< Psalmorum 55 >
1 In finem, In carminibus, intellectus David. Exaudi Deus orationem meam, et ne despexeris deprecationem meam:
၁အိုဘုရား သခင်၊ အကျွန်ုပ် ဆုတောင်း သော စကားကို နားထောင် တော်မူပါ။ အသနား တော်ခံသောအခါ ရှောင် ၍နေတော်မ မူပါနှင့်။
2 intende mihi, et exaudi me. Contristatus sum in exercitatione mea: et conturbatus sum
၂ကြည့်ရှုနားထောင် တော်မူပါ။ ရန်သူ ၏စကား သံကြောင့် ၎င်း၊ မတရား သောညှဉ်းဆဲ ခြင်းကြောင့် ၎င်း၊ အကျွန်ုပ်သည် ညှိုးငယ် သောစိတ် နှင့် ညည်းတွား မြည်တမ်း လျက်နေရပါ၏။
3 a voce inimici, et a tribulatione peccatoris. Quoniam declinaverunt in me iniquitates, et in ira molesti erant mihi.
၃သူတို့သည် အကျွန်ုပ် အပေါ် ၌ အပြစ် ကို သက်ရောက် စေ၍ ၊ ဒေါသ စိတ်နှင့် မုန်း ကြပါ၏။
4 Cor meum conturbatum est in me: et formido mortis cecidit super me.
၄အကျွန်ုပ် နှလုံး သည် ကိုယ် အထဲ မှာ တုန်လှုပ် ၍ သေ ဘေးကို ကြောက် အားကြီးပါ၏။
5 Timor et tremor venerunt super me: et contexerunt me tenebræ:
၅ကြောက်ရွံ့ တုန်လှုပ် ခြင်းသို့ ရောက် ၍ အလွန် ထိတ်လန့်ခြင်း၌ မွန်း လျက်ရှိရပါ၏။
6 Et dixi: Quis dabit mihi pennas sicut columbæ, et volabo, et requiescam?
၆ငါ သည် ချိုးငှက် ကဲ့ သို့အတောင် ကို ရပါစေ သော။ ထိုသို့ရ လျှင် အခြားသို့ပျံ သွား၍ ၊ ငြိမ်ဝပ် လျက် နေလိမ့်မည်။
7 Ecce elongavi fugiens: et mansi in solitudine.
၇ဝေး စွာသွား ၍ တော မှာ နေရာ ကျလိမ့်မည်။
8 Expectabam eum, qui salvum me fecit a pusillanimitate spiritus, et tempestate.
၈ပြင်းစွာ သော မိုဃ်းသက်မုန်တိုင်း နှင့် လွတ် ခြင်းငှါ ၊ အလျင် အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ် စိတ် ရှိပါ၏။
9 Præcipita Domine, divide linguas eorum: quoniam vidi iniquitatem, et contradictionem in civitate.
၉အိုထာဝရ ဘုရား၊ သူ တို့စကား ကို ပပျောက် အောင် ကွဲပြား စေတော်မူပါ။ မြို့ တော်တွင် အနိုင် အထက်ပြုခြင်းနှင့် လုယူ ခြင်းကို အကျွန်ုပ် မြင် ပါပြီ။
10 Die ac nocte circumdabit eam super muros eius iniquitas: et labor in medio eius,
၁၀မြို့ရိုး ပေါ် မှာ နေ့ ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ။ မြို့ ထဲ မှာ ဆိုးညစ် သောအမှုနှင့် နှောက်ယှက် ခြင်း အမှုရှိကြပါ၏။
11 et iniustitia. Et non defecit de plateis eius usura et dolus.
၁၁အဓမ္မ တရားတို့သည် မြို့ အလယ် ၌ ရှိ၍ ၊ ညှဉ်းဆဲ ခြင်း နှင့် လှည့်စား ခြင်းသည် လမ်း တို့၌ နေရာ ကျကြပါ၏။
12 Quoniam si inimicus meus maledixisset mihi, sustinuissem utique. Et si is, qui oderat me, super me magna locutus fuisset: abscondissem me forsitan ab eo.
