< ئیشایا 40 >
دڵنەوایی گەلەکەم بکەن، دڵنەواییان بکەن، خوداتان دەفەرموێت، | 1 |
၁သင်တို့ဘုရားသခင်က``ငါ၏လူမျိုးတော်ကို နှစ်သိမ့်စေကြလော့။ သူတို့ကိုနှစ်သိမ့်စေကြလော့။
بە دڵنەرمی لەگەڵ ئۆرشەلیم بدوێن، پێی ڕابگەیەنن کە ڕەنجکێشانەکەی تەواو بووە، کە تاوانەکەی بەخشراوە، چونکە بە دەستی یەزدان لەسەر گوناهەکانی دووقاتی وەرگرتەوە. | 2 |
၂ယေရုရှလင်မြို့သူမြို့သားတို့ကို အားပေးကြလော့။ သူတို့သည်ကြာမြင့်စွာဆင်းရဲဒုက္ခ ရောက်ခဲ့ကြသဖြင့်၊ သူတို့၏အပြစ်များကိုယခု ငါဖြေလွှတ်တော်မူပြီဖြစ်ကြောင်း၊ သူတို့အားကြားပြောကြလော့။ ငါသည်သူတို့အားမိမိတို့အပြစ်များ အတွက် အပြစ်ဒဏ်အပြည့်အဝခတ်ခဲ့လေပြီ'' ဟု မိန့်တော်မူ၏။
کەسێک هاوار دەکات و دەڵێت: «لە چۆڵەوانی ڕێگا بۆ هاتنی یەزدان ئامادە بکەن، لە بیابان شاڕێگا بۆ خودامان ڕێکبخەن. | 3 |
၃အသံတစ်ခုက``တောကန္တာရ၌ထာဝရဘုရား ကြွတော်မူရန်ခရီးလမ်းကိုအသင့်ပြင်ကြလော့၊ ငါတို့ဘုရားသခင်ကြွတော်မူရန် လမ်းကိုရှင်းလင်းကြလော့။
هەموو دۆڵێک هەڵدەچێت و هەموو چیا و گردێک ڕۆدەچێت. خوار ڕاست دەبێتەوە، هەورازیش دەبێت بە دەشت، | 4 |
၄ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကိုဖြိုချရကြလိမ့်မည်။ တောင်ကုန်းများသည် မြေညီဖြစ်လျက် ကြမ်းတမ်းသည့်နယ်မြေသည် ချောမော၍လာရလိမ့်မည်။
شکۆمەندی یەزدان دەردەکەوێت و هەموو مرۆڤایەتی پێکەوە دەیبینن، چونکە دەمی یەزدان فەرمووی.» | 5 |
၅ထိုအခါထာဝရဘုရား၏ဘုန်းအသရေ တော်သည် ပေါ်လွင်ထင်ရှားလာမည်ဖြစ်၍၊ လူသတ္တဝါအပေါင်းတို့သည်ထိုဘုန်း အသရေတော်ကိုဖူးမြင်ရကြလိမ့်မည်။ ယင်းသို့ဖြစ်ပျက်စေရန်ထာဝရဘုရား ကိုယ်တော်တိုင်ကတိပြုတော်မူလေပြီ'' ဟု ကြွေးကြော်လေသည်။
دەنگێک دەڵێت: «بانگەواز بکە!» منیش گوتم: «بانگەوازی چی بکەم؟» «هەموو مرۆڤێک وەک گژوگیا وایە و هەموو دڵسۆزییەکەی وەک گوڵی کێوی وایە. | 6 |
၆ထိုအသံက``ကြွေးကြော်လော့'' ဟုဆိုသဖြင့် ``အဘယ်အရာကိုကြွေးကြော်ရပါမည်နည်း'' ဟုငါမေးလျှင် ``လူသတ္တဝါအပေါင်းတို့သည်မြက်ပင်နှင့်တူ ကြောင်းနှင့် တောပန်းများကဲ့သို့တာရှည်မခံကြောင်းကို ကြွေးကြော်လော့။
