< Jeremiæ 49 >

1 Ad filios Ammon. Hæc dicit Dominus: Numquid non filii sunt Israel? Aut heres non est ei? Cur igitur hereditate possedit Melchom, Gad: et populus eius in urbibus eius habitavit?
အမ္မုန် အမျိုးသား တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ ၌ သား မ ရှိ သလော ။ အမွေခံ မ ရှိသလော။ မိလကုံ ဘုရားသည် ဂဒ် ပြည်ကို အဘယ်ကြောင့် သိမ်းယူ သနည်း။ သူ့ တပည့် တို့သည် ဂဒ်မြို့ တို့၌အဘယ်ကြောင့်နေ ကြသနည်း။
2 Ideo ecce dies veniunt, dicit Dominus: et auditum faciam super Rabbath filiorum Ammon fremitum prælii, et erit in tumultum dissipata, filiæque eius igni succendentur, et possidebit Israel possessores suos, ait Dominus.
ထိုကြောင့် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အမ္မုန် အမျိုးသား တို့ နေရာရဗ္ဗာ မြို့၌ စစ်တိုက် ခြင်းအသံ ကို ငါကြား စေသောအချိန် ရောက် လိမ့်မည်။ ထိုမြို့သည် ပျက်စီး ရာပုံ ဖြစ် ၍၊ သူ ၏သမီး တို့သည်လည်း မီးရှို့ ခြင်းကိုခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူ သောသူတို့ ၏ နေရာကို၊ ဣသရေလ သည် တဖန်သိမ်းယူ ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
3 Ulula Hesebon, quoniam vastata est Hai. Clamate filiæ Rabbath, accingite vos ciliciis: plangite et circuite per sepes: quoniam Melchom in transmigrationem ducetur, sacerdotes eius, et principes eius simul.
အို ဟေရှဘုန် မြို့၊ ညည်းတွား မြည်တမ်းလော့။ အာဣ မြို့ပျက်စီး ပြီ။ အိုရဗ္ဗာ မြို့သမီး တို့၊ ငိုကြွေး ကြလော့။ လျှော်တေ အဝတ်ကိုဝတ် ၍ မြည်တမ်း လျက် ၊ ခြံ နား မှာ တောင်မြောက်ပြေး ကြလော့။ အကြောင်း မူကား၊ မိလကုံ ဘုရားသည်သူ ၏ယဇ် ပုရောဟိတ်၊ သူ ၏မင်း များနှင့်တကွ သိမ်းသွား ခြင်းကိုခံရ၏။
4 Quid gloriaris in vallibus? Defluxit vallis tua filia delicata, quæ confidebas in thesauris tuis, et dicebas: Quis veniet ad me?
ငါ့ ထံသို့ အဘယ် ရန်သူရောက် လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိ စည်းစိမ် ၌ ကိုးစား လျက် ဖောက်ပြန် သောသတို့သမီး ၊ သင်သည် ချိုင့် တို့၌ အဘယ်ကြောင့် ဝါကြွား သနည်း။ သင် ၏ချိုင့် သည် အသွေးစီး ရာ ဖြစ်လိမ့်မည် ။
5 Ecce ego inducam super te terrorem, ait Dominus Deus exercituum, ab omnibus qui sunt in circuitu tuo: et dispergemini singuli a conspectu vestro, nec erit qui congreget fugientes.
ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် ပတ်လည် ၌နေသောသူအပေါင်း တို့ကြောင့် ကြောက်လန့် သော အကြောင်းကို သင် ၌ ငါ ဖြစ် စေမည်။ သင်တို့အသီးအသီး ရှိသမျှသည် နှင်ထုတ် ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေး စေသော သူလည်းမ ရှိရ။
6 Et post hæc reverti faciam captivos filiorum Ammon, ait Dominus.
သို့သော်လည်း ၊ သိမ်းသွား ခြင်းကိုခံရသောအမ္မုန် အမျိုးသား တို့ကို နောက် တဖန်ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
7 Ad Idumæam. Hæc dicit Dominus exercituum: Numquid non ultra est sapientia in Theman? Periit consilium a filiis, inutilis facta est sapientia eorum.
