< Thessalonicenses I 4 >

1 De cetero ergo, fratres, rogamus vos et obsecramus in Domino Jesu, ut quemadmodum accepistis a nobis quomodo oporteat vos ambulare, et placere Deo, sic et ambuletis ut abundetis magis.
ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ​စေ​ရန်​အ​ဘယ်​သို့​ပြု​မူ ကျင့်​ကြံ​ရ​မည်​ကို သင်​တို့​အား​ငါ​တို့​သွန် သင်​ပြီး​ဖြစ်​ပေ​သည်။ သင်​တို့​သည်​ငါ​တို့ သွန်​သင်​သည့်​အ​တိုင်း​ပြု​ကျင့်​လျက်​ရှိ​ကြ သည်​မှန်​သော်​လည်း၊ ထို​ထက်​ပို​၍​ကြိုး​စား အား​ထုတ်​ကြ​ရန်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​ငါ​တို့​အ​ထူး​တိုက် တွန်း​လို​၏။-
2 Scitis enim quæ præcepta dederim vobis per Dominum Jesum.
သင်​တို့​အ​ဘယ်​သို့​ပြု​ကျင့်​ရ​မည်​နှင့်​ပတ် သက်​၍ သ​ခင်​ယေ​ရှု​ပေး​အပ်​ထား​သည့် အ​ခွင့်​အာ​ဏာ​အ​ရ၊ သင်​တို့​အား​ငါ​တို့ ညွှန်​ကြား​ထား​သည့်​အ​ချက်​များ​ကို​သင် တို့​သိ​ကြ​၏။-
3 Hæc est enim voluntas Dei, sanctificatio vestra: ut abstineatis vos a fornicatione,
ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​သန့်​ရှင်း မြင့်​မြတ်​ကြ​စေ​ရန်​နှင့် ကာ​မ​ဂုဏ်​လွန်​ကူး မှု​နှင့်​လုံး​ဝ​ကင်း​ကြ​စေ​ရန်​အ​လို​ရှိ​တော် မူ​၏။-
4 ut sciat unusquisque vestrum vas suum possidere in sanctificatione, et honore:
အ​မျိုး​သား​တိုင်း​ပင်​သန့်​ရှင်း​ဖြူ​စင်​တင့်​တယ် လျောက်​ပတ်​စွာ​မိ​မိ​၏​ဇ​နီး​နှင့်​ပေါင်း​သင်း နေ​ထိုင်​တတ်​ရ​မည်။-
5 non in passione desiderii, sicut et gentes, quæ ignorant Deum:
ဘု​ရား​သ​ခင်​ကို​မ​ကိုး​ကွယ်​သူ​တို့​ကဲ့​သို့ ကိ​လေ​သာ​စိတ်​၏​အ​လို​သို့​မ​လိုက်​ရ။-
6 et ne quis supergrediatur, neque circumveniat in negotio fratrem suum: quoniam vindex est Dominus de his omnibus, sicut prædiximus vobis, et testificati sumus.
ဤ​အ​မှု​မျိုး​တွင်​သင်​တို့​သည်​ညီ​အစ်​ကို အ​ချင်း​ချင်း​မ​ပြစ်​မှား​ရ။ အ​ခွင့်​ကောင်း ကို​မ​ယူ​ရ။ သ​ခင်​ဘု​ရား​သည်​ဤ​အ​ပြစ် မျိုး​ကူး​လွန်​သော​သူ​တို့​အား အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​မည်​ဖြစ်​ကြောင်း​သင်​တို့​အား ငါ​တို့​ကြပ်​တည်း​စွာ​သ​တိ​ပေး​ပြီး​ဖြစ်​သည်။-
