< پەیدابوون 18 >
ئینجا یەزدان لەلای دار بەڕووەکانی مەمرێ بۆ ئیبراهیم دەرکەوت، کە لە گەرمای ڕۆژدا لەبەر دەرگای چادرەکەیدا دانیشتبوو. | 1 |
၁ထာဝရဘုရားသည်မံရေပိုင်သောသစ်ပင်များ ရှိရာအရပ်တွင် အာဗြဟံအားကိုယ်ထင်ပြ တော်မူ၏။ နေအလွန်ပူပြင်းသောအချိန်၌ အာဗြဟံသည်မိမိ၏တဲဝမှာထိုင်နေစဉ်၊-
ئیبراهیم سەری هەڵبڕی و بینی وا سێ پیاو لە نزیکی وەستاون. کاتێک ئەوانی بینی، لە دەرگای چادرەکەیەوە بەرەو ڕوویان ڕایکرد و کڕنۆشی برد و سەری خستە سەر زەوی. | 2 |
၂မျက်နှာကိုမော်ကြည့်လိုက်ရာ လူသုံးဦးရပ်နေသည် ကိုတွေ့မြင်ရလေသည်။ အာဗြဟံသည်သူတို့ကို မြင်လျှင် ခရီးဦးကြိုဆိုခြင်းငှာပြေးသွားလေ၏။ သူသည်ဦးညွှတ်ပျပ်ဝပ်လျက်၊-
ئینجا گوتی: «گەورەم، ئەگەر جێی ڕەزامەندیتم، بەسەر خزمەتکارەکەتدا تێمەپەڕە. | 3 |
၃``အရှင်သခင်တို့၊ အရှင်တို့အားဧည့်ဝတ်ပြု ပါရစေ။ အကျွန်ုပ်၏အိမ်သို့မဝင်ဘဲမနေ ပါနှင့်။-
با تۆزێک ئاو بهێنرێت و پێتان بشۆن، ئینجا لەژێر دارەکە پاڵ بدەنەوە. | 4 |
၄ခြေဆေးရန်ရေယူခဲ့ပါရစေ။ ဤသစ်ပင် အောက်တွင်အပန်းဖြေနိုင်ပါသည်။-
پارووە نانێکیشتان بۆ دێنم تاکو بەری دڵتانی پێ بگرن و پاشان تێبپەڕن، چونکە ئێوە بۆ لای خزمەتکارەکەتان هاتوون.» ئەوانیش فەرموویان: «ئەوەی گوتت بیکە.» | 5 |
၅အရှင်တို့အတွက်စားစရာအနည်းငယ်ယူခဲ့ ပါမည်။ သို့မှသာလျှင်အားပြည့်လာ၍ခရီး ဆက်နိုင်ပါမည်။ အရှင်တို့သည်အကျွန်ုပ်အိမ် သို့ကြွရောက်လာကြခြင်းဖြင့် အကျွန်ုပ်အား ချီးမြှင့်ပါပြီ။ သို့ဖြစ်၍အရှင်တို့အားဧည့် ဝတ်ပြုပါရစေ'' ဟုဆိုလေ၏။ ထိုသူတို့က``သင်ပြောသည်အတိုင်းပြုပါလေ'' ဟုပြန်ပြောလေ၏။
ئیتر ئیبراهیم بە پەلە چوو بۆ ناو چادرەکە بۆ لای سارا و پێی گوت: «خێرا سێ پێوانە لە باشترین ئارد بهێنە و بیشێلە و بیکە بە نان.» | 6 |
၆အာဗြဟံသည်တဲထဲရှိစာရာထံသို့အလျင် အမြန်ဝင်သွားပြီးလျှင်``အကောင်းဆုံးမုန့်ညက် ကိုယူ၍မုန့်အမြန်ဖုတ်ပါ'' ဟုစေခိုင်းလေ သည်။-
هەروەها ئیبراهیم بۆ لای مێگەلەکە ڕایکرد و گوێرەکەیەکی ناسک و چاکی هێنا و دایە دەست خزمەتکارێکەوە، ئەویش خێرا کەوتە ئامادەکردنی. | 7 |
၇အာဗြဟံသည်နွားအုပ်ရှိရာသို့ပြေးပြီးလျှင် ဆူဖြိုးနုနယ်သောနွားကလေးတစ်ကောင်ကို ရွေးလျက် ကျွန်တစ်ဦး၏လက်သို့အပ်၍ဟင်း လျာကိုအလျင်အမြန်ပြင်ဆင်စေ၏။-
