< Exodus 37 >
1 Fecit autem Beseleel et arcam de lignis setim, habentem duos semis cubitos in longitudine, et cubitum ac semissem in latitudine, altitudo quoque unius cubiti fuit et dimidii: vestivitque eam auro purissimo intus ac foris.
၁ဗေဇလေလသည်အလျားလေးဆယ့်ငါး လက်မ၊ အနံနှစ်ဆယ့်ခုနစ်လက်မ၊ အမြင့် နှစ်ဆယ့်ခုနစ်လက်မရှိသောပဋိညာဉ် သေတ္တာတော်ကို၊ အကာရှသစ်သားဖြင့် ပြုလုပ်၏။-
2 Et fecit illi coronam auream per gyrum,
၂သေတ္တာတော်အတွင်းအပြင်ကိုရွှေချ၍၊ သေတ္တာတော်အနားပတ်လည်ကိုရွှေကွပ် ထား၏။-
3 conflans quattuor annulos aureos per quattuor angulos eius: duos annulos in latere uno, et duos in altero.
၃သေတ္တာတော်ကိုသယ်ဆောင်ရန်ရွှေကွင်းလေး ကွင်းကိုလုပ်၍၊ အောက်ခြေလေးထောင့်တွင်၊ နှစ်ကွင်းစီတပ်ဆင်၏။-
4 Vectes quoque fecit de lignis setim, quos vestivit auro,
၄ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍၊ ရွှေချထား၏။-
5 et quos misit in annulos, qui erant in lateribus arcæ ad portandum eam.
၅သေတ္တာတော်ကိုထမ်းရန်ထမ်းပိုးများကို သေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုသွင်း ထားလေသည်။-
6 Fecit et propitiatorium, id est, oraculum, de auro mundissimo, duorum cubitorum et dimidii in longitudine, et cubiti ac semis in latitudine.
၆အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာဖုံးကိုရွှေဖြင့် လုပ်၏။-
7 Duos etiam Cherubim ex auro ductili, quos posuit ex utraque parte propitiatorii:
၇သေတ္တာအဖုံးအစွန်းတစ်ဘက်စီပေါ်တွင်၊ ရွှေ စင်ဖြင့်ခေရုဗိမ်ရုပ်နှစ်ရုပ်ကိုထုလုပ်၏။ ခေ ရုဗိမ်ရုပ်များကိုလည်းသေတ္တာတော်အဖုံး နှင့်တစ်သားတည်းရှိအောင်ပြုလုပ်၏။-
8 Cherub unum in summitate unius partis, et Cherub alterum in summitate partis alterius: duos Cherubim in singulis summitatibus propitiatorii,
၈
9 extendentes alas, et tegentes propitiatorium, seque mutuo et illud respicientes.
၉ခေရုဗိမ်များသည်မျက်နှာချင်းဆိုင်လျက် သူတို့၏အတောင်ပံများကိုဖြန့်၍သေတ္တာ တော်အဖုံးကိုအုပ်ထား၏။
10 Fecit et mensam de lignis setim, in longitudine duorum cubitorum, et in latitudine unius cubiti, quæ habebat in altitudine cubitum ac semissem.
၁၀သူသည်အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက် မရှိသောစားပွဲကိုအကာရှသစ်သားဖြင့် ပြုလုပ်၏။-
11 Circumdeditque eam auro mundissimo, et fecit illi labium aureum per gyrum,
၁၁စားပွဲကိုရွှေချ၍၊ အနားပတ်လည်တွင် ရွှေ ပြော့ကြောင်းထိုးထား၏။-
12 ipsique labio coronam auream interrasilem quattuor digitorum, et super eamdem, alteram coronam auream.
၁၂စားပွဲပတ်လည်တွင်၊ လေးလက်မဗြက်ရှိ သောဘောင်ကိုလုပ်၍၊ အနားကိုရွှေကွပ် ထား၏။-
13 Fudit et quattuor circulos aureos, quos posuit in quattuor angulis per singulos pedes mensæ
၁၃စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ် ယူရန်၊ ရွှေကွင်းလေးကွင်းတပ်ထား၏။-
14 contra coronam: misitque in eos vectes, ut possit mensa portari.
၁၄ထိုကွင်းများကိုဘောင်အနီးတွင်ကပ်၍ တပ် ထား၏။-
15 Ipsos quoque vectes fecit de lignis setim, et circumdedit eos auro.
၁၅ထမ်းပိုးများကိုအကာရှသစ်သားဖြင့် ပြုလုပ်၍ ရွှေချထား၏။-
16 Et vasa ad diversos usus mensæ, acetabula, phialas, et cyathos, et thuribula, ex auro puro, in quibus offerenda sunt libamina.
