< دووەم پاشایان 9 >
ئەلیشەع پێغەمبەر ئەندامێکی لە کۆمەڵی پێغەمبەرەکان بانگکرد و پێی گوت: «کەواکەت لە ناوقەدت ببەستە و گۆزەیەک زەیت لەگەڵ دەستت هەڵبگرە و بڕۆ ڕامۆتی گلعاد. | 1 |
၁ဤအတောအတွင်း၌ပရောဖက်ဧလိရှဲ သည် လူငယ်ပရောဖက်တစ်ပါးကိုခေါ်၍``သင် သည်ရာမုတ်မြို့သို့သွားရန်အသင့်ပြင်လော့။ ဤသံလွင်ဆီဘူးကိုလည်းယူသွားလော့။ ထို မြို့သို့ရောက်သောအခါ၊-
کە گەیشتییە ئەوێ بەدوای یێهوی کوڕی یەهۆشافاتی کوڕی نیمشیدا بگەڕێ، لەنێو براکانی هەڵیبستێنە و بە تەنها لە ژوورەکەوە بیبە بۆ ژوورێکی دیکە. | 2 |
၂နိမ်ရှိ၏မြေး၊ ယေဟောရှဖတ်၏သားယေဟု ကိုရှာလော့။ သူ့ကိုအဖော်များရှိရာမှဝေး ရာဆိတ်ကွယ်သည့်အခန်းသို့ခေါ်ပြီးလျှင်၊-
پاشان گۆزە زەیتەکە بگرە و بەسەر سەریدا بکە و بڵێ، یەزدان ئەمە دەفەرموێت:”وەک پاشای ئیسرائیل دەستنیشانم کردیت.“ئینجا دەرگاکە بکەرەوە و هەڵبێ و چاوەڕێ مەکە!» | 3 |
၃ဤဆီကိုသူ၏ဦးခေါင်းပေါ်တွင်လောင်း၍ ထာဝရဘုရားက`ငါသည်သင့်အားဣသရေ လဘုရင်အဖြစ်ဘိသိက်ပေး၏' ဟုမိန့်တော် မူကြောင်းဆင့်ဆိုလော့'' ဟုမှာကြားလိုက်၏။
ئیتر گەنجە خزمەتکارەکەی پێغەمبەرەکە چوو بۆ ڕامۆتی گلعاد. | 4 |
၄သို့ဖြစ်၍ပရောဖက်ငယ်သည်ရာမုတ်မြို့ သို့သွားရာ၊-
کاتێک گەیشت، بینی وا ئەفسەرەکانی سوپا پێکەوە دانیشتوون. گوتی: «ئەی سەرکردە، قسەیەکم بۆ تۆ پێیە.» یێهو لێی پرسی: «بۆ کامەمان؟» ئەویش وەڵامی دایەوە: «بۆ تۆ، ئەی سەرکردە.» | 5 |
၅ထိုအရပ်တွင်တပ်မှူးများတိုင်ပင်နေကြသည် ကိုတွေ့လျှင်``တပ်မှူးမင်း၊ အကျွန်ုပ်သည်အရှင့် အတွက်သတင်းယူဆောင်လာပါသည်'' ဟု ဆို၏။ ယေဟုက``ငါတို့အနက်မည်သူ့အတွက်နည်း'' ဟုမေး၏။ ထိုအခါပရောဖက်ငယ်က``အရှင့်အတွက် ဖြစ်ပါသည်'' ဟုဆို၏။-
یێهو هەستا و چووە ماڵەکە. پێغەمبەرەکە زەیتەکەی کرد بە سەری یێهودا و پێی گوت: «یەزدانی پەروەردگاری ئیسرائیل وای فەرمووە:”وەک پاشا دەستنیشانم کردوویت بۆ گەلی یەزدان، بۆ ئیسرائیل. | 6 |
၆ထိုနောက်သူတို့နှစ်ယောက်သည်အိမ်ထဲသို့ဝင် သွားပြီးလျှင် လူငယ်ပရောဖက်သည်ယေဟု ၏ဦးခေါင်းပေါ်သို့သံလွင်ဆီကိုသွန်းလောင်း ကာ``ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက`ငါသည်သင့်အား ဣသရေလဘုရင်အဖြစ်ဘိသိက်ပေး၏။-
