< دووەم ساموئێل 10 >

دوای ماوەیەک پاشای عەمۆنییەکان مرد و حانوونی کوڕی لەدوای ئەو بوو بە پاشا. 1
ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အမ္မုန် ဘု​ရင်​နာ​ဟတ်​မင်း​ကွယ်​လွန်​၍​သူ​၏​သား တော်​ဟာ​နုန်​နန်း​တက်​၏။
داود گوتی: «لەگەڵ حانوونی کوڕی ناحاش دڵسۆز دەبم، هەروەک چۆن باوکی لەگەڵم دڵسۆز بوو.» لەبەر ئەوە داود شاندێکی نارد بۆ ئەوەی سەرەخۆشی لە حانوون بکەن سەبارەت بە باوکی. کاتێک خزمەتکارەکانی داود هاتنە خاکی عەمۆنییەکان، 2
ဒါ​ဝိဒ်​က``သူ​၏​ဖ​ခင်​နာ​ဟတ်​သည် ငါ့​အား ကျေး​ဇူး​သစ္စာ​စောင့်​ခဲ့​သည့်​နည်း​တူ ငါ​သည် လည်း​ဟာ​နုန်​အား​ကျေး​ဇူး​သစ္စာ​စောင့်​ရ​ပေ မည်'' ဟု​မိန့်​တော်​မူ​ပြီး​လျှင်​ဟာ​နုန်​ထံ​သို့ နှစ်​သိမ့်​စ​ကား​ပြော​ကြား​ရန်​စေ​တ​မန်​များ ကို​လွှတ်​လိုက်​၏။ သို့​ရာ​တွင်​ထို​သူ​တို့ ရောက်​ရှိ​ကြ​သော​အ​ခါ၊-
میرەکانی عەمۆنییەکان بە حانوونی گەورەیان گوت: «تۆ لەو باوەڕەدایت کە داود لەبەر ڕێزگرتن لە باوکت نێردراوی ناردووە بۆ ئەوەی سەرەخۆشیت لێ بکات؟ ئایا داود بۆ پشکنین و سەرەوژێرکردن و سیخوڕیکردن بەسەر شارەکەوە خزمەتکارەکانی خۆی نەناردووە بۆ لات؟» 3
အမ္မုန်​ပြည်​သား​ခေါင်း​ဆောင်​များ​က​မိ​မိ​တို့ ဘု​ရင်​အား``ဒါ​ဝိဒ်​သည်​အ​ရှင့်​ခ​မည်း​တော်​ကို ဂုဏ်​ပြု​ရန်​အ​တွက် ဤ​လူ​များ​ကို​စေ​လွှတ် လိုက်​သည်​ဟု​အ​ရှင်​ထင်​မှတ်​တော်​မူ​ပါ သ​လော။ အ​ဘယ်​နည်း​နှင့်​မျှ​မ​ဟုတ်​ပါ။ သူ သည်​အ​ကျွန်ုပ်​တို့​ကို​နှိမ်​နင်း​နိုင်​ရန်​ဤ​မြို့ အ​ခြေ​အ​နေ​ကို​စုံ​စမ်း​လို​၍​ဤ​သူ​တို့ အား​သူ​လျှို​အ​ဖြစ်​စေ​လွှတ်​လိုက်​ခြင်း ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ​၏။
ئیتر حانوون خزمەتکارەکانی داودی گرت و نیوەی ڕیشی تاشین، جلەکانیشیان لە نیوەوە هەتا پاشەڵیانی دادڕی و بەڕەڵای کردن. 4
ဟာ​နုန်​သည်​ဒါ​ဝိဒ်​၏​စေ​တ​မန်​များ​ကို ဖမ်း​ဆီး​ကာ​မုတ်​ဆိတ်​တစ်​ခြမ်း​ကို​ရိတ်​၍ အင်္ကျီ​အ​ဝတ်​များ​ကို​ခါး​မှ​ဖြတ်​ပြီး လျှင်​ပြန်​၍​လွှတ်​လိုက်​လေ​သည်။-
کاتێک بە داود ڕاگەیەنرا، ئەویش چەند کەسێکی نارد بۆ پێشوازییان، چونکە پیاوەکان زۆر شەرمیان دەکرد، پاشاش گوتی: «هەتا ڕیشتان دێتەوە لە ئەریحا بمێننەوە، ئینجا بگەڕێنەوە.» 5
