< Exodus 10 >
1 Et dixit Dominus ad Moysen: Ingredere ad Pharaonem: ego enim induravi cor ejus, et servorum illius, ut faciam signa mea hæc in eo:
၁ထိုနောက်ထာဝရဘုရားက မောရှေအား``သင် သည်ဘုရင်ထံသို့သွားလော့။ ငါသည်အံ့ဖွယ် သောအမှုတို့ကို အီဂျစ်အမျိုးသားတို့တွင် ပြခြင်းငှာလည်းကောင်း၊ သူတို့အားပြသည့် အံ့ဖွယ်သောအမှုများအကြောင်းကို သင် တို့၏သားမြေးတို့အားပြောပြနိုင်ခြင်း ငှာလည်းကောင်း ငါသည်ဘုရင်နှင့်သူ၏ မှူးမတ်တို့ကိုခေါင်းမာစေ၏။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုသင်တို့ အားလုံးသိရလိမ့်မည်'' ဟုမိန့်တော်မူ၏။
2 et narres in auribus filii tui, et nepotum tuorum, quoties contriverim Ægyptios, et signa mea fecerim in eis: et sciatis quia ego Dominus.
၂
3 Introierunt ergo Moyses et Aaron ad Pharaonem, et dixerunt ei: Hæc dicit Dominus Deus Hebræorum: Usquequo non vis subjici mihi? dimitte populum meum, ut sacrificet mihi.
၃မောရှေနှင့်အာရုန်တို့သည် ဘုရင်ထံသို့သွား ၍ ``သင်သည်ငါ၏အမိန့်ကိုမည်မျှကြာအောင် မနာခံဘဲနေမည်နည်း။ ငါ၏လူမျိုးတော် သည်ငါ့အားဝတ်ပြုနိုင်ရန်သူတို့ကိုသွား ခွင့်ပြုလော့။-
4 Sin autem resistis, et non vis dimittere eum: ecce ego inducam cras locustam in fines tuos:
၄သင်သည်ငါ၏လူမျိုးတော်တို့အားသွားခွင့် မပေးလျှင် နက်ဖြန်နေ့၌ငါသည်သင်၏တိုင်း ပြည်တွင်ကျိုင်းကောင်များရောက်ရှိလာစေ မည်။-
5 quæ operiat superficiem terræ, ne quidquam ejus appareat, sed comedatur quod residuum fuerit grandini: corrodet enim omnia ligna quæ germinant in agris.
၅ထိုကျိုင်းကောင်တို့သည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းမည်။ ယင်းတို့သည်မိုးသီးဒဏ်ကြောင့် မပျက်စီးဘဲကျန်ရှိသမျှကိုကိုက်စား ကြလိမ့်မည်။ အပင်ရှိသမျှတို့ကိုလည်း စားပစ်ကြလိမ့်မည်။-
6 Et implebunt domos tuas, et servorum tuorum, et omnium Ægyptiorum, quantam non viderunt patres tui, et avi, ex quo orti sunt super terram, usque in præsentem diem. Avertitque se, et egressus est a Pharaone.
၆သင်၏နန်းအဆောင်များ၊ မှူးမတ်တို့၏အိမ် များ၊ ပြည်သူအပေါင်းတို့၏အိမ်များထဲသို့ ကျိုင်းကောင်အုပ်များဝင်ရောက်လိမ့်မည်။ အီဂျစ် နိုင်ငံသမိုင်းတစ်လျှောက်တွင် ဤမျှလောက် ဆိုးရွားသောကပ်မျိုးကိုလူတို့တစ်ခါမျှ မတွေ့ကြုံခဲ့ရသေး' ဟုဟေဗြဲအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော် မူ၏'' ဟုဆိုလေ၏။ ထိုနောက်မောရှေသည် ဘုရင်ထံမှထွက်သွားလေ၏။
7 Dixerunt autem servi Pharaonis ad eum: Usquequo patiemur hoc scandalum? dimitte homines, ut sacrificent Domino Deo suo; nonne vides quod perierit Ægyptus?