گژوگیا وشک دەبێت و گوڵ هەڵدەوەرێ، چونکە هەناسەی یەزدان هەڵیکردە سەری، بێگومان گەل وەکو گژوگیان. | 7 |
၇ထာဝရဘုရားစေလွှတ်တော်မူသည့်လေနှင့် ထိသောအခါ၊ မြက်ပင်သည်သွေ့ခြောက်လျက်ပန်းများသည်လည်း ညှိုးနွမ်း၍သွားတတ်၏။ လူတို့သည်မြက်ပင်တမျှသာလျှင် သန်မာကြပါသည်တကား။
گژوگیا وشک دەبێت و گوڵ هەڵدەوەرێ، بەڵام پەیامی خودامان بۆ هەتاهەتایە چەسپاو دەبێت.» | 8 |
၈မြက်ပင်သည်အမှန်ပင်ခြောက်သွေ့လျက် ပန်းများသည်လည်းအမှန်ပင်ညှိုးနွမ်းတတ်၏။ သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်သည် အဘယ်အခါ၌မျှမပျောက်မပျက်တတ်'' ဟု ဆို၏။
ئەی مزگێنیدەر بۆ سییۆن، بڕۆ سەر کێوێکی بەرز، بە هێزەوە دەنگت بەرز بکەرەوە، بەرزی بکەرەوە، مەترسە. ئەی مزگێنیدەر بۆ ئۆرشەلیم، بە شارۆچکەکانی یەهودا بڵێ: «ئەوەتا خوداتان!» | 9 |
၉အို ယေရုရှလင်မြို့၊ မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။ အို ဇိအုန်တောင်၊ အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။ မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ ယုဒမြို့များအားသူတို့၏ဘုရားသခင် ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။
ئەوەتا یەزدانی باڵادەست بە هێزەوە دێت، بە بازووی فەرمانڕەوایەتی بۆ دەکات. ئەوەتا پاداشتەکەی لەگەڵیدایە و خەڵاتەکەی لەبەردەمی. | 10 |
၁၀ထာဝရအရှင်ဘုရားသခင်သည် မိမိကယ်တင်ထားတော်မူသည့် လူတို့ကိုခေါ်၍ တန်ခိုးတော်နှင့်အုပ်စိုးရန်ကြွလာ တော်မူလိမ့်မည်။
وەک شوان مێگەلەکەی دەلەوەڕێنێت: بە بازووی خۆی بەرخەکان کۆدەکاتەوە و بە باوەش هەڵیاندەگرێت، بە نەرمی شیردەرەکان بە پێش خۆی دەدات. | 11 |
၁၁ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။ သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာ သူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
کێ بە چنگ ئاوی پێواوە و بە بست ئاسمان؟ کێ خۆڵی زەوی بە قزناغ پێواوە؟ کێ چیاکانی بە قەپان کێشاوە و گردەکانیش بە تەرازوو؟ | 12 |
