< Ii Samuelis 19 >

1 Nunciatum est autem Ioab quod rex fleret et lugeret filium suum:
ရှင် ဘုရင်သည် အဗရှလုံ ကြောင့် ငိုကြွေး မြည်တမ်း တော်မူသည်ဟု ယွာဘ အား ကြားပြော လေ၏။
2 et versa est victoria in luctum in die illa omni populo: audivit enim populus in die illa dici: Dolet rex super filio suo.
ထို နေ့၌ အောင်ပွဲ သည် လူ အပေါင်း တို့တွင် ဝမ်းနည်း စရာအကြောင်းဖြစ် ပြန်၏။ ရှင် ဘုရင်သည် သား တော်ကြောင့် စိတ် ကြင်နာတော်မူသည်ကို လူ အပေါင်းတို့သည် ထို နေ့၌ ကြား ၍၊
3 Et declinavit populus in die illa ingredi civitatem, quomodo declinare solet populus versus et fugiens de prælio.
စစ်တိုက် ရာမှ ပြေးသောသူ တို့ သည် ရှက် ၍ တိတ်ဆိတ် စွာ ပြေး တတ်သကဲ့သို့ မြို့ ထဲသို့ တိတ်ဆိတ် စွာ ပြေးဝင် ကြ၏။
4 Porro rex operuit caput suum, et clamabat voce magna: Fili mi Absalom, Absalom fili mi, fili mi.
ရှင် ဘုရင်သည်လည်း ၊ မျက်နှာ ကိုဖုံး ၍ ၊ အိုငါ့ သား အဗရှလုံ ၊ အိုအဗရှလုံ ၊ ငါ့ သား ၊ ငါ့ သား ဟု ကြီး သောအသံ နှင့် ငိုကြွေး တော်မူ၏။
5 Ingressus ergo Ioab ad regem in domum, dixit: Confudisti hodie vultus omnium servorum tuorum, qui salvam fecerunt animam tuam, et animam filiorum tuorum, et filiarum tuarum, et animam uxorum tuarum, et animam concubinarum tuarum.
ယွာဘ သည် ရှင်ဘုရင် ထံ အိမ် ထဲသို့ဝင် ၍ ၊ ကိုယ်တော် ၏ အသက် မှစ၍သား တော် သမီး တော်၊ မိဖုရား မောင်းမ မိဿံတို့၏ အသက် ကို ကယ်တင် သော ကိုယ်တော် ကျွန် တို့ကို ယနေ့ အရှက်ကွဲ စေတော်မူပြီ။
6 Diligis odientes te, et odio habes diligentes te: et ostendisti hodie quia non curas de ducibus tuis, et de servis tuis: et vere cognovi modo, quia si Absalom viveret, et omnes nos occubuissemus, tunc placeret tibi.
ရန်သူ တို့ကိုချစ် ၍ အဆွေ ခင်ပွန်းတို့ကို မုန်း တော်မူ၏။ မှူးမတ် များ၊ ကျွန် များတို့ကို ပမာဏ ပြုတော် မမူကြောင်း ကို ယနေ့ ထင်ရှားစွာပြ တော်မူပြီ။ အဗရှလုံ သည် အသက် ရှင်၍ ကျွန်တော်မျိုး အပေါင်းတို့သည် ယနေ့ သေ လျှင် အားရ တော်မူလိမ့်မည်ဟု ယနေ့ ကျွန်တော်သိမြင် ပါ၏။
7 Nunc igitur surge, et procede, et alloquens satisfac servis tuis: iuro enim tibi per Dominum, quod si non exieris, ne unus quidem remansurus sit tecum nocte hac: et peius erit hoc tibi, quam omnia mala, quæ venerunt super te ab adolescentia tua usque in præsens.