၇မှူးမတ်တို့ကဘုရင်အား``ဤသူတို့သည် အကျွန်ုပ်တို့ကိုမည်မျှကြာအောင်ဒုက္ခရောက် စေပါမည်နည်း။ ထိုသူတို့သည်သူတို့၏ဘုရား ဖြစ်သောထာဝရဘုရားအား ဝတ်ပြုနိုင်ရန် သွားခွင့်ပေးတော်မူပါ။ အရှင်မင်းကြီး၊ ယခု ပင်အီဂျစ်ပြည်ပျက်စီးနေပြီမဟုတ်ပါ လော'' ဟုလျှောက်ကြ၏။
8 Revocaveruntque Moysen et Aaron ad Pharaonem: qui dixit eis: Ite, sacrificate Domino Deo vestro: quinam sunt qui ituri sunt?
၈ထို့ကြောင့်ဘုရင်သည် မောရှေနှင့်အာရုန်တို့ အားပြန်ခေါ်လျက်``သင်တို့ဘုရားဖြစ်သော ထာဝရဘုရားအားဝတ်ပြုရန်သွားကြ လော့။ သို့သော်မည်သူတို့သွားကြမည်နည်း'' ဟုမေးလေ၏။
9 Ait Moyses: Cum parvulis nostris, et senioribus pergemus, cum filiis et filiabus, cum ovibus et armentis: est enim solemnitas Domini Dei nostri.
၉ထိုအခါမောရှေက``ထာဝရဘုရားအား ပူဇော်ပွဲကိုကျင်းပရမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့၏လူကြီး၊ ကလေး၊ သားသမီး၊ သိုး နွားမှစ၍အားလုံးကိုခေါ်ဆောင်သွားရ ကြပါမည်'' ဟုလျှောက်လေ၏။
10 Et respondit Pharao: Sic Dominus sit vobiscum, quomodo ego dimittam vos, et parvulos vestros, cui dubium est quod pessime cogitetis?
၁၀ဘုရင်က``သင်တို့၏အမျိုးသမီးများနှင့် ကလေးများကို ခေါ်ဆောင်သွားခွင့်မပြုနိုင် ဟုထာဝရဘုရားကိုတိုင်တည်၍ငါဆို၏။ ပုန်ကန်ရန်ကြံစည်နေကြောင်းထင်ရှား၏။-
11 non fiet ita, sed ite tantum viri, et sacrificate Domino: hoc enim et ipsi petistis. Statimque ejecti sunt de conspectu Pharaonis.
၁၁သင်တို့၏အလိုပြည့်မည်ဆိုလျှင်အမျိုး သားများသာသွား၍ ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ကြစေ'' ဟုမိန့်တော်မူ၏။ ထိုနောက်အထံတော်မှသူတို့ကိုနှင်ထုတ် လေ၏။
12 Dixit autem Dominus ad Moysen: Extende manum tuam super terram Ægypti ad locustam, ut ascendat super eam, et devoret omnem herbam quæ residua fuerit grandini.
၁၂ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်သို့ကျိုင်းကောင်များရောက်ရှိလာစေ ရန်သင်၏လက်ကိုဆန့်လော့။ ကျိုင်းကောင်များ သည်ရောက်လာ၍မိုးသီးဒဏ်ကြောင့်မပျက် စီးဘဲ ကျန်ရှိနေသမျှသောအပင်တို့ကို စားပစ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
13 Et extendit Moyses virgam super terram Ægypti: et Dominus induxit ventum urentem tota die illa et nocte: et mane facto, ventus urens levavit locustas.
၁၃သို့ဖြစ်၍မောရှေသည်မိမိ၏တောင်ဝှေး ကိုကိုင်လျက် လက်ကိုဆန့်လိုက်ရာထာဝရ ဘုရားသည် ထိုနေ့နှင့်တစ်ညပတ်လုံးအရှေ့ ဘက်မှလေပြင်းတိုက်ခတ်စေတော်မူ၏။ နံနက်ရောက်သော်ထိုအရှေ့လေဖြင့် ကျိုင်းကောင်များရောက်ရှိလာကြ၏။-
14 Quæ ascenderunt super universam terram Ægypti: et sederunt in cunctis finibus Ægyptiorum innumerabiles, quales ante illud tempus non fuerant, nec postea futuræ sunt.
