< پەندەکانی سلێمان 18 >

کەسی دوورەپەرێز دوای ئارەزووی خۆی کەوتووە، بە ڕووی هەموو داناییەکی تەواودا دەتەقێتەوە. 1
သူတပါးများနှင့် မရောနှောသောသူသည် မိမိ စေတနာ အလိုရှိသည်အတိုင်း ရှာဖွေ၍၊ ပညာရတနာ အမျိုးမျိုးကို စူးစမ်းမွှေနှောက်တတ်၏။
گێل خۆشی لە تێگەیشتن نابینێت، بەڵکو بە پەخشکردنی ئەوەی لە دڵیدایە. 2
မိုက်သောသူမူကား၊ မိမိစိတ်သဘောကို ပြစရာ အခွင့်မှတပါး၊ အခြားသောအကြောင်းကြောင့် ဥာဏ် ပညာ၌ မပျော်မွေ့တတ်။
بە هاتنی خراپەکار سووکایەتیش دێت، لەگەڵ شەرمەزاریش ڕیسوایی. 3
မတရားသောသူလာသောအခါ၊ မထီမဲ့မြင်ပြု ခြင်းကို ခံရ၏။ ဂုဏ်အသရေပျက်သောအခါ၊ ကဲ့ရဲ့ခြင်း ကိုလည်း ခံရ၏။
قسەی دەمی مرۆڤ ئاوێکی قووڵە، بەڵام سەرچاوەی دانایی کانیاوێکی هەڵقوڵاوە. 4
နှုတ်ထွက်သောစကားသည် နက်သောရေကဲ့သို့ ၎င်း၊ ပညာစမ်းရေတွင်းသည် ရေစီးသောမြစ်ကဲ့သို့၎င်း ဖြစ်၏။
نە لایەنگری خراپەکار باشە، نە بێبەشکردنی ڕاستودروست لە دادپەروەری. 5
တရားတွေ့ရာအမှု၌ ဖြောင့်မတ်သောသူကို ရှုံးစေခြင်းငှါ၊ မတရားသော သူ၏မျက်နှာကို မထောက် ကောင်း။
لێوەکانی کەسی گێل دەیهێننە ناو ناکۆکییەوە، دەمی بانگی لێدان دەکات. 6
မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။
دەمی گێل دەبێتە هۆی لەناوچوونی، لێوەکانیشی تەڵەن بۆ گیانی. 7
မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။
قسەکانی دەمشڕ وەک پارووی بەتامە، شۆڕ دەبێتەوە ناو ورگ. 8
ကုန်းတိုက်သောသူ၏စကားသည် မြိန်သော ခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
ئەوەی سست بێت لە کارەکەی برای وەستای وێرانکردنە. 9
အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသော သူနှင့်ညီအစ်ကို တော်ပေ၏။
ناوی یەزدان قوللەیەکی بەهێزە، کەسی ڕاستودروست بۆ ئەوێ ڕادەکات و پەناگیر دەبێت. 10
၁၀ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သော ရဲတိုက်ဖြစ်၍၊ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့်၊ လုံခြုံစွာနေရကြ၏။
سامانی دەوڵەمەند شاری قەڵابەندیەتی، وەک شوورایەکی بڵندە بە خەیاڵی ئەو. 11
၁၁ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏။
پێش شکستهێنان دڵی مرۆڤ بەفیزە، بەڵام پێش ڕێزلێنان بێفیزە. 12
၁၂ပျက်စီးခြင်းအရင်၌လူသည် စိတ်မြင့်ခြင်း၏ နေရာ၊ ဂုဏ်အသရေ အရင်၌နှိမ့်ချခြင်း၏နေရာရှိ၏။
ئەوەی وەڵامی شتێک بداتەوە پێش بیستنی دەبێتە مایەی گێلایەتی و شەرمەزاری بۆی. 13
