< Hiezechielis Prophetæ 21 >
1 Et factus est sermo Domini ad me, dicens:
၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 Fili hominis pone faciem tuam ad Ierusalem, et stilla ad sanctuaria, et propheta contra humum Israel:
၂အချင်းလူသား၊ ယေရုရှလင်မြို့ကို မျက်နှာ ပြုလျက်၊ သန့်ရှင်းသော အရပ်ဌာနတို့တဘက်၌ မြွက်ဆို ၍ ဣသရေလပြည်တဘက်၌ ဟောပြောလော့။
3 Et dices terræ Israel: Hæc dicit Dominus Deus: Ecce ego ad te, et eiiciam gladium meum de vagina sua, et occidam in te iustum, et impium.
၃အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသ ရေလပြည်အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင့်ကို ရန်ဘက်ပြုလျက်၊ ငါ့ထားကိုထားအိမ်မှ ထုတ်၍၊ သင်၌ တရားသောသူ၊ မတရားသောသူတို့ကို ပယ်ဖြတ်မည်။
4 Pro eo autem quod occidi in te iustum, et impium, idcirco egredietur gladius meus de vagina sua ad omnem carnem ab Austro usque ad Aquilonem:
၄ထိုသို့သင်၌ တရားသောသူ၊ မတရားသော သူတို့ကို ပယ်ဖြတ်စရာအကြောင်းရှိသောကြောင့်၊ ငါ့ထား သည် တောင်ဘက်မှသည် မြောက်ဘက်သို့တိုင်အောင်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ရန်ဘက်ပြု၍ မိမိအိမ်မှ ထွက်ရလိမ့်မည်။
5 Ut sciat omnis caro quia ego Dominus eduxi gladium meum de vagina sua irrevocabilem.
၅ငါထာဝရဘုရားသည် ငါ့ထားကို သူ့အိမ်မှ ထုတ်ကြောင်းကို၊ သတ္တဝါအပေါင်းတို့ သိရကြလိမ့်မည်။ ထိုထားသည် နောက်တဖန် အိမ်သို့ မပြန်ရ။
6 Et tu fili hominis ingemisce in contritione lumborum, et in amaritudinibus ingemisce coram eis.
၆သို့ဖြစ်၍၊ အချင်းလူသား၊ ညည်းတွားသံကို ပြုလော့။ ခါးကျိုးလျက်၊ နှလုံးကြေကွဲလျက်၊ သူတို့ရှေ့မှာ ညည်းတွားသံကို ပြုလော့။
7 Cumque dixerint ad te: Quare tu gemis? dices: Pro auditu: quia venit, et tabescet omne cor, et dissolventur universæ manus, et infirmabitur omnis spiritus, et per cuncta genua fluent aquæ: ecce venit, et fiet, ait Dominus Deus.
၇သူတို့ကလည်း၊ အဘယ်ကြောင့် ညည်းတွား သနည်းဟု သင့်ကိုမေးသောအခါ၊ သင်က၊ ငါသည် သိတင်းစကားကြောင့် ညည်းတွား၏။ အမှုနီးပြီ၊။ လူ အပေါင်းတို့သည် ကြောက်အားကြီး၍ လက်အား လျော့ကြလိမ့်မည်။ စိတ်ပျက်၍ ဒူးသည်လည်းအရည် ဖြစ်လိမ့်မည်။ အမှုလာ၍ရောက်မည်အကြောင်းကို၊ အရှင်ထာဝရဘုရား ဗျာဒိတ်ပေးတော်မူကြောင်းကို ပြန်ပြောလော့ဟု မိန့်တော်မူ၏။
8 Et factus est sermo Domini ad me, dicens:
၈တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
9 Fili hominis propheta, et dices: Hæc dicit Dominus Deus: Loquere: Gladius, gladius exacutus est, et limatus.
၉အချင်းလူသား၊ ပရောဖက်ပြု၍ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထားတော်ကို ထက်စွာ သွေးလေပြီ။ ပြောင်လက်စွာ ပွတ်လေပြီ။