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ တေမန် ပြည်၌ ပညာ ကုန် သလော။ ပညာ သတိရှိသောသူတို့သည် အကြံ မပေးနိုင်သလော။ သူ တို့ဉာဏ် သည် ဆုံး သလော။
8 Fugite et terga vertite, descendite in voraginem habitatores Dedan: quoniam perditionem Esau adduxi super eum, tempus visitationis eius.
အိုဒေဒန် မြို့သူ မြို့သားတို့၊ ဆုတ် ၍ ပြေးသွား ကြလော့ ။ နက်နဲ သောအရပ်၌ နေ ကြလော့။ ဧသော တွေ့ရသော ဘေး ၊ ဆုံးမ ခြင်းကိုခံရသောအချိန် ကို ငါရောက် စေမည်။
9 Si vindemiatores venissent super te, non reliquissent racemum: si fures in nocte, rapuissent quod sufficeret sibi.
စပျစ်သီးကိုဆွတ် သောသူတို့သည် သင် ရှိရာသို့ လာ လျှင် ၊ သူတပါးလိုက်၍ ဆွတ် စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။ ညဉ့် အခါ သူခိုး လာလျှင် ၊ စိတ်ပြေလောက်အောင်သာ လုယူ ကြလိမ့်မည်မဟုတ်လော။
10 Ego vero discooperui Esau, revelavi abscondita eius, et celari non poterit: vastatum est semen eius, et fratres eius, et vicini eius, et non erit.
၁၀ဧသော ၏အဝတ်ကို ငါ ချွတ် မည်။ သူသည် ပုန်း ၍မ နေနိုင် အောင် သူ ကွယ် သောနေရာအရပ်တို့ကို ငါလှန် မည်။ သူ ၏အမျိုးအနွယ် ၊ ညီအစ်ကို ၊ အိမ်နီးချင်း တို့သည် ပျက်စီး ၍၊ သူ့ ကိုယ်တိုင်လည်း ပျောက် ရလိမ့်မည်။
11 Relinque pupillos tuos: ego faciam eos vivere: et viduæ tuæ in me sperabunt.
၁၁သင် ၌မိဘ မရှိသောသူငယ်တို့ကို ထား ခဲ့လော့။ ငါ စောင့်မ မည်။ သင် ၏ မုတ်ဆိုးမ တို့သည် ငါ့ ကိုခိုလှုံ ကြစေ။
12 Quia hæc dicit Dominus: Ecce quibus non erat iudicium ut biberent calicem, bibentes bibent: et tu quasi innocens relinqueris? Non eris innocens, sed bibens bibes.
၁၂ထာဝရဘုရား မိန့် တော်မူသည်ကား၊ ခွက် ဖလား ကို မ သောက် ထိုက် သောသူ တို့ သည် အကယ်၍သောက် ကြသည် မှန်လျှင်၊ သင်သည်အပြစ် ကို မခံဘဲ ရှင်းရှင်းလွတ် ရမည်လော။ မ လွတ် ဘဲမနေရ။ စင်စစ် သောက် ရမည်။
13 Quia per memetipsum iuravi, dicit Dominus, quod in solitudinem, et in opprobrium, et in desertum, et in maledictionem erit Bosra: et omnes civitates eius erunt in solitudines sempiternas.
၁၃ဗောဇရ ပြည်သည်အံ့ဩ ရာ၊ ကဲ့ရဲ့ ရာ၊ လူဆိတ်ညံ ရာ၊ ကျိန်ဆဲ ရာဖြစ် ရလိမ့်မည်။ သူ ၏ မြို့ အလုံးစုံ တို့သည်လည်း၊ အစဉ် သုတ်သင် ပယ်ရှင်းရာဖြစ် ရကြ လိမ့်မည်ဟု၊ ငါသည်ကိုယ် ကို တိုင်တည်၍ကျိန်ဆို ပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
14 Auditum audivi a Domino, et legatus ad gentes missus est: Congregamini, et venite contra eam, et consurgamus in prælium:
၁၄ထာဝရဘုရား ကြွေးကြော် တော်မူသံကို ငါကြား ၏။ သင်တို့သည် စည်းဝေး ၍၊ ဧဒုံပြည်ကို တိုက် ခြင်းငှါစစ်ချီ ၍လာ ကြလော့ဟု တပါးအမျိုးသား တို့ထံသို့ သံတမန် ကို စေလွှတ် တော်မူပြီ။
15 Ecce enim parvulum dedi te in gentibus contemptibilem inter homines.
၁၅တပါးအမျိုးသား တို့တွင် သင် သည် ယုတ်မာ မည်အကြောင်းနှင့်၊ လူ တို့တွင် အသရေ ရှုတ်ချခြင်းကိုခံရမည်အကြောင်းငါပြု မည်။
16 Arrogantia tua decepit te, et superbia cordis tui: qui habitas in cavernis petræ, et apprehendere niteris altitudinem collis. Cum exaltaveris quasi aquila nidum tuum, inde detraham te, dicit Dominus.