لە بنەماڵەی ئەحاڤی گەورەشت دەدەیت، تۆڵەی خوێنی بەندە پێغەمبەرەکانم و خوێنی هەموو بەندەکانی یەزدان لە ئیزابێل دەکەمەوە. | 7 |
၇ငါ၏ပရောဖက်များနှင့်အခြားအစေခံ များကိုသတ်သည့်အပြစ်အတွက် ယေဇဗေလ အားငါဒဏ်ခတ်နိုင်ရန်သင်သည် အာဟပ်၏ သား၊ သင့်အရှင်ဘုရင်မင်းအားလုပ်ကြံရမည်။-
هەموو بنەماڵەی ئەحاڤ لەناودەبردرێت. هەموو نێرینەیەک لە ئەحاڤ، کۆیلە و ئازاد، لە ئیسرائیل ڕیشەکێش دەکەم. | 8 |
၈အာဟပ်၏မိသားစုနှင့်သူ၏မြေးအပေါင်း တို့သည်သေရကြမည်။ သူ၏မိသားစုမှ ယောကျာ်းမှန်သမျှကိုကြီးငယ်မရွေးငါ ပယ်ရှားမည်။-
بنەماڵەی ئەحاڤیش وەک بنەماڵەی یارۆڤعامی کوڕی نەڤات و بنەماڵەی بەعشای کوڕی ئاحییا لێ دەکەم. | 9 |
၉ဣသရေလဘုရင်ယေရောဗောင်နှင့်ဗာရှာတို့ ၏အိမ်ထောင်စုတို့ကို ငါစီရင်ခဲ့သည့်နည်းတူ အာဟပ်၏အိမ်ထောင်စုကိုလည်းငါစီရင်မည်။-
ئیزابێلیش لەو پارچە زەوییەی کە لە یەزرەعیلە سەگ دەیخوات و کەسیش نابێت بینێژێت.“» ئینجا دەرگاکەی کردەوە و هەڵات. | 10 |
၁၀ယေဇဗေလ၏အလောင်းကိုသင်္ဂြိုဟ်ရလိမ့် မည်မဟုတ်။ သူ၏အလောင်းသည်ယေဇရေလ အရပ်တွင် ခွေးစာဖြစ်လိမ့်မည်' ဟုမိန့်တော် မူ၏'' ဟုဆင့်ဆို၏။ ထိုနောက်ပရောဖက်ငယ် သည်အခန်းထဲမှထွက်ပြေးလေ၏။
کاتێک یێهو چووە دەرەوە بۆ لای برا ئەفسەرەکانی، لێیان پرسی: «خێرە، ئەو شێتە بۆ چی هاتە لات؟» یێهو وەڵامی دایەوە: «ئێوە پیاوەکە دەناسن و دەشزانن چ قسەیەک دەکات.» | 11 |
၁၁ယေဟုသည်မိမိ၏အဖော်တပ်မှူးများထံ သို့ပြန်လာသောအခါ ထိုသူတို့က``အစစ အရာရာအဆင်ပြေပါ၏လော။ ထိုသူရူး သည်အဘယ်ကိစ္စနှင့်သင့်ထံသို့လာပါ သနည်း'' ဟုမေးကြ၏။ ယေဟုက``သူ၏ကိစ္စကိုသင်တို့သိပါ၏'' ဟု ဖြေ၏။
ئەوانیش گوتیان: «ئەوە ڕاست نییە! ئینجا پێمان بڵێ.» یێهو گوتی: «ئەوەی پێ گوتم:”یەزدان ئەمە دەفەرموێت: دەستنیشانم کردوویت بە پاشای ئیسرائیل.“» | 12 |
၁၂ထိုသူတို့က``ငါတို့မသိပါ။ သူပြောသည့် စကားကိုငါတို့သိပါရစေ'' ဟုဆိုကြ၏။ ယေဟုက``ထိုသူသည်ငါ့အား`သင့်ကိုဣသ ရေလဘုရင်အဖြစ် ထာဝရဘုရားဘိသိက် ပေးတော်မူပြီ' ဟုပြောပါသည်'' ဟူ၍ပြန် ပြောလေ၏။