သူ​တို့​သည်​ပြန်​လာ​ရန်​အ​လွန်​ရှက်​ကြ​၏။ ထို​အ​ကြောင်း​ကို​ဒါ​ဝိဒ်​ကြား​သော​အ​ခါ လူ​စေ​လွှတ်​ပြီး​လျှင်​သူ​တို့​အား မိ​မိ​တို့ မုတ်​ဆိတ်​များ​ပြန်​၍​ရှည်​လာ​သည့်​တိုင်​အောင် ယေ​ရိ​ခေါ​မြို့​တွင်​နေ​ပြီး​မှ​မြို့​တော်​သို့ ပြန်​လာ​ကြ​ရန်​မှာ​ကြား​တော်​မူ​လိုက်​၏။
کاتێک عەمۆنییەکان بینییان لەلایەن داودەوە قێزەون بوون، ناردیان و لە ئارامییەکانی بێت‌ڕەحۆڤ و چۆڤا بیست هەزار پیادەیان بەکرێ گرت، هەروەها پاشای مەعکا لەگەڵ هەزار پیاو و لە تۆڤ دوازدە هەزار پیاویان بەکرێ گرت. 6
အမ္မုန်​ပြည်​သား​တို့​သည်​ဒါ​ဝိဒ်​အား​မိ​မိ​တို့ ရန်​ဘက်​ပြု​မိ​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​လာ သ​ဖြင့် ဗက်​ရ​ဟော​ဘ​မြို့​နှင့်​ဇော​ဘ​မြို့​တို့ မှ​ရှု​ရိ​စစ်​သည်​နှစ်​သောင်း​ကို​လည်း​ကောင်း၊ တော​ဘ​မြို့​မှ​လူ​တစ်​သောင်း​နှစ်​ထောင်​အ​ပြင် မာ​ခါ​မင်း​နှင့်​လူ​တစ်​ထောင်​ကို​လည်း​ကောင်း ငှား​ရမ်း​ကြ​၏။-
کاتێک داود ئەمەی بیستەوە، یۆئاب و هەموو سوپا شەڕکەرەکانی نارد. 7
ထို​သတင်း​ကို​ကြား​သိ​သော​အ​ခါ​ဒါ​ဝိဒ်​သည် ယွာ​ဘ​နှင့်​တပ်​မ​တော်​တစ်​ခု​လုံး​ကို​ချီ​တက် စေ​၏။-
عەمۆنییەکان هاتنە دەرەوە و لە دەمی دەروازەی شارەکەیان بۆ جەنگ ڕیزیان بەست، بەڵام ئارامییەکانی چۆڤا و ڕەحۆڤ، لەگەڵ پیاوەکانی تۆڤ و مەعکا بە جیا لە دەشتودەر بوون. 8
အမ္မုန်​ပြည်​သား​တို့​သည်​ရဗ္ဗာ​မြို့​မှ​ထွက်​ပြီး လျှင် မြို့​တံ​ခါး​အ​နီး​တွင်​နေ​ရာ​ယူ​ကြ​၏။ ရှု​ရိ​ပြည်​သား​များ၊ တော​ဘ​မြို့​သား​များ နှင့်​မာ​ခါ​၏​လူ​များ​အ​စ​ရှိ​သော​အ​ခြား သူ​တို့​မူ​ကား​လွင်​ပြင်​၌​နေ​ရာ​ယူ​ကြ လေ​သည်။
کاتێک یۆئاب بینی کە بەرەکانی جەنگ لەپێشی و لەپاشییەوەن، لە باشترین جەنگاوەرانی ئیسرائیل چەند هێزێکی هەڵبژارد، بۆ بەرەنگاربوونەوەی ئارامییەکان ڕیزی کردن. 9
ရန်​သူ​တပ်​များ​သည်​မိ​မိ​တို့​အား​ရှေ့​နှင့်​နောက် မှ​တိုက်​ခိုက်​ကြ​မည်​ကို​သိ​သ​ဖြင့် ယွာ​ဘ​သည် လက်​ရွေး​စင်​ဣ​သ​ရေ​လ​စစ်​သည်​များ​ကို​ရှု​ရိ အ​မျိုး​သား​တို့​ဘက်​သို့​မျက်​နှာ​မူ​၍​နေ​စေ​၏။-
ئەو پیاوانەی کە مانەوە دایە دەست ئەبیشەیی برای و ئەویش بۆ بەرەنگاربوونەوەی عەمۆنییەکان ڕیزی کردن. 10
၁၀အ​ခြား​တပ်​သား​များ​ကို​မူ​မိ​မိ​၏​ညီ​အ​ဘိ​ရှဲ အား​ကွပ်​ကဲ​စေ​၏။ အဘိ​ရှဲ​သည်​လည်း​သူ​တို့​အား အမ္မုန်​ပြည်​သား​တို့​ဘက်​သို့​မျက်​နှာ​မူ​၍​နေ​ရာ ယူ​စေ​၏။-
