< ئەیوب 11 >
چۆفەری نەعماتیش وەڵامی دایەوە: | 1 |
၁နေမတ်အမျိုးသား ဇောဖာမြွက်ဆိုသည်ကား၊
«ئایا ئەم هەموو قسانە شایانی وەڵام نین، یاخود پیاوی زۆربڵێ ئەستۆپاک دەبێت؟ | 2 |
၂စကားများ၍ အကျိုးရှိသည်မဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။
ئایا قسە پووچەکانت خەڵکی بێدەنگ دەکات، یان گاڵتە دەکەیت و کەس نییە شەرمەزارت بکات؟ | 3 |
၃သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာနေရမည်လော။ သင်ကဲ့ရဲ့သောအခါ အဘယ်သူသည် အရှက်မကွဲနေရမည်နည်း။
بە خودا دەڵێیت”باوەڕم بێگەردە و من لەبەرچاوی تۆدا پاکم،“ | 4 |
၄သင်က၊ ငါ့စကားဖြောင့်၏။ ဘုရားသခင့်ရှေ့တော်၌ ငါသန့်ရှင်း၏ဟု ဆိုမိပြီ။
بەڵام خۆزگە خودا دەدوا و لێوەکانی بەرامبەر بە تۆ دەکردەوە و | 5 |
၅ဘုရားသခင်မိန့်တော်မူပါစေ။ သင့်တဘက်၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ။
نهێنییەکانی دانایی بۆت ئاشکرا دەکرد، چونکە دانایی لایەکی ئاشکرا و لایەکی شاردراوەشی هەیە، جا دەتزانی کە خودا لە تاوانەکەی خۆت کەمتر سزای داویت. | 6 |
၆နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။
«ئایا دەتوانیت لە نهێنییەکانی خودا بگەیت؟ ئایا دەتوانیت بگەیتە سنووری خودای هەرە بەتوانا؟ | 7 |
၇သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။
ئەو لە ئاسمان بەرزترە، ئیتر تۆ چی دەکەیت، لە جیهانی مردووان قووڵترە، ئیتر تۆ چی دەزانیت؟ (Sheol ) | 8 |
၈မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။ (Sheol )
پێوانەکەی لە زەوی درێژترە و لە دەریاش پانترە. | 9 |
၉အတိုင်းအရှည်သည် မြေကြီးကိုလွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။
«ئەگەر هات و تۆی خستە بەندیخانەوە و تۆی بردە دادگا، کێ ڕێی لێ دەگرێت؟ | 10 |
၁၀ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးတားနိုင်သနည်း။
بێگومان ئەو دەزانێت خراپەکاران کێن و خراپەکاری دەبینێت، وا دەزانیت ئاگای لێ نییە؟ | 11 |
၁၁ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။
بەڵام پیاوێکی بێ ئەقڵ نابێتە تێگەیشتوو هەتا جاشکی کەرەکێوی وەک مرۆڤ لەدایک نەبێت. | 12 |
၁၂သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာ သတိရလိမ့်မည်။
«ئەگەر تۆ دڵی خۆت ئامادە بکەیت و دەستی خۆتی بۆ پان بکەیتەوە، | 13 |
၁၃သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊
ئەگەر ئەو خراپەیەی لەناو دەستتە دووری بخەیتەوە و نەهێڵیت ستەم لەناو چادرەکەت نیشتەجێ بێت، | 14 |
၁၄သင်ပြုသော ဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှုကို လက်မခံလျှင်၎င်း၊
ئەو کاتە بەبێ کەموکوڕی شەرم ناکەیت و چەسپاو دەبیت و ناترسیت. | 15 |
၁၅အညစ်အကြေးနှင့်ကင်းလွတ်သော မျက်နှာကို ပြရလိမ့်မည်။ စိုးရိမ်စရာအကြောင်းမရှိ၊ တည်ကြည် လိမ့်မည်။
چەرمەسەری لەبیر دەکەیت و وەک ئاوێکی تێپەڕیو یادی دەکەیتەوە. | 16 |
၁၆ခံပြီးသောဒုက္ခဆင်းရဲကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့ အောက်မေ့လိမ့်မည်။
ژیانت لە نیوەڕۆ ڕۆشنتر دەبێت و تاریکی وەک ڕووناکی بەیانی لێدێت. | 17 |
၁၇သင်၏အသက်သည်မွန်းတည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။
دڵنیا دەبیت، چونکە ئومێدت هەیە، دەوروبەرەکەت دەپشکنیت و بە ئاسوودەییەوە پشوو دەدەیت. | 18 |
၁၈မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။
خۆت مات دەکەیت و کەس نییە هەراسانت بکات و زۆر کەس لە ڕووی تۆ دەپاڕێنەوە. | 19 |
၁၉အိပ်သောအခါ အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်ကိုတောင်းပန်ကြလိမ့်မည်။
بەڵام چاوی بەدکاران کوێر دەبن و پەناگا نامێنێت بۆ دەربازبوون؛ ئاواتیان ڕۆح سپاردنە.» | 20 |
၂၀ဆိုးသော သူတို့၏မျက်စိသည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့သက်သက်ဖြစ်သည်ဟု မြွက်ဆို၏။