هەریەکە و بە پەلە کەواکەی داکەند و لەژێر پێی یێهو لەسەر پایەکانی پێپلیکانەکە ڕایانخست. فوویان بە کەڕەنادا کرد و هاواریان کرد، «یێهو پاشایە!» | 13 |
၁၃ချက်ချင်းပင်ယေဟု၏အဖော်ဗိုလ်မှူးတို့သည် လှေကားထိပ်ပေါ်တွင်ယေဟုနင်းရန် မိမိတို့၏ ဝတ်လုံများကိုဖြန့်ခင်းပြီးလျှင်တံပိုးခရာ မှုတ်၍``ယေဟုသည်ဘုရင်ဖြစ်တော်မူ၏'' ဟု ကြွေးကြော်ကြ၏။
ئیتر یێهوی کوڕی یەهۆشافاتی کوڕی نیمشی پیلانی لە دژی یۆرام گێڕا. یۆرام خۆی و هەموو ئیسرائیل بەرگرییان لە ڕامۆتی گلعاد دەکرد لە دژی حەزائێل پاشای ئارام. | 14 |
၁၄ထိုနောက်ယေဟုသည်ယောရံမင်းအားလုပ် ကြံရန် လျှို့ဝှက်ကြံစည်လေသည်။ ထိုအခါ မင်းကြီးသည် ရှုရိဘုရင်ဟာဇေလနှင့်ရာ မုတ်မြို့တွင်တိုက်ပွဲဖြစ်ရာမှ ရရှိခဲ့သည့် ဒဏ်ရာများကိုကုသရန်ယေဇရေလမြို့ သို့သွားနှင့်ပြီ။ သို့ဖြစ်၍ယေဟုကမိမိ ၏အဖော်တပ်မှူးတို့အား``သင်တို့သည်ငါ ၏ဘက်တော်သားများဖြစ်ပါလျှင် ယေဇ ရေလမြို့သားတို့အားကြိုတင်သတိပေး ရန်မည်သူတစ်စုံတစ်ယောက်မျှရာမုတ်မြို့ မှမထွက်ပါစေနှင့်'' ဟုဆို၏။-
بەڵام یۆرام پاشا گەڕابووەوە یەزرەعیل، هەتا لەو برینانە چاک بێتەوە کە لەلایەن ئارامییەکانەوە بریندار کرا، لە کاتی جەنگ لە دژی حەزائێلی پاشای ئارام. ئینجا یێهو گوتی: «ئەگەر حەز دەکەن بمکەنە پاشا، مەهێڵن کەس لە شارەکە دەربازبێت و بچێت لە یەزرەعیل ڕایبگەیەنێت.» | 15 |
၁၅
ئینجا یێهو سواری گالیسکە بوو و چوو بۆ یەزرەعیل، چونکە یۆرام لەوێ لەناو جێگا کەوتبوو، هەروەها ئەحەزیای پاشای یەهودا بۆ سەردانی یۆرام چووبوو. | 16 |
၁၆ထိုနောက်သူသည်မိမိ၏စစ်ရထားပေါ်သို့ တက်၍ ယေဇရေလမြို့သို့ထွက်ခွာသွားလေ သည်။ ယောရံ၏ဒဏ်ရာများမပျောက်သေး သဖြင့် ယုဒဘုရင်အာခဇိသည်သူ့ထံသို့ လာရောက်လည်ပတ်လျက်ရှိ၏။
ئێشکگرێک لەسەر قوللەکەی یەزرەعیل ڕاوەستابوو چاوی بە سەربازەکانی یێهو کەوت کاتێک بەرەو پێش دەهاتن، گوتی: «من کۆمەڵێک سەرباز دەبینم.» یۆرامیش گوتی: «سوارێک ببە و بینێرە بۆ بینینیان، با لێیان بپرسێ:”ئایا بۆ ئاشتی هاتوون؟“» | 17 |