၁၆ကျောက် ကြား တို့၌ နေ ၍တောင် ထိပ် ကို ခိုလှုံ သောသူဖြစ် သောကြောင့်၊ သင် ၏ကြောက်မက် ဘွယ်သော အခြင်းအရာ၊ သင် ၏မာန သည် သင့် ကိုလှည့်စား ပြီ။ သင်သည် ရွှေလင်းတ ကဲ့သို့ မြင့် သောအရပ်၌ အသိုက် ကို လုပ်သော်လည်း ၊ ထို အရပ်မှ သင့် ကို ငါနှိမ့်ချ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
17 Et erit Idumæa deserta: omnis qui transibit per eam, stupebit, et sibilabit super omnes plagas eius.
၁၇ဧဒုံ ပြည်သည် အံ့ဩ ရာဖြစ် ၍၊ ရှောက်သွား သော သူတိုင်း အံ့ဩ ကြလိမ့်မည်။ သူ ခံရသောဘေးဥပဒ် အပေါင်း တို့ကြောင့် ကဲ့ရဲ့ သံကို ပြုကြလိမ့်မည်။
18 Sicut subversa est Sodoma, et Gomorrha, et vicinæ eius, ait Dominus: non habitabit ibi vir, et non incolet eam filius hominis.
၁၈သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သောမြို့ တို့၏ ပျက်စီး ခြင်းကဲ့သို့ ဖြစ်၍၊ ဧဒုံပြည်၌ အဘယ်သူမျှမ နေ ရ။ လူ သား တစုံတယောက်မျှ နေရာ မ ကျရဟု ထာဝရဘုရား မိန့် တော်မူ၏။
19 Ecce quasi leo ascendet de superbia Iordanis ad pulchritudinem robustam: quia subito currere faciam eum ad illam: Et quis erit electus, quem præponam ei? Quis enim similis mei? Et quis sustinebit me? Et quis est iste pastor, qui resistat vultui meo?
၁၉ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြုမည်။ ရွေးချယ် သော သူကိုလည်း၊ ဧဒုံပြည်အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ်မည် သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။
20 Propterea audite consilium Domini, quod iniit de Edom: et cogitationes eius, quas cogitavit de habitatoribus Theman: Si non deiecerint eos parvuli gregis, nisi dissipaverint cum eis habitaculum eorum.
၂၀သို့ဖြစ်၍ ၊ ထာဝရဘုရား သည် ဧဒုံ ပြည်တဘက် ၌ ကြံစည် တော်မူသော အကြံ ၊ တေမန် ပြည်သား တို့ တဘက် ၌ ကြံစည် တော်မူသော အကြံအစည် တို့ကို နားထောင် ကြလော့။ အကယ် စင်စစ်ရန်သူသည်၊ အား မရှိ သောထိုသိုး တို့ကို လုယက် လိမ့်မည်။ အကယ် စင်စစ်သူ တို့ရှိရာသို့လာ၍၊ ကျက်စား ရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည်။
21 A voce ruinæ eorum commota est terra: clamor in Mari Rubro auditus est vocis eius.
၂၁သူ တို့ပြိုလဲ သော အသံ ကြောင့် မြေကြီး လှုပ်ရှား ၏။ သူတို့အော်ဟစ် သော အသံ ကို ဧဒုံ ပင်လယ် တိုင်အောင် ကြား ရ၏။
22 Ecce quasi aquila ascendet, et avolabit: et expandet alas suas super Bosran: et erit cor fortium Idumææ in die illa, quasi cor mulieris parturientis.
