< Danihelis Prophetæ 9 >
1 In anno primo Darii filii Assueri de semine Medorum, qui imperavit super regnum Chaldæorum,
၁ယေရုရှလင်မြို့ပျက်စီး၍ အနှစ်ခုနစ်ဆယ် လွန် စေမည်ဟု၊
2 anno uno regni ejus, ego Daniel intellexi in libris numerum annorum, de quo factus est sermo Domini ad Jeremiam prophetam, ut complerentur desolationis Jerusalem septuaginta anni.
၂ထာဝရဘုရား၏ ဗျာဒိတ်တော်ကို ပရောဖက် ယေရမိ ခံဘူးသည်ဖြစ်၍၊ ခါလာဒဲနိုင်ငံကို အစိုးရသော မေဒိအမျိုး၊ အာရွှေရုသားဒါရိနန်းစံပဌမနှစ်တွင်၊ ငါ ဒံယေလသည် ထိုနှစ်ပေါင်းအရေအတွက်ကို ကျမ်းစာ အားဖြင့် သိရသောကြောင့်၊
3 Et posui faciem meam ad Dominum Deum meum rogare et deprecari in jejuniis, sacco, et cinere.
၃အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ် လျက်၊ ပြာနှင့်လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပဌနာပြု၏။
4 Et oravi Dominum Deum meum, et confessus sum, et dixi: Obsecro, Domine Deus magne et terribilis, custodiens pactum, et misericordiam diligentibus te, et custodientibus mandata tua:
၄ထိုသို့ အပြစ်ကို ဘော်ပြတောင်းပန်၍ ငါ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသော ပဌနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကို စောင့်သော သူတို့အား သစ္စာတော်မပျက်၊ ကရုဏာ တရားကိုစောင့်တော် မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဘွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊
5 peccavimus, iniquitatem fecimus, impie egimus, et recessimus: et declinavimus a mandatis tuis ac judiciis.
၅အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိ ပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင် ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။
6 Non obedivimus servis tuis prophetis, qui locuti sunt in nomine tuo regibus nostris, principibus nostris, patribus nostris, omnique populo terræ.
၆အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား အသက်ကြီး သူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏ ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နား မထောင်ပဲနေကြပါပြီ။
7 Tibi, Domine, justitia: nobis autem confusio faciei, sicut est hodie viro Juda, et habitatoribus Jerusalem, et omni Israël, his qui prope sunt, et his qui procul in universis terris, ad quas ejecisti eos propter iniquitates eorum, in quibus peccaverunt in te.
၇အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင် တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍ နီးသောပြည်၊ ဝေးသောပြည်၊ အရပ် ရပ်တို့၌နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှ စ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့ သည် ယနေ့၌ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။
8 Domine, nobis confusio faciei, regibus nostris, principibus nostris, et patribus nostris, qui peccaverunt.
၈အိုဘုရားရှင်၊ ကိုယ်တော်ကို ပြစ်မှားသော ကြောင့်၊ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီး သူမှစ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြ ပါ၏။
9 Tibi autem Domino Deo nostro misericordia et propitiatio, quia recessimus a te,
၉အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော် လည်း၊ အကျွန်ုပ်တို့အရှင်ဘုရားသခင်သည် ကရုဏာကို ပြခြင်း၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။
10 et non audivimus vocem Domini Dei nostri ut ambularemus in lege ejus, quam posuit nobis per servos suos prophetas.
၁၀အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်း၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့၌ ထားတော် မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှါ၊ ဗျာဒိတ် တော်အသံကို အကျွန်ုပ်တို့သည်နားမထောင်ဘဲ နေကြ ပါပြီ။
11 Et omnis Israël prævaricati sunt legem tuam, et declinaverunt ne audirent vocem tuam: et stillavit super nos maledictio et detestatio quæ scripta est in libro Moysi servi Dei, quia peccavimus ei.
၁၁အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသော အပြစ်ကြောင့်၊ ကျိန်ဆိုတော် မူခြင်းတည်းဟူသော ဘုရားသခင်၏ ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသော အကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ၏။
12 Et statuit sermones suos, quos locutus est super nos et super principes nostros, qui judicaverunt nos, ut superinduceret in nos magnum malum, quale numquam fuit sub omni cælo, secundum quod factum est in Jerusalem.
၁၂အကျွန်ုပ်တို့တဘက်၊ အကျွန်ုပ်တို့ကို အုပ်သော တရားသူကြီးတို့ တဘက်၌ မိန့်တော်မူသော စကားတော် ကို တည်စေ၍၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသော ဘေး ဥပဒ်ကို ရောက်စေတော်မူပြီ။ အကြောင်းမူကား၊ ယေရု ရှလင်မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက် တွင် အဘယ်အရပ်၌မျှ မရောက်စဖူးပါ။
13 Sicut scriptum est in lege Moysi, omne malum hoc venit super nos: et non rogavimus faciem tuam, Domine Deus noster, ut reverteremur ab iniquitatibus nostris, et cogitaremus veritatem tuam.