10 Ut cædat victimas, exacutus est: ut splendeat, limatus est: qui moves sceptrum filii mei, succidisti omne lignum.
၁၀ထက်၍ အထူးသဖြင့် လုပ်ကြံစေခြင်းငှါ သွေး လေပြီ။ ပြောင်၍ အရောင်တောက်စေခြင်းငှါလည်း ပွတ် လေပြီ။ ငါ့သား၏ ရာဇလှံတံကြောင့် ရွှင်လန်းခြင်းကို ပြုရမည်လော။ ထိုထားသည် သစ်သားရှိသမျှကို မထီမဲ့မြင် ပြုတတ်၏။
11 Et dedi eum ad levigandum ut teneatur manu: iste exacutus est gladius, et iste limatus est ut sit in manu interficientis.
၁၁သုံးစရာဘို့ ပွတ်စေခြင်းငှါ အပ်ထားပြီ။ လုပ် ကြံသောသူ၌ အပ်ခြင်းငှါ ထက်စွာလည်း သွေးလေပြီ။ ပြောင်လက်စွာပွတ်လေပြီ။
12 Clama, et ulula fili hominis, quia hic factus est in populo meo, hic in cunctis ducibus Israel, qui fugerant: gladio traditi sunt cum populo meo, idcirco plaude super femur,
၁၂အချင်းလူသား၊ ငိုကြွေးအော်ဟစ်လော့။ အကြောင်းမူကား၊ ငါ၏ လူတို့၌ရောက်လိမ့်မည်။ ဣသ ရေလမင်းသားအပေါင်းတို့၌လည်း ရောက်လိမ့်မည်။ သူတို့နှင့်တကွ ငါ၏လူတို့ကို ထား၌အပ်လေ၏။ ထိုကြောင့်၊ သင်၏ပေါင်ကို ရိုက်လော့။
13 quia probatus est: et hoc, cum sceptrum subverterit, et non erit, dicit Dominus Deus.
၁၃စုံစမ်းခြင်းအမှုဖြစ်၏။ ထားတော်သည် လှံတံကို မရိုမသေပြုလျှင် အဘယ်သို့နည်း။ လှံတံဆုံးလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
14 Tu ergo fili hominis propheta, et percute manu ad manum, et duplicetur gladius, ac triplicetur gladius interfectorum: hic est gladius occisionis magnæ, qui obstupescere eos facit,
၁၄သို့ဖြစ်၍၊ အချင်းလူသား၊ ပရောဖက်ပြု၍ လက်ခုပ်တီးလော့။ ထားတော်သည် နှစ်ခေါက်၊ သုံးခေါက် ရောက်ရ၏။ သူရဲထား၊ အားကြီးသော သူရဲထားဖြစ်၏။ သူတို့ကိုဝန်းရံသော ထားဖြစ်၏။
15 et corde tabescere, et multiplicat ruinas. In omnibus portis eorum dedi conturbationem gladii acuti, et limati ad fulgendum, amicti ad cædem.
၁၅သူတို့စိတ်ပျက်၍ အထူးသဖြင့်ဆုံးရှုံးစေခြင်းငှါ၊ ထားဘေးကိုမြို့ တံခါးရှိသမျှတို့၌ ငါရောက်စေပြီ။ ထားပြောင်လျက်ရှိ၏။ လုပ်ကြံစရာဘို့ ပွတ်ထားလျက် ရှိ၏။
16 Exacuere, vade ad dexteram, sive ad sinistram, quocumque faciei tuæ est appetitus.
၁၆စုဝေးလော့။ လက်ျာဘက်သို့ ခုတ်လော့။ ပြင်ဦး လော့။ လက်ဝဲဘက် အစရှိသော သင်၏အသွားမျက်နှာ ပြုသမျှဘက်သို့ ခုတ်လော့။
17 Quin et ego plaudam manu ad manum, et implebo indignationem meam: ego Dominus locutus sum.
၁၇ငါသည်လည်း လက်ချင်းရိုက်၍၊ ငါဒေါသအရှိန် ကို ငြိမ်းစေမည်။ ထိုသို့ငါထားဝရဘုရား မိန့်တော်မူပြီ။
18 Et factus est sermo Domini ad me, dicens:
၁၈တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
19 Et tu fili hominis pone tibi duas vias, ut veniat gladius regis Babylonis: de terra una egredientur ambæ: et manu capiet coniecturam, in capite viæ civitatis coniiciet.