ယခု မှာထ တော်မူပါ။ ကြွ ၍ ကိုယ်တော် ကျွန် တို့အား နှစ်သိမ့်သောစကားကို ပြော တော်မူပါ။ ကြွ တော်မ မူ လျှင် ယနေ့ည မှာ အထံ တော်၌ လူ တယောက်မျှမ နေ ပါ။ ထိုအမှုသည် ငယ် သောအရွယ်မှစ၍ ယခု တိုင်အောင် ကိုယ်တော် ၌ ဖြစ် လေသမျှ သော အမှု ထက် သာ၍ဆိုး ပါလိမ့်မည်ဟု ထာဝရဘုရား ကို တိုင်တည်၍ ကျွန်တော်ကျိန်ဆို ပါသည်ဟု လျှောက် သော်၊
8 Surrexit ergo rex et sedit in porta: et omni populo nunciatum est quod rex sederet in porta: venitque universa multitudo coram rege: Israel autem fugit in tabernacula sua.
ရှင် ဘုရင်သည် ထ ၍ တံခါးဝ ၌ ထိုင် တော်မူ၏။ ရှင် ဘုရင်သည် တံခါးဝ ၌ ထိုင် တော်မူသည်ကို လူ အပေါင်း တို့သည် ကြား သောအခါ အထံ တော်သို့ ချဉ်းကပ် ကြ၏။ ဣသရေလ လူများမူကား မိမိ တို့နေရာ သို့ ပြေး သွားကြပြီ။
9 Omnis quoque populus certabat in cunctis tribubus Israel, dicens: Rex liberavit nos de manu inimicorum nostrorum, ipse salvavit nos de manu Philisthinorum: et nunc fugit de terra propter Absalom.
ထိုနောက် ၊ ဣသရေလ အမျိုးအနွယ် အပေါင်း တို့က၊ ရှင် ဘုရင်သည် ဖိလိတ္တိ လူအစ ရှိသော ရန်သူ တို့ လက် မှ ငါ တို့ကိုကယ်နှုတ် တော်မူပြီ။ ယခု မှာ အဗရှလုံ ကြောင့် နိုင်ငံ တော်မှ ထွက်ပြေး တော်မူရ၏။
10 Absalom autem, quem unximus super nos, mortuus est in bello: usquequo siletis, et non reducitis regem?
၁၀ငါတို့ ဘိသိက် ပေး၍ ချီးမြှောက်သော အဗရှလုံ သည် စစ်တိုက် ပွဲ၌ သေ ပြီ။ ယခု မှာ ရှင် ဘုရင်ကို တဖန် ဆောင်ခဲ့ရမည်ဟုမ ဆို၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေကြသနည်းဟု အချင်းချင်းအပြစ်တင်ကြ၏။
11 Rex vero David misit ad Sadoc et Abiathar sacerdotes, dicens: Loquimini ad maiores natu Iuda, dicentes: Cur venitis novissimi ad reducendum regem in domum suam? (Sermo autem omnis Israel pervenerat ad regem in domo eius.)
၁၁ဒါဝိဒ် မင်းကြီး သည်လည်း ယဇ်ပုရောဟိတ် ဇာဒုတ် နှင့် အဗျာသာ တို့ထံသို့ လူကိုစေလွှတ် ၍၊ ယုဒ အမျိုးအသက်ကြီး သူတို့ထံသို့ သွား၍ပြော ရမည်ကား၊ ရှင် ဘုရင်ကို နန်းတော် သို့ ပြန်ပို့ ရမည်အမှုမှာ သင်တို့သည် အဘယ်ကြောင့် နောက်ကျ ကြသနည်း။ ရှင် ဘုရင်သည် စံနန်း တော်၌ နေစဉ်အခါ၊ ဣသရေလ အမျိုးသားအပေါင်း တို့ ပြောတတ်သောစကား ကို ကြား တော်မူပြီ။
12 Fratres mei vos, os meum, et caro mea vos, quare novissimi reducitis regem?
၁၂သင် တို့သည် ငါ့ ညီအစ်ကို ၊ ငါ့ အရိုး ၊ ငါ့ အသား ဖြစ်၍ ၊ ရှင် ဘုရင်ကို ပြန်ပို့ ရမည်အမှုမှာ အဘယ်ကြောင့် နောက်ကျ ကြသနည်းဟူ၍၎င်း၊
13 Et Amasæ dicite: Nonne os meum, et caro mea es? Hæc faciat mihi Deus, et hæc addat, si non magister militiæ fueris coram me omni tempore pro Ioab.