၂၂ရန်သူသည် တက် ၍ ရွေလင်းတ ကဲ့သို့ ပျံ လျက် ၊ ဗောဇရ မြို့ကို အတောင် တို့နှင့် ဖြန့်မိုး လိမ့်မည်။ ထို နေ့ ၌ ဧဒုံ ပြည်သားသူရဲ တို့၏ စိတ် နှလုံးသည်၊ သားဘွားခြင်း ဝေဒနာ ကိုခံရသောမိန်းမ ၏စိတ် နှလုံးကဲ့သို့ ဖြစ် လိမ့်မည်။
23 Ad Damascum: Confusa est Emath, et Arphad: quia auditum pessimum audierunt, turbati sunt in mari: præ solicitudine quiescere non potuit.
၂၃ဒမာသက် မြို့ကို ရည်မှတ် သော စကားဟူမူကား ၊ ဟာမတ် မြို့နှင့် အာပဒ် မြို့တို့သည် မကောင်း သော သိတင်း ကိုကြား သောကြောင့် ၊ အရှက်ကွဲ ၍စိတ်ပျက် လျက်ရှိကြ၏။ ပင်လယ် တိုင်အောင်စိုးရိမ် စရာရှိသောကြောင့် ၊ ငြိမ်ဝပ် ခြင်းသို့မ ရောက်နိုင် ။
24 Dissoluta est Damascus, versa est in fugam, tremor apprehendit eam: angustia et dolores tenuerunt eam quasi parturientem.
၂၄ဒမာသက် မြို့သည် အားလျော့ ပြီ။ ပြေး အံ့သောငှါ ကိုယ်ကိုလှည့် ပြီ။ တုန်လှုပ် လျက်နေ၏။ ဒုက္ခ ဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ၊ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ ၏။
25 Quomodo dereliquerunt civitatem laudabilem, urbem lætitiæ!
၂၅အသရေ ရှိသောမြို့ ၊ ငါ ဝမ်းမြောက် စရာမြို့ သည် အဘယ်ကြောင့် မ ကျန်ကြွင်း ရသနည်း။
26 Ideo cadent iuvenes eius in plateis eius: et omnes viri prælii conticescent in die illa, ait Dominus exercituum.
၂၆သို့ဖြစ်၍ ၊ ထိုမြို့သားလုလင် တို့သည် လမ်းမ တို့၌ လဲ ၍၊ ထို နေ့ တွင် စစ်သူရဲ အပေါင်း တို့သည် ဆုံးရှုံး ကြ လိမ့်မည်။
27 Et succendam ignem in muro Damasci, et devorabit mœnia Benadad.
၂၇ငါသည်လည်း၊ ဒမာသက် မြို့ရိုး ကို မီး ရှို့ ၍ ၊ ဗင်္ဟာဒဒ် ၏ နန်းတော် တို့ကို လောင် စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
28 Ad Cedar, et ad regna Asor, quæ percussit Nabuchodonosor rex Babylonis. Hæc dicit Dominus: Surgite, et ascendite ad Cedar, et vastate filios Orientis.
၂၈ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံ သော ကေဒါ ပြည်နှင့် ဟာဇော် နိုင်ငံ တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထ ကြလော့။ ကေဒါ ပြည်သို့ သွား ၍၊ အရှေ့ မျက်နှာအရပ်သား တို့ကို လုယူ ကြလော့။
29 Tabernacula eorum, et greges eorum capient: pelles eorum, et omnia vasa eorum, et camelos eorum tollent sibi: et vocabunt super eos formidinem in circuitu.
၂၉သူ တို့တဲ များနှင့် သိုးစု များကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင် များ၊ ကုလားအုပ် များကို၎င်းသိမ်း ၍ ယူသွား ရကြမည်။ သူတို့ပတ်လည် ၌ ကြောက်လန့် စရာ အကြောင်းကို ကြွေးကြော် ရကြမည်။
30 Fugite, abite vehementer, in voraginibus sedete, qui habitatis Asor, ait Dominus: iniit enim contra vos Nabuchodonosor rex Babylonis consilium, et cogitavit adversum vos cogitationes.
၃၀ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဟာဇော် ပြည်သား တို့၊ ဝေးစွာ ပြေးသွား ကြလော့။ နက်နဲ သော အရပ်တို့၌ နေ ကြလော့။ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သင် တို့ကိုရည်ဆောင်၍ စီရင် မည်ဟု သင် တို့တဘက် ၌ ကြံစည် သောအကြံအစည် ရှိ၏။
31 Consurgite, et ascendite ad gentem quietam, et habitantem confidenter, ait Dominus, non ostia, nec vectes eis: soli habitant.
