< I Paralipomenon 27 >
1 Filii autem Israël secundum numerum suum, principes familiarum, tribuni, et centuriones, et præfecti, qui ministrabant regi juxta turmas suas, ingredientes et egredientes per singulos menses in anno, viginti quatuor millibus singuli præerant.
၁ဘုရင်၏အမှုတော်ကိုထမ်းရွက်ရသူ ဣသရေလ အမျိုးသားအိမ်ထောင်ဦးစီးများ၊ သားချင်းစု ခေါင်းဆောင်များနှင့်နိုင်ငံတော်အုပ်ချုပ်ရေး အရာရှိများစာရင်းမှာအောက်ပါအတိုင်း ဖြစ်၏။ သူတို့သည်လူပေါင်းနှစ်သောင်းလေး ထောင်စီရှိသည့်အဖွဲ့များဖွဲ့၍တစ်လလျှင် တစ်ဖွဲ့တာဝန်ယူရကြ၏။ ထိုအဖွဲ့တိုင်းကို သက်ဆိုင်ရာတပ်မဟာမှူးတစ်ယောက်က ကွပ်ကဲအုပ်ချုပ်လေသည်။
2 Primæ turmæ in primo mense Jesboam præerat filius Zabdiel, et sub eo viginti quatuor millia;
၂တစ်လစီတာဝန်ကျသည့်တပ်မဟာမှူးများ မှာ၊ ပထမလ၌ဇာဗဒေလ၏သားယာရှောဗံ (သူသည်ယုဒအနွယ်ဝင်ဖာရက်၏သားချင်း စုဝင်ဖြစ်၏။) ဒုတိယလ၌အဟောဟိ၏သားမြေးဒေါဒဲ။ (သူ၏လက်ထောက်တပ်မှူးမှာမိကလုပ်ဖြစ်၏။) တတိယလ၌ယဇ်ပုရောဟိတ်ယောယဒ ၏သားဗေနာယ။ သူသည်နာမည်ကျော်သူရဲ ကောင်းသုံးကျိပ်တို့၏ခေါင်းဆောင်ဖြစ်သတည်း၊ (သူ၏သားအမိဇဗဒ်သည်သူ၏ရာထူးကို ဆက်ခံရရှိ၍တပ်မဟာမှူးဖြစ်လာ၏။) စတုတ္ထလ၌ယွာဘ၏ညီ၊ အာသဟေလ (သူ၏သားဇေဗဒိသည်ရာထူးကိုဆက်ခံ ရရှိ၏။) ပဉ္စမလ၌ဣဇဟာ၏သားမြေးရှံဟုတ်။ ဆဋ္ဌမလ၌တေကောမြို့မှဣကေရှ၏ သားဣရ။ သတ္တမလ၌ပေလာနိမြို့မှဧဖရိမ်အနွယ် ဝင်ဟေလက်။ အဋ္ဌမလ၌ဟုရှမြို့မှသိဗေကဲ (သူသည် ယုဒအနွယ်၊ ဇာရသားချင်းစုမှဖြစ်၏။) နဝမလ၌အနေသောသိမြို့ဗင်္ယာမိန် အနွယ်ဝင် ဒေသမှအဗျေဇာ။ ဒသမလ၌နေတောဖာသိမြို့မှမဟာရဲ (သူသည်ဇာရသားချင်းစုဝင်ဖြစ်၏။) ဧကဒသမလ၌ပိရသောနိမြို့မှဧဖရိမ် အနွယ်ဝင် ဒေသမှဗေနာယ။ ဒွါဒသမလ၌နေတောဖာသိမြို့မှဟေလဒဲ (သူသည်သြသနေလ၏သားမြေးဖြစ်၏။)
3 de filiis Phares, princeps cunctorum principum in exercitu mense primo.
၃
4 Secundi mensis habebat turmam Dudia Ahohites, et post se alter nomine Macelloth, qui regebat partem exercitus viginti quatuor millium.
၄
5 Dux quoque turmæ tertiæ in mense tertio erat Banaias filius Jojadæ sacerdos: et in divisione sua viginti quatuor millia.