၁၃မောရှေ၏ ပညတ္တိကျမ်းစာ၌ မှတ်သားသည် အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှါ၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။
14 Et vigilavit Dominus super malitiam, et adduxit eam super nos. Justus Dominus Deus noster in omnibus operibus suis, quæ fecit: non enim audivimus vocem ejus.
၁၄ထို့ကြောင့် ထာဝရဘုရားသည် ဘေးဥပဒ်ကို စောင့်၍ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ပြုတော်မူသမျှတို့၌ ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့ သည် ဗျာဒိတ်တော်အသံကို နားမထောင်ဘဲ နေကြပါပြီ တကား။
15 Et nunc Domine Deus noster, qui eduxisti populum tuum de terra Ægypti in manu forti, et fecisti tibi nomen secundum diem hanc: peccavimus, iniquitatem fecimus.
၁၅တန်ခိုးကြီးသောလက်တော်ဖြင့် ကိုယ်တော်၏ လူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ ယနေ့၌ရှိသည် အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသော အကျွန်ုပ်တို့၏ အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ မတရားသဖြင့်ပြုမိပါပြီ။
16 Domine, in omnem justitiam tuam avertatur, obsecro, ira tua et furor tuus a civitate tua Jerusalem, et monte sancto tuo. Propter peccata enim nostra, et iniquitates patrum nostrorum, Jerusalem et populus tuus in opprobrium sunt omnibus per circuitum nostrum.
၁၆အိုဘုရားရှင်၊ ဖြောင့်မတ်တော်မူခြင်း တရား တော်ရှိသမျှတို့နှင့်အညီ၊ သန့်ရှင်းသော တောင်တော် တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့မှ ပြင်းစွာ သော ဒေါသမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ် တောင်းပန်ပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အပြစ် များမှစ၍ ဘိုးဘေးတို့၏ အပြစ်များကြောင့်၊ ယေရုရှလင် မြို့နှင့် ကိုယ်တော်၏လူစုသည် ပတ်ဝန်းကျင်၌ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ၏။
17 Nunc ergo exaudi, Deus noster, orationem servi tui, et preces ejus: et ostende faciem tuam super sanctuarium tuum, quod desertum est propter temetipsum.
၁၇ယခုမူကား၊ အကျွန်ုပ်တို့ဘုရားသခင်၊ ကိုယ် တော်၏ ကျွန်ပြုသော ပဌနာစကားကို နားထောင်တော် မူပါ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင်၏ အကျိုးတော်ကြောင့်၊ မျက်နှာတော် ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ။
18 Inclina, Deus meus, aurem tuam, et audi: aperi oculos tuos, et vide desolationem nostram, et civitatem super quam invocatum est nomen tuum: neque enim in justificationibus nostris prosternimus preces ante faciem tuam, sed in miserationibus tuis multis.
၁၈အကျွန်ုပ်၏ဘုရားသခင်၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ အကျွန်ုပ်တို့ ပျက်စီးရာများကို၎င်း၊ နာမတော်ဖြင့် သမုတ်သောမြို့ကို ၎င်းကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍ ပဌနာ စကားကို ရှေ့တော်၌ ဆက်ကပ်ပါ၏။
19 Exaudi, Domine; placare Domine: attende et fac: ne moreris propter temetipsum, Deus meus, quia nomen tuum invocatum est super civitatem et super populum tuum.
၁၉အိုဘုရားရှင်၊ နားထောင်တော်မူပါ။ အိုဘုရား ရှင်၊ နားထောင်၍ ပြုတော်မူပါ။ အိုဘုရားရှင် နားထောင် ၍ပြုတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော် အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏ လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပဌနာ ပြု၏။
20 Cumque adhuc loquerer, et orarem, et confiterer peccata mea, et peccata populi mei Israël, et prosternerem preces meas in conspectu Dei mei, pro monte sancto Dei mei:
၂၀ထိုသို့ဆုတောင်းပဌနာပြု၍၊ ကိုယ်အပြစ်ကို၎င်း၊ အမျိုးသားချင်း ဣသရေလလူတို့၏ အပြစ်ကို၎င်း ဘော်ပြတောင်းပန်၍၊ ငါကိုးကွယ်သော ဘုရားသခင်၏ သန့်ရှင်းသော တောင်တော်အဘို့ ငါပြုသော ပဌနာ စကားကို၊ ငါ၏ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ဆက်ကပ် လျက်နေ၍၊
21 adhuc me loquente in oratione, ecce vir Gabriel, quem videram in visione a principio, cito volans tetigit me in tempore sacrificii vespertini.