၁၇ယေဇရေလမြို့မျှော်စင်ပေါ်တွင်တာဝန်ကျ သောကင်းစောင့်သည် ယေဟုနှင့်သူ၏လူစု တို့ချဉ်းကပ်လာနေသည်ကိုမြင်လျှင်``မြင်း စီးသူလူအချို့လာနေသည်ကိုမြင်ပါသည်'' ဟုဟစ်အော်၏။ ယောရံက``ထိုသူတို့သည်မိတ်ဆွေများသို့ မဟုတ်ရန်သူများဖြစ်သည်ကို သိရှိနိုင်ရန် မြင်းစီးသူရဲတစ်ယောက်ကိုစေလွှတ်စုံစမ်း လော့'' ဟုအမိန့်ပေးတော်မူ၏။
ئیتر ئەسپ سوارەکە چوو بۆ بینینی و گوتی: «پاشا دەڵێت:”ئایا بۆ ئاشتی هاتوون؟“» یێهو گوتی: «بۆچی باسی ئاشتی دەکەی؟ بەدوام بکەوە.» ئینجا ئێشکگرەکە بە پاشای ڕاگەیاند: «نێردراوەکە گەیشتە لایان، بەڵام نەگەڕایەوە.» | 18 |
၁၈မင်းကြီး၏စေတမန်သည်ယေဟုထံရောက် ၍``အရှင်သည်မိတ်ဆွေအနေဖြင့်လာပါ သလောဟုမင်းကြီးကစုံစမ်းခိုင်းပါ သည်'' ဟုမေး၏။ ယေဟုက``ဤကိစ္စသည်သင်နှင့်မသက်ဆိုင်။ ငါ့ နောက်မှလိုက်လော့'' ဟုဆို၏။ ထိုစေတမန်သည်ယေဟုထံသို့ရောက်ရှိသွား သော်လည်း ပြန်မလာဘဲနေသည်ကိုမျှော်စင် ပေါ်ရှိကင်းစောင့်ကအစီရင်ခံသောအခါ၊-
پاشان ئەسپ سوارێکی دیکەی نارد و هات بۆ لایان و گوتی: «پاشا دەڵێت:”ئایا بۆ ئاشتی هاتوون؟“» یێهو گوتی: «بۆچی باسی ئاشتی دەکەی؟ بەدوام بکەوە.» | 19 |
၁၉မင်းကြီးသည်အခြားစေတမန်တစ်ယောက် ကိုလွှတ်ပြန်၏။ သူသည်လည်းရှေးနည်းတူ ယေဟုအားမေး၏။ ယေဟုက``ဤကိစ္စသည် သင်နှင့်မသက်ဆိုင်။ ငါ့နောက်မှလိုက်လော့'' ဟုဆိုပြန်၏။
دیسان ئێشکگرەکە ڕایگەیاند: «گەیشتە لایان، بەڵام نەگەڕایەوە. لێخوڕینەکە وەک لێخوڕینی یێهوی کوڕی نیمشی وایە، چونکە شێتانە لێدەخوڕێت.» | 20 |
၂၀ထိုစေတမန်သည်ယေဟုတို့လူစုထံသို့ ရောက်ရှိသွားသော်လည်း ပြန်မလာဘဲနေ သည်ကိုကင်းစောင့်သည်နောက်တစ်ကြိမ်အစီ ရင်ခံပြန်၏။ ထိုနောက်သူသည်ဆက်လက်၍``ထို လူစု၏ခေါင်းဆောင်သည် မိမိစစ်ရထားကို ယေဟုမောင်းနှင်သကဲ့သို့ပင် သူရူးသဖွယ် အပြင်းမောင်းနှင်လာပါသည်'' ဟုလျှောက် ထား၏။
یۆرام فەرمانی دا: «گالیسکەکەم بۆ ببەستن.» گالیسکەکەی بەسترا. یۆرامی پاشای ئیسرائیل و ئەحەزیای پاشای یەهودا هەریەکە بە گالیسکەکەی خۆیان چوونە دەرەوە بەرەوپیری یێهو. لەناو ئەو زەوییەی کە هی ناڤۆتی یەزرەعیلی بوو تووشی بوون. | 21 |