ئینجا دەڵەمە و شیر و ئەو گوێرەکەیەی ئامادەکرابوو، هێنای و لەبەردەمیان داینا. خۆشی لەژێر دارەکە لەسەریان ڕاوەستا، کاتێک ئەوان نانەکەیان دەخوارد. | 8 |
၈ထိုနောက်မလိုင်၊ နို့နှင့်အမဲဟင်းတို့ကိုဧည့်သည် များရှေ့၌တည်ခင်းသည်။ သူကိုယ်တိုင်ထိုသူတို့ အားသစ်ပင်အောက်တွင်ဧည့်ခံကျွေးမွေးသဖြင့် သူတို့သည်စားသုံးကြ၏။
پاشان پێیان فەرموو: «کوا سارای ژنت؟» ئەویش گوتی: «ئەوەتا، لەناو چادرەکەیە.» | 9 |
၉သူတို့က``သင်၏မယားစာရာအဘယ်မှာရှိ သနည်း'' ဟုမေး၏။ အာဗြဟံက``တဲထဲမှာရှိပါသည်'' ဟုပြန် ဖြေ၏။
ئینجا یەزدان فەرمووی: «بێگومان ساڵێکی دیکە ئەم کاتانە دێمەوە لات و سارای ژنیشت کوڕێکی بووە.» ساراش لە پشتەوە و لەبەر دەرگای چادرەکەدا گوێی لەوان گرتبوو. | 10 |
၁၀တစ်ယောက်သောဧည့်သည်က``ယခုမှစ၍ကိုးလ ကြာသောအခါ ငါပြန်လာဦးမည်။ ထိုအချိန်၌ သင်၏မယားစာရာ၌သားဖွားလိမ့်မည်'' ဟု ဆိုလေ၏။ ထိုအချိန်၌စာရာသည် ထိုသူ၏နောက်ကွယ် တဲဝမှာနေ၍ နားထောင်လျက်ရှိ၏။-
ئیبراهیم و سارا دوو کەسی پیر و بەساڵداچوو بوون. ساراش تەمەنی منداڵبوونی بەسەرچووبوو. | 11 |
၁၁အာဗြဟံနှင့်စာရာတို့သည်အရွယ်လွန်ကြ ပြီဖြစ်၍ စာရာ၌သွေးဆုံးနေပြီဖြစ်သည်။-
بۆیە سارا لە دڵی خۆیدا پێکەنی و گوتی: «ئایا ئێستا کە تەواو پیر بووم و مێردەکەشم پیر بووە، خۆشیم بۆ دەبێت؟» | 12 |
၁၂သို့ဖြစ်၍စာရာက``ငါသည်အို၍အားအင်ကုန် ခန်းလျက်ရှိပြီ။ ကာမစည်းစိမ်ကိုမည်သို့ခံစား နိုင်မည်နည်း။ ထို့အပြင်ငါ၏ယောကျာ်းသည်လည်း အိုပြီ'' ဟုတွေးတောကာပြုံးရယ်လေ၏။
ئینجا یەزدان بە ئیبراهیمی فەرموو: «بۆچی سارا پێکەنی و گوتی:”ئایا بەڕاستی بەم پیرییەوە منداڵم دەبێت“؟ | 13 |
၁၃ထိုအခါထာဝရဘုရားက``စာရာသည် ငါဤ မျှလောက်အရွယ်ကြီးရင့်ကာမှ သားသမီးရ နိုင်ဦးမည်လောဟုဆို၍ အဘယ်ကြောင့်ပြုံး ရယ်ရသနည်း။-
هیچ شتێک هەیە بۆ یەزدان ئەستەم بێت؟ ساڵی داهاتوو لە کاتی دیاریکراو دێمەوە لات و ساراش کوڕێکی بووە.» | 14 |
၁၄ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
سارا لە ترسا درۆی کرد و گوتی: «پێنەکەنیم.» بەڵام ئەو فەرمووی: «بەڵێ، پێکەنیت.» | 15 |
၁၅စာရာသည်ကြောက်ရွံ့သဖြင့်``ကျွန်မ၊ မရယ် ပါ'' ဟုဆိုလေ၏။ ကိုယ်တော်က``သင်အမှန်ပင်ရယ်သည်'' ဟု မိန့်တော်မူ၏။
