< Danihelis Prophetæ 7 >
1 Anno primo Baltassar regis Babylonis, Daniel somnium vidit: visio autem capitis ejus in cubili suo: et somnium scribens, brevi sermone comprehendit: summatimque perstringens, ait:
၁ဗာဗုလုန် ရှင် ဘုရင်ဗေလရှာဇာ နန်းစံပဌမ နှစ် တွင် ၊ ဒံယေလ သည် အိပ်မက် ကို မြင် ၍ အိပ်ပျော်စဉ်၊ စိတ်ထဲ၌အာရုံ ပြုပြီးမှမြင်မက် သော အရာတို့ကို ရေး ထားသော အချက် ကား၊
2 Videbam in visione mea nocte: et ecce quatuor venti cæli pugnabant in mari magno.
၂ငါ ဒံယေလ သည် ညဉ့် အခါ အာရုံ ပြု၍၊ မိုဃ်း ကောင်းကင်လေး မျက်နှာ၌ လေ တို့သည် မဟာသမုဒ္ဒရာ ပေါ်မှာ အချင်းချင်းတိုက် ကြလျှင်၊
3 Et quatuor bestiæ grandes ascendebant de mari diversæ inter se.
၃သဏ္ဌာန်ချင်းမ တူသော သားရဲ လေး ကောင်တို့ သည် သမုဒ္ဒရာ ထဲက ထွက် လာကြ၏။ ပဌမ သားရဲသည် ခြင်္သေ့ နှင့် တူ၏။ ရွှေလင်းတ အတောင် လည်း ရှိ၏။
4 Prima quasi leæna, et alas habebat aquilæ: aspiciebam donec evulsæ sunt alæ ejus, et sublata est de terra, et super pedes quasi homo stetit; et cor hominis datum est ei.
၄ငါ ကြည့်ရှု ၍ နေစဉ်၊ သူ၏အတောင် ကို နှုတ် ကြ၏။ မြေ မှ ကိုယ်ကိုချီ ကြွလျက် လူ ကဲ့သို့ ခြေ ဖြင့် မတ်တပ် ရပ်၍ ၊ လူ စိတ် သဘောကိုလည်း ရ ၏။ ဒုတိယ သားရဲ သည် ဝံ နှင့် တူ၏။
5 Et ecce bestia alia similis urso in parte stetit: et tres ordines erant in ore ejus, et in dentibus ejus, et sic dicebant ei: Surge, comede carnes plurimas.
၅တဘက် ၌ ကိုယ်ကိုကိုယ်ချီ ကြွ၏။ ပစပ် ၌ နံရိုး သုံး ချောင်းကို ကိုက်လျက်ရှိ၏။ သင်ထ လော့။ အသား များကို ကိုက်စား လော့ဟု သူ့အား ပြော ကြ၏။
6 Post hæc aspiciebam, et ecce alia quasi pardus, et alas habebat quasi avis, quatuor super se: et quatuor capita erant in bestia, et potestas data est ei.
၆တဖန်ငါကြည့်ရှု ပြန်၍၊ ကျားသစ် နှင့် တူသော သားရဲတကောင်သည် ထင်ရှား၏။ ကျော ပေါ် မှာ ငှက် အတောင် လေး ခုရှိ၏။ ခေါင်း လေး လုံးနှင့်ပြည့်စုံ၏။ အုပ်စိုး ရသောအခွင့်လည်းရှိ၏။
7 Post hæc aspiciebam in visione noctis, et ecce bestia quarta terribilis atque mirabilis, et fortis nimis: dentes ferreos habebat magnos, comedens atque comminuens, et reliqua pedibus suis conculcans: dissimilis autem erat ceteris bestiis quas videram ante eam, et habebat cornua decem.
၇ထိုညဉ့် အခါ၊ တဖန်ငါသည် အာရုံ ပြုစဉ်၊ ကြီးစွာ သော ခွန်အား နှင့်ပြည့်စုံ၍ အလွန်ကြောက်မက် ဘွယ် သော စတုတ္ထ သားရဲ သည် ထင်ရှား၏။ ကြီး စွာသော သံ သွား လည်းရှိ၏။ ကိုက်စား ချိုးဖဲ့ ၍ ကြွင်း သော အရာကို ခြေ ဖြင့် နင်း ချေ၏။ သူသည်အရင် သားရဲ ရှိသမျှ တို့ထက် ထူးခြား ၏။ ချို ဆယ် ချောင်းလည်း ရှိ၏။
8 Considerabam cornua, et ecce cornu aliud parvulum ortum est de medio eorum: et tria de cornibus primis evulsa sunt a facie ejus: et ecce oculi, quasi oculi hominis erant in cornu isto, et os loquens ingentia.