7 Non enim vocavit nos Deus in immunditiam, sed in sanctificationem.
ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​ကာ​မ​ဂုဏ်​လိုက် စား​မှု​၌ မွေ့​လျော်​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​သည်​မ​ဟုတ်။ သန့်​ရှင်း​ဖြူ​စင်​စွာ​ပြု​မူ​ကျင့် ကြံ​နေ​ထိုင်​ကြ​စေ​ရန်​ခေါ်​ယူ​ရွေး​ကောက်​တော် မူ​ပေ​သည်။-
8 Itaque qui hæc spernit, non hominem spernit, sed Deum: qui etiam dedit Spiritum suum Sanctum in nobis.
သို့​ဖြစ်​၍​ဤ​သွန်​သင်​ချက်​ကို​မ​လိုက်​လျှောက်​သူ မည်​သည်​ကား​လူ​ကို​ပစ်​ပယ်​သူ​မ​ဟုတ်။ မိ​မိ​၏ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို သင်​တို့​အား​ပေး တော်​မူ​သော​ဘု​ရား​သ​ခင်​ကို​ပစ်​ပယ်​သူ​ဖြစ် သ​တည်း။
9 De caritate autem fraternitatis non necesse habemus scribere vobis: ipsi enim vos a Deo didicistis ut diligatis invicem.
ယုံ​ကြည်​သူ​အ​ချင်း​ချင်း​ချစ်​ကြ​စေ​ရန်​သင် တို့​ကို​ဘု​ရား​သ​ခင်​သွန်​သင်​တော်​မူ​ခဲ့​သ​ဖြင့် သင်​တို့​အ​ချင်း​ချင်း​ချစ်​ရ​မည်​အ​ကြောင်း​နှင့် ပတ်​သက်​၍​ရေး​သား​ရန်​မ​လို။-
10 Etenim illud facitis in omnes fratres in universa Macedonia. Rogamus autem vos, fratres, ut abundetis magis,
၁၀အ​မှန်​စင်​စစ်​သင်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် တစ်​ပြည်​လုံး​ရှိ​ခ​ရစ်​ယာန်​ညီ​အစ်​ကို​တို့​အား ချစ်​ခဲ့​ကြ​လေ​ပြီ။ သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ထို​ထက်​မ​က​ပို​မို​ချစ်​ကြ​ရန် ငါ​တို့​တိုက်​တွန်း​၏။-
11 et opera detis ut quieti sitis, et ut vestrum negotium agatis, et operemini manibus vestris, sicut præcepimus vobis:
၁၁သင်​တို့​သည်​ယ​ခင်​က​ငါ​တို့​ညွှန်​ကြား​ခဲ့​သည့် အ​တိုင်း​ငြိမ်​ဝပ်​စွာ​နေ​ထိုင်​ရန်​လည်း​ကောင်း၊ ကိုယ့် အ​ရေး​ကိစ္စ​ကို​ဂ​ရု​စိုက်​ရန်​လည်း​ကောင်း၊ ကိုယ့် လက်​ဖြင့်​လုပ်​ကိုင်​ရန်​လည်း​ကောင်း​ကြိုး​စား အား​ထုတ်​ကြ​လော့။-
12 et ut honeste ambuletis ad eos qui foris sunt: et nullius aliquid desideretis.
၁၂ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​အ​သင်း​တော်​ဝင် မ​ဟုတ် သူ​တို့​၏​ကြည်​ညို​လေး​စား​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်။ အ​ဘယ်​သူ​ကို​မျှ​မှီ​ခို​ရန်​လည်း လို​လိမ့်​မည်​မ​ဟုတ်။
13 Nolumus autem vos ignorare fratres de dormientibus, ut non contristemini sicut et ceteri, qui spem non habent.
၁၃ညီ​အစ်​ကို​တို့၊ သေ​လွန်​ပြီး​နောက်​မျှော်​လင့်​စ​ရာ မ​ရှိ​သူ​တို့​ကဲ့​သို့ သင်​တို့​ဝမ်း​နည်း​ကြေ​ကွဲ​မှု မ​ဖြစ်​ကြ​စေ​ရန် ငါ​တို့​သည်​သေ​လွန်​သူ​များ နှင့်​ပတ်​သက်​၍​သင်​တို့​အား​အ​မှန်​တ​ရား​ကို သိ​စေ​လို​၏။-