၂၁ယောရံက``ငါ၏စစ်ရထားကိုအသင့်ပြင် လော့'' ဟုအမိန့်ပေး၏။ အသင့်ရှိသောအခါ သူနှင့်အာခဇိမင်းသည် စစ်ရထားကိုယ်စီစီး ၍ယေဟုနှင့်တွေ့ဆုံရန်ထွက်သွားကြ၏။ သူ တို့သည်နာဗုတ်၏မြေသို့ရောက်သောအခါ ယေဟုနှင့်ဆုံမိကြ၏။-
کاتێک یۆرام یێهوی بینی، لێی پرسی: «یێهو، ئایا بۆ ئاشتی هاتوویت؟» ئەویش وەڵامی دایەوە: «هەتا بتپەرستی و جادووگەری ئیزابێلی دایکت بەردەوام بێت، چۆن ئاشتی فەراهەم دەبێت؟» | 22 |
၂၂ယောရံက``သင်သည်ငြိမ်းချမ်းစွာလာ သလော'' ဟုမေးတော်မူ၏။ ယေဟုက``သင်၏မိခင်ယေဇဗေလစတင် ကျင့်သုံးခဲ့သည့် စုန်းအတတ်နှင့်ရုပ်တုကိုး ကွယ်မှုရှိနေသမျှကာလပတ်လုံး အဘယ် မှာငြိမ်းချမ်းမှုရှိနိုင်ပါမည်နည်း'' ဟုဆို၏။
یۆرام ڕووی وەرگێڕا و هەڵات، هاواری بۆ ئەحەزیا کرد: «ئەحەزیا، ناپاکییە!» | 23 |
၂၃ယောရံက``အို အာခဇိ၊ တော်လှန်ပုန်ကန်မှု ပါတကား'' ဟုအော်ဟစ်ကာမိမိ၏စစ် ရထားကိုလှည့်၍ထွက်ပြေးလေ၏။-
یێهوش کەوانەکەی ڕاکێشا و تیرێکی لەنێو شانەکانی یۆرام دا. تیرەکە لە دڵییەوە هاتە دەرەوە، لەناو گالیسکەکەی کەوت. | 24 |
၂၄ယေဟုသည်မိမိ၏လေးကိုယူပြီးလျှင် အား ကုန်ဆွဲ၍မြားတစ်လက်ကိုပစ်လွှတ်လိုက်ရာ ယောရံ၏ကျောမှနှလုံးအထိခွင်းဖောက် သဖြင့် ယောရံသည်ရထားပေါ်၌ပင်လဲကျ သေဆုံးလေသည်။-
یێهو بە بیدقەری ئەفسەری گالیسکەکانی گوت: «هەڵیبگرە و فڕێیبدە ناو کێڵگەکەی ناڤۆتی یەزرەعیلی. لەبیرت بێت کاتێک من و تۆ پێکەوە بەدوای ئەحاڤی باوکیدا سواری گالیسکە بووین، یەزدان ئەم سروشەی سەبارەت بەو ڕاگەیاند: | 25 |
၂၅ထိုအခါယေဟုသည်မိမိ၏ရထားမှူး ဗိဒကအား``သူ၏အလောင်းကိုယူ၍နာဗုတ် မြေကွက်ထဲသို့ပစ်ချလော့။ ယောရံမင်း၏ဖခင် အာဟပ်နောက်မှ သင်နှင့်ငါမြင်းစီး၍လိုက် လာစဉ်အခါ၌ ထာဝရဘုရားကအာဟပ် အား`ယမန်နေ့ကနာဗုတ်နှင့်သားများအား သတ်သည့်အမှုကိုငါတွေ့မြင်ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားထိုမြေကွက်ထဲ၌ပင် အပြစ် ဒဏ်စီရင်မည်' ဟုမိန့်တော်မူသည်ကိုသတိ ရလျက် ထာဝရဘုရားမိန့်ကြားတော်မူခဲ့ သည့်အတိုင်း ယောရံ၏အလောင်းကိုနာ ဗုတ်၏မြေကွက်ထဲသို့ပစ်ချလော့'' ဟုဆို ၏။