၁၉အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထား သွားရာလမ်းနှစ်လမ်းကို မှတ်သားလော့။ လမ်းနှစ်လမ်း တို့သည် ပြည်တပြည်ထဲက ထွက်ရမည်။ မြို့သို့သွားသော လမ်းခွ၌ အရပ်တခုကို ရွေးလော့။
20 Viam pones ut veniat gladius ad Rabbath filiorum Ammon, et ad Iudam in Ierusalem munitissimam.
၂၀အမ္မုန်ပြည်၌ ရဗ္ဗတ်မြို့သို့၎င်း၊ ယုဒပြည်၌ ခိုင်ခံ့သော ယေရုရှလင်မြို့သို့၎င်း၊ ထားရောက်ရာလမ်းကို မှတ်သားလော့။
21 Stetit enim rex Babylonis in bivio, in capite duarum viarum, divinationem quærens, commiscens sagittas: interrogavit idola, exta consuluit.
၂၁ဗာဗုလုန်ရှင်ဘုရင်သည် ဗေဒင်တွက်ခြင်းငှါ လမ်းနှစ်လမ်းဆုံမိရာလမ်းခွ၌ ရပ်၏။ မြှားတို့ကို ရောနှော ၏။ တေရပ်ရုပ်တုတို့ကို မေးမြန်း၏။ အသည်းကို ကြည့်ရှု ၏။
22 Ad dexteram eius facta est divinatio super Ierusalem ut ponat arietes, ut aperiat os in cæde, ut elevet vocem in ululatu, ut ponat arietes contra portas, ut comportet aggerem, ut ædificet munitiones.
၂၂ဝက်ခွတိုင်၌ တုံးတို့ကို ဆွဲထားစေခြင်းငှါ၎င်း၊ လုပ်ကြံခြင်းအမှုကို မှာထားစေခြင်းငှါ၎င်း၊ ကြွေးကြော် အော်ဟစ်စေခြင်းငှါ၎င်း၊ ရဲတိုက်ကို ဆောက်စေခြင်းငှါ ၎င်း၊ မြေရိုးကိုဖို့စေခြင်းငှါ၎င်း၊ လက်ျားဘက်၌ ယေရုရှ လင်မြို့အဘို့ ဗေဒင်တွက်၍ နေရာကျ၏။
23 Eritque quasi consulens frustra oraculum in oculis eorum, et Sabbatorum otium imitans: ipse autem recordabitur iniquitatis ad capiendum.
၂၃သို့ရာတွင်၊ ရှင်ဘုရင်ထံ၌ သစ္စာခံသောသူတို့ သည် ထိုဗေဒင်တွက်ခြင်းကို အချည်းနှီးသော ဗေဒင် တွက်ခြင်းကဲ့သို့ မှတ်ကြလိမ့်မည်။ ရှင်ဘုရင်မူကား၊ သူတို့ ကို ဘမ်းမိလိုသောငှါ၊ သူတို့ပြစ်မှားသော အပြစ်ကို အောက်မေ့လိမ့်မည်။
24 Idcirco hæc dicit Dominus Deus: Pro eo quod recordati estis iniquitatis vestræ, et revelastis prævaricationes vestras, et apparuerunt peccata vestra in omnibus cogitationibus vestris: pro eo, inquam, quod recordati estis, manu capiemini.
၂၄သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့ပြုလေသမျှတို့၌ အပြစ်ထင်ရှားသည် တိုင်အောင်၊ သင်တို့သည် မိမိတို့ဒုစရိုက် အပြစ်ကို သူတပါးအောက်မေ့စေ၍၊ မိမိတို့ လွန်ကျူးခြင်း အမှုများ ကို ဘော်ပြလျက်၊ မိမိတို့ကို သူတပါး အောက်မေ့စေသော ကြောင့်၊ ထိုရှင်ဘုရင်လက်သို့ ရောက်ရကြလိမ့်မည်။
25 Tu autem profane, impie dux Israel, cuius venit dies in tempore iniquitatis præfinita:
၂၅အချင်းဆိုးယုတ်သော အဓမ္မ ဣသရေလ မင်းသား၊ အဓမ္မအမှုကြောင့်ဆုံးရှုံးရသောကာလ ရောက် သောအခါ၊ သင်၏အချိန်ကာလသည် ရောက်လိမ့်မည်။