၁၃အာမသ အား လည်း ၊ သင် သည် ငါ့ အသား ငါ့ အရိုး တို့ အဝင်ဖြစ်သည်မ ဟုတ်လော။ သင်သည် ငါ့ ရှေ့ မှာ ယွာဘ ၏ကိုယ်စား အစဉ် ဗိုလ်ချုပ် မင်းမ ဖြစ် လျှင် ထိုမျှမက ဘုရား သခင်သည် ငါ ၌ ပြု တော်မူစေသတည်း ဟူ၍၎င်း၊ ပြော ကြလော့ဟု မှာလိုက် တော်မူ၏။
14 Et inclinavit cor omnium virorum Iuda, quasi viri unius: miseruntque ad regem, dicentes: Revertere tu, et omnes servi tui.
၁၄ထိုသို့ယုဒ အမျိုးသား အပေါင်း တို့ကို တညီတညွတ် တည်း နှလုံး ညွတ် စေတော်မူသဖြင့် ၊ သူတို့က ကိုယ်တော် ကျွန် အပေါင်း တို့နှင့်တကွ ကိုယ်တော် တိုင် ပြန်လာ တော်မူပါဟု ရှင်ဘုရင် အား လျှောက်စေကြ၏။
15 Et reversus est rex: et venit usque ad Iordanem, et omnis Iuda venit usque in Galgalam ut occurreret regi, et traduceret eum Iordanem.
၁၅ထိုအခါ ရှင် ဘုရင်သည် ပြန် ၍ ယော်ဒန် မြစ်သို့ ရောက် တော်မူ၏။ ယုဒ အမျိုးသည် ရှင် ဘုရင်ကို ခရီးဦးကြို ပြု၍ ယော်ဒန် မြစ်တဘက် သို့ပို့ခြင်းငှါ ဂိလဂါလ မြို့သို့ သွား ကြ၏။
16 Festinavit autem Semei filius Gera filii Iemini de Bahurim, et descendit cum viris Iuda in occursum regis David
၁၆ဗင်္ယာမိန် အမျိုးဖြစ်သော ဗာဟုရိမ် မြို့သားဂေရ ၏သား ရှိမိ သည် ယုဒ အမျိုးသား တို့နှင့်အတူ ဒါဝိဒ် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ အလျင်အမြန် လိုက် လာ၏။
17 cum mille viris de Beniamin, et Siba puer de domo Saul: et quindecim filii eius, ac viginti servi erant cum eo: et irrumpentes Iordanem, ante regem
၁၇သူ နှင့်အတူ ဗင်္ယာမိန် အမျိုးသား တထောင် ၊ ရှောလု အဆွေအမျိုး ၏ ကျွန် ဇိဘ နှင့် သူ ၏သား တကျိပ် ငါး ယောက်၊ ကျွန် နှစ် ဆယ်တို့သည်လည်း လိုက်လာ၍ ရှင်ဘုရင် ရှေ့ တော်၌ ယော်ဒန် မြစ်ကို ကူး ကြ၏။
18 transierunt vada, ut traducerent domum regis, et facerent iuxta iussionem eius: Semei autem filius Gera prostratus coram rege, cum iam transisset Iordanem,
၁၈ကုတို့ လှေသည် နန်းတော်သား များကို ပို့ ခြင်းငှါ ၎င်း၊ အလိုတော်ကိုဆောင် ခြင်းငှါ ၎င်း၊ သွား လာလျက် ရှိ၏။ ယော်ဒန် မြစ်ကို ကူး တော်မူသောအခါ ၊ ဂေရ ၏သား ရှိမိ သည် ရှေ့ တော်၌ပြပ်ဝပ် ၍၊
19 dixit ad eum: Ne reputes mihi domine mi iniquitatem, neque memineris iniuriarum servi tui in die qua egressus es domine mi rex de Ierusalem, neque ponas rex in corde tuo.