”یەزدان ئەمە دەفەرموێت: دوێنێ خوێنی ناڤۆتی یەزرەعیلی و کوڕەکانیم بینی، لەم زەوییەدا تۆڵەت لێ دەکەمەوە، ئەوە فەرمایشتی یەزدانە.“ئێستاش بەپێی فەرمایشتی یەزدان هەڵیبگرە و فڕێیبدە ناو کێڵگەکە.» | 26 |
၂၆
کاتێک ئەحەزیای پاشای یەهودا ئەمەی بینی، بە ڕێگای بێتهەگان هەڵات. یێهو ڕاوی نا و گوتی: «ئەویش بکوژن!» ئەوانیش لە هەورازەکەی گور ئەوەی لەلای یەڤلەعامە لەناو گالیسکەکەی لێیاندا. بەڵام بۆ مەگیدۆ هەڵات و لەوێ مرد. | 27 |
၂၇အာခဇိမင်းသည်ထိုအဖြစ်အပျက်ကို မြင်သဖြင့် မိမိ၏စစ်ရထားဖြင့်ဗေသာဂနံ မြို့ဘက်သို့ထွက်ပြေးလေ၏။ ယေဟုသည် သူ၏နောက်မှလိုက်၍``သူ့ကိုလည်းသတ်ကြ လော့'' ဟုမိမိ၏တပ်သားများအားအမိန့် ပေး၏။ အာခဇိမင်းသည်ဣဗလံမြို့အနီး ရှိဂုရမြို့သို့သွားရာလမ်းတွင်ဒဏ်ရာရ လေသည်။ သို့ရာတွင်သူသည် မေဂိဒ္ဒေါမြို့သို့ ရောက်သည့်တိုင်အောင်ဆက်လက်သွားပြီး မှသေလေ၏။-
خزمەتکارەکانیشی بەرەو ئۆرشەلیم تەرمەکەیان سواری گالیسکەیەک کرد و لەوێ لە گۆڕەکەیدا لەگەڵ باوباپیرانی لە شاری داود ناشتیان. | 28 |
၂၈သူ၏အမှုထမ်းတို့သည်သူ၏အလောင်းကို စစ်ရထားပေါ်တင်၍ ယေရုရှလင်မြို့သို့ယူ ဆောင်ပြီးလျှင်ဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။
لە ساڵی یازدەیەمینی پاشایەتی یۆرامی کوڕی ئەحاڤ، ئەحەزیا ببوو بە پاشای یەهودا. | 29 |
၂၉အာခဇိသည်အာဟပ်၏သားတော်ဣသ ရေလဘုရင်ယောရံ၏နန်းစံတစ်ဆယ့်တစ် နှစ်မြောက်၌ ယုဒပြည်ဘုရင်အဖြစ်နန်း တက်ခဲ့သတည်း။
ئینجا یێهو هاتە یەزرەعیل، ئیزابێلیش ئەمەی بیستەوە و کلی لە چاوەکانی کرد، پرچی ڕێکخست و لە پەنجەرەکەوە تەماشای خوارەوەی کرد. | 30 |
၃၀ယေဟုသည်ယေဇရေလမြို့သို့ရောက်ရှိလာ ၏။ ယေဇဗေလသည်ဖြစ်ပျက်သည့်အကြောင်း အရာကိုကြားသိပြီးဖြစ်သဖြင့် မိမိ၏မျက် ခမ်းတို့ကိုဆေးဆိုး၍ဆံပင်ကိုအလှပြင် ကာ နန်းတော်ပြူတင်းမှလမ်းသို့မျှော်ကြည့် လျက်နေ၏။-
کە یێهو لە دەروازەکەوە هاتە ژوورەوە، لێی پرسی: «ئەی زیمری، بکوژی گەورەکەت، ئایا بۆ ئاشتی هاتوویت؟» | 31 |
၃၁ယေဟုသည်နန်းတော်ဝင်တံခါးဝကိုဝင်၍ လာသောအခါ ယေဇဗေလသည်ယေဟု အား``ကိုယ့်သခင်ကိုသတ်သောအချင်း ဇိမရိ သင်သည်အဘယ်ကြောင့် ဤအရပ်သို့လာ သနည်း'' ဟုဟစ်အော်၍ပြော၏။