၈ထိုချို တို့ကို ငါကြည့်ရှုစဉ်၊ ချိုများအလယ် ၌ ချို ငယ် တချောင်းသည် ပေါက် ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင် ချို သုံး ချောင်းကို အမြစ် နှင့်တကွနှုတ်လေ၏။ ထို ချို ငယ်သည် လူ မျက်စိ ကဲ့သို့ သော မျက်စိ နှင့်၎င်း ၊ ကြီး စွာသော စကားကို ပြော တတ်သော နှုတ် နှင့်၎င်း ပြည့်စုံ၏။
9 Aspiciebam donec throni positi sunt, et antiquus dierum sedit. Vestimentum ejus candidum quasi nix, et capilli capitis ejus quasi lana munda: thronus ejus flammæ ignis: rotæ ejus ignis accensus.
၉ထိုအခါ ငါကြည့်ရှု စဉ် ၊ ရာဇ ပလ္လင်များကို တည် ထားလျက်ရှိ၍ ၊ အသက်ကြီးသော သူတဦးသည် ထိုင် တော်မူ၏။ အဝတ် တော်သည် မိုဃ်းပွင့် ကဲ့သို့ ဖြူ ၏။ ဆံပင် တော်သည် ဖြူ သော သိုးမွှေး နှင့် တူ၏။ ပလ္လင် တော်သည် မီး လျှံ ဖြစ်၏။ ပလ္လင်တော်အောက်၌ မီး စက်လှည်းဘီး ရှိ၏။
10 Fluvius igneus rapidusque egrediebatur a facie ejus. Millia millium ministrabant ei, et decies millies centena millia assistebant ei: judicium sedit, et libri aperti sunt.
၁၀မျက်နှာတော်မှ မီး ရောင်ခြည်ထွက် လေ၏။ အတိုင်းမသိများစွာသောသူတို့ သည် အမှု တော်ကို ဆောင်ရွက်၍ ၊ ကုဋေသင်္ချေမက ရှေ့ တော်၌ ခစား ၍ နေကြ၏။ တရား စီရင်ခြင်းငှါပြင်ဆင်၍ စာစောင် များ ကိုဖွင့် ထားကြ၏။
11 Aspiciebam propter vocem sermonum grandium, quos cornu illud loquebatur: et vidi quoniam interfecta esset bestia, et perisset corpus ejus, et traditum esset ad comburendum igni:
၁၁ထိုအခါ ချို ငယ်ပြော သော စကား ကြီး အသံ ကြောင့် ငါကြည့်ရှု ၍ နေစဉ်၊ ထိုသားရဲ အသက်ကိုသတ် ပြီးလျှင်သူ၏ ကိုယ် ကိုမီး ရှို့၍ ဖျက်ဆီး ကြ၏။
12 aliarum quoque bestiarum ablata esset potestas, et tempora vitæ constituta essent eis usque ad tempus et tempus.
၁၂အခြား သော သားရဲ မူကား၊ အစိုးရ သောအခွင့် တန်ခိုးရှုံး သော်လည်း၊ ချိန်းချက်သော ကာလ ပတ်လုံး အသက် ရှင်ရကြ၏။
13 Aspiciebam ergo in visione noctis, et ecce cum nubibus cæli quasi filius hominis veniebat, et usque ad antiquum dierum pervenit: et in conspectu ejus obtulerunt eum.
၁၃ထိုညဉ့် အခါ ငါသည် အာရုံ ပြု၍၊ လူ သား နှင့် တူသောသူတဦးသည် မိုဃ်းတိမ် ကိုစီးလျက်၊ အသက်ကြီးသောသူ ၏အထံ တော်သို့ ရောက် လာ၏။ ထိုသူကို အထံ တော်ပါးသို့သွင်းကြ၏။
14 Et dedit ei potestatem, et honorem, et regnum: et omnes populi, tribus, et linguæ ipsi servient: potestas ejus, potestas æterna, quæ non auferetur: et regnum ejus, quod non corrumpetur.