၁၉ကျွန်တော် အရှင် သည် ကျွန်တော် ကို အပြစ် ပေး တော်မ မူပါနှင့်။ အရှင် မင်းကြီး သည် ယေရုရှလင် မြို့မှ ထွက် တော်မူသော နေ့ ၌ ကိုယ်တော် ကျွန် သည် လွန်ကျူး စွာ ပြုမိသောအမှုကို မှတ် တော်မ မူပါနှင့်။ နှလုံး သွင်း တော်မမူပါနှင့်။
20 Agnosco enim servus tuus peccatum meum: et idcirco hodie primus veni de omni domo Ioseph, descendique in occursum domini mei regis.
၂၀ကိုယ်တော်ကျွန်သည် ပြစ်မှား မိသည်ကို ကိုယ်တော် ကျွန် သိ ပါ၏။ သို့သော်လည်း ယောသပ် အမျိုးသား အပေါင်း တို့အရင် ၊ ကျွန်တော်သည် ယနေ့ အရှင် မင်းကြီး ကို ခရီးဦးကြို ပြုခြင်းငှါ လာ ပါပြီဟု လျှောက် လေ၏။
21 Respondens vero Abisai filius Sarviæ, dixit: Numquid pro his verbis non occidetur Semei, quia maledixit Christo Domini?
၂၁ဇေရုယာ သား အဘိရှဲ ကလည်း ၊ ရှိမိ သည်ထာဝရဘုရား အခွင့်နှင့် ဘိသိက် ခံသောအရှင်ကို ကျိန်ဆဲ သောကြောင့် အသေ သတ်ခြင်းကိုခံရမည် မ ဟုတ်လော ဟုဆို သော်၊
22 Et ait David: Quid mihi, et vobis filii Sarviæ? Cur efficimini mihi hodie in Satan? Ergo ne hodie interficietur vir in Israel? An ignoro hodie me factum regem super Israel?
၂၂ဒါဝိဒ် က၊ အိုဇေရုယာ သား တို့၊ သင်တို့သည် ယနေ့ ငါ့ ရန်သူ လုပ် မည်အကြောင်း ငါ နှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ဣသရေလ အမျိုးသားတစုံတယောက် သည် ယနေ့ အသေ သတ်ခြင်းကိုခံရမည်လော။ ငါ သည် ယနေ့ ဣသရေလ ရှင်ဘုရင် ဖြစ်သည်ကို ငါသိ သည် မ ဟုတ်လော ဟုမိန့် တော်မူ၍၊
23 Et ait rex Semei: Non morieris. Iuravitque ei.
၂၃ရှိမိ အား လည်း၊ သင်သည် အသေ သတ်ခြင်းကို မ ခံရဟု ကျိန်ဆို တော်မူ၏။
24 Miphiboseth quoque filius Saul descendit in occursum regis illotis pedibus, et intonsa barba: vestesque suas non laverat a die qua egressus fuerat rex, usque ad diem reversionis eius in pace.
၂၄ရှောလု ၏သား မေဖိဗောရှက် သည်လည်း ရှင် ဘုရင် ကို ခရီးဦးကြို ပြုခြင်းငှါ လာ ၏။ ရှင်ဘုရင် ထွက် သောနေ့ မှစ၍ ငြိမ်ဝပ် စွာ ပြန်လာ တော် မ မူမှီတိုင်အောင်၊ သူသည် ခြေ တို့ကိုမ ပြုစု ၊ မုတ်ဆိတ် ကို မ ပြင်ဆင် ၊ အဝတ် ကို မ လျှော် ဘဲနေပြီ။
25 Cumque Ierusalem occurrisset regi, dixit ei rex: Quare non venisti mecum Miphiboseth?
၂၅ရှင် ဘုရင်ကို ခရီးဦးကြို ပြုခြင်းငှါ ယေရုရှလင် မြို့ သို့ ရောက် လာသောအခါ ၊ ရှင် ဘုရင်က မေဖိဗောရှက် ငါ နှင့်အတူ အဘယ်ကြောင့် မ လိုက် သနည်းဟုမေး တော်မူလျှင်၊
26 Et respondens ait: Mi domine rex, servus meus contempsit me: dixique ei ego famulus tuus ut sterneret mihi asinum, et ascendens abirem cum rege: claudus enim sum servus tuus.