၁၂သမုဒ္ဒရာရေကိုလက်ခုပ်ဖြင့်ချင်တွယ်နိုင်သူ၊ သို့တည်းမဟုတ်၊မိုးကောင်းကင်ကိုလက်နှင့်ထွာ၍ တိုင်းတာနိုင်သူရှိပါသလော။ မြေဆီလွှာရှိသမျှကိုခွက်ဖလားတွင်ထည့် ထားနိုင်သူ၊ သို့တည်းမဟုတ်တောင်ကြီးတောင်ငယ်တို့ကို ချိန်ခွင်နှင့်ချိန်စက်နိုင်သူရှိပါသလော။
کێ لەبیری یەزدان تێگەیشتووە یاخود وەک ڕاوێژکار فێری کردووە؟ | 13 |
၁၃ထာဝရဘုရားအားအဘယ်သို့ပြုရမည် ဟု ပြောဆိုနိုင်သူရှိပါသလော။ အဘယ်သူသည်ကိုယ်တော်အားသွန်သင် နိုင်ပါသနည်း။ သို့တည်းမဟုတ်အကြံဉာဏ်ပေးနိုင် ပါသနည်း။
یەزدان ڕاوێژی بە کێ کرد و تێیگەیاند، ڕێگای دادپەروەری فێرکرد؟ کێ زانینی فێرکرد و ڕێگای تێگەیشتنی پێ ناساند؟ | 14 |
၁၄ဤမည်သောအမှုတို့ကိုအဘယ်သို့ပြုရ မည်ကို သိနိုင်ရန် အသိပညာနှင့်ဉာဏ်ပညာများကိုရရှိ နိုင်ရန် ကိုယ်တော်သည် အဘယ်သူနှင့်တိုင်ပင်တော်မူပါသနည်း။
ئەوەتا نەتەوەکان وەک دڵۆپێک ئاوی ناو سەتڵ و بە تۆزی تەرازوو دادەنرێن. ئەوەتا دوورگەکان وەک پووش هەڵدەگرێت. | 15 |
၁၅ထာဝရဘုရား၏ရှေ့တော်၌လူမျိုးတကာ တို့သည် ဘာမျှမဟုတ်ပါ။ သူတို့သည်ရေစက်တစ်စက်ကဲ့သို့သာ ဖြစ်ပေသည်။ ရပ်ဝေးရှိကျွန်းတို့သည်လည်းမြူမှုန်တမျှ သာလျှင် အလေးချိန်စီးကြ၏။
داری لوبنان بەس نییە بۆ سووتەمەنی قوربانگا و ئاژەڵەکانی بەس نین بۆ قوربانی سووتاندن. | 16 |
၁၆လေဗနုန်တောတွင်ရှိသမျှသောတိရစ္ဆာန်တို့ သည် ငါတို့ဘုရားသခင်အားယဇ်ပူဇော်ရန်အတွက် မလုံလောက်။ ထိုတောမှသစ်ပင်တို့သည်လည်းမီးမွှေးရန်အတွက် မလုံလောက်။
هەموو نەتەوەکان وەک هیچن لەبەردەمی، لەلای ئەو بە نەبوو و پووچ دادەنرێن. | 17 |
၁၇လူမျိုးတကာတို့သည်ကိုယ်တော်၏ရှေ့တော်၌ အချည်းနှီးသာဖြစ်ကြ၏။
جا خودا بە چی هاوشێوە دەکەن، چ وێنەیەک بەو یەکسان دەکەن؟ | 18 |
၁၈ဘုရားသခင်အားအဘယ်သူနှင့် နှိုင်းယှဉ်နိုင်ပါမည်နည်း။ ကိုယ်တော်၏ပုံသဏ္ဌာန်တော်ကိုသင်တို့ အဘယ်သို့ဖော်ပြနိုင်ပါမည်နည်း။
پەیکەرێک کە وەستا دایدەڕێژێت، زێڕنگەریش بە زێڕ ڕووکەشی دەکات، زنجیری زیویش زیوگەر. | 19 |
၁၉ကိုယ်တော်သည်အတတ်ပညာသည်များသွန်း လုပ်၍၊ ပန်းထိမ်ဆရာတို့ရွှေဖြင့်မွမ်းမံကာ၊ငွေ အခြေခံတွင် တပ်ဆင်ထားသည့်ရုပ်တုနှင့်မတူ။
دەستکورتیش بۆ پێشکەشکردنی پیتاک دارێکی ساغ هەڵدەبژێرێت کە نەڕزیبێت. داوای وەستایەکی شارەزا دەکات بۆ ئەوەی پەیکەرێکی نەلەقیوی بۆ دابنێت. | 20 |