یۆئاب گوتی: «ئەگەر ئارامییەکان لە من بەهێزتر بوون، ئەوا تۆ بەهانامەوە دێیت؛ بەڵام ئەگەر عەمۆنییەکان لە تۆ بەهێزتر بوون، ئەوا من بەهاناتەوە دێم. 11
၁၁အ​ဘိ​ရှဲ​အား​ယွာ​ဘ​က``အ​ကယ်​၍​ရှု​ရိ​ပြည် သား​တို့​သည်​ငါ့​ကို​အ​နိုင်​ရ​လျက်​နေ​သည် ကို​တွေ့​ရှိ​ရ​လျှင် သင်​သည်​ငါ့​ထံ​စစ်​ကူ​လာ လော့။ အ​ကယ်​၍​သင့်​ကို​အမ္မုန်​ပြည်​သား​တို့ အ​နိုင်​ရ​နေ​ခဲ့​သော်​ငါ​သည်​သင့်​ထံ​သို့​စစ် ကူ​လာ​မည်။-
ئازابە و با بەهێز بین لە پێناوی گەلەکەمان و لە پێناوی شارەکانی خوداکەمان، یەزدانیش چی پێ باشە ئەوە دەکات.» 12
၁၂ငါ​တို့​သည်​ရဲ​ရင့်​စွာ​ငါ​တို့​အ​မျိုး​သား​များ နှင့်​ငါ​တို့​ဘု​ရား​သ​ခင်​၏​မြို့​များ​အ​တွက် အား​ကြိုး​မာန်​တက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အ​လို​တော်​ရှိ​သည့် အ​တိုင်း​စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။
ئینجا یۆئاب و ئەو لەشکرەی لەگەڵی بوون بۆ جەنگ، لە دژی ئارامییەکان چوونە پێشەوە، ئەوانیش لەبەردەمیدا هەڵاتن. 13
၁၃ယွာ​ဘ​နှင့်​သူ​၏​လူ​တို့​သည်​တိုက်​ခိုက်​ရန် ရှေ့​သို့​ချီ​တက်​ကြ​လျှင် ရှု​ရိ​ပြည်​သား တို့​သည်​ထွက်​ပြေး​ကြ​၏။-
کاتێک عەمۆنییەکان بینییان ئارامییەکان هەڵدەهاتن، ئەوانیش لەبەردەم ئەبیشەی هەڵاتن و چوونە ناو شارەکە. ئیتر یۆئاب لە شەڕی نەوەی عەمون گەڕایەوە و چوو بۆ ئۆرشەلیم. 14
၁၄ဤ​သို့​ရှု​ရိ​ပြည်​သား​တို့​ဆုတ်​ပြေး​ကြ​သည် ကို​အမ္မုန်​ပြည်​သား​တို့​မြင်​သော​အ​ခါ အ​ဘိ ရှဲ​ထံ​မှ​ထွက်​ပြေး​ကာ​မြို့​ထဲ​သို့​ပြန်​၍​ဝင် သွား​ကြ​၏။ ထို​အ​ခါ​ယွာ​ဘ​သည်​အမ္မုန်​ပြည် သား​နှင့်​တိုက်​ပွဲ​မှ​တပ်​ခေါက်​၍​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​လေ​၏။
کاتێک ئارامییەکان بینییان لە بەرامبەر ئیسرائیل تێکشکاون، پێکەوە کۆمەڵیان بەست. 15
၁၅ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လက်​တွင် အ ရေး​ရှုံး​နိမ့်​ခဲ့​ကြောင်း​ရှု​ရိ​ပြည်​သား​တို့​သိ ရှိ​ကြ​သော​အ​ခါ မိ​မိ​တို့​၏​တပ်​အ​ပေါင်း တို့​အား​တစ်​ဖန်​စု​ရုံး​စေ​ကြ​၏။-
ئینجا هەدەدعەزەر ناردی و ئارامییەکانی ئەوبەری ڕووباری فوراتی هێنا، ئەوانیش هاتن بۆ حێلام و شۆڤەخی سەرکردەی سوپاکەی هەدەدعەزەریش لەپێشیانەوە بوو. 16