၅
6 Ipse est Banaias fortissimus inter triginta, et super triginta: præerat autem turmæ ipsius Amizabad filius ejus.
၆
7 Quartus, mense quarto, Asahel frater Joab, et Zabadias filius ejus post eum: et in turma ejus viginti quatuor millia.
၇
8 Quintus, mense quinto, princeps Samaoth Jezerites: et in turma ejus viginti quatuor millia.
၈
9 Sextus, mense sexto, Hira filius Acces Thecuites: et in turma ejus viginti quatuor millia.
၉
10 Septimus, mense septimo, Helles Phallonites de filiis Ephraim: et in turma ejus viginti quatuor millia.
၁၀
11 Octavus, mense octavo, Sobochai Husathites de stirpe Zarahi: et in turma ejus viginti quatuor millia.
၁၁
12 Nonus, mense nono, Abiezer Anathothites de filiis Jemini: et in turma ejus viginti quatuor millia.
၁၂
13 Decimus, mense decimo, Marai, et ipse Netophathites de stirpe Zarai: et in turma ejus viginti quatuor millia.
၁၃
14 Undecimus, mense undecimo, Banaias Pharathonites de filiis Ephraim: et in turma ejus viginti quatuor millia.
၁၄
15 Duodecimus, mense duodecimo, Holdai Netophathites, de stirpe Gothoniel: et in turma ejus viginti quatuor millia.
၁၅
16 Porro tribubus præerant Israël, Rubenitis, dux Eliezer filius Zechri: Simeonitis, dux Saphatias filius Maacha:
၁၆ဣသရေလအမျိုးအနွယ်၏အုပ်ချုပ်ရေး အရာရှိများမှာအောက်ပါအတိုင်းဖြစ်၏။ အနွယ် အုပ်ချုပ်သူ ရုဗင် ဇိခရိ၏သားဧလျေဇာ။ ရှိမောင် မာခ၏သားရှေဖတိ။ လေဝိ ကေမွေလ၏သားဟာရှဘိ။ အာရုန် ဇာဒုတ်။ ယုဒ ဒါဝိဒ်၏အစ်ကိုဧလိဟု။ ဣသခါ မိက္ခေလ၏သားသြမရိ။ ဇာဗုလုန် သြဗဒိသားဣရှမာယ။ နဿလိ အာဇရေလ၏သား ယေရိမုတ်။ ဧဖရိမ် အာဇဇိ၏သားဟောရှေ။ အနောက်ပိုင်းမနာရှေ ပေဒါယ၏သားယောလ။ အရှေ့ပိုင်းမနာရှေ ဇာခရိ၏သားဣဒ္ဒေါ။ ဗင်္ယာမိန် အာဗနာ၏သားယာသေလ။ ဒန် ယေရောဟံ၏သား အာဇရေလ။
17 Levitis, Hasabias filius Camuel: Aaronitis, Sadoc:
၁၇
18 Juda, Eliu frater David: Issachar, Amri filius Michaël.
၁၈
19 Zabulonitis, Jesmaias filius Abdiæ: Nephthalitibus, Jerimoth filius Ozriel:
၁၉
20 filiis Ephraim, Osee filius Ozaziu: dimidiæ tribui Manasse, Joël filius Phadaiæ:
၂၀
21 et dimidiæ tribui Manasse in Galaad, Jaddo filius Zachariæ: Benjamin autem, Jasiel filius Abner:
၂၁
22 Dan vero, Ezrihel filius Jeroham: hi principes filiorum Israël.
၂၂
23 Noluit autem David numerare eos a viginti annis inferius: quia dixerat Dominus ut multiplicaret Israël quasi stellas cæli.
၂၃ထာဝရဘုရားက ဣသရေလပြည်သားတို့ အား ကောင်းကင်ကြယ်များကဲ့သို့များပြား စေတော်မူမည်ဟုကတိတော်ရှိသဖြင့် ဒါဝိဒ်မင်းသည်အသက်နှစ်ဆယ်အောက်ရှိ သူတို့အားသန်းခေါင်စာရင်းကောက်ယူ တော်မမူ။-
24 Joab filius Sarviæ cœperat numerare, nec complevit: quia super hoc ira irruerat in Israël, et idcirco numerus eorum qui fuerant recensiti, non est relatus in fastos regis David.
၂၄ဇေရုယာ၏သားယွာဘသည်သန်းခေါင်စာရင်း တစ်ရပ်စတင်ကောက်ယူခဲ့သော်လည်းအပြီး မသတ်ချေ။ ဤသန်းခေါင်စာရင်းကောက်ယူမှု အတွက်ဘုရားသခင်သည် ဣသရေလအမျိုး သားတို့အားအပြစ်ဒဏ်ခတ်တော်မူ၏။ သို့ဖြစ် ၍ကောက်ယူရရှိသည့်နောက်ဆုံးကိန်းဂဏန်း များကိုဒါဝိဒ်မင်း၏တရားဝင်မှတ်တမ်းများ တွင်ရေးမှတ်ထားခြင်းမရှိပေ။
25 Super thesauros autem regis fuit Azmoth filius Adiel: his autem thesauris, qui erant in urbibus, et in vicis, et in turribus, præsidebat Jonathan filius Oziæ.