၂၀ငွေ၊ရွှေ၊မတတ်နိုင်သူသည်မဆွေးမြေ့နိုင်သည့် သစ်သားကိုရွေးချယ်တတ်၏။ သူသည်မြဲမြံစွာရပ်တည်နိုင်သည့် ရုပ်တုကိုပြုလုပ်ရန်ကျွမ်းကျင်သူပန်းပု ဆရာကို ရှာတတ်၏။
ئایا نازانن؟ ئایا نابیستن؟ ئەی لە سەرەتاوە پێتان ڕانەگەیەنراوە؟ ئایا لەو کاتەوەی زەوی بەدیهێنراوە تێنەگەیشتوون کە | 21 |
၂၁ကမ္ဘာမြေကြီးအဘယ်သို့ဖြစ်ပေါ်လာသည် အကြောင်းကိုသင်တို့မကြားဘူးကြပါသလော။ ရှေးမဆွကပင်လျှင်သင်တို့အားဖော်ပြခဲ့သူ မရှိပါသလော။ သင်တို့မကြားဘူးကြမသိကြပါသလော။
ئەو لەسەر ئاسۆی زەوی دادەنیشێت و دانیشتووانەکەی وەک پێکوڕە وان؟ ئەو ئاسمان وەک پڵاس بڵاو دەکاتەوە، وەک ڕەشماڵ هەڵیدەدات بۆ نیشتەجێبوون. | 22 |
၂၂ကမ္ဘာမြေကြီးကိုဖြစ်ပေါ်စေသူကား မြေကြီးနှင့်မိုးကောင်းကင်၏အထက်၌ရှိသော ပလ္လင်တော်ပေါ်တွင်စံပယ်တော်မူသောအရှင် ပေတည်း။ အောက်မြေကြီးပေါ်ရှိလူတို့သည်ကား ပုရွက်ဆိတ်များကဲ့သို့သေးငယ်သည်ဟု ထင်မှတ်ရပေသည်။ ကိုယ်တော်သည်မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့လည်းကောင်း၊ လူတို့နေထိုင်ရာတဲကဲ့သို့လည်းကောင်း ဖြန့်တော်မူ၏။
ئەو مەزنەکان وەک نەبوو لێدەکات و حوکمڕانانی جیهان دەکات بە هیچ. | 23 |
၂၃ကိုယ်တော်သည်တန်ခိုးကြီးသောဘုရင်တို့ကို ဖြုတ်ချတော်မူ၍၊ ထိုသူတို့ကိုမရေရာသောသူများအဖြစ်သို့ ပြောင်းလဲစေတော်မူ၏။
هەر ئەوەندەی نێژران، چێنران و قەدیان لە زەوی ڕەگی داکوتا، فووی لێکردن و وشک هەڵگەڕان، ڕەشەبا وەک پووش هەڵیاندەگرێت. | 24 |
၂၄သူတို့သည်စိုက်ပျိုး၍အမြစ်စွဲကာစ အပင်ငယ်များနှင့်တူကြ၏။ ထာဝရဘုရားသည်လေကိုတိုက်စေတော်မူ သောအခါ၊ ထိုအပင်တို့သည်ခြောက်သွေ့၍ဖွဲသဖွယ် လွင့်ပါသွားကုန်၏။
خودای پیرۆز دەفەرموێت: «لەگەڵ کێ هاوشێوەم دەکەن؟ من هاوتای کێم؟ | 25 |
၂၅မြင့်မြတ်သန့်ရှင်းတော်မူသောဘုရားသခင်ကို အဘယ်သူနှင့်နှိုင်းယှဉ်နိုင်ပါမည်နည်း။ ကိုယ်တော်နှင့်တူသောသူတစ်စုံတစ်ယောက် ရှိပါသလော။
چاوتان بۆ بەرزی هەڵبڕن و ببینن کێ ئەمەی بەدی هێناوە، کێ ئەستێرەکانی بە ژمارە دەردەهێنێت و ناو لە هەموویان دەنێت؟ لەبەر زۆری هێز و توندی توانای هیچ کامیان ون نابێت. | 26 |