၁၆ဟာ​ဒ​ဒေ​ဇာ​မင်း​သည်​ဥ​ဖ​ရတ်​မြစ်​အ​ရှေ့ ဘက်​ရှိ​ရှု​ရိ​ပြည်​သား​တို့​ကို​ဆင့်​ခေါ်​သ​ဖြင့် သူ​တို့​သည်​ဟာ​ဒ​ဒေ​ဇာ​မင်း​၏​ဗိုလ်​ချုပ် ရှော​ဗက်​ကွပ်​ကဲ​လျက်​ဟေ​လံ​မြို့​သို့​ရောက် ရှိ​လာ​လေ​သည်။-
کاتێک بە داود ڕاگەیەنرا، ئەویش هەموو ئیسرائیلی کۆکردەوە و لە ڕووباری ئوردونەوە پەڕییەوە و چوو بۆ حێلام، ئارامییەکانیش بۆ بەرەنگاربوونەوەی داود ڕیزیان بەست و لە دژی جەنگان. 17
၁၇ဤ​အ​ကြောင်း​ကို​ကြား​သော​အ​ခါ ဒါ​ဝိဒ်​သည် ဣ​သ​ရေ​လ​တပ်​များ​ကို​စု​ရုံး​စေ​၍ ယော်​ဒန် မြစ်​ကို​ကူး​ပြီး​လျှင်​ဟေ​လံ​မြို့​သို့​ချီ​တက် လေ​၏။ ထို​မြို့​တွင်​ရှု​ရိ​ပြည်​သား​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ​သို့​မျက်​နှာ​မူ​လျက်​နေ​ရာ​ယူ ကြ​၏။ စစ်​ပွဲ​စ​တင်​သည်​နှင့်၊-
بەڵام ئارامییەکان لەبەردەم ئیسرائیلدا هەڵاتن، داودیش حەوت سەد گالیسکەسوار و چل هەزار سەربازی پیادەی لە ئارامییەکان کوشت، هەروەها لە شۆڤەخی سەرکردەی سوپاکەی دا و هەر لەوێدا مرد. 18
၁၈ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​ရှု​ရိ​ပြည် သား​တို့​အား​တိုက်​ထုတ်​လိုက်​ကြ​၏။ ဒါ​ဝိဒ် ၏​လူ​တို့​က​ရှု​ရိ​စစ်​ရ​ထား​မှူး​ခု​နစ်​ရာ နှင့်​မြင်း​စီး​သူ​ရဲ​လေး​သောင်း​တို့​ကို​သုတ် သင်​ပြီး​လျှင် ရန်​သူ​ဗိုလ်​ချုပ်​ရှော​ဗက်​ကို လည်း​ဒဏ်​ရာ​ရ​စေ​၏။ ထို့​ကြောင့်​သူ​သည် စစ်​မြေ​ပြင်​၌​ပင်​သေ​ဆုံး​လေ​သည်။-
کاتێک هەموو پاشاکانی ژێردەستەی هەدەدعەزەر بینییان کە ئەوان لە بەرامبەر ئیسرائیل تێکشکاون، لەگەڵ ئیسرائیل ئاشت بوونەوە و بوونە ژێردەستەی ئیسرائیل. ئیتر ئارامییەکان نەیانوێرا بەهانای عەمۆنییەکانەوە بچن. 19
၁၉ဟာ​ဒ​ဒေ​ဇာ​၏​လက်​အောက်​ခံ​ဘု​ရင်​များ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​လက်​တွင် မိ​မိ တို့​အ​ရေး​ရှုံး​နိမ့်​ကြ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ ကြ​သော​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​စစ်​ပြေ​ငြိမ်း​ရန်​စေ့​စပ်​၍​သူ​တို့​၏​လက် အောက်​ခံ​ဖြစ်​လာ​ကြ​၏။ ရှု​ရိ​ပြည်​သား​တို့ သည်​လည်း​အမ္မုန်​ပြည်​သား​တို့​အား​နောက် တစ်​ဖန်​စစ်​မ​ကူ​ဝံ့​ကြ​တော့​ချေ။

< دووەم ساموئێل 10 >