၁၄အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာ စကားကို ပြောသောလူမျိုး တကာ တို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံ နှင့်တကွ အာဏာစက် တန်ခိုးကိုရ ၏။ အာဏာစက် တော် သည် ကမ္ဘာ အဆက်ဆက်တည်၏။ နိုင်ငံ တော်သည် ပျက်စီး ခြင်းသို့ မ ရောက်နိုင်ရာ။
15 Horruit spiritus meus: ego Daniel territus sum in his, et visiones capitis mei conturbaverunt me.
၁၅ငါ ဒံယေလ သည် ကိုယ်ခန္ဓါ တုန်လှုပ် ၍ ၊ ထိုရူပါရုံ ကြောင့် စိတ် ပူပန်ခြင်းရှိလျှင်
16 Accessi ad unum de assistentibus, et veritatem quærebam ab eo de omnibus his. Qui dixit mihi interpretationem sermonum, et docuit me:
၁၆အနား၌ ရပ် နေသောသူတယောက် ထံသို့ သွား ၍ ယခုမြင်သမျှ ကား၊ အဘယ်သို့ဆိုလိုသနည်းဟုမေးမြန်း သော်၊
17 Hæ quatuor bestiæ magnæ, quatuor sunt regna, quæ consurgent de terra.
၁၇ထိုသူက၊ ဤ သားရဲ လေး ကောင်တို့သည် မြေကြီး ပေါ်မှာ ပေါ် လတံ့သော နိုင်ငံ လေး ပါးဖြစ်၏။
18 Suscipient autem regnum sancti Dei altissimi, et obtinebunt regnum usque in sæculum, et sæculum sæculorum.
၁၈သို့သော်လည်း၊ အမြင့်ဆုံး သော ဘုရား၏ သန့်ရှင်း သူတို့သည် နိုင်ငံ ကိုသိမ်းယူ၍ ကမ္ဘာ အဆက်ဆက်စံစား ကြလတံ့ဟု အနက် အဓိပ္ပါယ်ကို ကြား ပြော၏။
19 Post hoc volui diligenter discere de bestia quarta, quæ erat dissimilis valde ab omnibus, et terribilis nimis: dentes et ungues ejus ferrei: comedebat, et comminuebat, et reliqua pedibus suis conculcabat:
၁၉ထိုအခါ အခြားသော သားရဲထက်ထူးခြား ၍ အလွန် ကြောက်မက် ဘွယ်ဖြစ်လျက်၊ သံ သွား နှင့်၎င်း ၊ ကြေးဝါ လက်သည်း ခြေသည်းနှင့်၎င်း ပြည့်စုံသဖြင့်၊ ကိုက်စား ချိုးဖဲ့ ၍ ကြွင်း သမျှကို ခြေ ဖြင့်နင်း ချေတတ်သော စတုတ္ထ သားရဲ ကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊
20 et de cornibus decem, quæ habebat in capite, et de alio, quod ortum fuerat, ante quod ceciderant tria cornua: et de cornu illo, quod habebat oculos, et os loquens grandia, et majus erat ceteris.
၂၀သူ၏ခေါင်း ၌ ရှိသော ချို ဆယ် ချောင်းကား၊ အဘယ်သို့ဆိုလိုသည်ကို၎င်း၊ နောက်ပေါက်၍ အရင်ချို သုံး ချောင်းကိုနှုတ်၍၊ ကြီး စွာသော စကားကို ပြော တတ် သော နှုတ် နှင့် မျက်စိ ရှိသဖြင့်၊ မိမိအဘော် တို့ ထက် သာ၍ရဲရင့်သော မျက်နှာအဆင်း ရှိသောချိုတချောင်းကား၊ အဘယ်သို့ဆိုလို သည်ကို၎င်းသိခြင်းငှါငါအလို ရှိ၏။
21 Aspiciebam, et ecce cornu illud faciebat bellum adversus sanctos, et prævalebat eis,
၂၁ငါကြည့်ရှု စဉ်တွင် အသက်ကြီး သောသူသည်ရောက်လာ လျှင်၊ အမြင့်ဆုံး သောဘုရား၏သန့်ရှင်း သောသူတို့အား စီရင် ရသောအခွင့်ကိုပေး ၍၊
22 donec venit antiquus dierum, et judicium dedit sanctis Excelsi, et tempus advenit, et regnum obtinuerunt sancti.
