ရန်သူတို့ကို သူ ၏ထား ရှေ့မှာ မြေမှုန့် ကဲ့သို့ ၎င်း၊ သူ ၏လေး ရှေ့မှာ လွင့် သောဖွဲ ကဲ့သို့ ၎င်း အဘယ်သူဖြစ် စေသနည်း။
3 Persequetur eos, transibit in pace: semita in pedibus ejus non apparebit.
၃ရန်သူ တို့ကို လိုက် ရ၏။ မိမိ ခြေ မ နင်း ဘူးသော လမ်း ဖြင့်၊ ဘေးမရှိ ၊ လွန်သွား ရ၏။
4 Quis hæc operatus est, et fecit, vocans generationes ab exordio? Ego Dominus: primus et novissimus ego sum.
၄ထိုအမှုများကို စီရင်ဖန်ဆင်းလျက်၊ ရှေ့ ဦးစွာမှ စ၍ လူမျိုး အစဉ်အဆက်တို့ကို ခေါ် သောသူသည် အဘယ် သူနည်းဟူမူကား၊ အဦး ဆုံးသောသူဖြစ် ၍၊ နောက်ဆုံး သောသူတို့ နှင့် ရှိသောငါ ထာဝရ ဘုရား ပေတည်း။
5 Viderunt insulæ, et timuerunt; extrema terræ obstupuerunt: appropinquaverunt, et accesserunt.
၅တကျွန်း တနိုင်ငံအရပ်တို့သည် မြင် ၍ ကြောက် ကြ၏။ မြေကြီး စွန်း သားတို့သည် ထိတ်လန့် သောစိတ် နှင့် ချဉ်းကပ် ၍ စုဝေး ကြ၏။
6 Unusquisque proximo suo auxiliabitur, et fratri suo dicet: Confortare.
၆အိမ်နီးချင်းတယောက် ကို တယောက်မစ ၍ ၊ ညီအစ်ကို ချင်း တယောက်ကိုတယောက်၊ မ စိုးရိမ်နှင့်ဟု ဆို ကြ၏။
7 Confortavit faber ærarius percutiens malleo eum, qui cudebat tunc temporis, dicens: Glutino bonum est; et confortavit eum clavis, ut non moveretur.
၇ထိုသို့ ပန်းတဉ်း သမားသည် ပန်းထိမ် သမားကို နှိုးဆော် တတ်၏။ သံတူ နှင့် ချော စေသောသူသည်၊ ပေ ပေါ်မှာ ရိုက် သော သူကိုလည်း နှိုးဆော်၍၊ ဂဟေ ကောင်း သည်ဟု ဆို တတ်၏။ ရုပ်တု ကို မ လှုပ်ရှား စေခြင်းငှါသံချွန် နှင့် ရိုက် ထားတတ်၏။
8 Et tu, Israël, serve meus, Jacob quem elegi, semen Abraham amici mei:
၈ငါ့ ကျွန် ဣသရေလ ၊ ငါရွေးချယ် သောသူ ယာကုပ် ၊ ငါ့ အဆွေ အာဗြဟံ ၏သား၊
9 in quo apprehendi te ab extremis terræ, et a longinquis ejus vocavi te, et dixi tibi: Servus meus es tu: elegi te, et non abjeci te.
၉မြေကြီး အစွန်းအနား မှ ငါလက်ဆွဲ ၍ ခေါ်သောသူ ၊ သင် သည် ငါ့ ကျွန် ဖြစ်၏ဟူ၍၎င်း၊ သင့် ကို ငါရွေးချယ် ပြီ၊ သင့် ကို မ ပစ် မပယ်ဟူ၍၎င်း၊ ဂတိကို ခံရသောသူ၊
10 Ne timeas, quia ego tecum sum; ne declines, quia ego Deus tuus: confortavi te, et auxiliatus sum tibi, et suscepit te dextera Justi mei.
၁၀မ စိုးရိမ် နှင့်။ ငါ သည် သင့် ဘက် မှာ ရှိ၏။ မကြောက်နှင့်။ သင် ၏ဘုရား သခင်ငါ သည် သင့် ကို ခိုင်ခံ့ စေမည်။ သင့် ကို စောင့်မ မည်။ ငါ့ သစ္စာ လက်ျာ လက်ဖြင့် ထောက် ပင့်မည်။
11 Ecce confundentur et erubescent omnes qui pugnant adversum te; erunt quasi non sint, et peribunt viri qui contradicunt tibi.
၁၁သင် ၌ အမျက် ထွက်သောသူတို့ သည် ရှက်ကြောက် ခြင်းနှင့် မျက်နှာပျက် ခြင်း ရှိကြလိမ့်မည်။ သင် ၌ ရန်ပြု သောသူ တို့ သည် အဘယ်မျှ မဟုတ်သကဲ့သို့ ဖြစ် ၍၊ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။
12 Quæres eos, et non invenies, viros rebelles tuos; erunt quasi non sint, et veluti consumptio homines bellantes adversum te.