၁၂ငါ့ ကို ကဲ့ရဲ့ သောသူသည် ငါ့ရန်သူ မ ဟုတ်။ ဟုတ် လျှင် သည်းခံ နိုင်၏။ ငါ့ ကိုရန် ဘက်ပြုသောသူသည် ငါ့ ကိုမုန်း သောသူမ ဟုတ်။ ဟုတ်လျှင် ထိုသူ ကို ငါရှောင် နိုင်၏။
13 Tu vero homo unanimis: dux meus, et notus meus:
၁၃ထို သို့ပြုသောသူ သည် သင် ဖြစ်၏။ ငါ နှင့် ဘက် သောသူ၊ ငါ့ မိတ်ဆွေ ၊ ငါ အသိ အကျွမ်းဖြစ်၏။
14 Qui simul mecum dulces capiebas cibos: in domo Dei ambulavimus cum consensu.
၁၄အချင်းချင်း သာယာ သော ဆွေးနွေး တိုင်ပင်ခြင်း ကို ပြုကြပြီ။ ဘုရား သခင်၏ အိမ် တော်သို့ လူ အစုအဝေးနှင့်အတူ သွား ကြပြီ။
15 Veniat mors super illos: et descendant in infernum viventes: Quoniam nequitiæ in habitaculis eorum: in medio eorum. (Sheol )
၁၅သူ တို့ကို သေမင်း ဘမ်းဆီး ပါစေ။ အသက် ရှင်လျက် မရဏာ နိုင်ငံသို့ ဆင်းသက် ကြပါစေ။ အကြောင်း မူကား၊ ဒုစရိုက် တို့သည် သူ တို့နေရာ တွင် သူ တို့အထဲ ၌ ရှိကြ ၏။ (Sheol )
16 Ego autem ad Deum clamavi: et Dominus salvabit me.
၁၆ငါ မူကား၊ ဘုရား သခင်ကို ပဌနာ ပြု၍ ၊ ထာဝရဘုရား သည် ကယ်တင် တော်မူမည်။
17 Vespere, et mane, et meridie narrabo et annuntiabo: et exaudiet vocem meam.
၁၇ညဦး အချိန်၊ နံနက် အချိန်၊ မွန်းတည့် အချိန်တို့၌ ငါသည် ညည်းတွား မြည်တမ်း၍ ၊ ငါ ၏အသံ ကို ကြား တော်မူ မည်။
18 Redimet in pace animam meam ab his, qui appropinquant mihi: quoniam inter multos erant mecum.
၁၈ငါ့ ကို စစ်တိုက် ကြစဉ်တွင် ၊ ငါ့ အသက် ကို ရွေးနှုတ် ၍ ချမ်းသာ ပေးတော်မူမည်။ ငါ့ ဘက် ၌ နေသောသူ အများ ရှိ ကြ၏။
19 Exaudiet Deus, et humiliabit illos, qui est ante sæcula. Non enim est illis commutatio, et non timuerunt Deum:
၁၉ရှေး ကာလမှစ၍ အမြဲစီရင် သော ဘုရား သခင် သည် နားထောင် ၍ သူ တို့ကို နှိမ့်ချ တော်မူမည်။ သူ တို့သည် ပြောင်းလဲ ခြင်းမ ရှိသောကြောင့် ဘုရား သခင် ကို မ ကြောက် မရွံ့ကြ။
20 extendit manum suam in retribuendo. Contaminaverunt testamentum eius,
၂၀ထိုသို့သောသူသည် မိတ်ဆွေ ဖြစ်သောသူ ကို ပြစ်မှား၍ သစ္စာ ပျက် တတ်၏။
21 divisi sunt ab ira vultus eius: et appropinquavit cor illius. Molliti sunt sermones eius super oleum: et ipsi sunt iacula.
၂၁သူ ၏စကား သည် ထောပတ် ထက် ချော သော်လည်း ၊ စစ်တိုက် မည်ဟုအကြံ ရှိ၏။ သူ ၏စကား သည် ဆီ ထက် ပြော့ သော်လည်း ၊ ထုတ် သော ထားဖြစ်၏။
22 Iacta super Dominum curam tuam, et ipse te enutriet: non dabit in æternum fluctuationem iusto.
၂၂ထမ်းရွက်ရသောဝန် ကို ထာဝရဘုရား ၌ ချ ထား လော့။ သင့် ကို မစ တော်မူမည်။ ဖြောင့်မတ် သောသူကို အစဉ် အမြဲလှုပ်ရှား စေ တော်မ မူရာ။
23 Tu vero Deus deduces eos, in puteum interitus. Viri sanguinum, et dolosi non dimidiabunt dies suos: ego autem sperabo in te Domine.
၂၃အိုဘုရား သခင်၊ အခြားသောသူ တို့ကို ဖျက်ဆီး ရာ တွင်း ထဲ သို့ချ တော်မူမည်။ လူ အသက်ကိုသတ် သောသူ နှင့် သစ္စာ ပျက်သောသူတို့သည် မိမိ အသက် တာတဝက် ခန့်မျှ မ ရှင်ရကြ။ အကျွန်ုပ် မူကား ၊ ကိုယ်တော် ၌ ခိုလှုံ ပါမည်။