၂၂ထိုသူတို့သည် နိုင်ငံ ကိုသိမ်းယူ ဝင်စား သောအချိန် ရောက်သည့် တိုင်အောင် ထို ချို သည် သန့်ရှင်း သူတို့ကို စစ် တိုက် ၍ နိုင် လေ၏။
23 Et sic ait: Bestia quarta, regnum quartum erit in terra, quod majus erit omnibus regnis, et devorabit universam terram, et conculcabit, et comminuet eam.
၂၃ထိုသူကလည်း စတုတ္ထ သားရဲ သည် မြေကြီး ပေါ် မှာ အခြားသော နိုင်ငံ ရှိသမျှ တို့ထက် ထူးခြား သော စတုတ္ထ နိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီး ရှိသမျှ ကို ကိုက်စား ချိုးဖဲ့ နင်းချေ လိမ့်မည်။
24 Porro cornua decem ipsius regni, decem reges erunt: et alius consurget post eos, et ipse potentior erit prioribus, et tres reges humiliabit.
၂၄ထိုနိုင်ငံ ၌ ပေါက်သော ချို ဆယ် ချောင်းသည် ပေါ် လတံ့သော မင်းကြီး ဆယ် ပါးဖြစ်၏။ သူ တို့နောက် အခြား သော မင်းကြီးပေါ် လာလိမ့်မည်။ အရင် မင်းကြီးထက် ထူးခြား ၍ သုံး ပါးတို့ကို နှိမ့်ချ လိမ့်မည်။
25 Et sermones contra Excelsum loquetur, et sanctos Altissimi conteret: et putabit quod possit mutare tempora, et leges: et tradentur in manu ejus usque ad tempus, et tempora, et dimidium temporis.
၂၅အမြင့်ဆုံး သော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကား ကို ပြော လိမ့်မည်။ အမြင့်ဆုံး သော ဘုရား၏သန့်ရှင်း သူတို့ကို ညှဉ်းဆဲ နှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ် တရားတို့ကို ပြောင်းလဲ စေခြင်းငှါ ကြံစည် လိမ့်မည်။ တကာလ ၊ နှစ်ကာလ ၊ ကာလ တဝက် ပတ်လုံးသူသည် အခွင့်ရ လိမ့်မည်။
26 Et judicium sedebit, ut auferatur potentia, et conteratur, et dispereat usque in finem.
၂၆ထိုနောက်မှတရား စီရင်ခြင်းဖြစ်လိမ့်မည်။ ထိုအခါသူ၏ တန်ခိုး အာဏာကို နှုတ် ၍ရှင်းရှင်းဖျက်ဆီး ကြလိမ့်မည်။
27 Regnum autem, et potestas, et magnitudo regni, quæ est subter omne cælum, detur populo sanctorum Altissimi: cujus regnum, regnum sempiternum est, et omnes reges servient ei, et obedient.
၂၇ကောင်းကင် အောက် ၌ နိုင်ငံ နှင့်တကွအာဏာစက် ဘုန်း တန်ခိုးရှိသမျှကို အမြင့်ဆုံး သော ဘုရား၏ သန့်ရှင်း သော အမျိုးသား တို့သည် ရ ကြလိမ့်မည်။ ထို ဘုရားသခင်၏ နိုင်ငံ တော်သည် ထာဝရ နိုင်ငံ ဖြစ်၏။ မင်းကြီး အပေါင်း တို့သည် တိုးဝင်၍ ကျွန် ခံရကြလိမ့်မည်။
28 Hucusque finis verbi. Ego Daniel multum cogitationibus meis conturbabar, et facies mea mutata est in me: verbum autem in corde meo conservavi.
၂၈ဤရွေ့ကား ၊ အနက်အဓိပ္ပါယ်ပေတည်းဟု ဆိုလေ၏။ ငါ ဒံယေလ သည် စိတ် ပူပန် ခြင်းသို့ရောက်၍ မျက်နှာ ညှိုးငယ်ခြင်းရှိ၏။ သို့သော်လည်း၊ မြင်ရသောအာရုံများကို စိတ် နှလုံးထဲ၌ သိုထား ၏။