< Osee Propheta 11 >
1 Sicut mane transiit, pertransiit rex Israel. Quia puer Israel, et dilexi eum: et ex Ægypto vocavi filium meum.
၁ထာဝရဘုရားက၊ ``ဣသရေလငယ်စဉ်ကငါသည်သူ့ကိုချစ်၍၊ ငါသည်သူ့ကိုသားအဖြစ်နှင့်အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့၏။
2 Vocaverunt eos, sic abierunt a facie eorum: Baalim immolabant, et simulachris sacrificabant.
၂သို့သော်ငါသည်သူ့ကိုခေါ်လေလေသူသည် ငါ့ထံမှထွက်ခွာသွားလေလေပင်ဖြစ်သည်။ ငါ၏လူမျိုးတော်သည်ဗာလဘုရားထံ ယဇ်ပူဇော်၍ရုပ်တုများအားနံ့သာပေါင်း ကို မီးရှို့ပူဇော်ကြ၏။
3 Et ego quasi nutricius Ephraim, portabam eos in brachiis meis: et nescierunt quod curarem eos.
၃သို့ရာတွင်ငါသာလျှင်ဧဖရိမ်ကို လမ်းလျှောက်တတ်ရန်သင်ပေးခဲ့သူဖြစ်၍၊ ငါသည်သူတို့ကိုလက်ဖြင့်ပိုက်ထွေးခဲ့၏။ သို့သော်လည်းငါသည်သူတို့အားစောင့် ရှောက် ပြုစုခဲ့ကြောင်းကိုသူတို့မသိ။
4 In funiculis Adam traham eos, in vinculis charitatis: et ero eis quasi exaltans iugum super maxillas eorum: et declinavi ad eum ut vesceretur.
၄ငါသည်သူတို့ကိုမေတ္တာဖြင့်ဆွဲဆောင်ခဲ့၏။ သူတို့ကိုပါးချင်းကပ်သည်တိုင်အောင်ပွေ့ချီ၏။ ငါသည်ကိုယ်ကိုညွတ်၍သူတို့ကိုကျွေးမွေး ပြုစုခဲ့၏။
5 Non revertetur in Terram Ægypti, et Assur ipse rex eius: quoniam noluerunt converti.
၅``သူတို့သည်ငါ့ထံပြန်မလာကြသဖြင့် အီဂျစ်ပြည်သို့ပြန်ရကြမည်။ အာရှုရိ ဘုရင်သည်သူတို့ကိုအုပ်စိုးလိမ့်မည်။-
6 Cœpit gladius in civitatibus eius, et consumet electos eius, et comedet capita eorum.
၆သူတို့၏မြို့များသည်စစ်ဘေးစစ်ဒဏ်ကို ခံရ၍မြို့တံခါးတို့သည်ပြိုပျက်ကြလိမ့် မည်။ ငါ၏လူမျိုးတော်သည်မိမိတို့၏ဆန္ဒ အတိုင်းကျင့်ကြံကြသဖြင့်သုတ်သင် ဖျက်ဆီးခြင်းခံရလိမ့်မည်။-
7 Et populus meus pendebit ad reditum meum: iugum autem imponetur eis simul, quod non auferetur.
၇သူတို့သည်ငါ့ထံမှရှောင်ဖယ်လျက်သွားမြဲ သွားကြ၏။ သူတို့ထမ်းရသောထမ်းပိုးကြောင့် ညည်းတွားအော်ဟစ်သော်လည်းမည်သူက မျှထိုထမ်းပိုးကိုပင့်ပေးလိမ့်မည်မဟုတ်။
8 Quomodo dabo te Ephraim, protegam te Israel? quomodo dabo te sicut Adama, ponam te, ut Seboim? Conversum est in me cor meum, pariter conturbata est pœnitudo mea.
၈``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
9 Non faciam furorem iræ meæ: non convertar ut disperdam Ephraim: quoniam Deus ego, et non homo: in medio tui sanctus, et non ingrediar civitatem.
၉ငါသည်အမျက်ထွက်၍သင့်အားဒဏ်ခတ်တော် မမူ၊ ငါသည်ဣသရေလအားနောက်တစ်ဖန် သုတ်သင်ဖျက်ဆီးမည်မဟုတ်၊ အဘယ်ကြောင့်ဆိုသော်၊ငါသည်လူသားမဟုတ်၊ ဘုရားသခင်ဖြစ်တော်မူသောကြောင့်တည်း။ သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်၊ ငါဘုရားသခင်သည်သင်တို့နှင့်အတူရှိ တော်မူ၏။ ငါသည်အမျက်ထွက်လျက်သင်တို့ထံသို့ ကြွလာမည်မဟုတ်။
10 Post Dominum ambulabunt, quasi leo rugiet: quia ipse rugiet, et formidabunt filii maris.
၁၀``ခြင်္သေ့ဟောက်သကဲ့သို့ငါသည် ရန်သူများ ကိုဟောက်သည့်အခါငါ၏လူမျိုးတော်သည် ငါ့နောက်သို့လိုက်ကြလိမ့်မည်။ သူတို့သည် အနောက်အရပ်မှငါ့ထံသို့အဆော တလျင်လာကြလိမ့်မည်။-
11 Et avolabunt quasi avis ex Ægypto, et quasi columba de Terra Assyriorum: et collocabo eos in domibus suis, dicit Dominus.
၁၁ငှက်များကဲ့သို့အီဂျစ်ပြည်မှလည်းကောင်း၊ ချိုးငှက်ကဲ့သို့အာရှုရိပြည်မှလည်းကောင်း လျင်မြန်စွာပျံလာကြလိမ့်မည်။ ငါသည်သူ တို့အားမိမိတို့နေရင်းပြည်သို့တစ်ဖန်ခေါ် ဆောင်လာမည်။ ဤသည်ကားငါထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်သတည်း။
12 Circumdedit me in negatione Ephraim, et in dolo domus Israel: Iudas autem testis descendit cum Deo, et cum sanctis fidelis.
၁၂ထာဝရဘုရားက``ဣသရေလပြည်သားတို့ သည် ငါ့အားမုသားစကားပြောဆို၍လှည့် စားကြပြီ။ ယုဒပြည်သားတို့သည်သန့်ရှင်း မြင့်မြတ်၍သစ္စာတော်တည်မြဲသောငါ ဘုရားသခင်အားပုန်ကန်နေကြသေး၏။