၂၅ဘုရင်၏ပစ္စည်းဥစ္စာများကိုစီမံအုပ်ချုပ်ရသူ တို့၏စာရင်းမှာ အောက်ပါအတိုင်းဖြစ်၏။ ဘုရင့်ကုန်လှောင်ရုံများကို အဒေလ၏သား အာဇိမာဝက်ကအုပ်ချုပ်ရ၏။ ဒေသဆိုင်ရာကုန်လှောင်ရုံများကို သြဇိ၏သား ယောနသန်ကအုပ်ချုပ်ရ၏။ တောင်သူလယ်သမားစုကို ခေလုပ်၏သားဧဇရိ အုပ်ချုပ်ရ၏။ စပျစ်ဥယျာဉ်တို့ကိုရာမမြို့သားရှိမိက အုပ်ချုပ်ရ၏။ စပျစ်ရည်တိုက်တို့ကိုရှိဖမိမြို့သားဇဗဒိက အုပ်ချုပ်ရ၏။ အနောက်တောင်ခြေရှိသံလွင်ပင်များနှင့် သဖန်းပင်တို့ကို ဂေဒရိမြို့သားဗာလဟာနန်ကအုပ်ချုပ်ရ၏။ ဆီတိုက်ကိုယောရှသည်အုပ်ချုပ်ရ၏။ ရှာရုန်လွင်ပြင်ရှိနွားတို့ကိုရှာရုန်မြို့သားရှိ တရဲက အုပ်ချုပ်ရ၏။ ချိုင့်ဝှမ်းများရှိနွားတို့ကိုအာဒလဲ၏သား ရှာဖတ်က အုပ်ချုပ်ရ၏။ ကုလားအုတ်တို့ကိုဣရှမေလအနွယ်ဝင်၊ သြဗိလကအုပ်ချုပ်ရ၏။ မြည်းတို့ကိုမေရောနသိမြို့သားယေဒေယက အုပ်ချုပ်ရ၏။ သိုးနှင့်ဆိတ်တို့ကိုဟာဂရအနွယ်ဝင်ယာဇဇ်က အုပ်ချုပ်ရ၏။
26 Operi autem rustico, et agricolis qui exercebant terram, præerat Ezri filius Chelub:
၂၆
27 vinearumque cultoribus, Semeias Romathites: cellis autem vinariis, Zabdias Aphonites.
၂၇
28 Nam super oliveta et ficeta quæ erant in campestribus, Balanam Gederites: super apothecas autem olei, Joas.
၂၈
29 Porro armentis quæ pascebantur in Saron, præpositus fuit Setrai Saronites: et super boves in vallibus, Saphat filius Adli:
၂၉
30 super camelos vero, Ubil Ismahelites: et super asinos, Jadias Meronathites:
၃၀
31 super oves quoque, Jaziz Agareus: omnes hi, principes substantiæ regis David.
၃၁
32 Jonathan autem patruus David, consiliarius, vir prudens et litteratus: ipse et Jahiel filius Hachamoni erant cum filiis regis.
၃၂ဒါဝိဒ်၏ဘထွေးတော်ယောနသန်သည် တတ် သိလိမ္မာစွာအကြံဉာဏ်ပေးတတ်သူပညာရှင် ဖြစ်၏။ သူနှင့်ဟခမောနိ၏သားယေဟေလ တို့သည်ဘုရင့်သားတော်များအားပညာပို့ ချရေးကိုတာဝန်ယူရကြ၏။-
33 Achitophel etiam consiliarius regis, et Chusai Arachites amicus regis.
၃၃အဟိသောဖေလသည်ဘုရင်၏အတိုင်ပင်ခံ အမတ်ဖြစ်၍ အာခိမြို့သားဟုရှဲသည်ဘုရင် ၏အဆွေတော်တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ် သတည်း။-
34 Post Achitophel fuit Jojada filius Banaiæ, et Abiathar. Princeps autem exercitus regis erat Joab.
၃၄အဟိသောဖေလသေလွန်ပြီးနောက်အဗျာသာ နှင့်ဗေနာယ၏သားယောယဒတို့သည်အတိုင် ပင်ခံများဖြစ်လာကြ၏။ ယွာဘကားဘုရင့် တပ်မတော်၏ဗိုလ်ချုပ်ဖြစ်သတည်း။