ئەویش چاوی بۆ لای پەنجەرەکە هەڵبڕی و گوتی: «کێ لەگەڵ منە، کێ؟» دوو سێ کاربەدەستیش تەماشای ئەویان کرد لە خوارەوە. | 32 |
၃၂ယေဟုသည်မော်၍ကြည့်ပြီးလျှင်``ငါ၏ဘက် သို့အဘယ်သူပါမည်နည်း'' ဟုမေး၏။ ထိုအခါ သူ့အားမိန်းမစိုးနှစ်ယောက်သုံးယောက်တို့သည် နန်းတော်ပြူတင်းမှငုံ့၍ကြည့်ကြ၏။-
یێهو گوتی: «فڕێیبدەنە خوارەوە!» ئەوانیش فڕێیان دایە خوارەوە، ئەویش بە ئەسپەکانی پێشێلی کرد و هەندێک لە خوێنەکەی بە دیوارەکە و ئەسپەکانی پرژا. | 33 |
၃၃ယေဟုကသူတို့အား``သူ့ကိုတွန်းချလော့'' ဟုဆိုသည့်အတိုင်း သူတို့သည်ယေဇဗေလ ကိုတွန်းချကြသဖြင့် သွေးစက်သည်နန်း တော်နံရံနှင့်မြင်းများအပေါ်သို့စဉ်၍ကျ လေသည်။ ယေဟုသည်ယေဇဗေလ၏အလောင်း ပေါ်ဖြတ်၍ မိမိ၏စစ်ရထားကိုမောင်းနှင် ပြီးလျှင်၊-
پاشان یێهو هاتە ژوورەوە و خواردی و خواردیەوە، ئینجا گوتی: «ئاگاداری ئەو ژنە نەفرەت لێکراوە بن و بینێژن، چونکە کچی پاشایە.» | 34 |
၃၄နန်းတော်သို့ဝင်၍အစားအစာစား၏။ ထို နောက်သူက``အမင်္ဂလာခံရသောထိုမိန်းမ ကိုသင်္ဂြိုဟ်ကြလော့။ မည်သို့ပင်ဆိုစေကာမူ သူသည်မင်းသမီးဖြစ်သည်'' ဟုဆို၏။-
بەڵام کاتێک چوون بینێژن، جگە لە کەللەسەری و پێیەکانی و لەپی دەستی هیچی دیکەیان نەدۆزییەوە. | 35 |
၃၅သို့ရာတွင်သူ့အားသင်္ဂြိုဟ်ရန်သွားကြသော သူတို့သည် သူ၏ဦးခွံ၊ လက်ရိုး၊ ခြေရိုးမျှကို သာတွေ့ရှိရကြသဖြင့်၊-
گەڕانەوە و بە یێهویان ڕاگەیاند. ئەویش گوتی: «ئەمە فەرمایشتی یەزدانە کە لە ڕێگەی ئەلیاسی تیشبی خزمەتکاریەوە فەرمووی، لە پارچە زەوییەکەی یەزرەعیل سەگ گۆشتی ئیزابێل دەخۆن. | 36 |
၃၆ယေဟုအားအစီရင်ခံကြ၏။ ထိုအခါ ယေဟုက``ယေဇဗေလသည်ယေဇရေလ အရပ်တွင်ခွေးစာဖြစ်လိမ့်မည်။-
لاشەکەی ئیزابێلیش وەک زبڵ دەبێت لەسەر کێڵگەی زەوییەکەی یەزرەعیل، هەتا نەڵێن”ئەمە ئیزابێلە.“» | 37 |
၃၇သူ၏အလောင်းကိုခွဲခြား၍မသိနိုင်အောင် ထိုအရပ်တွင်နောက်ချေးကဲ့သို့ကြဲလျက်နေ လိမ့်မည်ဟု ပရောဖက်ဧလိယအားဖြင့် ထာဝရ ဘုရားမိန့်တော်မူချက်နှင့်အညီဖြစ်သည်'' ဟုဆို၏။