၁၄ကျိုင်းကောင်တို့သည်အုပ်လိုက်ရောက်ရှိလာ ၍ တစ်ပြည်လုံးပေါ်သို့ရောက်လေ၏။ ထိုမျှ လောက်များပြားသောကျိုင်းကောင်အုပ်များ သည်ရှေးကာလကမပေါ်စဖူး၊ နောင် အခါ၌လည်းပေါ်မည်မဟုတ်။-
15 Operueruntque universam superficiem terræ, vastantes omnia. Devorata est igitur herba terræ, et quidquid pomorum in arboribus fuit, quæ grando dimiserat: nihilque omnino virens relictum est in lignis et in herbis terræ, in cuncta Ægypto.
၁၅ကျိုင်းကောင်များသည်မြေတစ်ပြင်လုံးကို ဖုံးလွှမ်းသဖြင့် မြေပြင်သည်ကျိုင်းကောင်များ ဖြင့်မည်းနက်လျက်ရှိ၏။ ယင်းတို့သည်တိုင်း ပြည်၌မိုးသီးဒဏ်ကြောင့်မပျက်စီးဘဲ ကျန် ကြွင်းသမျှသောအပင်နှင့်သစ်သီးတို့ကို စားကြ၏။ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် အပင်ကြီးငယ်တို့၌အရွက်စိမ်းဟူ၍ မကျန်တော့ချေ။
16 Quam ob rem festinus Pharao vocavit Moysen et Aaron, et dixit eis: Peccavi in Dominum Deum vestrum, et in vos.
၁၆ထိုအခါဘုရင်သည်မောရှေနှင့်အာရုန်တို့ ကို အလျင်အမြန်ခေါ်၍``ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားနှင့်သင်တို့ ကိုပြစ်မှားမိပါပြီ။-
17 Sed nunc dimittite peccatum mihi etiam hac vice, et rogate Dominum Deum vestrum, ut auferat a me mortem istam.
၁၇ယခုတစ်ကြိမ်ငါ၏အပြစ်ကိုလွှတ်၍ ဤကပ်ဆိုးကြီးကိုဖယ်ရှားပေးရန် သင်တို့ ၏ဘုရားသခင်ထာဝရဘုရားထံဆု တောင်းပတ္ထနာပြုပါလော့'' ဟုဆိုလေ၏။-
18 Egressusque Moyses de conspectu Pharaonis, oravit Dominum.
၁၈မောရှေသည်ဘုရင်ထံမှထွက်ခဲ့၍ ထာဝရ ဘုရားထံဆုတောင်းပတ္ထနာပြုလေ၏။-
19 Qui flare fecit ventum ab occidente vehementissimum, et arreptam locustam projecit in mare Rubrum: non remansit ne una quidem in cunctis finibus Ægypti.
၁၉ထာဝရဘုရားသည်အရှေ့လေကိုအနောက် လေပြင်းအဖြစ်သို့ပြောင်းလဲတိုက်ခတ်စေ သဖြင့် ကျိုင်းကောင်တို့ကိုလေနှင့်ဆောင်ယူပြီး လျှင်ပင်လယ်နီထဲသို့ကျစေ၏။ အီဂျစ်ပြည် တစ်လျှောက်လုံးတွင်ကျိုင်းကောင်တစ်ကောင် မျှမကျန်တော့ချေ။-
20 Et induravit Dominus cor Pharaonis, nec dimisit filios Israël.
၂၀သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် သူသည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ လေ၏။
21 Dixit autem Dominus ad Moysen: Extende manum tuam in cælum: et sint tenebræ super terram Ægypti tam densæ, ut palpari queant.