၂၆အရှင် မင်းကြီး ၊ ကိုယ်တော် ကျွန် သည် ခြေဆွံ့ သောကြောင့် မြည်းစီး ၍ ကိုယ်တော်ထံသို့သွား ခြင်းငှါ မြည်း ကိုကုန်းနှီးတင် မည်ဟု ကြံစဉ်အခါ၊ ကျွန်တော် ကျွန် သည် ကျွန်တော် ကို လှည့်စား ပါ၏။
27 Insuper et accusavit me servum tuum ad te dominum meum regem: tu autem domine mi rex, sicut Angelus Dei es, fac quod placitum est tibi.
၂၇အရှင် မင်းကြီး ထံ တော်၌ ကိုယ်တော် ကျွန် ကို ကုန်းတိုက် ပါပြီ။ သို့ရာတွင် အရှင် မင်းကြီး သည် ဘုရား သခင်၏ ကောင်းကင် တမန်ကဲ့သို့ ဖြစ်တော်မူ၏။ စိတ်တော်ရှိသည်အတိုင်း ပြု တော်မူပါ။
28 Neque enim fuit domus patris mei, nisi morti obnoxia domino meo regi: tu autem posuisti me servum tuum inter convivas mensæ tuæ: quid ergo habeo iustæ querelæ? Aut quid possum ultra vociferari ad regem?
၂၈ကျွန်တော် အဆွေ အမျိုးအပေါင်း တို့သည် အရှင် မင်းကြီး ရှေ့တော်မှာ လူ သေ ဖြစ်ကြသော်လည်း ၊ စားပွဲ တော်၌ စား သောသူတို့နှင့်အတူ ကိုယ်တော် ကျွန် ကို နေရာ ပေးတော်မူပြီ။ သို့ဖြစ်၍ ရှင်ဘုရင် ထံ တော်၌ ကျွန်တော် မြည်တမ်း ရသော အခွင့် သည် အဘယ်သို့ ရှိ ပါသနည်းဟု ပြန် လျှောက်သော်၊
29 Ait ergo ei rex: Quid ultra loqueris? Fixum est quod locutus sum: tu, et Siba dividite possessiones.
၂၉ရှင် ဘုရင်က သင် ၏အမှု အရာတို့ကို အဘယ် ပြော စရာရှိသနည်း။ သင် နှင့် ဇိဘ သည်မြေ ကို ဝေ ၍ ယူရကြမည်ငါစီရင် ပြီဟု မိန့် တော်မူ၏။
30 Responditque Miphiboseth regi: Etiam cuncta accipiat, postquam reversus est dominus meus rex pacifice in domum suam.
၃၀မေဖိဗောရှက် ကလည်း ၊ အရှင် မင်းကြီး သည် နန်း တော်သို့ တဖန် ငြိမ်ဝပ် စွာရောက် တော်မူသောကြောင့် ၊ သူသည်အလုံးစုံ တို့ကိုပင် ယူ ပါစေဟု လျှောက် လေ၏။
31 Berzellai quoque Galaadites, descendens de Rogelim, traduxit regem Iordanem, paratus etiam ultra fluvium prosequi eum.
၃၁ဂိလဒ် ပြည်သားဗာဇိလဲ သည်လည်း ရောဂေလိမ် မြို့မှ လာ ၍ ရှင် ဘုရင်ကို ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ ခြင်းငှါ ကိုယ်တော် နှင့်အတူ ကူး လေ၏။
32 Erat autem Berzellai Galaadites senex valde, id est, octogenarius, et ipse præbuit alimenta regi, cum moraretur in castris: fuit quippe vir dives nimis.