၁၂သင် နှင့် ဆန့်ကျင် ဘက်ပြုသောသူ တို့ ကို သင် သည် ရှာ ၍ မ တွေ့ ရ။ သင့် ကို စစ်တိုက် သောသူ တို့ သည် အဘယ် မျှ မဟုတ်သကဲ့သို့ ၎င်း၊ အနတ္တ သက်သက်ကဲ့သို့ ၎င်း ဖြစ် ကြလိမ့်မည်။
13 Quia ego Dominus Deus tuus, apprehendens manum tuam, dicensque tibi: Ne timeas: ego adjuvi te.
၁၃အကြောင်း မူကား၊ သင် ၏ဘုရား သခင်ထာဝရဘုရား က၊ မ စိုးရိမ် နှင့်။ ငါ မစ မည်ဟု သင့် အား ဆို လျက်၊ သင် ၏လက်ျာ လက်ကို ကိုင် မည်။
14 Noli timere, vermis Jacob, qui mortui estis ex Israël: ego auxiliatus sum tibi, dicit Dominus, et redemptor tuus Sanctus Israël.
၁၄အိုတီကောင် ယာကုပ် ၊ အမျိုး ငယ် ဣသရေလ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင့် ကို မစ သောသူဖြစ် ၏။ သင့် ကို ရွေးနှုတ် သောသူသည်၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖြစ်သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
15 Ego posui te quasi plaustrum triturans novum, habens rostra serrantia; triturabis montes, et comminues, et colles quasi pulverem pones.
၁၅ငါ သည် သင့်ကို အသွား ရှိ သောစပါးနယ်စရာ ယန္တရား စက် အသစ် ဖြစ် စေမည်။ သင်သည် တောင် ကြီး တို့ကို နယ်၍ ညက် စေမည်။ တောင် ငယ်တို့ကို ဖွဲ ကဲ့သို့ ဖြစ် စေမည်။
16 Ventilabis eos, et ventus tollet, et turbo disperget eos; et tu exsultabis in Domino, in Sancto Israël lætaberis.
၁၆သူ တို့ကို လှေ့ ၍ ၊ လေ သည် သူ တို့ကို တိုက် သွား လိမ့်မည်။ မုန်တိုင်း လွှင့် လိမ့်မည်။ သင် မူကား ထာဝရဘုရား ၌ ဝမ်းမြောက် လိမ့်မည်။ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၌ ဝါကြွား လိမ့်မည်။
17 Egeni et pauperes quærunt aquas, et non sunt; lingua eorum siti aruit. Ego Dominus exaudiam eos, Deus Israël, non derelinquam eos.
၁၇ဆင်းရဲ သောသူနှင့် ငတ်မွတ် သောသူတို့ သည် ရေ ကိုရှာ ၍ မ တွေ့၊ ရေငတ် ၍ လျှာ သွေ့ ခြောက်သောအခါ၊ ငါ ထာဝရဘုရား သည် သူ တို့ စကားကို နားထောင် မည်။ ဣသရေလ အမျိုး၏ ဘုရား သခင်ဖြစ်သော ငါသည် သူ တို့ကို မ စွန့်။
18 Aperiam in supinis collibus flumina, et in medio camporum fontes: ponam desertum in stagna aquarum, et terram inviam in rivos aquarum.
၁၈မြင့် သောအရပ်တို့၌ မြစ် ကို၎င်း၊ နိမ့် သော အရပ်တို့၌ စမ်းရေ ကို၎င်း ငါပေါက် စေမည်။ တော အရပ် ၌ ရေ ကန် များကို၎င်း ၊ သွေ့ ခြောက်သောအရပ် ၌ စမ်းရေ တွင်း များကို၎င်းငါ ဖြစ်စေမည်။
19 Dabo in solitudinem cedrum, et spinam, et myrtum, et lignum olivæ; ponam in deserto abietem, ulmum, et buxum simul:
၁၉တော ၌ အာရဇ် ပင်၊ အကာရှ ပင်၊ မုရတု ပင်၊ သံလွင် ပင် များကို၎င်း၊ လွင်ပြင် ၌ ထင်းရူး ပင်၊ တဒေရ ပင်၊ တာရှုရ ပင်များကို၎င်းရောနှော လျက် စိုက် မည်။
20 ut videant, et sciant, et recogitent, et intelligant pariter, quia manus Domini fecit hoc, et Sanctus Israël creavit illud.
၂၀သို့ ဖြစ်၍၊ ထာဝရဘုရား သည် ဤအမှုကို စီရင် ၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားဖန်ဆင်း တော်မူကြောင်းကို ၊ ထိုသူအပေါင်းတို့သည် သိ မြင် ၍ ၊ ဆင်ခြင် နားလည် ကြလိမ့်မည်။
21 Prope facite judicium vestrum, dicit Dominus; Afferte, si quid forte habetis, dicit rex Jacob.
၂၁သင် တို့၏ အမှု ကို စောင့် ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။ သင် တို့၏ခိုင်ခံ့သော သက်သေ များ ကို ထုတ် ပြကြလော့ဟု ယာကုပ် အမျိုး၏ ရှင်ဘုရင် မိန့် တော်မူ၏။
22 Accedant, et nuntient nobis quæcumque ventura sunt; priora quæ fuerunt, nuntiate, et ponemus cor nostrum, et sciemus novissima eorum; et quæ ventura sunt, indicate nobis.