26 Hæc dicit Dominus Deus: Aufer cidarim, tolle coronam: nonne hæc est, quæ humilem sublevavit, et sublimem humiliavit?
၂၆ဦးရစ်တော်ကိုပယ်၍ ရာဇသရဖူကို ချွတ်လော့။ နောက်တဖန် မရှိရ။ နိမ့်သောသူကိုချီးမြှောက်ရမည်။ မြင့်သောသူကို နှိမ့်ချရမည်။
27 Iniquitatem, iniquitatem, iniquitatem ponam eam: et hoc non factum est donec veniret cuius est iudicium, et tradam ei.
၂၇နိုင်ငံကို ဆုံးရှုံးစေခြင်းငှါ၊ အစိုးပိုင်သောသူ မရောက်မှီတိုင်အောင်၎င်း ငါမှောက်လှန်မည်။ မှောက် လန်မည်။ မှောက်လှန်မည်။ အစိုးပိုင်သော သူ၌ ငါအပ် မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
28 Et tu fili hominis propheta, et dic: Hæc dicit Dominus Deus ad filios Ammon, et ad opprobrium eorum, et dices: Mucro, mucro evagina te ad occidendum, lima te ut interficias, et fulgeas,
၂၈အချင်းလူသား၊ အရှင်ထာဝရဘုရားသည် အမ္မုန်အမျိုးသားတို့ကို၎င်း၊
29 cum tibi viderentur vana, et divinarentur mendacia: ut dareris super colla vulneratorum impiorum, quorum venit dies in tempore iniquitatis præfinita.
၂၉သူတို့ကဲ့ရဲ့ခြင်းကို၎င်း ရည်မှတ်၍မိန့်တော်မူ သော စကားကို ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အဓမ္မ အမှုကြောင့် ဆုံးရှုံးရသော ကာလရောက်၍ အပြစ်ဒဏ် ခံရသောအခါ၊ အသေသတ်ခြင်းကို ခံရသောအဓမ္မ လူတို့၏ လည်ပင်းပေါ်မှာ၊ သင့်ကိုနေရာကျစေခြင်းငှါ၊ သင့်အဘို့ အချည်းနှီးသောအရာကိုကြည့်မြင်၍၊ မုသာ စကားကိုဟောပြောစဉ်တွင်၊ ထားတော်သည် လုပ်ကြံ ဘို့ရာ ထုတ်လျက်ရှိ၏။ ဖျက်ဆီးဘို့ရာ အရောင်တောက် သည်တိုင်အောင် ပြောင်စွာပွတ်လေပြီ။
30 Revertere ad vaginam tuam in loco, in quo creatus es, in terra nativitatis tuæ iudicabo te,
၃၀သင့်ထားကို အိမ်သို့ပြန်စေလော့။ သင့်ကို ငါ ဖန်ဆင်းသောအရပ်၊ မွေးဘွားရာဌာန၌ သင့်ကို ငါစီရင် မည်။
31 et effundam super te indignationem meam: in igne furoris mei sufflabo in te, daboque te in manus hominum insipientium, et fabricantium interitum.
၃၁သင့်အပေါ်သို့ ငါ့အမျက်ကို ငါသွန်းလောင်း မည်။ ငါ့ဒေါသမီးဖြင့် သင့်ကို မှုတ်မည်။ ကြမ်းတမ်းသော သဘောရှိ၍ ဖျက်ဆီးတတ်သော လူတို့လက်သို့အပ်မည်။
32 Igni eris cibus, sanguis tuus erit in medio terræ, oblivioni traderis: quia ego Dominus locutus sum.
၃၂သင်သည်မီးမွေးဘို့ ထင်းဖြစ်ရလိမ့်မည်။ သင့် အသွေးသည် ပြည်အလယ်၌ ရှိရလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရဟု ငါထာဝရဘုရား မိန့်တော်မူ၏။