၁၃အကျိုးအကြောင်းကို မစစ်မှီ၊ အမှုစီရင်သော သူသည်မိုက်သော အပြစ်၊ အရှက်ကွဲရသောအပြစ်ရှိ၏။
ڕۆحی مرۆڤ بەرگەی نەخۆشی دەگرێت، بەڵام ڕۆحی تێکشکاو کێ بەرگەی دەگرێت؟ 14
၁၄လူ၏စိတ်ဝိညာဉ်သည် မိမိနာခြင်းဝေဒနာကို ခံနိုင်၏။ ကြေကွဲသောစိတ်ကိုကား၊ အဘယ်သူသည်းခံ နိုင်သနည်း။
دڵی پیاوی تێگەیشتوو زانیاری وەردەگرێت، گوێی دانایانیش داوای زانینی لێ دەکات. 15
၁၅သမ္မာသတိရှိသောသူ၏ စိတ်နှလုံးသည် ပညာ အတတ်ကို သိုထားတက်၏။ ပညာရှိသော သူ၏နားသည် လည်း၊ ပညာစကားကို ရှာတတ်၏။
دیاری مرۆڤ ڕێگای خۆش دەکات و بەرەو ئامادەبوونی گەورە پیاوانی دەبات. 16
၁၆လူ၌ပါသော လက်ဆောင်အားဖြင့်၊ လမ်းရှင်း လင်း၍၊ လူကြီးထံသို့ ဝင်ရသောအခွင့်ရှိတတ်၏။
ئەوەی یەکەم جار سکاڵا بکات لەوە دەچێت ڕاست بێت، هەتا نزیکەکەی دێت و لێی دەکۆڵێتەوە. 17
၁၇ကိုယ်အမှုကို အဦးစောင့်၍ပြောသောသူသည် ဖြောင့်မတ်ရာသို့ ရောက်သော်လည်း၊ အိမ်နီးချင်းလာ၍ စစ်ကြောတတ်၏။
تیروپشک ناکۆکی دەبڕێنێتەوە و بەهێزەکان لە یەکتر جیا دەکاتەوە. 18
၁၈စာရေးတံပြုခြင်းအားဖြင့် အငြင်းအခုံငြိမ်း၍၊ အားကြီးသော သူတို့အမှုကို ဆုံးဖြတ်တတ်၏။
خراپە دەرهەق بە برا، ئاشتکردنەوەی لە شاری قەڵابەند سەختترە، ناکۆکیش وەک شمشیرەی دەروازەی قەڵایە. 19
၁၉အငြိုးထားသောညီအစ်ကိုသည် ခိုင်ခံ့သောမြို့ ထက် သာ၍ခက်၏။ ညီအစ်ကို ရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျင်ကဲ့သို့ ဖြစ်၏။
لە بەروبوومی دەمی مرۆڤ سکی تێردەبێت، لە دروێنەی لێوەکانی خۆی تێر دەخوات. 20
၂၀လူသည်မိမိနှုတ်၏အသီးနှင့်ဝမ်းပြည့်ရ၏။ မိမိနှုတ်ခမ်းတို့၏ စီးပွါးနှင့်ဝရ၏။
مردن و ژیان بە دەست زمانە، ئەوەی حەزی لێی بێت بەروبوومەکەی دەخوات. 21
၂၁လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။
ئەوەی ژنێکی دەست بکەوێت خێرێکی دەست دەکەوێت، ڕەزامەندی یەزدانیش بەدەستدەهێنێت. 22
၂၂မယားကိုရသောသူသည် ကောင်းသောအရာကို ရ၍၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ခံရ၏။
هەژار بۆ بەزەیی دەپاڕێتەوە، بەڵام دەوڵەمەند بە ڕەقی وەڵام دەداتەوە. 23
၂၃ဆင်းရဲသောသူသည် တောင်းပန်တတ်၏။ ငွေရ တတ်သောသူမူကား၊ ကြမ်းတမ်းစွာ ပြန်ပြောတတ်၏။
پیاو برادەری زۆر بێت خۆی گرفتار دەکات، بەڵام دۆستێک هەیە لە برا نزیکترە. 24
၂၄အပေါင်းအဘော်များသောသူသည် အကျိုး နည်းရှိတတ်၏။ မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ၍ စွဲကပ်တတ်၏။

< پەندەکانی سلێمان 18 >