၂၁ထိုနောက်ထာဝရဘုရားကမောရှေအား``အီ ဂျစ်ပြည်တွင်အလွန်ထူထပ်သောအမှောင်ထု ဖုံးလွှမ်းစေရန် သင်၏လက်ကိုကောင်းကင်သို့ ဆန့်လော့'' ဟုမိန့်တော်မူ၏။-
22 Extenditque Moyses manum in cælum: et factæ sunt tenebræ horribiles in universa terra Ægypti tribus diebus.
၂၂မောရှေသည်မိမိလက်ကိုကောင်းကင်သို့ဆန့် သဖြင့် အီဂျစ်ပြည်တစ်လျှောက်လုံးတွင်သုံး ရက်မျှမှောင်အတိလွှမ်းလေ၏။-
23 Nemo vidit fratrem suum, nec movit se de loco in quo erat: ubicumque autem habitabant filii Israël, lux erat.
၂၃အီဂျစ်အမျိုးသားတို့သည်အချင်းချင်း တစ်ယောက်ကိုတစ်ယောက်မမြင်နိုင်ကြ သဖြင့် သုံးရက်ပတ်လုံးမည်သူမျှမိမိ နေအိမ်မှမထွက်ချေ။ ဣသရေလအမျိုး သားတို့နေထိုင်ရာအရပ်၌မူကား အလင်းရောင်ရှိ၏။
24 Vocavitque Pharao Moysen et Aaron, et dixit eis: Ite, sacrificate Domino: oves tantum vestræ et armenta remaneant, parvuli vestri eant vobiscum.
၂၄ထိုအခါဘုရင်သည်မောရှေကိုခေါ်၍``ထာဝရ ဘုရားအားဝတ်ပြုရန်သွားကြလော့။ သင်တို့ ၏အမျိုးသမီးများနှင့်ကလေးများကိုလည်း သင်တို့နှင့်အတူသွားကြစေ။ သင်တို့၏ သိုး၊ ဆိတ်၊ နွားများကိုသာထားခဲ့ကြလော့'' ဟု ဆိုလေ၏။
25 Ait Moyses: Hostias quoque et holocausta dabis nobis, quæ offeramus Domino Deo nostro.
၂၅မောရှေက``ကျွန်ုပ်တို့၏ထာဝရဘုရားအား ပူဇော်ရန်ယဇ်ကောင်များရှိရပါမည်။-
26 Cuncti greges pergent nobiscum; non remanebit ex eis ungula: quæ necessaria sunt in cultum Domini Dei nostri: præsertim cum ignoremus quid debeat immolari, donec ad ipsum locum perveniamus.
၂၆ထို့ကြောင့်ကျွန်ုပ်တို့၏တိရစ္ဆာန်များကို တစ်ကောင် မကျန်ယူဆောင်သွားရပါမည်။ ကျွန်ုပ်တို့သည် တိရစ္ဆာန်များကိုရွေး၍ ထာဝရဘုရားအား ပူဇော်ရပါမည်။ သို့ရာတွင်ထိုအရပ်သို့ရောက် မှမည်သည့်အကောင်ကိုရွေး၍ ပူဇော်ရမည် ကိုသိနိုင်ပါမည်'' ဟုလျှောက်လေ၏။
27 Induravit autem Dominus cor Pharaonis, et noluit dimittere eos.
၂၇ထာဝရဘုရားသည်ဘုရင်အားခေါင်းမာစေ သဖြင့် ဣသရေလအမျိုးသားတို့ကိုသွား ခွင့်မပြုဘဲနေပြန်၏။-
28 Dixitque Pharao ad Moysen: Recede a me, et cave ne ultra videas faciem meam: quocumque die apparueris mihi, morieris.
၂၈ဘုရင်ကမောရှေအား``ငါ့ထံမှထွက်သွား လော့။ သင့်မျက်နှာကိုငါနောက်တစ်ဖန်မတွေ့ လို။ အကယ်၍တွေ့ခဲ့လျှင်သင်သေရမည်'' ဟုဆိုလေ၏။
29 Respondit Moyses: Ita fiet ut locutus es: non videbo ultra faciem tuam.
၂၉ထိုအခါမောရှေက``ကိုယ်တော်မိန့်တော်မူသည် အတိုင်း ကျွန်ုပ်သည်ကိုယ်တော်ထံသို့နောက်တစ် ဖန်မလာတော့ပါ'' ဟုလျှောက်လေ၏။