၃၂ဗာဇိလဲ သည် အသက် ရှစ် ဆယ်ရှိ၍ အို သောသူဖြစ်၏။ ရှင်ဘုရင်သည်မဟာနိမ် မြို့မှာ တပ်ချ သော ကာလပတ်လုံးရှင် ဘုရင်ကို လုပ်ကျွေး ၏။ အလွန် ရ တတ် သော သူ လည်းဖြစ်၏။
33 Dixit itaque rex ad Berzellai: Veni mecum, ut requiescas securus mecum in Ierusalem.
၃၃ရှင် ဘုရင်ကလည်း ငါ နှင့်အတူ လိုက် လော့။ ယေရုရှလင် မြို့၌ သင့် ကိုငါ နှင့်အတူ ငါလုပ်ကျွေး မည်ဟု ဗာဇိလဲ အား အမိန့် ရှိလျှင်၊
34 Et ait Berzellai ad regem: Quot sunt dies annorum vitæ meæ, ut ascendam cum rege in Ierusalem?
၃၄ဗာဇိလဲ က၊ အရှင်မင်းကြီး နှင့်အတူ ယေရုရှလင် မြို့သို့ သွား ရမည်အကြောင်း ကျွန်တော် အသက် သည် အဘယ်မျှ လောက်ကျန်ကြွင်းပါသေးသနည်း။
35 Octogenarius sum hodie: numquid vigent sensus mei ad discernendum suave, aut amarum? Aut delectare potest servum tuum cibus et potus? Vel audire possum ultra vocem cantorum, atque cantatricum? Quare servus tuus sit oneri domino meo regi?
၃၅ယနေ့ ကျွန်တော် အသက် ရှစ် ဆယ်ရှိပါပြီ။ ကောင်း မကောင်း ကို ကျွန်တော်ပိုင်းခြား၍ သိ နိုင်ပါမည် လော။ ကိုယ်တော် ကျွန် သည် အစား အသောက် အရသာကို မြည်း နိုင်ပါမည်လော။ သီချင်းသည် ယောက်ျား၊ သီချင်းသည် မိန်းမဆိုသောအသံ ကိုကြား နိုင်ပါမည်လော။ ကိုယ်တော် ကျွန် သည်အရှင် မင်းကြီး ကို အဘယ်ကြောင့် နှောင့်ရှက်ရပါမည်နည်း။
36 Paululum procedam famulus tuus ab Iordane tecum: non indigeo hac vicissitudine,
၃၆ကိုယ်တော် ကျွန် သည် အရှင်မင်းကြီး နှင့်အတူ ယော်ဒန် မြစ်တစ်ဘက်သို့ အနည်းငယ် လိုက်ပါမည်။ ရှင် ဘုရင်သည် ဤမျှလောက် ကြီးစွာသော ဆု ကို အဘယ်ကြောင့် ချပေး တော်မူမည်နည်း။
37 sed obsecro ut revertar servus tuus, et moriar in civitate mea, et sepeliar iuxta sepulchrum patris mei, et matris meæ. Est autem servus tuus Chamaam, ipse vadat tecum, domine mi rex, et fac ei quidquid tibi bonum videtur.
၃၇ကိုယ်တော် ကျွန် သည် နေရင်းမြို့ တွင် မိဘ သင်္ချိုင်း နား မှာ သေ ရမည်အကြောင်း ၊ ပြန် သွားရသောအခွင့်ကိုပေး တော်မူပါ။ သို့ရာတွင် ကိုယ်တော် ကျွန် ခိမဟံ ရှိ ပါ၏။ အရှင် မင်းကြီး နှင့်အတူ လိုက် စေတော်မူပါ။ စိတ် တော်ရှိသည်အတိုင်း သူ ၌ ပြု တော်မူပါဟု လျှောက် လေ၏။
38 Dixit itaque ei rex: Mecum transeat Chamaam, et ego faciam ei quidquid tibi placuerit, et omne, quod petieris a me, impetrabis.
၃၈ရှင် ဘုရင်ကလည်း ၊ ခိမဟံ သည် ငါ နှင့်အတူ လိုက် ရမည်။ သင် အလိုရှိသည်အတိုင်းသူ ၌ ငါ ပြု မည်။ သင်တောင်း သမျှ ကိုလည်း သင့် အဘို့ ငါပြု မည်ဟု မိန့် တော်မူ၏။
39 Cumque transisset universus populus et rex Iordanem, osculatus est rex Berzellai, et benedixit ei: et ille reversus est in locum suum.