ئینجا پیاوەکان لەوێ هەستان و ڕوویان لە سەدۆم کرد، ئیبراهیمیش لەگەڵیان ڕۆیشت، تاکو بەڕێیان بکات. | 16 |
၁၆ထိုသူတို့သည်ထွက်ခွာ၍ သောဒုံမြို့ကိုမြင်နိုင် သောနေရာသို့ရောက်ကြ၏။ အာဗြဟံသည် လည်း သူတို့အားပို့ရန်လိုက်ပါလာခဲ့သည်။-
یەزدانیش فەرمووی: «ئایا ئەوەی کە بەتەمام ئەنجامی بدەم لە ئیبراهیمی بشارمەوە؟ | 17 |
၁၇ထာဝရဘုရားက``ငါပြုမည့်ကိစ္စကို အာဗြဟံအားအသိမပေးဘဲမဖြစ်နိုင်။-
بێگومان ئیبراهیم دەبێتە نەتەوەیەکی مەزن و بەهێز و هەموو نەتەوەکانی سەر زەویش لە ڕێگەی ئەوەوە بەرەکەتدار دەبن. | 18 |
၁၈သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
لەبەر ئەوەی هەڵمبژاردووە کە منداڵەکانی و ماڵەکەی لەدوای خۆی ڕابسپێرێت ڕێچکەی یەزدان بگرنەبەر، بۆ ئەوەی ڕاستودروستی و دادپەروەری پەیڕەو بکەن، تاکو یەزدان ئەو بەڵێنە بهێنێتە دی کە بە ئیبراهیمی دابوو.» | 19 |
၁၉သူသည်မိမိ၏သားမြေးတို့အား ငါ့စကားကို နာခံစေရန်နှင့်မှန်ကန်ဖြောင့်မတ်စွာကျင့်ကြံစေ ရန် ပညတ်ထားနိုင်စေအံ့သောငှာသူ့ကိုငါရွေး ကောက်ပြီ။ ထိုသို့သူတို့နာခံကျင့်ကြံကြလျှင် သူ့အားကတိထားသမျှအတိုင်းငါပြုမည်'' ဟုအကြံတော်ရှိ၏။
ئینجا یەزدان فەرمووی: «هاوار لە دژی سەدۆم و عەمۆرا زۆر بووە و تووشی گوناهی زۆر گەورە هاتوون. | 20 |
၂၀ထိုနောက်ထာဝရဘုရားက အာဗြဟံအား ``သောဒုံမြို့နှင့်ဂေါမောရမြို့တို့အား အပြစ် တင်စွပ်စွဲသံပြင်းထန်လှ၏။ ထိုမြို့တို့၏ပြစ် မှုသည်လည်းကြီးလေးလှ၏။-
ئەوا دێمە خوارەوە بۆ ئەوەی بزانم ئاخۆ ئەو کارەی کە کردوویانە بەو ڕادەیە خراپە کە بیستوومە. ئەگەر نا، ئەوا دەزانم.» | 21 |
၂၁ငါသည်ကြားရသောပြစ်တင်စွပ်စွဲချက်များ မှန်မမှန်ကိုသိရှိနိုင်ရန် သွား၍စုံစမ်းမည်'' ဟုမိန့်တော်မူ၏။
ئینجا پیاوەکان ڕوویان کردە سەدۆم و ڕۆیشتن، بەڵام ئیبراهیم هێشتا لەبەردەم یەزدان وەستابوو. | 22 |
၂၂ထိုသူတို့သုံးဦးထဲမှနှစ်ဦးသည် သောဒုံမြို့ ဘက်သို့ထွက်ခွာသွားကြ၏။ ထာဝရဘုရား ကမူ အာဗြဟံနှင့်အတူနေရစ်ခဲ့လေသည်။-
ئیبراهیم چووە پێشەوە و گوتی: «ئایا لەگەڵ خراپەکاردا ڕاستودروستیش لەناودەبەیت؟ | 23 |
