< Ii Paralipomenon 27 >

1 Viginti quinque annorum erat Joatham cum regnare cœpisset, et sedecim annis regnavit in Jerusalem: nomen matris ejus Jerusa filia Sadoc.
ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။ သူ​၏​မယ်​တော်​မှာ ဇာ​ဒုတ်​၏​သ​မီး​ယေ​ရု​ရှာ​ဖြစ်​၏။-
2 Fecitque quod rectum erat coram Domino, juxta omnia quæ fecerat Ozias pater suus, excepto quod non est ingressus templum Domini: et adhuc populus delinquebat.
သူ​သည်​ခ​မည်း​တော်​နည်း​တူ​ထာ​ဝရ​ဘု​ရား ၏​မျက်​မှောက်​တော်​၌ ဖြောင့်​မှန်​သော​အ​မှု​တို့ ကို​ပြု​၏။ သို့​ရာ​တွင်​သူ​သည်​ခ​မည်း​တော် ကဲ့​သို့ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​၍​အ​ပြစ်​မ​ကူး လွန်​ချေ။ ပြည်​သူ​တို့​မူ​ကား​အ​ပြစ်​ကူး​မြဲ ကူး​လွန်​လျက်​နေ​ကြ​လေ​သည်။
3 Ipse ædificavit portam domus Domini excelsam, et in muro Ophel multa construxit.
ဗိ​မာန်​တော်​မြောက်​တံ​ခါး​ကို​ပြု​လုပ်​၍ ယေ​ရု​ရှ​လင်​မြို့၊ သြ​ဖေ​လ​အ​ရပ်​ရှိ​မြို့ ရိုး​ကို​အ​လွန်​ခိုင်​ခံ့​စေ​သူ​မှာ​ယော​သံ​ပင် ဖြစ်​၏။-
4 Urbes quoque ædificavit in montibus Juda, et in saltibus castella et turres.
သူ​သည်​ယု​ဒ​တောင်​ရိုး​များ​ပေါ်​တွင်​မြို့ များ​ကို​တည်​၍ တောင်​ကုန်း​မြင့်​များ​တွင် ခံ​တပ်​များ​နှင့်​မျှော်​စင်​များ​ကို​တည် ဆောက်​ခဲ့​၏။
5 Ipse pugnavit contra regem filiorum Ammon, et vicit eos, dederuntque ei filii Ammon in tempore illo centum talenta argenti, et decem millia coros tritici, ac totidem coros hordei: hæc ei præbuerunt filii Ammon in anno secundo et tertio.
အမ္မုန်​ဘု​ရင်​နှင့်​သူ​၏​တပ်​မ​တော်​ကို​တိုက် ခိုက်​နှိမ်​နင်း​ပြီး​လျှင် အမ္မုန်​အ​မျိုး​သား​တို့ အား​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ဖြင့်​တစ်​နှစ် လျှင်​ငွေ​ချိန်​လေး​တန်၊ ဂျုံ​ဆန်​တင်း​ငါး​သောင်း နှင့် မု​ယော​ဆန်​တင်း​ငါး​သောင်း​ကို​သုံး​နှစ် တိုင်​တိုင်​ပေး​ဆက်​စေ​လေ​သည်။-
6 Corroboratusque est Joatham, eo quod direxisset vias suas coram Domino Deo suo.
ယော​သံ​သည်​မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​၏​အ​မိန့်​တော်​ကို တစ်​သ​မတ်​တည်း လိုက်​နာ​သ​ဖြင့်​တန်​ခိုး​ကြီး​လာ​၏။-
7 Reliqua autem sermonum Joatham, et omnes pugnæ ejus et opera, scripta sunt in libro regum Israël et Juda.
ယော​သံ​၏​နန်း​သက်​အ​တွင်း​ဖြစ်​ပျက်​သည့် အ​ခြား​အ​မှု​အ​ရာ​များ၊ သူ​ဆင်​နွှဲ​သည့် စစ်​ပွဲ​များ​နှင့်​သူ​ချ​မှတ်​သည့်​မူ​ဝါ​ဒ​များ ကို​ဣသ​ရေ​လ​ရာ​ဇ​ဝင်​နှင့်​ယု​ဒ​ရာ​ဇ​ဝင် တို့​တွင်​ရေး​ထား​သ​တည်း။-
8 Viginti quinque annorum erat cum regnare cœpisset, et sedecim annis regnavit in Jerusalem.
ယော​သံ​သည်​အ​သက်​နှစ်​ဆယ့်​ငါး​နှစ်​၌​နန်း တက်​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​တစ်​ဆယ့်​ခြောက် နှစ်​နန်း​စံ​ရ​လေ​သည်။-
9 Dormivitque Joatham cum patribus suis, et sepelierunt eum in civitate David: et regnavit Achaz filius ejus pro eo.
သူ​ကွယ်​လွန်​သော​အ​ခါ​သူ့​ကို​ဒါ​ဝိဒ်​မြို့ တော်​တွင်​သင်္ဂြိုဟ်​ကြ​၏။ သား​တော်​အာ​ခတ် သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို ဆက်​ခံ​၍​နန်း​တက်​လေ​သည်။

< Ii Paralipomenon 27 >