၃၉လူ အပေါင်း တို့သည်လည်း ယော်ဒန် မြစ်ကို ကူး ကြ၏။ ရှင် ဘုရင်သည် ကိုယ်တိုင်ကူး ပြီးမှ ၊ ဗာဇိလဲ ကို နမ်း ၍ ကောင်းကြီး ပေးတော်မူသဖြင့် ၊ သူသည် မိမိ နေရာ သို့ ပြန် သွား၏။
40 Transivit ergo rex in Galgalam, et Chamaam cum eo. Omnis autem populus Iuda traduxerat regem, et media tantum pars adfuerat de populo Israel.
၄၀ရှင် ဘုရင်သည် ဂိလဂါလ မြို့သို့ ကြွ တော်မူ၏။ ခိမဟံ သည်လည်း လိုက် လေ၏။ ယုဒအမျိုးသားရှိသမျှတို့ နှင့် ဣသရေလအမျိုးသားတဝက်တို့သည် ရှင်ဘုရင်ကို ပို့ကြ၏။
41 Itaque omnes viri Israel concurrentes ad regem dixerunt ei: Quare te furati sunt fratres nostri viri Iuda, et traduxerunt regem et domum eius Iordanem, omnesque viros David cum eo?
၄၁တဖန် ဣသရေလ အမျိုးသား အပေါင်း တို့သည် ရှင်ဘုရင် ထံ တော်သို့လာ ၍ ၊ ကျွန်တော် တို့ ညီအစ်ကို ဖြစ် သော ယုဒ အမျိုးသား တို့သည် ကိုယ်တော် ကို ခိုးယူ ၍ ကိုယ်တော်နှင့်တကွနန်းတော်သား ကိုယ်တော်၏ လူ အပေါင်း တို့ကို အဘယ်ကြောင့်ယော်ဒန် မြစ်တစ်ဘက်သို့ ပို့ရကြမည်နည်း’ဟုလျှောက် ကြသော်၊
42 Et respondit omnis vir Iuda ad viros Israel: Quia mihi propior est rex: cur irasceris super hac re? Numquid comedimus aliquid ex rege, aut munera nobis data sunt?
၄၂ယုဒ အမျိုးသား အပေါင်း တို့က၊ ရှင် ဘုရင်သည် ငါ တို့နှင့် ပေါက်ဘော် တော်သည်ဖြစ်၍ ၊ ဤ အမှု ၌ သင် တို့သည် အဘယ်ကြောင့်စိတ်ဆိုး ကြသနည်း။ ရှင်ဘုရင် ၏ ရိက္ခါတော်ကို ငါတို့စား ကြသလော။ ငါ တို့အား တစုံတခုသောဆုကိုပေး တော်မူသလောဟု ဣသရေလ အမျိုးသား တို့အား ပြန် ပြောကြ၏။
43 Et respondit vir Israel ad viros Iuda, et ait: Decem partibus maior ego sum apud regem, magisque ad me pertinet David quam ad te: cur fecisti mihi iniuriam, et non mihi nunciatum est priori, ut reducerem regem meum? Durius autem responderunt viri Iuda viris Israel.
၄၃ဣသရေလ အမျိုးသား တို့ကလည်း ၊ ငါတို့သည် ရှင်ဘုရင် ၌ ဆယ် ဘို့တို့ကိုဆိုင်ကြ၏။ ဒါဝိဒ်အမျိုးကို သင် တို့ဆိုင်သည်ထက် ငါတို့ သာ၍ဆိုင်ကြ၏။ ရှင် ဘုရင်ကို ပြန် ပို့ခြင်းအမှုတွင် ငါ တို့နှင့်ရှေးဦးစွာ မ တိုင်ပင်ဘဲ အဘယ်ကြောင့် ငါ တို့ကို မထီမဲ့မြင် ပြုကြသနည်းဟု ယုဒ အမျိုးသား တို့ကို ပြန် ပြောကြ၏။ သို့ရာတွင် ဣသရေလအမျိုးသား တို့ စကား ထက် ယုဒ အမျိုးသား တို့ စကား သည်သာ၍ခိုင်ခံ့ ၏။

< Ii Samuelis 19 >