၂၁ဆုတောင်းသော အမှုမပြီးမှီ မြွက်ဆိုစဉ်တွင် ယခင်ဗျာဒိတ် ရူပါရုံ၌ ထင်ရှားသောသူ၊ ဂါဗေလသည် လျင်မြန်စွာ ပျံ၍လာသဖြင့် ညဦးယံ ပူဇော်ချိန်၌ ရှိရာသို့ ရောက်၍
22 Et docuit me, et locutus est mihi, dixitque: Daniel, nunc egressus sum ut docerem te, et intelligeres.
၂၂နှုတ်ဆက်လျက်၊ အချင်းဒံယေလ၊ ငါသည် သင် ၌ ဥာဏ်ပညာတိုးပွားစေမည်အကြောင်း ထွက်လာပြီ။
23 Ab exordio precum tuarum egressus est sermo: ego autem veni ut indicarem tibi, quia vir desideriorum es: tu ergo animadverte sermonem, et intellige visionem.
၂၃သင်သည် ဆုတောင်းစပြုသောအခါ အမိန့် တော်ရှိသည်ဖြစ်၍ သင့်အားကြားပြောခြင်းငှါ ငါရောက် လာပြီ။ သင်သည် အလွန်ချစ်အပ်သောသူဖြစ်၏။ ထိုကြောင့် ဗျာဒိတ်တော်အချက်ကို ဆင်ခြင်၍ နားလည် ရသော အခွင့်ရှိ၏။
24 Septuaginta hebdomades abbreviatæ sunt super populum tuum et super urbem sanctam tuam, ut consummetur prævaricatio, et finem accipiat peccatum, et deleatur iniquitas, et adducatur justitia sempiterna, et impleatur visio et prophetia, et ungatur Sanctus sanctorum.
၂၄လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှါ၎င်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း ထာဝရကုသိုလ်ကို သွင်းစေခြင်းငှါ၎င်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန် သန့်ရှင်းသော အရပ်ဌာနကိုလိမ်းစေခြင်းငှါ၎င်း၊ သိတင်း ခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဘို့နှင့် သင်၏ သန့်ရှင်းသောမြို့အဘို့ ဆုံးဖြတ်ခြင်းရှိ၏။
25 Scito ergo, et animadverte: ab exitu sermonis, ut iterum ædificetur Jerusalem, usque ad christum ducem, hebdomades septem, et hebdomades sexaginta duæ erunt: et rursum ædificabitur platea, et muri in angustia temporum.
၂၅ထိုကြောင့်၊ ယေရုရှလင်မြို့ကိုတဖန် တည်ထောင်ပြုစုစေခြင်းငှါ အမိန့်တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထပ်တိုင်အောင် ခုနစ်သိတင်းနှင့် ခြောက်ဆယ်နှစ်သိတင်း ကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။ အနှောင့်အရှက် ခံရသောကာလ၌ မြို့လမ်းကို တဖန် တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။
26 Et post hebdomades sexaginta duas occidetur christus: et non erit ejus populus qui eum negaturus est. Et civitatem et sanctuarium dissipabit populus cum duce venturo: et finis ejus vastitas, et post finem belli statuta desolatio.
၂၆ထိုသိတင်းခြောက်ဆယ်နှစ်သိတင်းလွန်ပြီးမှ ခရစ်တော်သည် အခွင့်မရဘဲအသေသတ်ခြင်းကို ခံရလိမ့် မည်။ ထိုနောက်မှလာသော သခင်၏ လူတို့သည် မြို့တော်ကို၎င်း၊ သန့်ရှင်းရာဌာနကို၎င်း ဖြိုဖျက်ကြလိမ့် မည်။ ရေ လွှမ်းမိုးသော အားဖြင့် ဆုံးရှုံးခြင်းဖြစ်လိမ့်မည်။ အဆုံးတိုင်အောင် စစ်တိုက်ခြင်း၊ ပျက်စီးရာနှင့်ဆိုင်သော စီရင်ဆုံးဖြတ်ခြင်းရှိလိမ့်မည်။
27 Confirmabit autem pactum multis hebdomada una: et in dimidio hebdomadis deficiet hostia et sacrificium: et erit in templo abominatio desolationis: et usque ad consummationem et finem perseverabit desolatio.
၂၇တသိတင်းတွင် လူအများတို့နှင့် ပဋိညာဉ် ဖွဲ့ခြင်းရှိ၍ ထိုသိတင်းတဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံ့ရှာဘွယ် သောအရာ၏ အထွဋ်ပေါ်သို့ ဖျက်ဆီးသော သူသည် ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်း သည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမှီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။