၂၃အာဗြဟံသည်ထာဝရဘုရားထံချဉ်းကပ် ၍``ကိုယ်တော်သည်အပြစ်မဲ့သူတို့ကို အပြစ် ရှိသူတို့နှင့်အတူအမှန်ပင်သေကြေပျက်စီး စေတော်မူမည်လော။-
ئەی ئەگەر شارەکە پەنجا کەسی ڕاستودروستی تێدابێت، ئایا هەر لەناوی دەبەیت و لە پێناوی ئەو پەنجا ڕاستودروستەی کە تێیدایە نایبەخشیت؟ | 24 |
၂၄အကယ်၍မြို့ထဲ၌အပြစ်မဲ့သူဦးရေငါး ဆယ်ရှိလျှင် တစ်မြို့လုံးကိုဖျက်ဆီးပစ်မည် လော။ ထိုသူငါးဆယ်ကိုထောက်ထား၍ မြို့ကို ချမ်းသာမပေးဘဲနေမည်လော။-
حاشا، شتی وا لە تۆ ناوەشێتەوە کە ڕاستودروستیش لەگەڵ خراپەکاردا بکوژیت و وەکو یەک هەڵسوکەوتیان لەگەڵ بکەیت! دوور بێت لە تۆ! ئایا دادوەری هەموو زەوی دادپەروەر نابێت؟» | 25 |
၂၅ကိုယ်တော်သည်အပြစ်မဲ့သူများကို အပြစ်ရှိ သူတို့နှင့်ရော၍သုတ်သင်ပစ်မည်လော။ ထိုသို့ မဖြစ်နိုင်ပါ။ ကိုယ်တော်သည်ထိုသို့မပြုနိုင် ပါ။ ကိုယ်တော်သည်ထိုသို့ပြုလျှင် အပြစ်မဲ့သူ တို့သည်အပြစ်ရှိသူတို့နှင့်အတူဒဏ်ခံရ ကြပါမည်။ ထိုသို့မဖြစ်ပါစေနှင့်။ ကမ္ဘာမြေ ကြီးတစ်ခုလုံးကိုတရားစီရင်သောအရှင် သည် တရားမျှတစွာစီရင်တော်မူမည်မဟုတ် ပါလော'' ဟုလျှောက်လေ၏။
یەزدانیش فەرمووی: «ئەگەر لە شاری سەدۆم پەنجا کەسی ڕاستودروست ببینمەوە، ئەوا لە پێناوی ئەوان هەموو شارەکە دەبەخشم.» | 26 |
၂၆ထာဝရဘုရားက``သောဒုံမြို့ထဲ၌အပြစ် မဲ့သူဦးရေငါးဆယ်ရှိလျှင် ထိုသူတို့ကို ထောက်ထား၍တစ်မြို့လုံးကိုငါချမ်းသာပေး မည်'' ဟုမိန့်တော်မူ၏။
ئیبراهیم وەڵامی دایەوە: «ئێستا منێک کە خۆڵ و خۆڵەمێشم، بوێری ئەوەم هەبووە لەگەڵ پەروەردگاردا قسە بکەم، | 27 |
၂၇တစ်ဖန်အာဗြဟံက``ဘုရားရှင်အား အတင့် ရဲ၍ဆက်လက်လျှောက်ဆိုခြင်းကိုခွင့်လွှတ် တော်မူပါ။ အကျွန်ုပ်သည်လူသားဖြစ်၍ မည်သို့မျှလျှောက်ခွင့်မရှိပါ။-
ئەی ئەگەر لەو پەنجا کەسە ڕاستودروستە پێنجی کەم بوو؟ ئایا بۆ پێنج کەس هەموو شارەکە وێران دەکەیت؟» فەرمووی: «وێرانی ناکەم، ئەگەر چل و پێنج لەوێ ببینمەوە.» | 28 |
၂၈သို့သော်အပြစ်မဲ့သူငါးဆယ်အစားလေး ဆယ့်ငါးယောက်မျှရှိကောင်းရှိပါမည်။ ထို ကဲ့သို့ငါးယောက်လိုသောကြောင့် ကိုယ်တော် သည်တစ်မြို့လုံးကိုဖျက်ဆီးပစ်မည်လော'' ဟုမေးလျှောက်လေ၏။ ထာဝရဘုရားက``အပြစ်မဲ့သူလေးဆယ် ငါးယောက်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်မည် မဟုတ်'' ဟုမိန့်တော်မူ၏။