၂၆မိုးကောင်းကင်သို့မျှော်ကြည့်ကြလော့။ သင်တို့မြင်ရသည့်ကြယ်များကိုအဘယ်သူ ဖန်ဆင်းတော်မူပါသနည်း။ ယင်းတို့အားစစ်သည်ဗိုလ်ခြေသဖွယ် ထုတ်ဆောင်လာတော်မူသောအရှင်ပင် ဖြစ်ပေသည်။ ကိုယ်တော်သည်ကြယ်များကိုရေတွက် ထားတော်မူပြီးလျှင်နာမည်တပ်၍ ခေါ်တော်မူပါသည်တကား။ ကိုယ်တော်သည်လွန်စွာတန်ခိုးကြီးတော်မူသဖြင့် ထိုကြယ်တို့သည်တစ်လုံးတစ်လေမျှ ပျောက်ပျက်သည့်အခါဟူ၍မရှိ။
«ئەی یاقوب، بۆ دەڵێیت، ئەی ئیسرائیل، بۆ سکاڵا دەکەیت:”ڕێگای من لە یەزدان شاردرایەوە، دادی من لە خودام تێپەڕی“؟ | 27 |
၂၇အို ဣသရေလအမျိုးသားတို့၊ ထိုသို့ဖြစ်ပါမူ ထာဝရဘုရားသည်သင်တို့၏ဆင်းရဲဒုက္ခ များကို သိတော်မမူဟူ၍သော်လည်းကောင်း သင်တို့၏အမှုကိစ္စများအဆင်ပြေရေးအတွက် စိတ်ဝင်စားတော်မမူဟူ၍သော်လည်းကောင်း အဘယ်ကြောင့်သင်တို့သည် ညည်းညူကြပါသနည်း။
ئایا نەتزانی، یان نەتبیست؟ یەزدان خودای هەتاهەتاییە، بەدیهێنەری ئەمسەر و ئەوسەری زەوی. نە ماندوو و نە شەکەت دەبێت، کەس پەی بە تێگەیشتنی ئەو نابات. | 28 |
၂၈ထာဝရဘုရားသည်ကာလအစဉ်အဆက် တည်တော်မူသောဘုရားသခင်ဖြစ်တော်မူသည်ကို သင်တို့မသိကြပါသလော။ မကြားဘူးကြပါသလော။ ကိုယ်တော်သည်ကမ္ဘာလောကကို ဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်သည်အဘယ်အခါ၌မျှမောပန်း နွမ်းလျတော်မမူပါ။ အဘယ်သူမျှကိုယ်တော်၏အကြံအစည်တော် တို့ကို နားမလည်နိုင်ပါ။
توانا بە ماندوو دەدات و بۆ داهێزراویش هێز زۆر دەکات. | 29 |
၂၉ကိုယ်တော်သည်နွမ်းလျမောပန်းသူတို့ကို အားပေးတော်မူပါ၏။
گەنجەکان ماندوو و شەکەت دەبن، لاوەکان پێیان هەڵدەکەوێت و دەکەون، | 30 |
၃၀အသက်အရွယ်ငယ်သူများပင်လျှင် နွမ်းလျမောပန်းတတ်ကြ၏။ လူငယ်လူရွယ်များသည်အားအင်ကုန်ခန်း၍ လဲကျကြလေသည်။
بەڵام ئەوانەی چاوەڕوانی یەزدانن، هێزیان نوێ دەبێتەوە، وەک هەڵۆ لە شەقەی باڵ دەدەن، ڕادەکەن و شەکەت نابن، دەڕۆن و ماندوو نابن. | 31 |
၃၁သို့ရာတွင်ထာဝရဘုရား၏အကူ အညီကို ယုံကြည်ကိုးစားသူတို့မူကား၊ ခွန်အားသစ်ကို ရရှိကြလိမ့်မည်။ သူတို့သည်လင်းယုန်ငှက်ကဲ့သို့ပျံတက်ကြလိမ့်မည်။ ပြေးသော်လည်းမောပန်းကြလိမ့်မည်မဟုတ်။ ခရီးသွားသော်လည်းနွမ်းနယ်ကြလိမ့်မည်မဟုတ်။