14 Si enim credimus quod Jesus mortuus est, et resurrexit: ita et Deus eos qui dormierunt per Jesum, adducet cum eo.
၁၄သ​ခင်​ယေ​ရှု​သည်​အ​သေ​ခံ​တော်​မူ​ပြီး​နောက် ရှင်​ပြန်​ထ​မြောက်​တော်​မူ​သည်​ဟု​ငါ​တို့​ယုံ​ကြည် သော​ကြောင့် ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​ကို​ယုံ ကြည်​လျက်​သေ​လွန်​သွား​ကုန်​သော​သူ​တို့​အား ထို​အ​ရှင်​နှင့်​အ​တူ​မိ​မိ​ထံ​တော်​သို့​ပြန်​၍ ခေါ်​ဆောင်​သွား​တော်​မူ​လိမ့်​မည်​ဟု​ငါ​တို့ ယုံ​ကြည်​ကြ​ပေ​သည်။
15 Hoc enim vobis dicimus in verbo Domini, quia nos, qui vivimus, qui residui sumus in adventum Domini, non præveniemus eos qui dormierunt.
၁၅သ​ခင်​ဘု​ရား​သွန်​သင်​တော်​မူ​ချက်​ကို​ယ​ခု ငါ​တို့​ဖော်​ပြ​ပေ​အံ့။ သ​ခင်​ဘု​ရား​ကြွ​လာ​တော် မူ​သော​နေ့​၌​အ​သက်​ရှင်​လျက်​ရှိ​ကြ​သူ​ငါ​တို့ သည်​သေ​လွန်​သူ​တို့​ထက်​အ​လျင်​ရောက်​ကြ​လိမ့် မည်​မ​ဟုတ်။-
16 Quoniam ipse Dominus in jussu, et in voce archangeli, et in tuba Dei descendet de cælo: et mortui, qui in Christo sunt, resurgent primi.
၁၆ကြွေး​ကြော်​အ​မိန့်​ပေး​သံ၊ ကောင်း​ကင်​တ​မန်​မင်း ၏​ဟစ်​သံ၊ ဘု​ရား​သ​ခင်​၏​တံ​ပိုး​တော်​မှုတ်​သံ​ကို ကြား​ရ​သော​အ​ခါ သ​ခင်​ဘု​ရား​ကိုယ်​တော်​တိုင် ကောင်း​ကင်​ဘုံ​မှ​ဆင်း​သက်​ကြွ​လာ​တော်​မူ​လိမ့် မည်။ ခ​ရစ်​တော်​ကို​ယုံ​ကြည်​၍​သေ​လွန်​သူ​များ သည်​ဦး​စွာ​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်။-
17 Deinde nos, qui vivimus, qui relinquimur, simul rapiemur cum illis in nubibus obviam Christo in aëra, et sic semper cum Domino erimus.
၁၇ထို​နောက်​အ​သက်​ရှင်​လျက်​ကျန်​ရစ်​သော​ငါ​တို့ သည်​အာ​ကာ​သ​တွင်​သေ​လွန်​သူ​တို့​နှင့်​အ​တူ သ​ခင်​ဘု​ရား​နှင့်​တွေ့​ဆုံ​ရန်​မိုး​ကောင်း​ကင်​သို့ ယူ​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ဤ​နည်း အား​ဖြင့်​ငါ​တို့​သည်​သ​ခင်​ဘု​ရား​နှင့်​အ​တူ အ​စဉ်​အ​မြဲ​နေ​ရ​ကြ​ပေ​အံ့။-
18 Itaque consolamini invicem in verbis istis.
၁၈သို့​ဖြစ်​၍​ဤ​စကား​များ​အား​ဖြင့်​အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက်​အား​ပေး​ကြ​လော့။

< Thessalonicenses I 4 >