၂၂ထုတ် ဘော်၍ အနာဂတ္တိအရာတို့ကို ငါ တို့အား ပြ ကြစေ။ အရင် ဖြစ် ဘူးသော အရာတို့သည် အဘယ်သို့ ဖြစ်သည်ကို ငါ တို့ ဆင်ခြင် ၍ ၊ ထိုအရာ တို့၏ အဆုံး ကို သိ ရမည်အကြောင်း ဘော် ပြကြစေ။ သို့မဟုတ် ၊ ဖြစ် လတံ့ သောအရာတို့ကို ငါ တို့အား ဟော ပြောကြစေ။
23 Annuntiate quæ ventura sunt in futurum, et sciemus quia dii estis vos; bene quoque aut male, si potestis, facite, et loquamur et videamus simul.
၂၃သင် တို့သည် ဘုရား ဖြစ်သည်ကို ငါတို့ သိ ရမည် အကြောင်း ၊ ဖြစ် လတံ့သော အရာတို့ကို ပြ ကြလော့။ အချင်းချင်းတယောက်ကိုတယောက်ကြည့်ရှုတွေ့မြင်မည်အကြောင်း၊ ကောင်း သောအမှု၊ ဆိုး သောအမှု တစုံတခုကို ပြုကြလော့။
24 Ecce vos estis ex nihilo, et opus vestrum ex eo quod non est: abominatio est qui elegit vos.
၂၄သင် တို့သည် အဘယ် မျှမဟုတ်သော အရာ ထက်သာ၍ယုတ်မာ ကြ၏။ သင် တို့အမှု လည်း ၊ အဘယ်မျှ မဟုတ်သော အမှုထက်သာ၍ယုတ်မာ ၏။ သင် တို့ကို ရွေး ယူသောသူသည် ရွံ့ရှာ ဘွယ် ဖြစ်၏။
25 Suscitavi ab aquilone, et veniet ab ortu solis: vocabit nomen meum, et adducet magistratus quasi lutum, et velut plastes conculcans humum.
၂၅မြောက် မျက်နှာ၌ လူတယောက်ကို ငါပေါ်ထွန်း စေ၍ ၊ သူသည် လာလိမ့်မည်။ နေ ထွက် ရာမှ လာ ၍ ငါ့ နာမ ကို ပဌနာ ပြုလိမ့်မည်။ အိုးထိန်း သမားသည် အိုးမြေ ကို နင်း သကဲ့သို့ ၊ ထိုသူသည် မင်း တို့ကို အိုးမြေ အမှတ်နှင့် ကျော်နင်း လိမ့်မည်။
26 Quis annuntiavit ab exordio ut sciamus, et a principio ut dicamus: Justus es? Non est neque annuntians, neque prædicens, neque audiens sermones vestros.
၂၆ငါတို့သည် သိ ရမည်အကြောင်း ၊ ရှေ့ဦး စွာမှစ၍ အဘယ်သူ သည် ဟော ပြောသနည်း။ မှန် ပေ၏ဟု ငါတို့ သည် ဆို ရမည်အကြောင်း ၊ ရှေးမဆွ က အဘယ်သူသည် ဟောပြောသနည်း။ ဘော်ပြ သော သူတယောက်မျှမ ရှိ။ ဟော ပြောသော သူတယောက်မျှမ ရှိ။ သင် တို့စကား ကို ကြား သောသူတယောက်မျှမ ရှိ။
27 Primus ad Sion dicet: Ecce adsunt, et Jerusalem evangelistam dabo.
၂၇ဤမည်သောအမှုတို့သည် ဖြစ်ကြလိမ့်မည်ဟု ရှေး ဦးစွာ ငါသည် ဇိအုန် မြို့အား ပြော၏။ ဝမ်းမြောက်စရာ သိတင်း ကို ကြားပြောသော တမန်ကိုလည်း ၊ ယေရုရှလင် မြို့သို့ ငါစေလွှတ် ၏။
28 Et vidi, et non erat neque ex istis quisquam qui iniret consilium, et interrogatus responderet verbum.
၂၈သူတို့ကို ငါကြည့် ရှုသောအခါ ၊ တစုံ တယောက်မျှ မ ရှိ။ သူ တို့တွင် သတိပေး သော သူတယောက်မျှမ ရှိ။ ပြန်ပြော စေခြင်းငှါ သူ တို့ကို ငါမေးမြန်း သော်လည်း၊
29 Ecce omnes injusti, et vana opera eorum; ventus et inane simulacra eorum.
၂၉သူ တို့သည် အကြွင်းမဲ့အနတ္တ ဖြစ်ကြ၏။ သူ တို့ အမှု များလည်း၊ အဘယ်မျှမဟုတ်။ သူတို့သွန်းသော ရုပ်တု တို့လည်း အတ္တမရှိ၊ လေ သက်သက်ဖြစ်ကြ၏။