၃၁ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထ ကြလော့။ ငြိမ်ဝပ် စွာနေ ၍ စိုးရိမ် စရာမရှိသောလူမျိုး ၊ မြို့တံခါး နှင့်ကန့်လန့်ကျင် ကို မ သုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီ နေ တတ်သောလူမျိုးနေရာသို့ သွား ကြလော့။
32 Et erunt cameli eorum in direptionem, et multitudo iumentorum in prædam: et dispergam eos in omnem ventum, qui sunt attonsi in comam: et ex omni confinio eorum adducam interitum super eos, ait Dominus.
၃၂သူ တို့ကုလားအုပ် အစရှိသော တိရစ္ဆာန် အပေါင်း တို့သည် လုယူ ရာဖြစ် ကြလိမ့်မည်။ ပါးမုန်း ကိုရိတ် တတ် သော လူမျိုးကိုအရပ်ရပ် သို့ ငါကွဲပြား စေမည်။ အရပ်ရပ် တို့မှ သူ တို့၌ ဘေးဥပဒ် ကိုငါရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
33 Et erit Asor in habitaculum draconum, deserta usque in æternum: non manebit ibi vir, nec incolet eam filius hominis.
၃၃ဟာဇော် ပြည်သည် မြေခွေး နေရာ ၊ လူဆိတ်ညံ ရာ အစဉ် ဖြစ် ၍ ၊ အဘယ်သူမျှမ နေ ရ။ လူ သား တစုံတယောက် မျှနေရာ မ ကျရ။
34 Quod facum est verbum Domini ad Ieremiam prophetam adversus Ælam in principio regni Sedeciæ regis Iuda, dicens:
၃၄ယုဒ ရှင်ဘုရင် ဇေဒကိ မင်းနန်းစံ စ က၊ ဧလံ ပြည် ကို ရည်မှတ် သော ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ပရောဖက် ယေရမိ သို့ ရောက်လာ ၍၊
35 Hæc dicit Dominus exercituum: Ecce ego confrigam arcum Ælam, et summam fortitudinem eorum.
၃၅ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဧလံ ၏လေး တည်းဟူသောသူ ၏ အစွမ်း သတ္တိအထွဋ် အမြတ်ကို ငါ ချိုး မည်။
36 Et inducam super Ælam quattuor ventos a quattuor plagis cæli: et ventilabo eos in omnes ventos istos: et non erit gens, ad quam non perveniant profugi Ælam.
၃၆အရပ်လေး မျက်နှာတို့က လေ လေး မျိုးကို ဧလံ ပြည်သို့ ငါဆောင်ခဲ့ မည်။ ထို လေ တို့ရှေ့မှာ ပြည်သားများကို ငါလွှင့် မည်။ ထိုသို့နှင်ထုတ် သော ဧလံ ပြည်သားမ ရောက် သော တိုင်း နိုင်ငံတခုမျှမ ရှိ ရ။
37 Et pavere faciam Ælam coram inimicis suis, et in conspectu quærentium animam eorum: et adducam super eos malum, iram furoris mei, dicit Dominus: et mittam post eos gladium donec consumam eos.
၃၇ဧလံ ပြည်သားတို့ကို ရန်သူ တို့ရှေ့ မှာ၎င်း ၊ သူ တို့ အသက် ကိုရှာ သော လူတို့ရှေ့ မှာ၎င်း ၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာ သော ငါ ၏အမျက် တည်းဟူသောဘေးဥပဒ် ကိုသူ တို့အပေါ် သို့ ရောက် စေမည်။ သူ တို့ကို မ ဖျက်ဆီး မှီတိုင်အောင်သူ တို့နောက် သို့ ထား ကို လွှတ်လိုက် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
38 Et ponam solium meum in Ælam, et perdam inde reges et principes, ait Dominus.
၃၈ဧလံ ပြည်၌ ငါ ၏ပလ္လင် ကို တည် ထား၍ ၊ ရှင်ဘုရင် နှင့် မင်းသား တို့ကို သုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
39 In novissimis autem diebus reverti faciam captivos Ælam, dicit Dominus.
၃၉သို့ရာတွင် ၊ သိမ်းသွား ခြင်းကိုခံရသောဧလံ အမျိုးသားတို့ကို နောင် ကာလ၌ ငါဆောင်ခဲ့ ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

< Jeremiæ 49 >