၁၆စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရား၊ စပျစ်ရည်ဆက်သရန်ဖလားတို့ကိုရွှေ ဖြင့်ပြုလုပ်၏။
17 Fecit et candelabrum ductile de auro mundissimo. De cuius vecte calami, scyphi, sphærulæque ac lilia procedebant:
၁၇သူသည်ဆီမီးတိုင်ကိုရွှေဖြင့်ပြုလုပ်၏။ ဆီမီး တိုင်အောက်ခံခုံနှင့်တိုင်ကို၊ ရွှေဖြင့်ပြုလုပ်၏။ ဆီ မီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသောအလှ ပန်းများကို၊ ဆီမီးတိုင်နှင့်တစ်သားတည်းပြု လုပ်သည်။-
18 sex in utroque latere, tres calami ex parte una, et tres ex altera:
၁၈ဆီမီးတိုင်တစ်ဘက်တစ်ချက်မှအကိုင်းသုံး ခက်စီဖြင့်၊ အကိုင်းခြောက်လက်ဖြာထွက်၏။-
19 tres scyphi in nucis modum per calamos singulos, sphærulæque simul et lilia: et tres scyphi instar nucis in calamo altero, sphærulæque simul et lilia. Æquum erat opus sex calamorum, qui procedebant de stipite candelabri.
၁၉အကိုင်းခြောက်လက်မှတစ်လက်စီတွင်ပွင့် ဖူး၊ ပွင့်ချပ်များပါရှိသောဗာဒံပွင့်နှင့်တူ သည့်အလှပန်းပွင့်သုံးပွင့်ရှိလေသည်။-
20 In ipso autem vecte erant quattuor scyphi in nucis modum, sphærulæque per singulos simul et lilia:
၂၀ဆီမီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်များ ပါသော ဗာဒံပွင့်နှင့်တူသည့်အလှပန်းပွင့်လေးပွင့် ရှိလေသည်။-
21 et sphærulæ sub duobus calamis per loca tria, qui simul sex fiunt calami procedentes de vecte uno.
၂၁အကိုင်းသုံးစုံတွင်၊ တစ်စုံစီအောက်၌ပွင့်ဖူး တစ်ဖူးရှိသည်။-
22 Et sphærulæ igitur, et calami ex ipso erant, universa ductilia ex auro purissimo.
၂၂ပွင့်ဖူး၊ အကိုင်းနှင့်ဆီမီးတိုင်တို့သည်တစ် သားတည်းဖြစ်၍၊ ရွှေဖြင့်ထုလုပ်၏။-
23 Fecit et lucernas septem cum emunctoriis suis, et vasa ubi ea quæ emuncta sunt, extinguantur, de auro mundissimo.
၂၃သူသည်ဆီမီးတိုင်အတွက်ဆီမီးခွက် ခုနစ်လုံး၊ မီးညှပ်နှင့်မီးညှပ်ခံခွက်များ ကိုရွှေဖြင့်ပြုလုပ်၏။-
24 Talentum auri appendebat candelabrum cum omnibus vasis suis.
၂၄သူသည်ဆီမီးတိုင်နှင့်ဆီမီးတိုင်ဆိုင်ရာ ပစ္စည်းရှိသမျှတို့ကို၊ ရွှေချိန်ခုနစ်ဆယ့် ငါးပေါင်ဖြင့်ပြုလုပ်လေ၏။
25 Fecit et altare thymiamatis de lignis setim, per quadrum singulos habens cubitos, et in altitudine duos: e cuius angulis procedebant cornua.
၂၅သူသည်နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှသစ်သားဖြင့်ပြုလုပ်၏။ ထိုပလ္လင် သည်အလျားတစ်ဆယ့်ရှစ်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်သုံးဆယ့်ခြောက် လက်မရှိ၏။ ဦးချိုပုံသဏ္ဌာန်ထောင့်ချွန် အတက်များသည်ပလ္လင်နှင့်တစ်သားတည်း ရှိ၏။-
26 Vestivitque illud auro purissimo cum craticula ac parietibus et cornibus.
၂၆ပလ္လင်တော်မျက်နှာပြင်၊ ဘေးပတ်လည်လေး ဘက်နှင့်ထောင့်ချွန်အတက်တို့ကိုရွှေချ၍၊ အပေါ်နားပတ်လည်တွင်ရွှေပြော့ကြောင်း ထိုးထား၏။-
27 Fecitque ei coronam aureolam per gyrum, et duos annulos aureos sub corona per singula latera, ut mittantur in eos vectes, et possit altare portari.
၂၇ပလ္လင်တော်၏ဘေးနှစ်ဘက်အနားထောင့်တွင် ထမ်းပိုးများလျှိုရန်ရွှေကွင်းနှစ်စုံကိုတပ် ထားသည်။-
28 Ipsos autem vectes fecit de lignis setim, et operuit laminis aureis.
၂၈ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍၊ ရွှေချထား၏။
29 Composuit et oleum ad sanctificationis unguentum, et thymiama de aromatibus mundissimis opere pigmentarii.
၂၉သူသည်သန့်ရှင်းသောဘိသိက်ဆီနှင့်မွေးကြိုင်၍ စင်ကြယ်သောမီးရှို့ရာနံ့သာပေါင်းကိုဖော်စပ် လေ၏။