دیسان کەوتەوە قسە لەگەڵی و گوتی: «ئەی ئەگەر لەوێ چلی لێبوو؟» فەرمووی: «لەبەر خاتری ئەو چلە، نایکەم.» | 29 |
၂၉``အပြစ်မဲ့သူလေးဆယ်မျှသာရှိလျှင် မြို့ ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟုအာဗြဟံ ကထပ်၍မေးလျှောက်လေ၏။ ကိုယ်တော်က``အပြစ်မဲ့သူလေးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
ئینجا گوتی: «با پەروەردگار تووڕە نەبێت و قسە بکەم، ئەی ئەگەر هەر سی لێبوو؟» فەرمووی: «نایکەم، ئەگەر لەوێ سی ببینمەوە.» | 30 |
၃၀တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက် ထွက်တော်မမူပါနှင့်။ တစ်ကြိမ်ထပ်၍လျှောက် တင်ပါရစေ။ အပြစ်မဲ့သူသုံးဆယ်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' မေးလျှောက် ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူသုံးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
ئیبراهیم گوتی: «ئیتر وا وێرام قسە لەگەڵ پەروەردگار بکەم، ئەی ئەگەر بیستی لێبوو؟» فەرمووی: «لەبەر ئەو بیستە وێرانی ناکەم.» | 31 |
၃၁တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အကျွန်ုပ် အတင့်ရဲ၍ ဆက်လက်လျှောက်ဆိုခြင်းကိုခွင့် လွှတ်တော်မူပါ။ အပြစ်မဲ့သူနှစ်ဆယ်မျှသာ ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' ဟု မေးလျှောက်ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူနှစ်ဆယ်ရှိလျှင် မြို့ ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
ئینجا گوتی: «با پەروەردگار تووڕە نەبێت و هەر ئەم جارە قسە بکەم. ئەی ئەگەر دەی لێبوو؟» فەرمووی: «لەبەر ئەو دەیە وێرانی ناکەم.» | 32 |
၃၂နောက်တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက်ထွက်တော်မမူပါနှင့်။ အကျွန်ုပ်တစ် ကြိမ်သာထပ်၍လျှောက်တင်ပါရစေ။ အပြစ် မဲ့သူဆယ်ယောက်မျှသာရှိလျှင် မြို့ကိုဖျက် ဆီးပစ်ဦးမည်လော'' ဟုလျှောက်ပြန်သည်။ ကိုယ်တော်က``အပြစ်မဲ့သူဆယ်ယောက်ရှိ လျှင် မြို့ကိုငါမဖျက်ဆီး'' ဟုမိန့်တော်မူ၏။-
ئینجا دوای ئەوەی یەزدان لەگەڵ ئیبراهیم لە قسەکردن بووەوە، ڕۆیشت، ئیبراهیمیش گەڕایەوە شوێنی خۆی. | 33 |
၃၃ထာဝရဘုရားသည်အာဗြဟံအားမိန့်ကြား ပြီးသောအခါ ကြွသွားတော်မူ၏။ အာဗြဟံ သည်လည်းမိမိနေအိမ်သို့ပြန်ခဲ့လေသည်။